သတင်း

တိုက်ပွဲအကြီးအကျယ်ဖြစ်လာမယ်ဆိုတဲ့သတင်းကြောင့် ပဲခူး-ကရင်ပြည်နယ်အစပ်က ဒေသခံထောင်ချီ ပြောင်းရွှေ့နေ

"ရွာတွေမှာ လက်နက်ကိုင်အဖွဲ့တွေက လိုက်ပြောတယ်တဲ့။ တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်တယ်။ သုံးရက်အတွင်း ကျေးရွာကနေ ပြောင်းထားကြဖို့ လိုက်ပြောတယ်လို့ သတင်းထွက်လာပြီး မနေရဲတဲ့သူတွေက ပြောင်းရွှေ့လာကြတယ်။ ဘယ်ဘက်က လာပြောလဲဆိုတာကတော့ အရပ်ဝတ် လက်နက်ကိုင်တွေကလာပြောတာပဲ ပြောတယ်။ ဘယ်ဘက်ကမှန်း မသိကြဘူး"

စဉ့်ကူးမြို့နယ်က နာမည်ကြီးပျူစောထီးရွာကို PDF တွေသိမ်းပိုက်၊ တမြို့နယ်လုံး လွတ်မြောက်နယ်မြေဖြစ်လာ

"စက်လှေတွေနဲ့ ထွက်ပြေးကြတာ။ ဒီဘက်ကလည်း ပြန်ဝိုင်းထားတာ။အသေတွေလည်း ရှိတယ်။ အခုထိတော့ တော်လှန်ရေးတပ်တွေက နယ်မြေရှင်းနေကြတုန်းပဲ"

ခွင့်နဲ့ပြန်လာတဲ့ နေပြည်တော်က ဗိုလ်ကြီး ဝင်းဇော်ကို ပခုက္ကူ KTV မှာ အရှင်ဖမ်းမိ

“ကျနော်တို့က မြို့တွင်းကို တခြားမစ်ရှင်တခုနဲ့ သွားတာ။ ဒါပေမယ့် (သုံးပွင့်ဗိုလ်ကြီးမှာသေနတ်) အတိုပါတယ်ဆိုပြီး သတင်းကြိုရခဲ့တယ်။ အဲ့ရတဲ့သတင်းနဲ့ ဝင်ကုတ်လိုက်တာပေါ့။ KTV ကအထွက်တနေရာမှာ ဆိုင်ကယ်ရှေ့က ပိတ်တားပြီး သေနတ်ထုတ်ပြ လက်ထိပ်ခတ် ဖမ်းခေါ်လာရတဲ့ အခြေနေပေါ့။”

ကံမမှာ ရေကြီးနစ်မြုပ်မှုဆိုးဝါးနေပြီး ထောင်ချီတဲ့ရေဘေးသင့်ပြည်သူတွေ ကူညီမယ့်သူမရှိ (ရုပ်/သံ)

ဇူလိုင် ၁၀ ရက်က စတင်ဝင်ရောက်လာတဲ့ ဧရာဝတီမြစ်ရေဟာ တဖြည်းဖြည်းမြင့်တက်လာပြီး ဇူလိုင် ၂၄ ရက်မှာ နေအိမ်တွေနစ်မြုပ်တဲ့အထိ မြင့်တက်လာတာကြောင့် ထောင်နဲ့ချီတဲ့ဒေသခံတွေဟာ ဘေးလွတ်ရာနေရာတွေကို ရွှေ့ပြောင်းနေကြရပါတယ်။

ပဲခူးတိုင်းအရှေ့ခြမ်းက မြို့နယ် ၁၁ မြို့နယ်မှာ ၂၄ နာရီအတွင်း မိုးကြီးရေလျှံမှုဖြစ်နိုင်

