သတင်း

AA ထံသွားတဲ့ PDA တပ်ဖွဲ့ဝင် ၆ ဦးကို ကောလင်းပကဖက ဖမ်းဆီးထား

“လက်ထဲမှာလည်း ရခိုင့်တပ်တော်နဲ့ဆက်သွယ်ဖို့ စာရွက်စာတမ်းတွေ ပါသွားတယ်။ အဲဒီစာရွက်စာတမ်းတွေကိုလည်း သူတို့(ကောလင်းပကဖ)က သိမ်းထားတယ်။ ဖမ်းဖမ်းချင်းမှာ ကျနော်တို့ရဲဘော်တွေကို အချုပ်ချထားတာ။ ဘာအမှုလဲလို့ မေးတော့လည်း ဘာမှ မပြောဘဲ ဖမ်းထားတာ။ ၃ ရက်လောက်ကြာအောင် ဆက်တိုက်မေးကာမှ နယ်မြေထဲကို သတင်းမပို့ဘဲဝင်လို့ဆိုပြီး ဖမ်းထားတာလို့ ပြောတယ်။”

စစ်တပ်ကသတ်ခဲ့တဲ့ ကျဆုံးရဲဘော်နဲ့ ပြည်သူ ၁၀ဦး ၂နှစ်ပြည့်အထိမ်းအမှတ် (ရုပ်/သံ)

"ကျဆုံးရဲဘော်တွေရဲ့ ဂူဗိမာန်မှာ ပန်းခွေချတာ ပန်းတွေနဲ့ဂုဏ်ပြုခဲ့တယ်။အလေးနီပြုဦးညွှတ်ရင်း ဝေမျှနှင်းဆီတွေကိုလည်း အုတ်ဂူပေါ်မှာ ချပေးခဲ့ပါတယ်"

ကြွယ်ပုံရွာက ပျူစောထီး ၁ ဦးကို ရှင်းလင်းပြီး သေနတ်ပါယူခဲ့

"ဇော်ဦးက တယောက်တည်း အရင်ကျွံ(ရောက်)လာတာပါ။ သူသေမှ ကျန်တဲ့ ပျူစောထီးတွေ ရောက်လာပြီး ထိတွေ့မှု ဖြစ်ခဲ့သေးတယ်။ အလောင်းကိုတော့ ပျူတွေယူသွားတယ်"

PDF ထောင်တဲ့မိုင်းကို နင်းမိပြီး တပ်ကြပ်ကြီး ၁ ဦးအပါ ၃ ဦးသေ

"သေတဲ့ တပ်ကြပ်ကြီးပိုင်စိုးက အရာတော်မြို့ လေ့ကျင့်ရေးအမှတ် ၁၀ တပ်ကဗျ။ ငွေတွင်းရွာမှာ တာဝန်ကျနေတာ။ ဦးပုကတော့ ငွေတွင်း(ရွာ)သား။ ကျန်တယောက်က သလဲဘာရွာက"

ပဲခူးနဲ့ကျောက်ဆည်က မြို့ရှောင်လမ်းတွေမှာ ဆီသယ်တွဲယာဉ်တွေ တိမ်းမှောက်ပြီး ၁ စီး မီးလောင်

" ပဲခူးမှာဖြစ်တာက ကားချင်းချိတ်မိရာကနေ ဆီကားက ဘေးမြောင်းထဲကျပြီး မှောက်တဲ့သဘောဖြစ်သွားတာ။ သီလဝါကနေ ဆီတင်ပြီး မော်လမြိုင်သွားမယ့်ကားလို့ သိရတယ်။ ကားပေါ်ပါလူတွေလည်း ထိခိုက်တာရှိတယ်"

တပ်ရင်းလိုက်လက်နက်ချမှုတွေရှိနေချိန် "တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာ တည်ဆောက်ကြဖို့" စစ်ခေါင်းဆောင် တိုက်တွန်း

စစ်ကောင်စီတပ်အတွင်း တပ်တွင်းစည်းလုံးညီညွတ်မှုကို ကျစ်လစ်သေချာစွာတည်ဆောက်ကြဖို့ အထူးအလေးအနက်ထားမှာကြားလိုကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ပြောဆိုလိုက်ပါတယ်။

သာယာဝတီမှာ သမချေးငွေမဆပ်တဲ့ ရွာသား ၃ ဦးထက်မနည်း အဖမ်းခံထားရ

“ဘာမှရှင်းပြလို့ မရဘူး။ ကားပေါ်ဆွဲတင်ပြီး သာယာဝတီမြို့နယ် စံရွေးရဲစခန်းကို ဖမ်းသွားတာ ခုထိပြန်မလွှတ်သေးဘူး။"

မြောင်မှာ ဆက်ကြေးကောက်၊ ပြည်သူပိုင်ပစ္စည်းခိုးတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို PDF က ဒရုန်းဗုံးချတိုက်ခိုက်

