သတင်း

ပွဲကောက်ရေတံခွန်မှာ လူငယ် ၃ ဦးရေနစ်ပြီး ၁ ဦးသေဆုံး

"သူတို့က စလင်းဘက်ကလာလည်ကြတာ။ သူတို့အဖွဲ့ထဲကလူငယ်ကလေးတွေ ရေဆင်းကူးရာကနေ ၃ ယောက်ရေနစ်တာပေါ့။ အဲမှာ လူငယ်အမျိုးသား ၁ ယောက်တော့ဆုံးသွားတယ်။ ကျန် နှစ်ယောက်ကတော့ အသက်ရှင်လျက်ပြန်ကယ်လို့ရသွားတယ်"

ထပ်မံမိုင်းဆွဲခံရပါက အနီးနားက ရွာတွေကို မီးရှို့ပစ်မယ်လို့ စစ်ကောင်စီက ခြိမ်းခြောက်

“အဲဒီစစ်**တွေက မုံရွာ နမခကပါ။ ကျောက်ရစ်မှာ အထိုင်ချထားတာ ကြာနေပါပြီ။ သူတို့က ညဘက်ပိုင်းတွေဆို အမြဲခြေလျင်နဲ့ရွာတွေထဲကို စစ်ကြောင်းထိုးတယ်။ ကျွန်တော်တို့ တလုံးမိုင်းဆွဲလိုက်လို့ သေဆုံးသွားတဲ့သူတွေထဲမှာ အကြီးတကောင်ပါတယ်လို့ သိရတယ်။ သူတို့ကို နောက်တခါ မိုင်းဆွဲရင် ရွာတွေကို မီးရှို့မယ်ဆိုပြီး ပြောထားတော့ ရွာသားတွေကတော့ ကြောက်လန့်နေတယ်။ လောလောဆယ် ထွက်ပြေးတိမ်းရှောင်တာတွေတော့ မရှိသေးဘူး”

မုံရွာမှာ စခန်းမှူးလိုက်လာတဲ့ကား ပစ်ခတ်ခံရလို့ စခန်းမှူးအပါ ၃ ဦးသေဆုံး

“မုံရွာမြို့ပေါ်က နန္ဒဝန်ရပ်ကွက်၊ အင်းကြင်းခိုင်ဟိုတယ်နားက ပစ်တိုင်းထောင်ကွမ်းယာဆိုင်ရှေ့မှာ ကွမ်းယာဝယ်ကြတာ၊ ကားပေါ်မှာအမှတ် ၂ စခန်းမှူးအပါအဝင် ၆ ယောက်နဲ့ စခန်းမှူးရဲ့မိန်းမလည်း ပါတယ်။ အဲဒီအမျိုးသမီးကလည်း ကွမ်းယာဆိုင်ဘေးမှာထိုင်စောင့်နေတာ။ သေတဲ့အထဲမှာ စခန်းမှူးတယောက်အပြင် သူ့ရဲ့ဘော်ဒီကပ် ၂ ယောက်ပါတယ်။ အောက်ကို ဆင်းပစ်တဲ့ ၂ ယောက်လည်းစုပ်ပြတ်နေပြီး သွေးအိုင်ထဲမှာပါ”

မြင်းမူမှာ စစ်ကား ၃ စီး မိုင်းဆွဲခံရလို့ သေဆုံးမှုများနိုင်

"မိုင်းတွေကတော့ ကားသုံးစီးလုံးကို ထိသွားပါတယ်။ ရှေ့ကားဆိုရင် မှောက်မတတ်ဖြစ်ခဲ့တယ်။ ကျနော်တို့မိုင်းတွေက ကားအောက်တည့်တည့်ကနေ ခွဲလိုက်တာ။ တော်တော်လည်း သေကြမှာပဲ။ စကစတွေက ကားတွေကို ပြုပြင်ပြီးတော့ နောက်ပြန်ဆုတ်သွားခဲ့တယ်။ သူတို့ ပြန်မဆုတ်ခင်တော့ သေနတ်တွေနဲ့ တရပ်စပ်ယမ်းသမ်း ပစ်ခဲ့သေးတယ်။ ဒါပေမဲ့ ကျနော်တို့ကတော့ အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်"

မန္တလေးက စီးပွားရေးဘဏ် ဗုံးခွဲခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး သေဆုံး

