သတင်း

ကျည်မလုံလောက်လို့ အဖမ်းခံလိုက်ရတဲ့ နတ်တလင်း PDFက ရဲဘော် ၃ဦးမှာ ၂ဦးသေဆုံးဟုဆို

" နှစ်ယောက်ပဲ အတည်ပြုလို့ ရသေးတယ် နောက်တယောက်ကတော့ မသေချာသေးဘူး သူတို့ ဆေးကုပေးလို့ ရရဲ့သားနဲ့ ခေါ်သွားပြီး မကုပေးဘဲ သတ်ပစ်လိုက်တာပါ"

ပြည်မြို့က ကျဆုံးသွားတဲ့ လူငယ် ၂ ဦးရဲ့ အုတ်ဂူမှာ ပန်းခွေချလို့ မီးသင်္ဂြိုလ်စက်ဝန်ထမ်းကို စစ်ကောင်စီဖမ်းဆီး

မတ်လ ၁၃ရက် မနေ့က မနက်ပိုင်း ပန်းခွေချပြီးနောက်ပိုင်းမှာ အရပ်ဝတ်နဲ့ ခြံကြည်ဖို့ ဆိုပြီးလာခေါ်သွားတာဖြစ်ပြီး ဆိုင်ကယ်အယူမခံပဲ ပြန်ပို့ပေးမယ်ပြောကာ ကားပေါ်တင်ခေါ်သွားခဲ့တာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

ရွှေဘို ဆိပ်ခွန်ရွာအနီးမှာ သေနတ်နဲ့ ပစ်သတ်ခံရတဲ့ လူငယ်ရုပ်အလောင်း ၃ လောင်းတွေ့

"မနေ့ကမုံရွာ-ရွှေဘိုကားလမ်းမကြီးပေါ်မှာ စစ်ကောင်စီက စစ်ဆေးတာတွေ လုပ်ကြတယ်။ လူတွေလည်းဖမ်းတယ်။ ညကျတော့ သေနတ်သံတွေကြားတယ်။ ပစ်သတ်ပြီးမှပဲ လာပစ်သလား အဲနေရာရောက်မှ ပစ်သတ်သလားတော့ မသိဘူး။ ဘယ်သူမှလည်း ထွက်မကြည့်ကြဘူး။ အလောင်းတွေ့တဲ့နေရာနဲ့ ရဲစခန်းကနီးနီးလေးရယ် သေတဲ့သူတွေက ဆိတ်ခွန်ရွာကတော့ မဟုတ်ဘူး အသက် ၁၇ နှစ် ၁၈ နှစ်အရွယ်က နှစ်ယောက် တယောက်က ၂၀ ကျော်လောက်အရွယ်တွေပါ"

စစ်ကောင်စီ မီးဝင်ရှို့တဲ့ ချောင်းရိုးရွာနဲ့ စိမ်းစားရွာမှာ ပြည်သူ ၃ဦး သေနတ်ဒဏ်ရာနဲ့ ‌သေဆုံး

" စိမ်းစားရွာက ကောင်မလေးကို အရင်ပစ်ခဲ့တာ မီးရှို့ခဲ့ပြီး ချောင်းရိုးကို ထပ်လာရှို့တာ အဲ့ဒီမှာ ကြောက်ပြီး ထွက်ပြေးတဲ့ ချောင်းရိုးရွာက သားအဖနှစ်ယောက်ကို ထပ်ပစ်သတ်လိုက်တာ"

PDF နဲ့ တိုက်ပွဲဖြစ်ပြီး တန့်ဆည်မြို့နယ်က ရွာ ၂ရွာကို စစ်ကောင်စီမီးရှို့နေ

" ချောင်းရိုးရွာ မြောက်ပိုင်းက ကြက်ခြံတွေနဲ့ အိမ် ၇လုံးလောက် အခုလောလောဆယ် မီးထဲပါသွားပြီ၊ ရွာရဲ့ မြောက်ဘက် ၂မိုင်နီးပါးလောက်မှာ တိုက်ပွဲဖြစ်တာကို PDFတွေ ရွာထဲကို ဝင်ပြေးလာတယ်ထင်ပြီး ရွာတွေကို မီးရှို့တာပါ"

