သတင်း

ရဲက အဲကွန်း ပြင်ချင်လို့ဆိုကာ လိမ်ခေါ်ပြီး ရဲစခန်းရောက်မှ ဖမ်းဆီး

"ရဲက သူ့အိမ်ကို လာတယ်။ အဲယားကွန်း ပြင်ချင်လို့ ပြောတယ်။ မီးပျက်နေတော့ ကိုရဲလေးက မီးလာမှ လာမယ် ပြောပြီး၊ မီးလာတော့ သွားတယ်​။ အဲမှာ ဖမ်းထားလိုက်တာ"

အုတ်ဖိုမြို့ စီးပွားရေးဘဏ် ဗုံးခွဲခံရမှု အမျိုးသမီး ၂ ဦးအပါ ၆ ဦး ဖမ်းဆီးခံရ

"ပေါက်ကွဲမှုဖြစ်တာကတော့ အသံအကျယ်ကြီးပဲ စစ်သားနှစ်ယောက် ထိသွားတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ဖမ်းသွားတာကခြောက်ယောက် နှစ်ယောက်ပြန်လွတ်တယ် ကျန်တာတွေကတော့ဖမ်းထားတုန်းပဲ မိန်းကလေးတွေလည်း ပါတယ်။"

နိုင်ငံတဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ၉ သိန်းကျော်ထိရှိလာ

မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူဦးရေ ၉ သိန်းကျော် ( ၉၁၂၇၀၀ ) ရှိလာပြီလို့ ကုလသမ္မဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိုနှိုင်းရေးရုံး - UNOCHA က ဧပြီလ ၁၉ ရက်မနေ့က ထုတ်ပြန်ထားပါတယ်။

ပုသိမ်ကြီးက မြို့နယ် EPC မန်နေဂျာ ဗိုလ်ကြီးဟောင်းတဦး သေနတ်နဲ့ ပစ်ခံရပြီးသေဆုံး

" ဒီနေ့ညနေ ၅ ၄၅ မိနစ် မှာ ၁၉လမ်းမကြီးပေါ် နန်းဦးလွင်ရွာနားမှာ သေနတ်နဲ့ပစ်ခဲ့တာ ၇ ချက် ပစ်လိုက်တာ လုံးဝအသေပဲ၊ သူက စကစဗိုလ်ကြီးလည်း ဖြစ်တယ် ပြီးတော့ ပြည်သူကို မတအားခြိမ်းခြောက်ပြီး မီတာခအတင်းတောင်းတယ်"

ဆီပြတ်လပ်မှာစိုးရိမ်ပြီး ဆီဆိုင်တွေမှာ ဆီအလုအယက်ဝယ်ယူနေရ

" အသဲအသန်ဖြစ်နေတာ၊ ဘယ်မှာမှ မရဘူး၊ ကားတွေတောင် ၅သောင်းဖိုး အမြင့်ဆုံး၊ ဆိုင်ကယ်ကတော့ အပြည့်ဖြည့်လို့ရတယ်၊ ပုံးတွေနဲ့ ဝယ်မရဘူး"

အနည်းဆုံး ၄၀ဦးထိသေဆုံးပြီး စစ်ကောင်စီဘက်အထိနာနေတဲ့ ငဖဲတိုက်ပွဲမှာ ဗိုလ်ကြီးတဦးသတ်သေ

" ပေါ်တာဆွဲထားတဲ့ လူတယောက် ထွက်ပြေးတာ လုံခြုံတဲ့ နေရာရောက်တော့ ကျနော်တို့ကိုဆက်သွယ်တာ၊ အရာရှိတယောက်တဲ့ နောက်စစ်သားတယောက် ကိုယ့်ကိုယ်ကို သတ်သေသွားတယ်၊ စစ်ကြောင်းမှူးခေါ်မလား ဗိုလ်ကြီးခေါ်မလား ၂ယောက်ကလည်း သေနတ်တွေနဲ့ အတူ ပျောက်နေတယ်"

