သတင်း

ဆိပ်ဖြူနယ် လေကြောင်းတိုက်ခိုက်မှု လူငယ်အမျိုးသမီး ၂ ဦးသေဆုံးပြီး ၁ နှစ်ခွဲကလေးအပါ ၃ ဦးဒဏ်ရာရ

“အဲ့ဒီရွာဆိုတာကလည်း တပ်ရင်းတပ်ဖွဲ့တွေ ထိုင်တဲ့ရွာမဟုတ်ဘူး။ ပြီးတော့ အဲ့နားတွေမှာလည်း တိုက်ပွဲဖြစ်တာတွေ မရှိဘူး။ ဒီအတိုင်းကို အကြောင်းမဲ့သက်သက် လာပစ်သွားတာ။”

သေနတ်ပါလာတဲ့ လူငယ်တဦး ဆီဝင်ဖြည့်နေစဉ် ရဲတပ်ဖွဲ့နဲ့တွေ့ပြီး အဖမ်းခံရ

“ ရဲတွေက ဆီဆိုင်ကိုလာစစ်တာလား၊ ဆီထည့်ဖို့လာတာလားတော့ မသိဘူး။ သူက မျက်စိမျက်နှာပျက်နေလို့ ရဲကရှာရင်းနဲ့ တွေ့သွားတာ။ သူကသဲကုန်းကို ဈေးဝယ်လာတာလို့ပြောတယ် ”

ခန္ဓာကိုယ်အောက်ပိုင်း မလှုပ်ရှားနိုင်တဲ့ PDF ရဲဘော်အတွက် ဆေးကုသစရိတ် အကူအညီလိုအပ်နေ

"စကားပြောနိုင်တယ်။ ထမင်းလည်း စားနိုင်တယ်။ လမ်းမလျှောက်နိုင်သေးပါဘူး။ ခန္ဓာကိုယ်အောက်ပိုင်းတခုလုံး ကိုင်တွယ်တာ နာကျင်တာလည်း မသိသေးပါဘူး"

နေကြာစိုက်ပျိုးရန် စစ်တပ်က ဖိအားပေးသော်လည်း တောင်သူတွေ မစိုက်ပျိုးကြ

"မနှစ်ကတည်းက နေကြာစိုက်ဖို့ ဖိအားပေးတယ်။ ဘာတခုမှာ ထောက်ပံပေးတာမရှိဘူး။ မနှစ်ကကျတော့ မျိုးစေ့ဝယ် စိုက်ရတယ်။ ဒါပေမဲ့ မဖြစ်ထွန်းတော့ ဒီနှစ်ဘယ်လောက်ပဲ ဖိအားလာပေးပေမယ့် ဘယ်သူမှ မစိုက်ကြဘူး။ တောင်သူတွေက တဦးမှ နားမထောင်တော့ သူတို့ဘက်ကလည်း လာမပြောတော့ဘူး"

ထီးချိုင့်ကို နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်နေပြီး ဓါတုလက်နက်သုံးဗုံးကြဲဟုဆို၊ ရဲဘော်တချို့ အဆိပ်သင့်လို့ ဆေးကုနေရ

"မူးဝေအော့အန်တာက KIA ကရဲဘော်တွေကော တခြား စစ်ဒေသ ၁ က လက်အောက်ခံတွေကော PDF တွေပါ အကုန်ဖြစ်ကြတယ်။ သူတို့ကို ဆေးကုသပေးနေတယ်"

ပြည်မြို့ ငွေလွှဲဆိုင် အနုကြမ်းစီးမှု သေနတ်၊ ကားနဲ့ အမျိုးသား ၁ ဦးကိုဖမ်းဆီးထား

"ဘုန်းကြီးကျောင်းထဲမှာ ကားကိုတွေ့တာ၊ ဘုန်းကြီးတပါးကိုလည်း လူဝတ်လဲ ဖမ်းသွားတယ်လို့ သိရတယ်။ နောက် ကန်ဘောင်ဘက်က ကောင်လေးတယောက်လည်း ဖမ်းထားတယ်။"

မြို့သိမ်းတိုက်ပွဲတွေအတွက် အပြင်းအထန်လေ့ကျင့်နေတဲ့ Zero ပြောက်ကျား (ရုပ်/သံ)

မြန်မာနိုင်ငံနေရာတော်တော်များများမှာ စစ်ပွဲတွေ ပြင်းထန်နေချိန် မြေလတ်ဒေသထဲကိုလည်း ကူးစက်လာနေပြီဖြစ်လို့ ကာကွယ်ရေးရဲဘော်တွေဘက်က တိုက်ပွဲခေါ်သံ အဆင်သင့်ဖြစ်နေသလို စစ်ကောင်စီနဲ့ မြေပြင်ထိတွေ့တိုက်ပွဲတွေမှာလည်း တိုက်ရည်ခိုက်ရည်ကောင်းမွန်လာအောင် အခုလို ကြိုတင်လေ့ကျင့်နေတာပါလို့ ဆိုပါတယ်။