နတ်တလင်းမှာ PDF နဲ့ စစ်ကောင်စီ ထိတွေ့တိုက်ပွဲဖြစ် ၁ဦးကျဆုံးပြီး ၃ဦးဖမ်းဆီးခံရ

" သူတို့ကို ကင်းပတ်ဖို့ လွှတ်လိုက်တဲ့ အချိန်မှာ ဒလံတယောက်က ‌တွေ့သွားတယ်ထင်တယ်၊ ဒလံက သတင်းပေးလိုက်တယ်ဆိုတဲ့ သတင်းကြားတဲ့ အချိန်မှာ ကျနော်တို့ ပြန်ခေါ်တယ် ထွက်လို့မရတော့ဘူး ပိတ်မိသွားတယ်"

ပြည်မြို့မှာ မီးပုံမှန်မလာ စည်ပင်ရေ တင်မရလို့ ရေဝယ်သုံးနေရ

" ရေ ဝယ်သုံးနေရတာ ၅ရက် ရှိပါပြီမိသားစုများတဲ့အိမ်ဆိုလျှင် ရေတစည်ကို ၁ရက် ဘဲ အသုံးခံတယ်။ဒါတောင် တော်တော်လေး ခြိုးခြံချွေတာပြီး သုံးစွဲရတယ်၊ ကိုယ်ပိုင်အဝိစိတွင်းမရှိတဲ့အိမ်တွေကတော့ ရေဝယ်သုံးနေရပါတယ်"

ထီးလင်းမှာ CDM ရဲတပ်သားတွေနဲ့ ပြည်သူ့ရဲတပ်ဖွဲ့ ဖွဲ့စည်း

“ အကုန်လုံးကတော့ ၂၀ ပါ၊ နောက်ထပ်တိုးဖို့လည်း ရှိပါတယ်။ အကုန်လုံးကတော့ ထီးလင်းနယ်ထဲက ရဲတပ်ဖွဲ့တွေပါသလို ဂန့်ဂေါဘက်က တပ်ဖွဲ့ဝင်တွေလည်း ပါတယ်၊ ကျနော်တို့ ထီးလင်းနယ်ထဲမှာ လာပြီး ခိုလှုံနေတဲ့ တပ်ဖွဲ့ဝင်တွေပါ၊ “

နတ်တလင်းမြို့က တိုင်းလွှတ်တော်ကိုယ်စားလှယ် ၂ ဦးနေအိမ်ကို စစ်ကောင်စီချိတ်ပိတ်

"နတ်တလင်းအနောက်ခြမ်းတိုင်း ၁ ကိုယ်စားလှယ် ဦးမောင်မောင်ဦးရဲ့ တာပွန်လမ်းအိမ်နဲ့ တိုင်း ၂ က နတ်တလင်းအရှေ့ခြမ်း၊ ပဲမခမ်းရွာက ဦးကျော်ကျော်နိုင်အိရဲ့ မ်တွေကို ဒီနေ့နေ့လည် ၂ နာရီလောက်မှာ စစ်ကောင်စီက ချိတ်ပိတ်လိုက်ပါတယ်"

ပဲခူးတိုင်းက ပအဖ တွေနဲ့ NUG ပြည်ထောင်စုဝန်ကြီးတို့ အရေးပေါ်အစည်းအဝေးတွေ့ဆုံ

" ဒီကြားကာလမှာ မြို့နယ်အလိုက် ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့တွေ ပြန်ဖွဲ့စည်းဖို့ကို ဝန်ကြီးတို့က ပြောဆိုရှင်းပြတာ ဖြစ်ပါတယ်၊ မြို့နယ်တွေကို အဆင်ပြေအောင် စီမံခန့်ခွဲနိုင်ဖို့အတွက် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေကို ဘယ်လို ဖွဲ့စည်းရင်တော့ အလုပ် လုပ်တဲ့ နေရာမှာ အဆင်ပြေချောမွေ့မယ် ဆိုပြီး ပြင်ဆင်ဖွဲ့စည်းဖို့ ဆွေးနွေးကြတာဖြစ်ပါတယ်"

မဲလိမ်၊ မဲခိုးကြောင်းဝန်ခံဖို့ စစ်ကောင်စီရဲ့ ညှိနှိုင်းမှုကို လက်မခံတဲ့ သာယာဝတီအမတ်ကို ထောင် ၃ နှစ်ချ

"သူက ၂၀၂၀ မှာ ရွေးချယ်ခံရတာပါ။ လွန်ခဲ့တဲ့ ၄ လလောက်က ဖမ်းဆီးခံရတာပါ။ မနေ့ကသူကို ပုဒ်မ ၅၀၅ နဲ့ထောင်သုံးနှစ်ချခဲ့ပါတယ်။ ပြီးတော့ စာရွက်အလွတ်ပေါ်မှာလည်း လက်ပွေရာတွေ အတင်းအဓမ္မနှိပ်ခိုင်းပါတယ်"

