သတင်းတို

စစ်အုပ်စုပစ်တဲ့ လက်နက်ကြီးထိလို့ ကလေး ၁ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ

"အဲဒီ ၁၀ ရက်နေ့က စကစ ဘက်က ကျေးရွာတော်တော်များများဘ​က်ကို လက်နက်ကြီးတွေပစ်တာ များတယ်။ ခါတိုင်းလည်း ပစ်နေတယ်ဆိုပေမယ့် အဲ့နေ့က ပိုများတယ်။ အရပ်သား ထိခိုက်မှုလည်း များတယ်"လို့ ကျောက်ကြီး ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

ကလေးမြို့နယ်၊ စက္ကန့်ရွာကို စစ်တပ်မီးရှို့၊ အိမ်ခြေရာချီမီးလောင်ပြီး ဒေသခံ ၃ ထောင်ကျော် ထွက်ပြေးနေရ

"၃ ရက်ဆက်တိုက် ညပါမနား ရှို့တာ။ မီးလောင်အိမ်က ရာချီကျော်သွားပါပြီ။ ရွာထဲဝင်မရလို့ အိမ်အတိအကျတော့ ဘယ်သူမှ မပြောနိုင်သေးပါဘူး” လို့ လုံခြုံရေးအရအမည်မဖော်လိုတဲ့ စစ်ရှောင်တွေကို ကူညီနေသူတဦးက ပြောပါတယ်။

ပေါက်နယ်က Non CDM တွေကို တလအတွင်း CDM လုပ်ဖို့ ပေါက်ပကဖ သတိပေး

“တိုးချဲ့စိုးမိုးနယ်မြေတွေမှာ Non CDM တွေက နှစ်ဘက်ခွနေတာတွေ ရှိသလို သတင်းတွေ ပေါက်တာတွေလည်း ရှိလို့ တိုးချဲ့စိုးမိုးနယ်မြေတွေမှာ Non CDM ကို လုံခြုံရေးအရ နေထိုင်ခွင့် မပြုနိုင်ဘူး”

နယ်မြေအသာစီးရနေပေမယ့် လက်နက်လိုအပ်ချက်ရှိနေပြန်တဲ့ NDRF (ရုပ်/သံ)

Ngwe Dwin Revolution Force အနေနဲ့ နယ်မြေစိုးမိုးမှုမှာ အသာစီးရရှိထားပေမယ့် စစ်ကောင်စီတပ်ရဲ့ထိုးစစ်တွေကို ခုခံကာကွယ်နိုင်ဖို့နဲ့ စစ်ကောင်စီစခန်းတွေကို သွားရောက်တိုက်ခိုက်နိုင်ဖို့အတွက် ကျည်ဆံတွေ၊ လက်နက်ကြီးတွေ လိုအပ်နေတာလို့ NDRF တာဝန်ခံ ကိုစစ်နိုင်က ပြောပါတယ်။

လှတောတိုက်နယ်ရဲစခန်း စီးနင်းခံရပြီး စစ်ကောင်စီတပ်သား ၇ ဦးသေဆုံး (ရုပ်/သံ)

လှတောတိုက်နယ်ရဲစခန်းမှာ စစ်ကောင်စီအင်အား ၄၀ ကျော်တပ်စွဲနေပြီး ယမန်နေ့ အောက်တိုဘာ ၁၀ ရက်ညနေ ၆ နာရီကနေစပြီး ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာလို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင် တပ်ရင်းမှူး ဗိုလ်သက်ကြီးက ပြောပါတယ်။

ခင်ဦးမှာ စစ်ကောင်စီတပ် ၁ ရက်တည်း ၃ ကြိမ် တိုက်ခိုက်ခံရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို အောက်တိုဘာ ၁၀ ရက် ၁ရက်တည်းမှာ ၃ ကြိမ်တိုက်ခိုက်ခဲ့တယ်လို့ Royal Tiger Guerrilla Force (KU)က ပြောပါတယ်။

ပြည်တွင်းမှာသတ်ဖြတ်မှုတွေလုပ်နေတဲ့ စစ်ကောင်စီက အရှေ့အလယ်ပိုင်းဒေသတိုက်ခိုက်မှုကို စိုးရိမ်ကြောင်းထုတ်ပြန် (ရုပ်/သံ)

ပြည်တွင်းမှာ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်နေပြီး နိုင်ငံတွင်း အုပ်ချုပ်နိုင်မှုလျော့ရဲနေတဲ့ အာဏာလုစစ်တပ်က အခုလိုထုတ်ပြန်တာက အပြောနဲ့ အလုပ်မညီတဲ့ ရှက်ရွံံ့ဖွယ်ကိစ္စဖြစ်တယ်လို့ ပခုက္ကူလူထုတိုက်ပွဲကော်မတီ ဦးဆောင်သူ ကိုစိုးထွဋ်ဝင်းက ပြောပါတယ်။

