သတင်း

ပြည်မြို့ ဆီပြတ်လပ်မှုပိုဆိုးလာ၊ ၂ မိုင်နီးပါးတန်းစီစောင့်နေရပြီး ရဲနဲ့ယဉ်ထိန်းလုံခြုံရေး ယူထား

"မနေ့က ညနေကဆို တိုးဝှေ့နေကြတာပဲ။ ကားတွေကော ဆိုင်ကယ်တွေရော အိုးဝေတွေပါ တန်းစီနေတာ ၂ မိုင်လောက်တောင်ရှိမယ်။ ဘဲဥတွေက လမ်းရှင်းပေးတယ်။ ရဲတွေက လုံခြုံရေးယူထားတယ်"

စဉ့်ကူးနယ်ပျူစောထီးတွေက ဒေသခံပိုင် နွားတွေနဲ့ပစ္စည်း တန်ဖိုးသိန်း ၂၀၀ ကျော်ဖိုး လုယူ

"မိန်းမတွေရော လာကြတာ။ အကုန်ကို အကုန်ယူတာပါပဲ။ ချက်ဖို့လုပ်နေရင်း ပြေးရတော့ ချထားခဲ့တဲ့ငါးကအစ ယူသွားတာ။ ကလေးကျောပိုးအိတ်လေးထဲ အရုပ်ကလေးတွေထည့်ထားတာ။ အဲ့ဒါတောင်မကျန်ဘူး"

မုန်းမြို့တိုက်ပွဲ KNLA ပူးပေါင်းတပ်ဖွဲ့ဝင် ၁၀ ဦးခန့်သေဆုံးပြီး စစ်ကောင်စီ ၁၂၀ သေဆုံး

"ထိခိုက်သေဆုံး အခြေအနေကတော့ တိုက်ပွဲစဖြစ်တဲ့ရက်ကနေ ထိန်းချုပ်ထားနိုင်တဲ့ကာလအတွင်း နှစ်ဖက်သေဆုံးမှုပါ။ ၇ ရက်နေ့ နောက်ပိုင်းကတော့ တိုက်ပွဲထပ်ဖြစ်တာမရှိသေးပေမယ့် စစ်ရေးက တင်းမာနေဆဲပါ"

မအူရဲစခန်းကို မောင်းသူမဲ့လေယာဉ်နဲ့ ဗုံးကြဲ (ရုပ်/သံ)

မအူရဲစခန်းဟာ ရွာအလယ်မှာတည်ရှိနေပြီး နေ့လယ်ခင်းကစတင်ကာ ညနေပိုင်းအထိ ဗုံးသီး ၁၃ လုံးလောက် ကြဲချတိုက်ခိုက်ခဲ့တာဖြစ်လို့ သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေ ရှိတယ်လို့ သူကပြောပါတယ်။

နတ်တလင်းမှာ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်ခံရလို့ ၁ ဦးသေဆုံး

"ပထမမိုင်းကွင်းမှာ မထိဘဲ ဒုတိယမိုင်း ၃ လုံးပူးအတွဲမှာ ထိသွားတာ"

စစ်ခေါင်းဆောင်က ပစ္စတိုခါးချိတ်ပြီး လားရှိုးကို နေ့ချင်းပြန်သွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ ကိုးကန့်ဒေသအပြင် လားရှိုးမြို့နဲ့အနီးတဝိုက်မြို့တွေမှာ အောက်တိုဘာလမှစတင်ကာ လက်ရှိအထိ တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပြီး တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ၁ လ ကျော်အကြာမှာ စစ်ခေါင်းဆောင်နဲ့အဖွဲ့က လာရောက်တာလည်းဖြစ်ပါတယ်။

မြစ်ကျိုးရဲစခန်းက နယ်ထိန်းရဲအပါ ၇ ဦး စခန်းစွန့်ထွက်ပြေး

"ပြေးကြတာက တရက်တည်းအတူပြေးကြတာတော့ မဟုတ်ဘူး။ နယ်ထိန်းစိုးလွင်က အရင်ဆုံးပြေးတာ။ နောက်မှ နှစ်ယောက်တတွဲ။ တယောက်ချင်း အဲ့ဒီလိုပြေးကြတာ"

လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားကလေးကို PDF ကယ်ထုတ် (ရုပ်/သံ)

ပဲခူးတိုင်း၊ ကျောက်ကြီးမြို့နယ်၊ မုန်းမြို့တိုက်ပွဲအတွင်းမှာ လေယာဥ်နဲ့ပစ်လို့ သေဆုံးခဲ့တဲ့ တပ်မိသားစုဝင်ရဲ့ လသားအရွယ် နို့စို့ကလေးငယ်တဦးကို PDF တွေက ကယ်ထုတ်ခဲ့ပါတယ်။