ပြည်မြို့နယ်က နေအိမ် ၄၀၀ ကျော်ကို မနက်ဖြန် အပြီးဖျက်ပေးရမယ်လို့ စစ်ကောင်စီခြိမ်းခြောက်

" မြို့ထဲက အိမ်နဲ့ ဆိုင်တွေကတော့ လမ်း နယ်နမိတ်နဲ့မလွတ်တာတွေကို ရွေ့ပြောင်းခိုင်းတာ မဖယ်ဘူးဆိုရင် တအိမ်ကို တပေ ၁၀၀၀ ကျပ်နဲ့လဲ ဒဏ်ရိုက်မယ်၊ဘူရိုဇာနဲ့လဲအထိုးခံရမယ်၊အဲ့ဒိအချိန်ကျ ဘာပစ္စည်းမှပြန်မရတော့ဘူးလို့ စခ တွေက ခြိမ်းခြောက်ပြောဆိုသွားပါတယ်"

ပေါက်မြို့နယ်မှာ အမေကိုအဓမ္မပြုကျင့်ပြီး ၂ နှစ်အရွယ်ကလေးငယ်အပါ သားအမိ ၂ ဦးစလုံးကို စစ်ကောင်စီ သတ်ဖြတ်

"ပိုက်ဆံ သိန်း ၅၀ ရှိတယ်ဆိုပြီး ဝင်လုတာ၊ သားအမိ ၂ ယောက်ကို သတ်သွားကြတာ၊ မအေနဲ့ သမီးကိုသတ်သွားတာ၊ စစ်သားတွေက မိခင်ကို မဒိန်းကျင့်သွားပြီး သမီးကို ဓါးနဲ့ထိုးပြီး သတ်သွားတာ"

တိုက်ပွဲဖြစ်ပွားရာ ပဲခူးရိုးမနေရာများတွင်သွားလာခြင်းမပြုရန် ဘုရင့်နောင်တပ်ရင်းက ပြင်းထန်စွာတားမြစ်

"စကစ အင်အားတွေကတော့ တောင်ခြေရွာတွေမှာရှိနေတယ်။ အင်အားအလုံးအရင်းနဲ့ ဖြတ်တောက်ပိတ်ဆို့ဆိုတဲ့အနေအထားနဲ့ တပ်ဆွဲထားပြီးတော့ သတင်းထောက်လှမ်းနေတာတွေရှိတယ် အဲမှာကျတော်တို့ ၈ ရက်နေ့ နောက်ဆုံးထားချေမှုန်းသုတ်သင်မယ်လို့ထုတ်ထားတဲ့စာအရ သူတို့ဘက်ကလည်း ရွာတွေမှာ လိုက်ပြီးသတိပေးကြေညာထားတယ် တောမတက်ကြဖို့ တောင်ပေါ်ကလူတွေလည်း အောက်မဆင်းကြဖို့ ဒါမျိုးတွေကြေညာထားတော့ သူတို့ခွေးဇာတ်ခင်းမယ်ဆိုတာ သိထားတော့ ရွာသူရွာသားတွေက ထွက်မှာမဟုတ်ဘူး အဲတော့သေချာတယ် လမ်းပေါ်ရှိတဲ့ကောင်တွေက ဒီကောင်တွေပဲအဲလိုမှတ်ယူတယ်"

စစ်ကောင်စီတပ်စွဲမယ့်နေရာမှာ CDF ကန်ပက်လက်က ကြိုတင်နေရာယူတိုက်ခဲ့လို့ ဗိုလ်ကြီးတဦးအပါ ၆ဦးသေဆုံး

" စစ်ကောင်စီတပ်ဖွဲ့တွေက ဒီနေ့မနက်မှာရောက်လာပြီးမှ ကင်းပုန်းတွေချပြီးနေရာယူထားကြတယ်၊သူတို့နေရာယူထားတဲ့နေရာကို ကျနော်တို့လည်း ကြိုပြီးနေရာယူထားတဲ့နေရာကနေပစ်ခတ်တာလုပ်ပါတယ်၊စစ်ကောင်စီဘက်က ဗိုလ်ကြီးတဦးအပါအဝင် ၆ ဦးသေဆုံးပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10