သတင်း

ကျွန်းလှနယ်မှာ တနေကုန်လေကြောင်းနဲ့ ပစ်ခဲ့လို့ ဒေသခံ ၈ ထောင်ကျော်ထွက်ပြေးနေရ

ဒီဇင်ဘာလ ၁၂ ရက် ဒီမနက်အစောပိုင်း ၁ နာရီဝန်းကျင်နဲ့ မနက် ၉နာရီဝန်းကျင်လောက်မှာ တပူတောရွာအနီးကို တံတားဦးလေတပ်မှ တက်လာတဲ့ ဂျက်ဖိုက်တာပေါ်ကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး မနက် ၈ နာရီ ၅၁ မိနစ်မှာ လိပ်ဆင်းတောင်နဲ့ အေးချမ်းသာရွာကြား ဗုံး ၃ လုံး၊ မနက် ၉ နာရီ ၆ မိနစ်မှာ အေးချမ်းသာရွာနဲ့အင်းလှရွာကြား ဗုံး ၃ လုံးချ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

ပုလဲမှာ လေယာဉ်ဗုံးကြဲခံရလို့ NUG တရားရေးတာဝန်ခံလင်မယား၊ ၁ နှစ်သားကလေးအပါ ၅ ဦးသေဆုံး

"ဒါကရပ်ကွက်ထဲမှာ၊ ရွာထဲမှာဆိုတော့ အတိအကျနဲ့ ဗုံးလာကျဲသွားတာဆိုတော့ သတင်းပေးတွေကြောင့်လို့လည်း ကျနော်တို့ ယူဆနေရတာပေါ့နော်။ အဲ့ဒီအိမ်ကို ရောက်နေတဲ့ အရပ်သားမိသားစုပါသေတာ"

ကညနရုံးနဲ့ စီးပွားရေးဘဏ်က စစ်သားတွေ တိုက်ခိုက်ခံရလို့ ၄ ဦးသေ (ရုပ်/သံ)

ဒီဇင်ဘာလ ၉ ရက် ည ၉ နာရီကျော်ခန့်က အင်အား ၄၀ ခန့်ရှိနေတဲ့ ကညနရုံးက စစ်ကောင်စီအဖွဲ့ကို ဝင်ရောက်တိုက်ခိုက်ခဲ့သလို ဒီဇင်ဘာလ ၁၀ ရက် မနက် ၂ နာရီခန့်မှာ အင်အား ၁၅ ဦးခန့်သာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ်အစောင့် စစ်ကောင်စီအဖွဲ့တွေကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

စက်သုံးဆီတန်းစီတဲ့နေရာအနီး ယာဉ်တိုက်မှုဖြစ်လို့ ၂ ဦး သေဆုံး

"ဖြစ်တာက ဆီဆိုင်ရှေ့လမ်းမပေါ်မှာဖြစ်တာ။ ဆီတိုးပြီးထွက်လာတာလား၊ ဒီအတိုင်းလမ်းဖြတ်ကူးတာလားဆိုတာတော့မသိရဘူး။ အဖွားကတော့ တယောက်တည်းဘဲ။ နားလည်းသိပ်မကောင်းဘူးပြောတယ်" လို့ စစ်ကိုင်းမြို့ခံတဦးက မြေလတ်အသံကို ပြောပါတယ်။

လုပ်သားရှားပါးပြီး စပါးရိတ်ခြွေဖို့ခက်ခဲနေလို့ ABSDFက လုပ်အားပေး

ဒီဇင်ဘာလဆန်းပိုင်းကစကာ ဒေသခံလယ်သမားတွေရဲ့ လယ်ကွင်းတွေမှာ စပါးရိတ်တာ၊ စပါးရိုက်(စပါးခြွေ)တာတွေကို ABSDF Column - 3 ရဲ့ အမှတ် ၁၄ တပ်ရင်းရှိ ရဲဘော်တွေက လုပ်ကိုင်ပေးခဲ့တာလို့ သိရပါတယ်။

ပေါင်းတည်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပေါ်တာကြေး ခြိမ်းခြောက်ကောက်ခံ

“ပေါ်တာကြေးမပေးတဲ့ အိမ်ကို သူကိုယ်တိုင်လာမယ်၊ နောင်ဖြစ်လာတာ တာဝန်မယူဘူးလို့လည်းပြောတယ်။ ရွာသားတွေက မရှိတဲ့ကြားထဲက ကြောက်ပြီးပေးကြရတာ။ အုပ်ချုပ်ရေးမှူးပြောတာကတော့ ပေါ်တာဆွဲ မခံရအောင် မြို့ကို ပေးရတာလို့ ပြောတယ်”