နတ်တလင်းမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စုကို PDF မိုင်းခွဲတိုက်ခိုက်လို့ ၃ဦးသေဆုံး

" ရဲလှည့်ကင်းကို စောင့်ပြီး မိုင်း၅လုံး ခွဲပြီး တိုက်ခိုက်တာပါ၊ ဆိုင်ကယ် ၆စီးကို တိုက်ရိုက်ထိတယ် "

မူကြိုတွင်ဝင်ဖမ်းသည့် ၃ နှစ်အရွယ်ကလေးနှင့်မိခင်အပါ ၁၂ ဦးဖမ်းဆီးထားမှု အသက်အန္တရာယ်ကိုစိုးရိမ်

"မခိုင်အဖမ်းခံရပြီဆိုတဲ့သတင်းလည်းကြားပြီး သိပ်မကြာဘူး စတီရီယိုကိုဝင်စီးတယ်နောက် လမ်းမှာပဲအဖမ်းခံရတာတွေဆိုတာသေချာတယ် ဘယ်နေရာမှာဖမ်းသွားတယ်ဆိုတာမသိဘူး အိမ်တွေကိုရှာသိမ်းပြီးပြီ၊ သူတို့ကိုစိတ်ပူတယ်၊ အသက်အန္တရာယ်ကိုစိတ်ပူတယ်၊ သေဒဏ်ဆိုတာလည်းသိတယ်။ ဒါပေမယ့် ဥပဒေနဲ့အညီပေါ့အခုချက်ချင်းဖမ်းသတ်အဲလိုလုပ်လို့မရဘူး"

စစ်ကောင်စီဝန်ကြီးချုပ် ဖွင့်လှစ်ခဲ့တဲ့ တိုင်းဒေသကြီး မဏ္ဍပ်လုံခြုံရေးဂိတ်ကို ပဲခူး PDF ဗုံးခွဲတိုက်ခိုက်

" အဲ့ဒီနေရာတွေကအာဏာသိမ်းပြီးထဲကကန့်သတ်နေရာတွေ။ တိုင်းအစိုးရရုံး၊ ဥပဒေရုံး၊ တိုင်းထွေအုပ်ရုံး အဲ့တာပတ်လည်မှာဗျ၊ သင်္ကြန်မဏ္ဍာပ်ကလဲ အရင်လုပ်နေကြနေရာမဟုတ်ပဲ အစိုးရရုံးနဲ့ ထွေအုပ်ရုံးဆေးရုံပတ်လည်လမ်းအပိတ်မှာလုပ်တာ"

CDM ပညာရေးဝန်ထမ်းတဦး အကြမ်းဖက်ပုဒ်မနဲ့ ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခံရ

" ထောက်ပို့ပုဒ်မ၊ ဖောက်ခွဲရေးပုဒ်မ၊ လက်နက်အက်ဥပဒေ၊ အကြမ်းဖက်ဆက်သွယ်ရေးပုဒ်မ စုစုပေါင်း ထောင်ဒဏ် နှစ်၄၀ ချလိုက်တာပါ၊ အဓိကက နှစ်၄၀ ချတဲ့ သတင်းကို စကစက အမှောင်ချထားတာ"

နတ်မောက်မှာ စစ်အုပ်စုက နေအိမ်မီးရှို့ပြီး အိမ်ထောင်ဦးစီးအား ဖမ်းဆီးသွား

"စစ်ကား ၁ စီးနဲ့ တခါတည်း မီးသတ်ကားပါလာတယ်။ ကြိုပြီးကြံစီထားတဲ့သဘောမျိုးပေါ့၊ ဆိုင်ကယ်တွေလည်းနောက်ကနေ ရောက်လာတယ်ပေါ့၊ စိုင်ကောင်းရဲစခန်းက ရဲတွေလည်းပါတယ်၊ အဲဒီအိမ်ကိုဝင်ပြီးတော့ အိမ်ထဲကရှိတဲ့ပစ္စည်းတွေကို ထုခွဲရိုက်ပြီးတော့ အကုန်လုံး မီးရှို့ဖျက်ဆီးသွားတာပေါ့။ ဖုန်း ၅ လုံးနဲ့ ပိုက်ဆံ ၃ သိန်းကျော် ယူသွားတယ်။ အိမ်ထောင်ဦးစီး ဦးအောင်ထူးကိုလည်း ဖမ်းသွားတယ်၊ ဘာအကြောင်းပြချက်နဲ့ဖမ်းသွားတယ်ဆိုတာ ဘယ်သူမှမသိရသေးဘူး"

