သတင်းတို

ပဲခူးအနောက်ခြမ်းမှာ မိုးရက်ဆက်ရွာနေလို့ ရိတ်ခြွေခဈေးတက်ပြီး စပါးဈေးကျဆင်း

“ရိတ်ကာနီးစပါးတွေလဲတာ။ မိုးကလည်းတစိမ့်စိမ့်နဲ့ တပတ်လောက်ရွာတာလေ။ သယ်ရပြုရတာနဲ့ အလုပ်တွေ ပိုရှုပ်ပြီး ကုန်ကျစရိတ်များသွားတာပေါ့။ ဒီနေ့လည်း မိုးရွာနေလို့ စပါးရိတ်တာကို နားထားရတယ်”

ဝက်လက်မြို့နယ်တွင် ရထားလမ်းလုံခြုံရေးပေးတဲ့ စစ်တပ်ကပစ်ခတ်လို့ အမျိုးသမီး ၁ ဦးဒဏ်ရာရ

အောက်တိုဘာ ၁၀ ရက် ဒီနေ့မနက်ပိုင်းက အင်အား ၃၀ ခန့်ရှိ စစ်ကောင်စီတပ်ဟာ သုံးဆင့်ကန်ဘူတာနဲ့ ၂ မိုင်ခန့်ဝေးတဲ့ ရုံးသာကျေးရွာကို ပစ်ခတ်ဝင်ရောက်ခဲ့လို့ အသက် ၄၀ ဝန်းကျင် အမျိုးသမီးတဦး ပေါင်ကို ကျည်ထိမှန်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပေါက်မှာ စစ်ကောင်စီယာဉ်တန်းနဲ့ခြေလျင်စစ်ကြောင်း တိုက်ခိုက်ခံရလို့ ၂ ဦးသေဆုံး (ရုပ်/သံ)

ယာကြီးပြင်ကျေးရွာမှာ ရောက်နေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၇၀ လောက်ကိုလာကြိုတဲ့ စစ်ကား ၅ စီးကို အောက်တိုဘာ ၉ ရက် မနက် ၁၁ နာရီခွဲခန့် အင်းတောတောင်ရွာ အထွက်အရောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ မြိုင်မြို့နယ် ပကဖတာဝန်ခံ ဗိုလ်လက်ယာက ပြောပါတယ်။

ကန့်ဘလူတွင် စစ်ကောင်စီနဲ့ PDF တွေ ၈ နာရီ‌ကျော်ကြာတိုက်ပွဲဖြစ်ပြီး စစ်တပ်က လေကြောင်းပစ်ကူယူရ

"တိုက်နေတဲ့ ၂ နာရီလောက် ကြာလာတဲ့အချိန်မှာ လေယာဉ်ပစ်ကူရောက်လာပြီး ကြဲတာ။ နမခက တက်လာတဲ့ Mi 35 နဲ့ လာပစ်ကူတာ။ ပြန်မဆုတ်ဘဲ ဆက်တိုက်တာ စခန်းသိမ်းလိုက်နိုင်တယ်"

ခင်ဦးနဲ့ ပုလဲနယ်မှာ စစ်ကောင်စီစစ်ကြောင်းတွေ မိုင်းဆွဲတိုက်ခိုက်ခံရ (ရုပ်/သံ)

"အနီးကပ်ဆွဲတိုက်ခိုက်တာဖြစ်လို့ စကစ ၁၀ ကောင်လဲသွားတာကို မြင်ခဲ့ရတယ်။ နောက်ထပ်လည်း ဒဏ်ရာရ၊ သေဆုံးသူတွေရှိနိုင်တယ်"

ဆိပ်ဖြူမှာ စစ်ကောင်စီကား မိုင်းဆွဲခံရ

"တိုက်ခိုက်ပြီးတဲ့အချိန်မှာ သေတဲ့စကစတွေရဲ့ သေနတ်ကို ကောက်ဖို့သွားတာ။ အဲ့ဒီမှာ နောက်ထပ်ကားတစီးရောက်လာပြီးတော့ ပစ်ခတ်လို့ သေနတ်တွေကိုမကောက်နိုင်ခဲ့ဘူး။ သေတာကို မျက်မြင်တွေ့ခဲ့တာ"

ပခုက္ကူက Local PDF စခန်း ၁ ခုစီးနင်းခံရပြီး ရဲဘော် ၅ ဦးသေဆုံး

"ကိုင်းကျေးရွာဘက်ကို ရောက်လာတဲ့ စစ်ကြောင်းကနေ ဒီမနက် LPDF စခန်းကို ဝင်စီးမိသွားတာ။ လက်ရှိအခြေနေကတော့ ရှုပ်နေသေးတယ်။ စစ်ကြောင်းကလည်း ရှိနေသေးတယ်"

ယောဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒေသခံပြည်သူတွေနဲ့ တွေ့ဆုံပွဲပြုလုပ်

“တော်လှန်ရေးမှာ ဘာမှမတတ်နိုင်ရင်တောင် နှုတ်နဲ့ အားပေးစကားပြောတာကလည်း တော်လှန်ရေးလုပ်တာပဲ၊ တော်လှန်ရေးကို ကိုယ့်ကြောင့်နှောင့်နှေးတာမျိုး၊ ထိခိုက်စေတာမျိုး မဖြစ်ဖို့လိုတယ်”

