သတင်း

သွင်းအားစုတွေ အဆမတန်ဈေးမြင့်တဲ့ကြားက နှမ်းစိုက်ပျိုးနေရတဲ့ ဂန့်ဂေါက တောင်သူတွေ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဂန့်ဂေါနယ်မြောက်ပိုင်းမှာ စိုက်ပျိုးရေးသွင်းအားစုတွေ အဆမတန် ဈေးနှုန်းမြင့်တက်နေတဲ့ကြားထဲကပဲ တောင်သူတွေဟာ မိုးနှမ်းစိုက်ပျိုးရေးကို လုပ်ကိုင်နေကြရတယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ပျူစောထီးရွာကိုပို့မယ့် ရိက္ခာကားကိုဖမ်းဆီးပြီး ကားပေါ်ပါလာသူ ၂ ဦးကို ထိန်းသိမ်းထား

“ကျနော်တို့ သုံးသပ်ရတာကတော့ ပြည်သူ့ကားကိုဖမ်းဆီးပြီး စေခိုင်းတယ်လို့ သုံးသပ်ရတယ်။ ကားပေါ်မှာတော့ ၂ ယောက်ပါတယ်။ လက်ရှိနယ်မြေအခြေအနေအရတော့ ဖမ်းဆီးထားတဲ့ ပြည်သူ ၂ ဦးကိုထိန်းသိမ်းထားတယ်”

ပေါင်းတည်မှာ စစ်ကောင်စီအဖွဲ့ တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

“ကျနော်တို့ကလည်း တောင်ကုန်းပေါ်ကိုတက်လို့ ‌ရောက်တဲ့အချိန်မှာ တဖက်တောင်ကုန်းကြောကနေ စစ်သား ၃ ယောက် သေနတ် ၁ လက်နဲ့တက်လာတာကို ရုတ်တရက်တွေ့လို့ လက်ဦးမှုယူပြီး ဝိုင်းပစ်တာမှာ ထိကုန်တာ”

လက်ဖက်ရည်သောက်နေတဲ့ အုပ်ချုပ်ရေးမှူး ပစ်သတ်ခံရပြီး သေဆုံး

"သိရသလောက် သူတို့ (အုပ်ချုပ်ရေးမှူးအဖွဲ့) ရောက်လာပြီး လက်ဖက်ရည်သောက်နေချိန် သူတို့ကို ပစ်မယ့်သူတွေက အခြားဝိုင်းမှာရှိနေတာတဲ့။ နောက်မှ အုပ်ကြီးကို အနီးကပ်ပစ်ပြီးဆိုင်ထဲက ထွက်သွားတယ်လို့တော့ သိရတယ်"

စက်သုံးဆီဆိုင်မှာ ဆီလာဝယ်သူ ဆေးလိပ်မီးကတဆင့် မီးလောင်မှုဖြစ်ပွားပြီး ကား၊ ဆိုင်ကယ်၊ အိမ် ၂ လုံးမီးလောင် (ရုပ်/သံ)

"ဆေးလိပ်မီးပွားကနေ မီးလောင်ခဲ့တာပါ။ ပေါက်ကွဲအားပြင်းတော့ အနားမကပ်ရဲကြဘူး။ ဆိုင်ကယ်တွေ ကားနဲ့အိမ်တွေလည်း မီးလောင်ဆုံးရှုံးခဲ့တယ်"

ရွှေပန်းတောရွာစစ်တပ်ဂိတ်မှာ စစ်ဆေးမှုတင်းကျပ်ပြီး ပစ္စည်းတွေသိမ်းယူနေလို့ ဒေသခံတွေ အခက်တွေ့

“ရွာထဲကိုတော့ ဝင်ခိုင်းတယ်။ ပြန်ထွက်တဲ့အခါမှာ ရစ်တာ။ အိတ်တွေကို ဖောက်ချတယ်။ ဆေးပစ္စည်းတွေပါလာရင် အကုန်ယူထားတယ်။ ဆန်၊ ဆီ၊ ဆားဆိုရင် PDF ကို ထောက်ပံ့တာဆိုပြီး ရစ်တယ်။ ဆန်၊ ဆီဝယ်လာတဲ့ သူတွေကိုဆိုရင် အိမ်မှာကျန်ခဲ့တဲ့မိသားစုကို ပြန်ခေါ်ခိုင်းတယ်၊ အဲတော့ ဒေသခံတွေကလည်း ဆက်ပြီးအရစ်မခံနိုင်လို့ ထားပစ်ခဲ့ကြတာတွေရှိတယ်။ ခုတော့ စားသောက်ရေးတွေ အခက်ကြုံနေရတယ်”

သပိတ်ကျင်းက ရေဘေးသင့်ကျေးရွာ ၁၀ ရွာကျော် အကူအညီလိုအပ်နေ

"လူတွေအထိအခိုက်တော့ မရှိဘူး။ ပျက်စီးသွားတဲ့ အိမ်တွေရဲ့အခြေအနေကိုတော့ ရေပြန်ကျမှ သိရမယ်ဗျ။ အခုထိတော့ ရေက မကျသေးဘူးဗျ။"

ဆားတောင်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများပြား (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မရဲစခန်းကို ဇူလိုင် ၁၂ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇၊ မြင်းခြံခရိုင်အဖွဲ့ဆီက သိရပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ တပ်သားတွေကို MDY PDF က လက်ခုပ်တီးကြိုဆို (ရုပ်/သံ)