တွဲကား ၃စီးရှာမတွေ့လို့ အိမ်ခြေ ၃၀၀နီးပါး မီးရှို့ခံလိုက်ရပြီး စစ်ရှောင်ပြည်သူတွေ အကူညီလိုအပ်

" ခုနေမှာ ဝါးလုံးတလုံးတောင် ဝယ်နိုင်တဲ့ အခြေအနေမဟုတ်တော့ဘူး ၊ ကျနော်တို့ ချွေးနှဲစာနဲ့ဆောက်ခဲ့တဲ့ အိမ်၊ ဘယ်လိုလုပ် ဒီဟာကြီးကို ပြန်‌ဆောက်နိုင်မှာတုန်း၊ စားနပ်ရိက္ခာနဲ့ နေဖို့ထိုင်ဖို့နဲ့ ငွေရေးကြေးရေးလေး ရရင် အဆင်ပြေတာပေါ့ လောလောဆယ်"

ငဖဲမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီအထိနာလို့ လေယာဥ်ပစ်ကူခဲ့ရ

" ဧပြီလ ၇ရက်မှာ သူတို့ဘက်က ကျနော်တို့ အပေါ်မှာ အသာစီးရဖို့ အမျိုးမျိုးပေါ့ လက်နက်ကြီး လက်နက်ငယ်၊ အမြောက် ဒါတွေနဲ့ တိုက်ခိုက်တယ် လေယာဥ်တွေနဲ့ဆို အကြိမ်ကြိမ်ဝဲတယ် ၊ အဲ့နေ့မှာတော့ လေယာဥ်နဲ့ ပစ်ခတ်တာမျိုး မရှိဘူး၊ ကျနော်တို့ ကြံ့ကြံ့ခံပြီး အသာစီးရအောင် ခုခံနိုင်ခဲ့တယ်"

ပခုက္ကူမှာ မသန်စွမ်းအမျိုးသား ၁ ဦးအပါအဝင် ၃ ဦးကို စစ်တပ်က သေနတ်နဲ့ပစ်သတ်

“ ဆရာမအသက်က၂၈ ဝန်းကျင်ရှိတယ်၊ သူ့အဖေနဲ့ တောထဲက ခရမ်းချဉ်‌ခင်း စောင့်နေတာ စစ်သားတွေက ပစ်သတ်သွားကြတယ်။ သားဖနှစ်ယောက်လုံးပေါ့။ တစ်ယောက်က ရွှေအ၊ စကားမပြောတတ်၊ နားမကြားဘူး၊ ရွာအနောက်ဘက်ထန်းတောမှာ ထန်းတက်တာတွေ့တော့ ပစ်သတ်သွားကြတယ်၊ ရွာကလူတွေလည်း ပြေးနေရတော့ အခုမနက်မှသိရတယ်၊”

မြေသြဇာစျေးတက်ပြီး လုံလောက်အောင်မသုံးနိုင်လို့ နွေစပါးထွက်နှုန်း ကျဆင်းနိုင်

"ဓါတ်ဆားစျေးက အရမ်းတက်သွားတာ တအိတ် ၉၀,၀၀၀ ဝယ်ရတယ် အရင်က ၃အိတ်စာပေါ့ မဝယ်လို့လည်းမရဘူး သူ့ကိုမှ မသုံးနိုင်ရင် စပါးမထွက်ဘူး လယ်သမားတွေ အခုနှစ်ဓါတ်ဆား သိပ်မကျွေးနိုင်ဘူး စပါးထွက်နှုန်းပါထိခိုက်မယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10