သတင်း

ဂန့်ဂေါမြို့နယ် ကန့်သက်ကျေးရွာကစစ်ရှောင်တွေ စားနပ်ရိက္ခာအရေးအပေါ်လိုအပ်နေ

အဲဒီစစ်ရှောင်စခန်းမှာ သံဃာတပါးအပါအဝင် ဒေသခံ ၃၀၀ နီးပါးရှိပြီး တနေ့ကို ဆန် ၃ တင်းခွဲခန့်ကုန်ကျပြီး လက်ရှိဆန်လက်ကျန်က တပတ်စာအတွက်တောင် မလုံလောက်တော့ဘူးလို့ Western Chindwin Association(WCA)ရဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

ဝက်လက်နယ်က ရဲစခန်းတိုက်ပွဲမှာ ရဲ ၇ ဦးသေပြီး ရဲစခန်းကိုပါမီးရှို့နိုင်ခဲ့

အင်အား ၃၀ ဝန်းကျင်ရှိတဲ့ ရွှေပန်းကုံးနယ်မြေရဲစခန်းကို တိုက်ခိုက်မှုအတွင်း အပြန်အလှန် ပစ်ခတ်မှု ၁ နာရီကျော်ကြာမြင့်ခဲ့သလို ရဲတပ်သား ၇ ဦးသေဆုံးကာ ၁ ဦး အရှင်ဖမ်းဆီးရမိခဲ့ပြီး သေနတ် ၁၂ လက် သိမ်းဆည်းရရှိခဲ့တယ်လို့ မြေပြင်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

တောင်ငူမှာ တိုက်ပွဲမဖြစ်ဘဲ လေကြောင်းကနေပစ်ခတ်လို့ ဒေသခံ ၁ ဦးဒဏ်ရာရ

တိုက်ပွဲမဖြစ်ဘဲ တောင်ငူလေတပ်ကနေ ရဟတ်ဟာဥ် ၂ စီးနဲ့ လာရောက်ပစ်ခတ်ချိန် နေအိမ်အောက်မှာ ရှိနေတဲ့ နဂါးမောက်ကျေးရွာသား ဦးမင်းမင်းစိုး ၄၀ နှစ်ကို ထိမှန်ခဲ့တာဖြစ်ပြီး အခြားထိခိုက်ပျက်စီးမှုတွေတော့ မရှိခဲ့ဘူးလို့ ဆိုပါတယ်။

စစ်တပ်ယာဥ်တန်း မိုင်း ၂ ကြိမ်ဆွဲခံရပြီး ၅ ဦးကျော်ဒဏ်ရာရကာ စစ်ကားတစီး ခရီးမဆက်နိုင်သေး

"မြေဖြူကျင်းနားမှာ စကစဘက်က တော်တော်အထိနာသွားတယ်။ မိုင်းက ၁၀ လုံးလောက်သုံးပြီး တိုက်ခိုက်လိုက်တာ။ ဒီမနက်ပိုင်းထိ သူတို့မိုင်းဆွဲခံရတဲ့နားမှာ ရှိနေတုန်းပဲ"

ပိတောက်ကုန်းရွာတိုက်ပွဲမှာကျဆုံးတဲ့ ရဲဘော် ၃ ဦးရဲ့ ဈာပန ပြုလုပ်ပြီးစီး

"တယောက်က ၄၀ မမ မှန်သွားတာ။ နောက်တယောက်ကျတော့ သူပစ်ကိုယ်ပစ်ရင်း ကျည်မှန်တာ။ နောက်တယောက်ကျတော့ စကစဘက်က လေယာဥ်နဲ့ပစ်တဲ့အချိန်မှာ ထိသွားတာ။ ကျသွားတဲ့ ရဲဘော် ၃ ယောက်စလုံးက လိမ္မာတဲ့ကလေးတွေ။ သက်ဆိုင်ရာအဖွဲ့အတွက်လည်း အားကိုးရတဲ့သူတွေ ဖြစ်တယ်"

ချောက်က စစ်သားနဲ့ရဲတွေ အလင်းဝင်ကြဖို့ CGF သတိပေး

“ကျနော်တို့ နောက်ဆုံးပြောချင်တာကတော့ တိုင်းပြည်ကို ဆင်းရဲတွင်းနစ်အောင် စစ်ကောင်စီရဲ့ လက်အောက်မှာနေပြီး လူတစုလက်တဆုပ်စာအတွက် အသက်ကိုပေးပြီး မကာကွယ်ဘဲနဲ့ ပြည်သူတွေဘက်ကနေပြီးတော့ မားမားမတ်မတ်ရပ်တည်ပြီးတော့ အလင်းဝင်ကြပါ”

ပဲခူးအနောက်ခြမ်းမှာ ပထမဆုံးအကြိမ်အဖြစ် သုံးဆယ်မြို့ပေါ်ရဲစခန်း ကို တိုက်ခိုက်

“ရဲစခန်း ကင်းစောင့်တဦးကိုပဲ တည်ချက်လုပ်ပြီး ပစ်ခဲ့တာပါ။ အဲ့ကောင်ကတော့ သေချာပေါက်သေမှာပါ” လို့ ဂဠုန်စစ်ဆင်ရေးတာဝန်ခံ ကိုတံခွန်က ပြောပါတယ်။