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ထဲက စစ်ကောင်စီရဲ့ ပင်လယ်ကြီး တပ်စခန်းသိမ်းတိုက်ပွဲမှာ လက်နက်ချအညံ့ခံခဲ့တဲ့ စစ်သားတွေကို မန္တလေး PDF ရဲဘော်တွေက လက်ခုပ်တီးပြီး အားပါးတရကြိုဆိုခဲ့ကြပါတယ်။

ပဲခူးရိုးထဲ ဝါးခုတ်သွားသူချင်း ဓားခုတ်မှုဖြစ်လို့ အမျိုးသား ၁ ဦး သေဆုံး

"ဘာကြောင့်စကားများပြီး ဓားနဲ့ခုတ်တဲ့အဆင့်ထိ ဖြစ်သွားလဲတော့ မသိရဘူး။ အလောင်းက ဆေးရုံရောက်လာမှ သိရတယ်။ သေသူကတော့ လည်ပင်းကပြတ်မတတ်ပဲ"

ပေါက်နယ်မှာ PDF စခန်းတခုကို စစ်အုပ်စုကဝင်စီးပြီး လူငယ်တဦးကိုသတ်ခဲ့

"စခန်းမှာကလည်း ကလေးတယောက်ပဲရှိနေတာ။ သူကလည်း စကစ စစ်ကြောင်းဝင်လာတာ မသိလိုက်ဘူး။ အဲ့ဒီမှာစစ်ကြောင်းက သူကိုဖမ်းဆီးရိုက်နှက်စစ်ဆေးပြီး ပစ်သတ်သွားတာ"

ဗကသရဲဘော်အသတ်ခံရမှုနဲ့ ပတ်သက်ပြီး တရားခံအမြန်ဆုံးဖော်ထုတ်နိုင်ရေး ဆောင်ရွက်နေတယ်လို့ NUG ပြော

“အမှုကတော့ ဂူသွင်းပြီး နောက်တရက် သွားဖွင့်တာပဲ။ သူတို့လုပ်ဆောင်ချက်တွေနဲ့ ပတ်သက်ပြီး သိပ်မသိရသေးဘူး။ မနက်ဖြန်မှ ကလေးက ၇ ရက်ပြည့်(ရက်လည်)မှာဆိုတော့ ခုက အိမ်ထဲကအိမ်ပြင်မထွက်နိုင်သေးတော့ ဘယ်မှမသွားရ၊ ဘာမှမသိရသေးဘူး”

ဆန္ဒမပါဘဲ အတင်းအကျပ်စစ်မှုထမ်းစာရင်းမသွင်းဖို့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ မသမာမှုမလုပ်စေဖို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးပြော

စစ်မှုထမ်းစာရင်းကောက်ယူရာမှာ ကာယကံရှင်ဆန္ဒမပါဘဲ အတင်းအကျပ်စာရင်းသွင်းတာမျိုး မလုပ်ဆောင်ဖို့ ၊ မြေပြင်မှာဆောင်ရွက်နေတဲ့ ရပ်ကျေးအဆင့်အုပ်ချုပ်ရေးများအနေနဲ့လည်း မသမာမှုတွေမရှိစေဖို့ အလေးထားဆောင်ရွက်ရမယ်လို့ စစ်ကောင်စီကာကွယ်ရေးဝန်ကြီးက ပြောဆိုလိုက်ပါတယ်။

ပြည်မြို့မှာ မြစ်ရေအတက်ကြမ်းလို့ အနိမ့်ပိုင်းရပ်ကွက်နေသူတွေ ညတွင်းချင်းပြောင်းရွှေ့ရ

“မာကလာကုန်း ရေဝင်နေပြီ။ သူတို့တံတားထိပ်(နဝင်းတံတား)မှာ တဲတွေထိုးနေကြပြီ။ ရေတက်ကြမ်းတယ်။ ဒီညနေစရွှေ့ကြပြီ။ မြစ်ရေက ချောင်းရေထက်မြင့်နေပြီ။ နဝင်းချောင်းကော လော့သော်ချောင်းပါ ရေတက်နေပြီ။ စကစ ဘက်ကတော့ ကူညီကယ်ဆယ်ရေး ဘာမှလုပ်တာမမြင်သေးဘူး။ ပရဟိတအဖွဲ့တွေကတော့ ပြင်ဆင်နေကြတယ်။ အရင်ရက်ကတည်းက ကယ်ဆယ်ရေးအတွက်။”

ကာချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် မပါတဲ့ နေပြည်တော်စစ်ရုံး ကြည်း၊ရေ၊လေ သစ်ပင်စိုက်ပွဲ (ရုပ်/သံ)

ကာကွယ်ရေးဦးစီးချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့် ဟာ ဇူလိုင်လအတွင်းမှာ ရာထူးကဖယ်ရှားခံရပြီး စစ်ဆေးခံနေရတယ်လို့ သတင်းတွေထွက်ပေါ်နေသလို ရေတပ်ချုပ်ရာထူးကနေ စစ်ခေါင်းဆောင်တွေထံ နုတ်ထွက်စာတင်ပြထားတယ်လို့ ဘီဘီစီ(မြန်မာပိုင်း)က မနေ့က သတင်းဖော်ပြပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10