သတင်းတို

မြိုင်မြို့နယ်၊ နှောပင်ကုန်းရွာက ရွာသား ၁၁ ဦးကို စစ်တပ်က ဓားစာခံအဖြစ်ဖမ်းဆီး

“ဖမ်းဆီးခံရတဲ့သူတွေကတော့ အမျိုးသားတွေချည်းပဲ၊ သူတို့အထုပ်တွေကို ထမ်းဖို့အတွက် ဖမ်းခေါ်သွားတာ။ ရွာထဲက စိတ်ရောဂါသည်အမျိုးသားကိုလည်း တကိုယ်လုံးရိုက်နှက်သွားတယ်။ သူက လမ်းလည်းလျှောက်လို့မရဘူး စကားလည်းကောင်းကောင်းမပြောတတ်တဲ့သူ။ အဲ့လိုလူကိုတောင် ရိုက်နှက်သွားကြတယ်”

ဆိုက်ဟားမြို့မှာ အမျိုးသမီးတဦးက CDM တွေထံက ငွေကျပ် သိန်း ၃ ထောင်ကျော်လိမ်ယူသွား

“သူက CDM လုပ်ထားတော့ CDM ဝန်ထမ်းတွေက ယုံတော့ ပိုက်ဆံချေးတဲ့သူကချေး၊ ပိုက်ဆံလဲခိုင်းသူက လဲခိုင်းနဲ့ နောက်ဆုံးတော့ လိမ်ယူပြီး ထွက်ပြေးသွားတာပါ”

ခမ်းပါတ်မှာ စစ်ရေးတင်းမာနေလို့ တမြို့လုံးနီးပါး စစ်ရှောင်နေရ၊ စစ်ရှောင်ဦးရေ သောင်းဂဏန်းထိရှိလာ

“ပြည်သူကတော့ ပြေးမှာပဲ၊ လက်နက်ကြီးနဲ့ထုရင် မြို့တောင်ဖျား မြောက်ဖျားမီတာကို၊ နီးစပ်ရာ ရွာတွေတို့ တောထဲတို့ပြေးကြမှာ၊ မြို့ထဲ မနေကြတော့တာတော့ အမှန်ပဲ၊ ခမ်းပါတ်မြောက်ဘက်က ကနန်ရွာမှာလည်း လူမနေတော့ဘူး၊ ပြည်သူတွေက မရှောင်လို့ မရဘူး၊ ကနန်ရဲ့ အရှေ့ဘက် တိန်းကယားရွာနားမှာ တပ်ကူတွေ ပုဇင်း(ရဟတ်ယာဉ်)တွေနဲ့ချသွားတယ် အတော်များတယ်”

စစ်ကောင်စီ ပဲခူးတိုင်းအစိုးရရုံးနဲ့ တိုင်းထွေအုပ်ရုံးတို့ကို M 79 နဲ့ ပစ်ခတ်

"မြေပြင်သတင်းပေးပို့ချက်အရ သတင်းထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ထိခိုက်သေဆုံးမှု အခြေနေကတော့ အသေးစိတ်မသိရသေးဘူး။ စုံစမ်းဆဲအခြေနေဘဲရှိပါသေးတယ်"လို့ ပဲခူးတိုင်ဒေသကြီးပြည်သူကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ဝက်လက်မှာ တနေ့တည်း စစ်အုပ်စုနေရာ ၃ နေရာတိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးမှုရှိဟုဆို

" ဒဏ်ရာရကောင်တွေကို တိုင်းရင်းဆေးရုံနဲ့ဓါတ်တိုင် ၅ တိုင်အကွာလောက်က ကြံ့ဖွတ်ရုံးရှိတဲ့ စံပြ**ခြံထဲခေါ်ပြီးကုတာ။ ပျူခေါင်းဆောင်ဖိုးခိုင်က လူနာအတွက် ပိုက်တွေသယ်ပေးရတယ်။ ဖိုးခိုင်ကအနီးဝန်းကျင်က ပြည်သူတွေကို စစ်**တွေဒဏ်ရာရတဲ့အကြောင်းမပြောဖို့နဲ့ ပြောရင်လျှာဖြတ်ပစ်မယ် တမိသားစုလုံးသတ်ပစ်ဆိုပြီးလည်း ခြိမ်းခြောက်သွားသေးတယ်"