စစ်ကောင်စီတပ်က ခင်ဦးဒေသခံ ၂ ဦးကိုသတ်ဖြတ်ပြီး ၁ ဦးကို ဖမ်းဆီးသွား

"စကစကရွာထဲဝင်ပြီး အိမ်တလုံးကို မီးရှို့တယ်။ အဲ့အိမ်က လင်မယား ၂ ယောက်ကို ဖမ်းပြီးတော့ မယားကို လယ်ပြင်မှာ ပစ်သတ်ထားခဲ့တယ်။ လင်ကိုတော့ ဖမ်းခေါ်သွားတယ်"

ပဲခူးက ရေဘေးသင့်ကျေးရွာတွေမှာ ကူညီထောက်ပံ့မှုလိုအပ်နေ

"ရေက ရွာထဲမှာ လူတရပ်နီးပါးရှိနေတယ်။ အပြင်ထွက်လို့လည်းမရ စားစရာနဲ့ရေလည်း မရှိဖြစ်နေတယ်"

လှတောရွာအနီး တိုက်ပွဲဖြစ်ပြီး ကာကွယ်ရေးရဲဘော်တဦး သေဆုံး

"၇ နာရီကနေ ၈ နာရီအထိ ပေါက်ပေါက်ဖောက်သလိုကို ပစ်တာပဲ။ မနားဘူး။ နှစ်ဖက်ကြား ကန်ပစ်(အပြန်အလှန်ပစ်) ကြတာ"

အရှေ့အလယ်ပိုင်းဒေသတိုက်ခိုက်မှုကို စိုးရိမ်ကြောင်း စစ်ကောင်စီထုတ်ပြန်

အရှေ့အလယ်ပိုင်းဒေသမှာ လတ်တလောဖြစ်ပေါ်နေတဲ့ တိုက်ခိုက်မှုအခြေအနေတွေအပေါ် စိုးရိမ်မကင်းဖြစ်မိတယ်လို့ စစ်ကောင်စီနိုင်ငံခြားရေးဌာနက ဒီနေ့ အောက်တိုဘာ ၁၁ ရက် မနက်ပိုင်းမှာ ထုတ်ပြန်ပါတယ်။

စစ်ကိုင်း-မြစ်ကြီးနားရထား ပြန်ဆွဲဖို့ကြိုးစားတဲ့စစ်ကောင်စီ ဝက်လက်မြို့ကိုပင် မရောက်နိုင်သေး

"စစ်ကိုင်းကနေ သာလိုင်းအထိတလျှောက်လုံးကို သူတို့က လုံခြုံရေးပေးမထားနိုင်တော့ ကျနော်တို့ဘက်ကလည်း လစ်ရင်လစ်သလို အခွင့်အရေးရရင်ရသလို ရထားလမ်းဖြတ်တောက်တာတွေ လုပ်ထားတာတွေရှိတယ်"

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်တရားရုံးနဲ့ ထောင်တသက်တကျွန်းချ (ရုပ်/သံ)

အဂတိကျော်ဇောမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် နှစ်ဆယ်ကာလနဲ့ ညီမျှတဲ့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်တယ်လို့ စစ်တပ်ပိုင်မြဝတီမီဒီယာမှာ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်လိုက်ပါတယ်။

ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို စစ်ကောင်စီက စစ်တရားရုံးနဲ့ ထောင်တသက်တကျွန်းချ

အဂတိကျော်ဇောမှုနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ဒုဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းနဲ့ ဗိုလ်မှူးချုပ် ရန်နောင်စိုးတို့ကို ထောင်ဒဏ်နှစ် နှစ်ဆယ်ကာလနဲ့ ညီမျှတဲ့ တသက်တကျွန်းပြစ်ဒဏ်ချမှတ်တယ်လို့ စစ်တပ်ပိုင်မြဝတီမီဒီယာမှာ ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

နှစ် ၅၀ အတွင်းအဆိုးရွားဆုံး ပဲခူးမြို့ရေကြီးမှု နောက်ဆုံးရအခြေအနေ (ရုပ်/သံ)

နှစ်ပေါင်း ၅၀ အတွင်း အဆိုးရွားဆုံးလို့ဆိုနိုင်တဲ့ ပဲခူးမြို့ရေကြီးမှုဖြစ်စဉ်နဲ့ပတ်သက်လို့ ဒီနေ့ အောက်တိုဘာ ၁၀ ရက် ညနေ ၄ နာရီအထိ စုံစမ်းမေးမြန်းရသမျှတွေကို မြေလတ်အသံသတင်းဌာနက စုစည်းဖော်ပြပေးမှာပါ။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10