အင်တာနက်ဖြတ်တောက်ခံရတဲ့ဒေသတွေမှာ လူထုလွတ်မြောက်ရေးစာစဉ်တွေ ဖြန့်ဝေ
“နိုင်ငံရေးအတွေးအခေါ် ထည့်သွင်းပေးနိုင်ဖို့က စာစဉ်တွေရဲ့ တာဝန်ဖြစ်တယ်။ အင်တာနက်မရတဲ့ဒေသက ပြည်သူတွေဆီကို အင်တာနက်ရတဲ့ဒေသက သတင်းတွေ၊ ဆောင်းပါးတွေ၊ ဖျော်ဖြေစရာတွေ၊ နိုင်ငံရေးအတွေးအခေါ်တွေကို ပေးနိုင်ဖို့၊ အဲ့လိုပဲ အင်တာနက်ဖြတ်တောက်ခံဒေသက လှုပ်ရှားမှုတွေကို အင်တာနက်ပေါ်မှာရှိတဲ့ ပြည်သူတွေဆီ ပြန်ပေးနိုင်မယ့် ပေါင်းကူးတခုအနေနဲ့ ထုတ်ဝေခဲ့တာဖြစ်ပါတယ်"