နေ့စဉ်နီးပါးဗုံးကြဲနေတဲ့ စစ်ကောင်စီလေတပ်က SU – 30 တိုက်လေယာဉ် ၂ စီး ထပ်မံပိုင်ဆိုင်ကြောင်း ထုတ်ပြ

ဒီဇင်ဘာလ ၁၅ ရက်နေ့ စစ်ကောင်စီလေတပ် ၇၆ နှစ်မြောက်အခမ်းအနားမှာ စတုတ္ထမျိုးဆက်လွန် ဘက်စုံသုံး အကြီးစားတိုက်လေယာဉ် SU 30 SME ၂ စီး တပ်တော်ဝင်ကြောင်း ဖော်ပြလာတာ ဖြစ်ပါတယ်။

ဆိပ်ဖြူနဲ့ ဆောနယ်အစပ်ကို တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲလို့ အမျိုးသမီး ၂ ဦးအပါ အရပ်သား ၄ ဦးသေဆုံး

“ သေတာက သံပုရာပင်ရွာက မိသားစု ၄ ဦးလို့သိရတယ်။ ဗုံးက ပေါင် ၅၀၀ ဗုံးလို့ယူဆရတယ်။ တခြား ရွာတွေကိုလည်း စက်လတ်နဲ့ခုတ်သွားတာ “

ပုလဲနယ်က ဒေသအချို့မှာ ဆည်ရေမရလို့ စပါးအထွက်နှုန်းလျော့နည်း

"ဆည်ရေတံခါးပြုတ်ကျသွားလို့ ရေအလုံအလောက်မရခဲ့တဲ့ လယ်တွေရှိတယ်။ အခုရိတ်တော့ အထွက်တွေလျော့ကုန်တယ်။ ရသလောက်ပဲ သိမ်းရတာပေါ့"

စစ်တပ်စစ်ကြောင်းထိုးလို့ ရေဦးဒေသခံ ၃၀၀၀ ကျော်တိမ်းရှောင်ရ

“မနက် စောစောစီးစီး ချမ်းချမ်းအေးအေးနဲ့ ထွက်ပြေးနေကြရတယ်။ အခုလိုစစ်ကြောင်းထိုးလာရင် အသက်လုပြီး ထပြေးကြရတာ။ သက်ကြီးရွယ်အိုတွေ ကလေးသူငယ်လေးတွေ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေနဲ့ မီးဖွားပြီးကာစ မိခင်တွေလည်း ပြေးရတာ”

တာပြတ်တံတားစောင့် စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၂ ဦးသေ

"ကျနော်တို့ဘက်က အလစ်အငိုက်သွားတိုက်တာ။ သူတို့ဘက်က အငိုက်မိသွားလို့ ချက်ချင်း ပြန်မပစ်နိုင်ဘူး။ ၁၀ မိနစ်လောက်ကြာမှ (လက်နက်) အကြီးအသေးအစုံပဲ ပြန်ပစ်တာ"

စစ်ကိုင်းတိုင်း ကိုယ်စားပြုတဲ့ စစ်ကိုင်းဖယ်ဒရယ်ကောင်စီ ဖွဲ့စည်းမည်

စစ်ကိုင်းဖယ်ဒရယ်ကောင်စီဟာ စစ်ကိုင်းဖိုရမ်ဖြစ်မြောက်ရေးအဖွဲ့ လုပ်ဆောင်နေတဲ့ တော်လှန်ရေးအကျိုးပြုလုပ်ငန်းတွေကို အခုထက်ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်သွားမှာဖြစ်ပြီး တိုင်းတွင်း၊ တိုင်းပြင်ပမဟာမိတ်အင်အားစုတွေနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးကို တည်ဆောက်သွားမှာဖြစ်တယ်လို့ ဆိုပါတယ်။

ပျူစောထီးတွေပါတဲ့ တပ်မ ၃၃ စစ်ကြောင်း ဆားတောင်မှာတိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

ဆားတောင်မြို့နယ်၊ ဆားတောင်မရဲစခန်းကနေ ထွက်လာတဲ့ ဆားတောင်ရွာပျူစောထီးအပါအဝင် တပ်မ ၃၃ စစ်သား အင်အား ၆၀ ဝန်းကျင်ပါ စစ်ကြောင်းနဲ့ ဆားတောင်မြို့နယ် ကူကြီးကုန်းရွာ စားသောက်ဆိုင်တွေအနီးမှာ တိုက်ပွဲဖြစ်ခဲ့တာလို့ Bo Tiger-ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။

ပျူခေါင်းဆောင်ကို သေနတ်အဖြုတ်အတပ်သင်ပေးရာက ဒုရဲအုပ်နဲ့ ရာအိမ်မှူး ကျည်မှန် ဒဏ်ရာရ

"ပျူခေါင်းဆောင်ကို သေနတ်အဖြုတ်အတပ်နဲ့ပတ်သက်ပြီး ရဲကသင်ပေးနေချိန်မှာ ကျည်က ညပ်နေတာ။ အဲ့ဒါကို ပျူခေါင်းဆောင်က သေနတ်ဒင်ကို မြေကြီးနဲ့ဆောင့်ချလိုက်တာ ကျည်ထွက်သွားပြီး ထိတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10