မြိုင်မှာ စစ်အုပ်စု မိုင်း ၅ ကြိမ်ဆွဲ တိုက်ခိုက်ခံရ

“သူတို့ **ကား ၁ စီးနဲ့ အင်အား ၃၀ လောက်ချတယ်၊ အနီးအနားရွာတွေကို မွှေမယ့်သဘောနဲ့ ဆင်းလာတာ။ ကျနော်တို့အဖွဲ့တွေနဲ့ ပစ်ခတ်မှု မိနစ် ၂၀ အကြာဖြစ်တယ်။ နောက်ထပ် မိုင်းပွိုင့် ၅ ပွိုင့်ဆွဲတယ်၊ ၂ ကောင်သေပြီး ၂ ကောင်ဒဏ်ရာရတယ်”

သီးလုံးရွာကို ၂ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်ခံရ (ရုပ်/သံ)

"ကျနော်တို့ ရွှေဘိုမြို့နယ်၊ သီးလုံးပျူရွာကို ဒရုန်းနဲ့ ဗုံးသီး ၂၄ လုံးကြဲချခဲ့တယ်။ ၉ ရက်က နေ့လယ် ၁ နာရီဝန်းကျင်မှာ ဗုံးသီး ၁၂ လုံးချတယ်။ ဒီကနေ့ ၁၀ ရက် ၇ နာရီ ၂၄ မိနစ်မှာလည်း ဗုံးသီး ၁၂ လုံးချခဲ့တယ်"

မွေးရာပါ နှလုံးမှာအပေါက်ပါတဲ့ ကလေးတဦး ဆေးကုသဖို့ အကူညီလိုအပ်နေ

"ကလေးက အမောဖောက်သလို ခဏခဏ ဖြစ်နေတာပါ။ ဆေးခန်းတွေ ပြကြည့်တော့မှ နှလုံးအပေါက်ပါတာ သိရတာ။ ဆေးကုသဖို့ ငွေမတတ်နိုင်ပါဘူး"

အမြောက်တပ်ဖွဲ့ဝင်တွေရဲ့ဇနီး လုံခြုံရေးခေါင်းဆောင်အမျိုးသမီး ၂ ဦးကို PDF က ဖမ်းမိ (ရုပ်/သံ)

“ တပ်နဲ့ မီတာ ၁၀၀၀ လောက်ပဲ ကွာတော့တယ် ဖမ်းမိတဲ့နေရာက။ ရဲမေ ၂ ယောက်ကိုတော့ အရှင်ရခဲ့တယ်။ စစ်မှုထမ်းဟောင်းဆိုတဲ့ တပ်ကြပ်ကတော့ တောင်းတောင်းပန်ပန်နဲ့ခေါ်နေတဲ့ကြားထဲက ထွက်ပြေးတာကြောင့် ပစ်လိုက်တော့တာ"

ဆားလင်းကြီးတွင် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု ပပျောက်စေရေး ပညာပေးဟောပြော

ဒီဇင်ဘာလ ၈ ရက်နဲ့ ၉ ရက်က "အမျိုးသမီးနှင့် မိန်းကလေးများကို ကာကွယ်ဖို့ အတူတကွပါဝင် ပံ့ပိုးစို့ " ခေါင်းစဉ်နဲ့ အညာပစ်တိုင်းထောင်လေးများအဖွဲ့က ပြုလုပ်တာလို့ဆိုပါတယ်။

တပတ်အတွင်း ယောဒေသက ဒေသခံ ၂ သောင်းကျော် စစ်ရှောင်နေရ

ဂန့်ဂေါမြို့နယ်နဲ့ ထီးလင်းမြို့နယ်အစပ်ရှိ စစ်ကောင်စီရဲ့ ရေမျက်နီရွာတပ်စခန်းကို ဒီဇင်ဘာ ၄ ရက်ကစလို့ ဒေသခံကာကွယ်ရေးတပ်တွေက တိုက်ခိုက်နေပြီး ဒီဇင်ဘာ ၉ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတာကြောင့် အဲ့ဒီနယ်တဝိုက်က ဒေသခံတွေအပြင် နီးစပ်ရာကျေးရွာက ဒေသခံတွေလည်း နေရပ်ကနေတိမ်းရှောင်နေရတာပါ။

အုတ်တွင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က တံတား ၁ စင်း မိုင်းခွဲခံရလို့ ကျိုးကျပျက်စီး

" ဘန့်ဘွေးကုန်းနဲ့ အုတ်တွင်းမြို့ဆို ၅ မိုင်လောက်ဝေးတယ်။ ဒါတောင် မိုင်းပေါက်ကွဲသံက တော်တော်ကျယ်ကျယ်ကြားရပြီး အိမ်တွေတောင်တုန်ခါမှုရှိတာ။ ယမ်းအားက ဘယ်လောက်ပြင်းလဲဆိုတာသာ တွက်ကြည့်တော့"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10