"ဆိုင်ကယ်ပေါ်ကနေ မောင်းရင်းပစ်တာ။ စစ်သားတယောက်နဲ့ ရဲတယောက်သေတယ်။ လဲသွားတဲ့ကောင်ကို တရွတ်တိုက်ဆွဲခေါ်သွားတယ်။ လက်ပစ်ဗုံးနဲ့ပစ်တဲ့ချိန်တုန်းကတော့ သူတို့ဘက်က သေနတ် ၆ ချက် ၇ ချက်ပြန်ပစ်တယ်။ နာရေးကားရော လူနာတင်ယာဥ်ရော သွားတယ်"

ငွေတိုးချေးစားသူ အမျိုးသမီး ၁ ဦး ပစ်ခတ်ခံရလို့သေဆုံး

"သိရသလောက်က သူကဒလန်ဆိုပြီးလည်း သတင်းထွက်နေတယ်။ ငွေတိုးလဲချေးစားတယ်။ လမ်းမှာပစ်ခတ်ခံရတာ။ ပစ်ခတ်ခံရတဲ့နေရာမှာဘဲ သေနေတာ။ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်လား ဘာကြောင်ပစ်သတ်ခံရတယ်ဆိုတာတော့ အတိအကျမပြောနိုင်ဘူး"

ဖမ်းဆီးခံလိုက်ရတဲ့ ပြည်သူ ၈ ဦးကို တလနီးပါးအကြာမှ အလောင်းပြန်တွေ့

“အဲ့ဒီနားမှာမြှပ်ထားတယ်လို့ သတင်းရလို့ရှာတာ၊ အလောင်းတွေက တော်တော်များများပုတ်နေပြီ၊ သူတို့ကပျူစောထီးတိုင်တာခံရတာ၊ နတ်မဟုတ်ကြီးရွာသား ပျူစောထီးကိုယ်တိုင် စစ်ကြောင်းနဲ့လိုက်တာပြီး သူကတော့ထောက်ပံ့တယ်၊ သူက နိုင်ငံရေးလုပ်တယ်ဆိုပြီး လက်ညိုးထိုးတိုင်တာ။”

ရေနံချောင်းလျှပ်စစ်ရုံး နောက်ဆုံးအကြိမ် သတိပေးဗုံးခွဲခံရ

"ဒီတခါ‌တော့ နောက်ဆုံးအကြိမ်သတိပေးခြင်းပေါ့။ နောက်ဆုံးအကြိမ်သတိပေးပြီးခါမှ ဒီထက်မကဆိုးလာရင် ကျနော်တို့အနေနဲ့ မီတာလိုက်ကောက်တဲ့စာရေးတွေနဲ့ လိုက်အော်နေတဲ့မီတာကားတွေပေါ်ကို ပစ်ခတ်သွားမယ်။ ကျနော်တို့အနေနဲ့ သူတို့အသက်အန္တရာယ်ကို သက်ညှာသွားမှာမဟုတ်ဘူး။ အာမခံချက်ပေးသွားမှာမဟုတ်ဘူး"

မြိုင်နဲ့ပခုက္ကူမှာ စစ်ကောင်စီစစ်ကြောင်း ၂ ကြိမ် တိုက်ခိုက်ခံရလို့ ထိခိုက်မှုများနိုင်

"ဒီကောင်တွေ ထွက်လာတယ်လို့ သတင်းရလို့ စောင့်တိုက်တာ။ အဲ့မှာလည်း စကစ ဘက်က တော်တော်အထိနာတယ်။ တိုက်ပွဲကတော့ သိပ်မကြာလိုက်ဘူး။ နောက်ဒီကောင်တွေ မကျီးကန်ကနေ ဒေသခံကား ၂ စီးကို သိမ်းပြီးလာတဲ့အချိန် လမ်းပိုင်းမှာပဲ မိုင်းထပ်ဆွဲတာ။ အဲမှာလည်း ထိတယ်"

ပျူစောထီးတွေကို PDF အဖွဲ့တွေပေါင်းပြီး နေရာခွဲတိုက်လို့ တဦးသေကာ ပြင်းထန်ဒဏ်ရာရသူများ