မကွေးမှာ ငါးမျှားရင်း ရေဆင်းကူးတဲ့အမျိုးသား ၁ ဦး ရေနစ်သေဆုံး

" သူငယ်ချင်းသုံးယောက် မြစ်ဆိပ်မှာ ငါးမျှားနေကြတာပါ။ရေဆင်းကူးရင်းနဲ့ ရေနစ်သေဆုံးခဲ့တာပါ "

ဘုတလင်မြို့ပြည်သူ့ဆေးရုံက ၀န်ထမ်းတွေ CDM လုပ်သွားလို့ စစ်ကောင်စီက ဆေးရုံကို ချိပ်ပိတ်လိုက်ရ

"ဆေးရုံက၀န်ထမ်းတွေမလာတော့ လူနာတွေလည်း ဆင်းသွားပြီ။ စစ်တပ်ကလည်း လာချိပ်ပိတ်သွားတယ်။ မီးသတ်ရုံးကတော့ ပိတ်ထားတာကြာပြီ။ ရုံးတွေ ပိတ်ကုန်တာများတယ်"

ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်၊ PDF ၁၀၀ သေဆုံးဟု စစ်တပ်က ဝါဒဖြန့်

"တော်လှန်ရေးရဲဘော်ကျတာက ခမ်းခမ်းနားနား မလုပ်ဘူး။ ပုံရိုက်လေ့လည်း မရှိဘူး။ တနေရာတည်းမှာ စုပြီးတော့ သင်္ဂြိုဟ်တာလည်း မရှိဘူး"

မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့တွေ လက်နက်ချ အလင်းဝင်ရေး လှုပ်ရှားမှု ပြုလုပ်

"လက်နက်ချပြီး အလင်းဝင်ပါ။ လက်နက်ချတာဟာ အညံ့ခံတာ မဟုတ်ပါဘူး။ ပြည်သူ့လူထုအတွက် သူရဲကောင်းအဖြစ် သတ်မှတ်ထားသူတွေဖြစ်တယ်"

စလင်း အထက ၁ မှာ ကျောင်းမတက်ဖို့ သတိပေးစာကပ်ခံရလို့ ကျောင်းသားတွေကို နေအိမ်ပြန်ခေါ်၊ မြို့တွင်းလုံခြုံရေးတင်းကျပ်ထား

“ ကျောင်းသား ကျောင်းသူတွေ ကျောင်းမတက်ဖို့ ထ ၁ ကျောင်းမှာ သတိပေးစာတွေ ဒီမနက်ကပ်သွားတယ်။ ဘယ်သူတွေ လာကပ်တယ်ဆိုတာတော့ မသိဘူး။ အဲ့ဒါကို‌မိဘတွေကသိတော့ ကြောက်ပြီး ကလေးတွေကိုပြန်ခေါ်ကြတော့ ကျောင်းမှာ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်တယ်”

ပြည်မှာ စွယ်တော်ဘုရားပွဲကို လမ်းပိတ်ပြီး လုံခြုံရေးအပြည့်နဲ့ပြုလုပ်၊ နတ်တလင်းမှာလည်း စစ်ကောင်စီဝန်ကြီးချုပ်လာရောက်မယ့် စွယ်တော်ပွဲအတွက် လုံခြုံရေးတင်းကျပ်ထား

“ ရယ်စရာတော့ကောင်းသားဗျ။ ပွဲတော်လုပ်မယ်ဆိုပြီး လမ်းတွေကို ပိတ်ထားတာ။ နောက်ဆုံးတော့ ဈေးဆိုင်သမားတွေပဲ ဈေးမရောင်းရဘဲထိတာ။ ဘယ်သူကရော ပွဲတော်လာရဲမလဲ။”

အင်းတော်မှာ လေယာဉ်က ဗုံးကြဲလို့ ဒေသခံ ၁ ဦးသေပြီး ၂ ဦးဒဏ်ရာရ

"ဗုံးကျလို့ ဆိုင်တဆိုင် မီးလောင်သွားတယ်။ ပြီးတော့ အဲ့နေရာမှာ ကုန်စိမ်းတွေ ရောင်းနေကြတဲ့ မိသားစုဝင် ၃ ဦး ထိသွားတယ်။ ၁ ယောက်သေပြီး ၂ ယောက်ဒဏ်ရာရတယ်"

ကျဆုံးရဲဘော် ၂ ဦးရဲ့ မိသားစုတွေကို YRPA က ဂုဏ်ပြုငွေ ထောက်ပံ့

"တော်လှန်ရေးမှာ ရဲဘော်တွေရဲ့ စွန့်လွှတ်စွန့်စားရဲတဲ့စိတ်ဓာတ်ကို လေးစားဦးညွှတ်မိပါတယ်။ ရဲဘော်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ တတ်နိုင်တဲ့ဘက်က ထောက်ပံ့ပေးရတာပါ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10