“သူတို့ (စစ်ကောင်စီ) က ရိက္ခာပြတ်တော့ ပြည်သူဟာတွေကို လာပြီးတော့ယူတာပေါ့။ သူတို့ စစ်ကြောင်းမထွက်တာ ၃ လကြာပြီ။ အခုက ပထမဆုံးအကြိမ် ရိက္ခာပြတ်တော့ စထွက်တာ၊ သူတို့ စခန်းထဲပြန်ဝင်တဲ့အချိန်ကို စောင့်ပြီးတော့ ပစ်ခဲ့တာ”

ကောလင်းမြို့မှာ မူးယစ်ဆေးရောင်းချသူ ၅ ဦးကို ဆေးပစ္စည်းတွေနဲ့အတူ NUG က ဖမ်းဆီးရမိ

ဖမ်းဆီးရရှိသူ ၅ ဦးကတော့ ကောလင်းမြို့၊ မြို့ကုန်းရပ်ကွက်မှ စည်သူလွင်(ခ)အီတူး၊ သုဝဏ္ဏရပ်ကွက်မှ ကိုဝင်းမြင့်၊ မြောက်အင်းရပ်မှ လင်မယား၂ ဦးဖြစ်တဲ့ ဦးရဲရင့်အောင်နဲ့ ဒေါ်မြစန်းဌေး၊ ဆည်တိုကျေးရွာမှ ငဗျော် တို့ဖြစ်ပြီး သူတို့ကို လက်ဝယ်ထားရှိတဲ့ မူးယစ်ဆေးပစ္စည်းတွေနဲ့အတူ ဖမ်းမိခဲ့တာဖြစ်ပါတယ်။

ကလေးတဦး မီးဆော့ရာမှ နေအိမ် ၁၁ လုံး မီးလောင်မှုဖြစ်

"ကလေးက စက္ကူစတွေကို မီးရှို့ကစားရာမှာ မီးပွားတွေက အိပ်ယာပေါ်ကျပြီး မီးစလောင်တာ။ လူကြီးတွေကလည်း မီးများမှသိရတော့ မငြိမ်းနိုင်ဘဲ ဘေးအိမ်တွေပါ ကူးသွားတာ"

နာရေးအိမ်ဖဲဝိုင်းမှာ ဓားထိုးမှုဖြစ်လို့ အမျိုးသား ၁ ဦးသေ

"ကိုကျော်ရဲက နည်းနည်းဇရှိတယ်။ ကိုဝင်းစန်းက အနေအေးတဲ့သူ ဘာကြောင့်စကားများလဲ ဆိုတာတော့ မသိရဘူး။ အဲ့ဒီမှာ ကိုဝင်းစန်းက ကိုကျော်ရဲကို ဓားနဲ့ထိုးလိုက်တာ"

မုန်းဒေသက စစ်တပ်ကာကင်းစခန်းတိုက်ခိုက်မှု စစ်သားတွေထွက်ပြေးလို့ သေနတ် ၅ လက်ရ

" အဲ့နေရာက ကာကင်းလှုပ်ရှား ယာယီတပ်စွဲထားတဲ့နေရာပဲ။ ကျနော်တို့ဘက်က အဖွဲ့တွေ ဝင်တိုက်တော့ အကုန်တယောက်မကျန် ထွက်ပြေးကုန်တယ်"

လင်းကတောရဲစခန်းသိမ်းတိုက်ပွဲ လေကြောင်းကပစ်ခံရလို့ ရဲဘော် ၉ ဦး တိုက်ပွဲကျ

" စခန်းအခြေတွေအထိ ရောက်နေပြီ။ လက်နက်ချဖို့ ပြောနေတဲ့အချိန်မှာ လေကြောင်းလာတော့ ရဲဘော်တွေက စခန်းနဲ့မျက်နှာချင်းဆိုင်ကတိုက်ထဲ ဝင်ခိုတာ။ အဲ့ဒီတိုက်ကို ပစ်ချလိုက်တာ။ အကုန်ထိတာပဲ။ တစစီ လိုက်ကောက်ရတယ်"

ကနီမှာ စစ်သားတဦး လက်နက်ခဲယမ်းတွေနဲ့ အလင်းဝင်၊ ကျပ်သိန်း ၅၀ ချီးမြှင့်သွားမည်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာ တာဝန်ကျတဲ့ စစ်ကောင်စီတပ်သားတဦး ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ KLG PDF ကျောက်လုံးကြီးဆီကို လက်နက်နဲ့အတူ ကျည်ဆံတွေနဲ့ အလင်းဝင်လာတာလို့ တပ်ဖွဲ့တာဝန်ရှိသူဆီက သိရပါတယ်။

ရွှေဘိုတက္ကသိုလ်ကျောင်းရှေ့က စစ်အုပ်စုကို ဗုံးပစ်တိုက်ခိုက်

"သူတိုနေရာက တခါမှ အတိုက်မခံရဘူးတော့ သတိပေါ့လျော့တယ်နေမယ်။ ကျနော်တို့ရဲဘော်တွေက အနီးကပ် ဗုံး ၂ လုံးသွားပစ်ပြီးတာနဲ့ အသင့်စောင့်နေတဲ့ အဖွဲ့တွေက ဝိုင်းပစ်တာ။ မီတာ ၁၀၀ အကွာလောက်ကနေ ပစ်ကြတာ”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10