"သီးလုံးရွာက ပျူစောထီးခေါင်းဆောင် ဝင်းဇော်အောင်နဲ့မြင့်ခိုင်တို့က ရွာထဲကနေ ဆိုင်ကယ်တစီးကို နှစ်ယောက်စီးထွက်လာတာ အဲဒါကို မိုင်းဆွဲခဲ့တာပါ။ နှစ်ဦးစလုံးသေလောက်တဲ့ဒဏ်ရာ ပြင်းပြင်းထန်ထန်ရသွားတယ်။ တည်သီးတောက ပျူတယောက်ကတော့ သေပါတယ်"

ဝမ်းတွင်းက အုပ်ချုပ်ရေးမှူးသားအဖ သေနတ်နဲ့ပစ်ခံရပြီးသေဆုံး

"သူတို့သားအဖပစ်သတ်ခံရတာက ဟုတ်တယ်။ အုပ်ချုပ်ရေးမှူးဆိုတော့ သူတို့ကရွာထဲမှာ လူတွင်ကျယ်လုပ်ချင်တာလည်း ရှိတာပေါ့။ ဒါကြောင့်လာပစ်သတ်သွားတာလားတော့မသိရဘူး"

သဲကုန်းမှာ စစ်မှုထမ်းဟောင်း ပျူစောထီးသင်တန်းဆင်းတဦး နေအိမ်မှာ ပစ်သတ်ခံရ

"သူက အရင်သဲကုန်းမြို့နယ် ကြံ့ဖွတ်ပါတီ ပြည်သူ့လွှတ်​တော်ကိုယ်စားလှယ် ဉီးစိုး​အောင်နဲ့ ရင်းနှီးပြီးတော့ NLD မ​ကောင်း​ကြောင်း အပုတ်ချ အမြဲ​ပြောတယ်။ ပြည်မှာလုပ်တဲ့ ပျူစောထီးသင်တန်းကို သူနဲ့အတူ ရွာက ၅ ယောက် သွားတက်ထားတဲ့လူ၊ လာပစ်သတ်သွားတာ ၇ ယောက်လောက်ရှိတယ်။ အကုန်လုံးမျက်နှာဖုံးတွေ စွပ်ထားတာ၊ ဘယ်အဖွဲ့က သတ်တာလဲတော့ မသိဘူး"

ကမ္ဘောဇတိုင်းအယ်ဒီတာချုပ် ဦးကျော်ဇေယျ အဖမ်းခံရပြီး စစ်ကြောရေးရောက်သွားပြီလို့ဆို

“ကြို့ပင်ကောက်ကအိမ်မှာ ဖမ်းခံရတာ။ သူကရှောင်နေရတာကြာပြီ။ ခု စရဖလက်ထဲ လွှဲလိုက်ပြီဆိုတော့ စစ်ကြောရေးတော့ ရောက်သွားလောက်ပြီ"

အင်အားဖြည့်ဖို့သွားတဲ့ စစ်အုပ်စုမိုင်းဆွဲခံရလို့ ၃ ဦးသေဆုံး

"စစ်ကောင်စီတွေက ခြေကျင်သွားတာ။ အဲဒီနောက်က ကားတစီးက လိုက်ပါလာတယ်။ ကားပေါ်ကကောင်တွေနဲ့ ခြေကျင်သွားတဲ့ကောင်တွေ စုစုပေါင်းကတော့ သုံးဆယ်ကျော်လောက်ရှိတယ်။ ကျနော်တို့က မိုင်းတွေကို ခွဲလိုက်တဲ့အခါမှာ သုံးကောင်က နေရာမှာတင်သေတယ်ဗျ။ နောက်ထပ်လည်း တော်တော်များများ ဒဏ်ရာရသွားတယ်"

မတ္တရာနယ်က စိန်ပန်းကုန်းရွာကို စစ်တပ်က ရွာလုံးကျွတ် မီးရှို့နေ

"ရွာသားတွေကတော့ မနေ့ကတည်းကတိမ်းရှောင်နေကြရတယ်။ အခုဆိုရင် တရွာလုံးလောင်ကျွမ်းနေလောက်ပြီ။ စကစတွေက ဒီရွာကိုမီးမရှို့သေးခင် ရွာထဲကနေပြီးတော့ လက်နက်ကြီးတွေနဲ့ ရွာတန်းရှည်ရွာကို လှမ်းထုခဲ့လို့ အဲဒီရွာကနွားတွေတော်တော်များများ သေခဲ့တယ်ဗျ။ လူတွေကတော့ဘာမှမဖြစ်ခဲ့ဘူး"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10