ပဲခူးမှာ ရေဘေးသင့်ပြည်သူ ၇၀၀၀၀ ဝန်းကျင်ခန့်ရှိလာ

"လက်ရှိက ရေကတန့်နေသေးတော့ ကယ်ဆယ်ရေစခန်းမှာတွေကော ကယ်ဆယ်ရေးစခန်းမသွားပေမယ့် အထပ်မြင့်အိမ်တွေမှာ နေနေတဲ့သူတွေကောဆို ရေဘေးသင့်လူဦးရေက တော်တော်များတယ်"

ဆေးခန်းပြပြီးပြန်လာတဲ့ ဘုန်းကြီးကားကို လှတောရဲစခန်းက သိမ်းယူ

"ကားပေါ်မှာ ထိုးဆေးနဲ့ သောက်ဆေးတွေပါလာလို့ဆိုပြီး ယာဥ်မောင်းတဲ့ ယောက်ျားသားကို ဖမ်းထားတာ။ ဦးဇင်းကို ပြန်လွှတ်လိုက်တယ်။ အဲ့တော့ သူ့(ယာဉ်မောင်း)မိန်းမနဲ့ကလေးက သူ့ယောက်ျားမှ မပါရင်မပြန်ဘူး သတ်ချင်သတ်ဆိုပြီး စခန်းမှာပဲနေကြတယ်။”

နေအိမ်တွေကပစ္စည်းယူပြီးထွက်လာတဲ့စစ်တပ်က စစ်ကြောင်းထပ်ထိုးလို့  ဒေသခံသောင်းနဲ့ချီထွက်ပြေးရ

"ကားတွေဘေးမှာ စစ်ကြောင်းက ခြေလျင်လိုက်ပြီး လမ်းတလျှောက်ရွာတွေ စစ်ကြောင်းထိုးတာ။ မိုင်းဆွဲခံရပြီးတော့ သူတို့(စစ်တပ်)ဘက်က တောက်လျှောက်ပြန်ပစ်နေတယ်။ အဲ့ဒီလမ်းဘေးကကျေးရွာတွေကတော့ အကုန်စစ်ရှောင်နေရတယ်"

စဉ့်ကူးက စစ်ရှောင်တွေကို ရိက္ခာနဲ့ ထောက်ပံ့ငွေလှူဒါန်း

“ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီပေါ့။ တပ်ရင်းကလည်း မရှိရင် ပြည်သူ့ဆီအကူညီတောင်း ပြည်သူ အကူညီတောင်းတော့ တပ်ရင်းက ပြန်ထောက်ပံ့”

အင်းတော်မှာ အမျိုးသား ၂ ဦးကို စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးသွား

"ကောင်လေးနှစ်ယောက်က မြို့ပေါ်က ဆိုင်ကယ်နဲ့ ရွာကိုပြန်လာတာ။ နန့်ကင်ရွာလမ်းမကိုအရောက်မှာ စကစတွေနဲ့ တွေ့ပြီးတော့ ပစ်ခတ်ခံလိုက်ရတာ။ လမ်းမမှာ သွေးတွေပေကျန်ခဲ့တယ်"

စက္ကန့် ရွာမှာ ကျန်ခဲ့ရတဲ့ ချင်းတိုင်းရင်းသား မြေးအဖွား ၂ ဦးကို စစ်ကောင်စီက သတ်ပြီး ရွာကိုပါမီးရှို့

အောက်တိုဘာ ၇ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်ဖွဲ့ဟာ ကလေးမြို့ အနောက်တောင်ပိုင်းကို လက်နက်ကြီးတွေပစ်ဖောက်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် စက္ကန့်ရွာက ဒေသခံပြည်သူ အားလုံးနီးပါး ဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်ခဲ့ကြပေမဲ့လည်း ၆၇ နှစ်ရွယ် ငိုက်နှဲမ်း နဲ့ ၁၄ နှစ်အရွယ် ဆလိုင်းဗန်လျန်တို့ မြေးအဖွား ၂ ဦးကတော့ ထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲ ကျေးရွာထဲမှာ နေခဲ့ကြတယ်လို့ ဆိုပါတယ်။

ကြို့ပင်ဆိပ်ရွာမှာ စစ်ကောင်စီကအင်အားတိုးချပြီး လူမရှိတဲ့နေအိမ်တွေကို ဝင်မွှေနေ

"တိုက်ပွဲဖြစ်ပြီးနောက်ပိုင်း ရွာမှာက လူမရှိတော့ဘူး။ သူတို့ စကစ တွေပဲရှိတော့တာ။ အဲ့တော့ သူတို့က အိမ်တွေကို စိတ်ကြိုက်မွှေနေကြတယ်။ သူတို့တပ်တွေက တောင်ငူဘက်က ပူးပေါင်းတပ်တွေပါဘဲ" လို့ တောင်ငူခရိုင် ၃၅၀၁၊ တပ်ခွဲ ၁ ပြန်ကြားရေးတာဝန်ရှိသူကပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10