ဖြူး၊ ကျောက်ကြီး၊ ရွှေကျင်၊ မဒေါက်၊ ဒိုက်ဦး၊ ပြွန်တန်ဆာ၊ ညောင်လေးပင်၊ ပိန်းဇလုတ်၊ ဖဒို၊ ကျောက်တံခါး၊ ကညွှတ်ကွင်း စတဲ့ဒေသတွေမှာ မိုးကြီးရေလျှံမှုတွေဖြစ်ပေါ်နိုင်တယ်လို့ မိုးလေဝသ စောင့်ကြည့်လေ့လာသူ မစုစုစံက သူ့ရဲ့ Facebook လူမှုကွန်ယက်စာမျက်နှာမှာ ဇူလိုင် ၂၄ ရက် ဒီနေ့ မနက်မှာ အသိပေးပြောဆိုထားပါတယ်။

ရေကြီးနေတဲ့ရဲစခန်းဝန်းကို လှေစီးသွားတဲ့ရဲ လှေပေါ်ကပြုတ်ကျသေဆုံး

“သူကတယောက်တည်း လှေလှော်နေရင်း ပြုတ်ကျပြီး ရေနစ်သေတာ။ ရေအနက်က ၅ ပေ‌လောက်ရှိတယ်။ အဲဒီစခန်းက ချောက်ထဲမှာ ဆောက်ထားတာလေ”

ကျေးရွာပလဖနဲ့ပကဖတို့ရဲ့ ငွေကြေးကောက်ခံမှုကို စုံစမ်းစစ်ဆေးပြီးအရေးယူမယ်လို့ ဝက်လက် ပအဖ ပြော

ဒေသခံလုပ်ငန်းတွေဆီကနေ ငွေကြေးကောက်ခံနေတာနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးကာ သေချာပါက ဆက်မလုပ်ဖို့သတိပေးတားမြစ်သွားမှာဖြစ်ပြီး ဆက်လုပ်နေမယ်ဆိုပါက အရေးယူမှုတွေ ရှိလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က စစ်ကြောင်းထိုးပစ်ခတ်လို့ စိတ်ကျန်းမာရေးမကောင်းသူ ၁ ဦးအပါ ၂ ဦးသေဆုံး

“ဝင်လာတဲ့အချိန်တုန်းက လက်နက်ပစ်ခတ်တာမရှိဘူး။ အပျောက်ဝင်တာ၊ ရွာထဲရောက်မှပစ်တာ။ ရွာထဲက စိတ်မနှံ့တဲ့ အမျိုးသား ၁ ယောက်ကို ဦးခေါင်းကို ပစ်သတ်သွားတာ။ သူက စိတ်မနှံ့တဲ့သူဆိုတော့ လမ်းဘေးမှာပဲနေ လမ်းဘေးမှာပဲအိပ်တာ”

ရွှေတောင်မြို့နယ်မှာ ရေကြီးနစ်မြုပ်၊ စျေးယာယီပြောင်းရွှေ့ရပြီး စိုက်ခင်းတွေပျက်စီး (ရုပ်/သံ)

ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ရွှေတောင်မြို့မှာ ဧရာဝတီမြစ်ရေကြီး နစ်မြုပ်လာလို့ မြို့တွင်းရပ်ကွက်တွေနဲ့ မြစ်ကမ်းနားတလျှောက်ရှိ ကျေးရွာတွေမှာ ရေဝင်ရောက်နေပြီး ရွှေ့ပြောင်းရတာတွေနဲ့ စိုက်ခင်းပျက်စီးမှုတွေ ရှိနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကိုင်းမှာ အမျိုးသမီး ၂ ဦးအပါ ၅ ဦးကို စစ်တပ်ကဖမ်းဆီး

"စကစတွေက သေနတ်တွေပစ်ပြီးတော့ ရွာထဲဝင်လာတာ။ လမ်းမှာတွေ့တဲ့သူတွေကို ဖမ်းခေါ်သွားတာ။ လက်ပြန်ကြိုးတုပ်ပြီး ဖမ်းခေါ်သွားတာ"