မတ္တရာမြို့နယ်မှာ စစ်တပ်က ငါးရှာနေတဲ့သားအဖ ၂ ဦးကို ပစ်သတ်ပြီးနောက် ရွာထဲဝင်မွှေ

"ကိုယ့်ဒေသကိုယ် နေနေတဲ့အချိန် ရုတ်တရက်ဝင်ပြီး ပစ်တာခတ်တာပေါ့။ အင်အား ၃၀ လောက်ရှိတယ်။ အမျိုးသား နှစ်ဦးသေပြီး ၁၅ နှစ်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထဲရေးဌာန၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

အုတ်ဖိုကကေတီဗီဆိုင်ကို ဗုံးနဲ့တိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူကို UGF က တောင်းပန်စကားဆို

" အဲ့ဒီဆိုင်မှာ လောင်းကစားဝိုင်းမျိုးစုံလုပ်နေကြတယ်။ ပြည်သူတွေက တိုင်တာများလို့ စကစ ဘက်တော်သားတွေကို ဗုံးနဲ့ပစ်ခတ်တိုက်ခဲ့တာပါ။ ဘာမှမဆိုင်တဲ့ ဝန်ထမ်းကို ထိခိုက်မိလို့ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အခုလိုတိုက်ခိုက်ရာမှာ အပြစ်မဲ့ပြည်သူတဦးဒဏ်ရာရခဲ့လို့ ကျနော်တို့အဖွဲ့ကတောင်းပန်ပါတယ်"

ချင်းတွင်းမြစ်ထဲ အမြန်ရေယာဥ် ၂စီး တိုက်ခိုက်ခံရလို့ ၃ ဦး‌သေဆုံးဟုဆို

"စကစ အင်အားကတော့ မသိရဘူး။ ဧရာဝတီမြစ်ကနေ မုံရွာနမခ တပ်ထဲကို လက်နက်ခဲယမ်း စားနပ်ရိက္ခာနဲ့ ဆီတွေသယ်လာတာ။ သေဆုံးတာကတော့ ** ၃ ကောင်သေပြီး ဒဏ်ရာရတာတွေလည်း များတယ်လို့ ဖရဲသီးသတင်းပေးချက်အရ သိရတာ။"

ကလေးမြို့မှာ မိုင်းဆင်ရင်း ပေါက်ကွဲမှုဖြစ်လို့ ရဲဘော် ၁ ဦး သေဆုံး

“ဇင်းကလင်းဂိတ်နား မိုင်းထောင်တာ မိုင်းကရှော့ဖြစ်ပြီး ထကွဲတာ၊ မိုးတွင်း စိုစွတ်ရာသီဆိုတော့ ထောင်တဲ့အချိန် ရှော့ဝင်တာပေါ့။”လို့ ကလေးဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

တသောင်းခွဲနဲ့ငှားလာတဲ့ပျူနဲ့ ရဲတွေပေါင်းပြီး မတ္တရာအနောက်ခြမ်းက ပြည်သူတွေရဲ့နေအိမ်ရှိ ပစ္စည်းတွေယူနေ

"ပြည်သူတွေကိုတော့ ဖမ်းတာ၊ ဆီးတာမျိုးမလုပ်သေးဘူး။ ရှောင်တိမ်းနေတဲ့အိမ်တွေက ပစ္စည်းတွေကိုယူတာတော့ လုပ်တယ်။ ဒီအဖွဲ့က တိုက်ခိုက်ရေးလာတဲ့ စစ်တပ်မဟုတ်ဘူး။ မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်ကနေ တနေ့ ၁၅၀၀၀ နဲ့ ငှားလာတဲ့ ပျူတွေနဲ့အောင်ပင်လယ်ကရဲတွေ အုပ်စုဖြစ်တယ်လို့ စုံစမ်းသိရတယ်။ အင်အား ၄၀ လောက်ပါတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးက ပြောပါတယ်။