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယာဉ်ထိန်း လုံခြုံရေးယူထား (ရုပ်/သံ)

"မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ် ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်"

နတ်မောက်မြို့ ဈေးကွက်သစ်အုပ်ချုပ်ရေးမှူး ရှင်းလင်းခံရ

"သူတို့အဖွဲ့ဝင် ၁ ယောက်ကို ကျနော်တို့အရင်ရက်က ဖမ်းထားတာ၊ သူတို့လူကိုလိုက်ရှာတာ တဖွဲ့လုံးလာတာ၊ ၁၃ ယောက်ဖမ်းမိတာ၊ မြို့သစ်နယ်ထဲက ကွင်းကြီးဘက်မှာ ဖမ်းမိတာ၊ သူ့ရဲ့ လက်အောက်ငယ်သားတွေတော့ ကျနော်တို့ပြန်လွှတ်ပေးလိုက်တယ်၊ သူတို့ခေါင်းဆောင်ကိုပဲဖမ်းပြီးတော့ ရှင်းလင်းလိုက်တယ်"

စစ်အုပ်စု ၄ ဖွဲ့ပေါင်း ဦးအောင်ဇေယျရွာတပ်စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး ၆ ဦးအရှင်မိ

“အခုချိန်ထိတော့ စစ်ရေးအခြေနေက တင်းမာနေတုန်းပါပဲ။ ထွက်ပြေးလွတ်မြောက်နေတဲ့သူတွေလည်း ရှိတယ်။ သူတို့ဘယ်အချိန်ပြန်ဝင်တိုက်မလဲဆိုတာ မသိသေးတော့ စစ်ရေးကတော့ တင်းမာနေတုန်းပါ ”

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ၊ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယဉ်ထိန်းလုံခြုံရေး ယူထား

"မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ်။ ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်"

စဉ့်ကူးနယ်ပျူစောထီးတွေက ဒေသခံပိုင် နွားတွေနဲ့ပစ္စည်း တန်ဖိုးသိန်း ၂၀၀ ကျော်ဖိုး လုယူ

"မိန်းမတွေရော လာကြတာ။ အကုန်ကို အကုန်ယူတာပါပဲ။ ချက်ဖို့လုပ်နေရင်း ပြေးရတော့ ချထားခဲ့တဲ့ငါးကအစ ယူသွားတာ။ ကလေးကျောပိုးအိတ်လေးထဲ အရုပ်ကလေးတွေထည့်ထားတာ။ အဲ့ဒါတောင်မကျန်ဘူး"

မုန်းမြို့တိုက်ပွဲ KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး စစ်ကောင်စီ ၁၂၀ သေဆုံး

"ထိခိုက်သေဆုံး အခြေအနေကတော့ တိုက်ပွဲစဖြစ်တဲ့ရက်ကနေ ထိန်းချုပ်ထားနိုင်တဲ့ကာလအတွင်း နှစ်ဖက်သေဆုံးမှုပါ။ ၇ ရက်နေ့ နောက်ပိုင်းကတော့ တိုက်ပွဲထပ်ဖြစ်တာမရှိသေးပေမယ့် စစ်ရေးက တင်းမာနေဆဲပါ"

မအူရဲစခန်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

မအူရဲစခန်းဟာ ရွာအလယ်မှာတည်ရှိနေပြီး နေ့လယ်ခင်းကစတင်ကာ ညနေပိုင်းအထိ ဗုံးသီး ၁၃ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်လို့ သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ သူကပြောပါတယ်။

နတ်တလင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

"ပထမမိုင်းကွင်းမှာ မထိဘဲ ဒုတိယမိုင်း ၃ လုံးပူးအတွဲမှာ ထိသွားတာ"

စစ်ခေါင်းဆောင်က ပစ္စတိုခါးချိတ်ပြီး လားရှိုးကို နေ့ချင်းပြန်သွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ကိုးကန့်ဒေသအပြင် လားရှိုးမြို့နဲ့အနီးတဝိုက်မြို့တွေမှာ အောက်တိုဘာလမှစတင်ကာ လက်ရှိအထိ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ၁ လ ကျော်အကြာမှာ စစ်ခေါင်းဆောင်နဲ့အဖွဲ့က လာရောက်တာလည်းဖြစ်ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10