မင်းကင်းမှာ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မြို့နယ်ပကဖက ခေတ္တခေါ်ယူထိန်းသိမ်း

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ အူကျေးရွာမှ တော်လှန်ရေးရဲဘော် ၁၆ ဦးကို မင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ခေတ္တခေါ်ယူထိန်းသိမ်းထားတယ်လို့ မြို့နယ်ပကဖ ဒုတာဝန်ခံ ကိုစက်ြာက ပြောပါတယ်။

ဆိပ်ဖြူမှာ ၁ ရက်တည်းအုပ်ချုပ်ရေးမှူး ၂ ဦးပစ်သတ်ခံရ

"အုပ်ကြီးနှစ်ယောက် ပစ်သတ်ခံရတာက အချိန်သိပ်မကွာဘူး။ တနာရီဝန်းကျင်လောက်ပဲ ကွာမယ်။ နေအိမ်ထိလာပစ်တာဆိုတော့ သေသွားကြတယ်"

မင်းကွန်းဆရာတော်ဘုရားကြီး ကျောင်းနံဘေးနေအိမ်တွေအပါ လူနေအိမ် ၃၀ ကျော်ကို စစ်အုပ်စုမီးရှို့

"အရင်ရက်ကလည်း အဲဒီစခန်းက ပတ်ကင်းကား ထွက်တယ်ပြောတယ်။ အဲ့ဒါလည်း ကားမိုင်းဆွဲခံရပြီးတော့ပစ်ကြခတ်ကြ ဖြစ်ကြတယ်တဲ့။ မနေ့ကမနက်ကတော့ လက်ဖက်ရည်ဆိုင်မှာ ပစ်ခံရတာ သေလို့ ရွာကိုမီးနဲ့ထွက်ရှို့တာ"

ဒေါက်တာတေဇာဆန်းဆန္ဒပြခဲ့တဲ့ မန္တလေးမြို့ပေါ်နေရာတချို့ကို စစ်တပ်ကအရပ်ဝတ်နဲ့ စောင့်ကြည့်နေပြီး မြို့တွင်းလမ်းကြားတွေအထိ လုံခြုံရေးတင်းကျပ်

" ဒေါက်တာတေဇာဆန်း ဆန္ဒပြသွားတာ ဇူလိုင်တတိယအပတ်ထဲမှာ ဖြစ်မယ်။ အဲ့ဒီနေ့ ညနေပိုင်းမှာ အိမ်စီးကားအဖြူရောင်နဲ့ ရဲ ၅ ယောက်ပါတယ်။ အပွင့်နဲ့ ၁ ယောက်၊ ရိုးရိုး ရဲ ၃ ယောက်၊ ကျန်တဲ့ ၁ ယောက်တော့ မသိလိုက်ဘူး။ သူတို့ရောက်လာပြီးတော့ အိမ်တွေကိုလိုက်မေးတယ်။ ကြဲထားတဲ့ ဆန္ဒပြစာရွက်တွေကိုလည်း သူတို့ပဲ သိမ်းသွားတာ"

ကလေးမြို့မှာ ကိုဂျင်မီ၊ ကိုဇေယျာသော်တို့ ကြိုးပေးခံရခြင်း ၂ နှစ် ပြည့်အထိမ်းအမှတ် လူထုသပိတ်ပြုလုပ်

❝သူရဲကောင်းတို့မျှော်ရည်ချက် လူထုအားနဲ့ ဆက်ချီတက် ❞ ခေါင်းစဉ်နဲ့ပြုလုပ်ခဲ့တဲ့ဒီလှုပ်ရှားမှုကို ကလေးမြို့ လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ခဲ့ပြီး ကလေးမြို့ဒေသခံ တော်လှန်ပြည်သူများက ပူးပေါင်းပါဝင်ခဲ့ ကြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10