ရွှေဘိုမှာ ဆိုင်ကယ်တွင်း ပေါက်ကွဲမှုဖြစ်လို့ အမျိုးသား ၁ ဦးဒဏ်ရာရ

"သိရသလောက်က ဆိုင်ကယ်အတွင်းကနေ ပေါက်ကွဲမှုဖြစ်ခဲ့တဲ့ ပုံပါ။ လမ်းကလည်း ကွန်ကရစ်လမ်း။ လမ်းဘေးမှာလည်း ပေါက်ကွဲမှုဖြစ်ထားတဲ့ လက္ခဏာ မရှိနေဘူး။ ဆိုင်ကယ်တူးဘောက်နဲ့ ကာဗာတွေက တစစီ ပြုတ်ထွက်နေတယ်လို့တော့ သိရတယ်"လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီရဲ့ ငွေစက္ကူဂယက် ဘဏ်တွေအထိပါ လှုပ်ခတ်၊ မန္တလေးရွှေစျေးကွက်ပိတ်ထား

"မနေ့ကတည်းက ထုတ်ချင်နေတာ ဘဏ်ပိတ်ရက်မို့လေ။ ငွေကိုဘဏ်ထဲအပ်ထားလည်းရှုံးမှာမို့ ရွှေလေးရသလောက် ဝယ်ထားမလို့ပါ။ အကုန်လုံးလည်းထုတ်နေကြတာ။ ဒီနားက ဘဏ်သုံးဘဏ်ကပ်လျက် အကုန်လူတွေ အပြည့်ပဲ" လို့ မန္တလေးမြို့ ကျုံးဘေး၂၆ လမ်းပေါ်က ဘဏ်မှာ ငွေထုတ်နေတဲ့အမျိုးသမီးတဦးက ပြောပါတယ်။

ဒိုက်ဦးထောင်က နိုင်ကျဉ်းတွေကို စစ်ကြောသတ်ဖြတ်နေတဲ့ ခလရ(၃၀)တပ်ရင်း ရှော့တိုက်ဒုံးနဲ့ ပစ်ခံရလို့ ၃ ဦးထိခိုက်

"နှစ်လုံးသွားပစ်တာ တလုံးဘဲ ကျကွဲတယ်။ တလုံးက မကွဲဘူး။ အဲတပ်က ဒိုက်ဦးထောင်က နိုင်ငံရေးအကျဥ်းသားတွေကို စစ်ကြောရေးလုပ်၊ နှိပ်စက်တဲ့ တပ်ဘဲ။ အကျဥ်းသားတွေကို သတ်ပစ်တာလည်း သူတို့တပ်ကဘဲ"လို့ တောင်ပိုင်းတိုင်း အမှတ် ၂ စစ်ဒေသခွဲ ပြန်ကြားရေးတာဝန်ရှိသူက ပြောပါတယ်။

ကြို့ပင်ကောက်မြို့နယ်မှာ အမျိုးသမီးငယ်တဦး ရေနစ်သေဆုံး

"သူ့အိမ်ဘေးခြံထဲက ၁၅ ပေပတ်လည်လောက်ပဲရှိတဲ့ ရေကန်ထဲနစ်သေတာ။ သူကတော့ရေမကူးတတ်ဘူး သူ့ အမျိုးသားကအလုပ်သွားတယ်၊ သူ့အဖေကလည်းမြို့ကိုစျေးဝယ်သွားတယ်။ သူ့အမေကလည်းအိမ်မှာဘဲဆိုတော့ သူရေနစ်တာမသိဘူးပေါ့" လို့ ကျေးရွာသားတဦးက မြေလတ်အသံကို ပြောပါတယ်။

နေပြည်တော်ကိုသွယ်တန်းထားတဲ့ ဓာတ်အားပေးတာဝါတိုင်တွေ ဖောက်ခွဲခံရလို့ ကျိုးကျပျက်စီး

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နဲ့ သူဌေးကုန်းရွာကြားက မဟာဓာတ်အားပေးတိုင် ၂ တိုင်ကို KNLAနဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းခွဲဖျက်ဆီးခဲ့တဲ့အတွက် ကျိုးကျပျက်စီးခဲ့တယ်လို့ နယ်ခံတွေကတဆင့် သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10