သတင်းတို

ခလရ ၂၅၅ ကထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးကို မြို့နယ်ပကဖ ထိန်းသိမ်းထား

“သူတို့က ဒီဘက်နယ်မြေမကျွမ်းကျင်တော့ နယ်မြေအခြေအနေကို မသိဘူး။ ကျနော်တို့ရဲ့ စိုးမိုးနယ်မြေတွေကိုလည်း သတိမထားကြဘူးဗျ။ အခုလက်ရှိကတော့ သူတို့ကို လူသားချင်းစာနာစွာဖြင့်ပေါ့နော် ဒီအတိုင်းပဲ ထိန်းသိမ်းစောင့်ရှောက်ထားတယ်။”

ဝမ်းတွင်းမှာ အရက်ထိုင်သောက်နေတဲ့ လူငယ်တွေအပါအဝင် ၆ ဦးထက်မနည်း စစ်မှုထမ်းဖို့ ဖမ်းဆီးခံရ

"(ဆိုင်ကယ်နဲ့) ဘိလပ်မြေသွားပို့တဲ့ ကောင်လေးတွေက (ပင်းတလဲ-မိတ္ထီလာ) လမ်းပိုင်းပေါ် မှာ ဖမ်းခံရတာ။ အရက်ဆိုင်ကိုဝင်ဆွဲတာ အကုန်ထွက်ပြေးကြတာ။ စစ်ကားလာလို့ ကျန်ခဲ့တဲ့ကောင်တွေထဲက အုပ်ကြီးမကြည်တာတွေအဖမ်းခံရတာ။ အုပ်ကြီးကြည်တဲ့သူတွေလွတ်တယ် အဲ့သဘော။ သူတို့တွေက စစ်မှုထမ်းဖို့ဖမ်းခံရတာ။"

ပုသိမ်-မုံရွာလမ်းပိုင်းကို သတိထားအသုံးပြုဖို့ ထုတ်ပြန်ပြီးနောက် အထက်မင်းလှပကဖ လမ်းပေါ်တက် စစ်ဆေး

"ဆိုင်ကယ်ရောကားပေါ်အထိ စစ်တယ်။ မသင်္ကာစရာတော့ မတွေ့ခဲ့ပါဘူး။ ပြည်သူတွေက စစ်ဆေးတာကို ကြည်ဖြူစွာ လက်ခံပေးကြတယ်"

မြင်းခြံ-တောင်သာလမ်းမှာ စစ်ကောင်စီတပ်ဘက်က ကား ၂ စီး ကြားဖြတ်တိုက်ခံရလို့ သေနတ် ၁၀ လက်ရရှိကာ ၂၀ ဦးထက်မနည်းသေဆုံးတယ်လို့ဆို

“ နောက် ၁ စီးက ချောက်ထဲကျနေပါတယ်။ အဲ့ဒါတွေသာ အကုန်လုံး ရှင်းလင်းရေးလုပ်နိုင်ရင် သေနတ်တွေက ၃၀ လောက်ရမှာပါ၊ ကျနော်တို့ မျက်မြင်ကတော့ ၂၀ လောက်သေတယ်၊ ခန့်မှန်းကတော့ ၄၀ လောက်သေတယ်ပြောလို့ရမယ်”

ပေါ်တာဆွဲခံရပြီး စစ်ကောင်စီတပ်သားသစ်ဖြစ်လာသူ ၄ ဦးကို မြိုင်မှာဖမ်းမိ

“သူတို့ ၄ ဦးရဲ့ ဖြေဆိုချက်တွေအရ သူတို့က ပေါ်တာအဆွဲခံရတဲ့အထဲမှာပါတာ၊ သူတို့ သင်တန်းဆင်းခဲ့တာ ၃ လရှိပြီလို့ ပြောတယ်၊ သူတို့က ဒေသအသီးသီးကပါ၊ ၁ ဦးက နေပြည်တော်က၊ ၁ ဦးက ဧရာဝတီတိုင်း၊ ၄ ဦး ၄ နေရာကနေ ပေါ်တာအဆွဲခံရတာ”

ရှေ့တန်းမှာ စိတ်ဖြောင့်ဖြောင့်တိုက်ပွဲဝင်နိုင်ဖို့ နောက်တန်းမိသားစုဝင်တွေကို ရိက္ခာထောက်ပံ့ (Reels)

"ရှေ့တန်းရဲဘော်တွေ စိတ်ဖြောင့်ဖြောင့်နဲ့တိုက်နိုင်စေချင်လို့ တပ်ဖွဲ့ကနေ တတ်နိုင်သလောက်ထောက်ပံ့ပေးခဲ့တာပါ။ နောက်လည်း ဆက်လက်ထောက်ပံ့ပေးကြမယ်လို့ တိုင်ပင်ထားကြပါတယ်။"

ပင့်သာရွာကို စစ်ကောင်စီမီးရှို့ပြီး ရွာထဲမှာတပ်စွဲထား

“မကျီးကုန်း၊ တောင်ယာဆိပ်ဘက်ကို ဖြန့်ကျက်ထားတဲ့ အင်အားတွေကနေ ပင့်သာဘက်ခြမ်းကို နယ်မြေဆက်တိုးလာပြီးတော့ လက်ကျန် ကျန်နေတဲ့ ပင့်သာရွာထဲက အိမ်လေးတွေကို မီးရှို့တာ။ သူတို့ရွာကို ဝင်ချိန်ကျနော်တို့ ဒီဘက်ကထောင်ထားတဲ့ မိုင်းတွေမိပြီးတော့ သေတာ၊ ဒဏ်ရာရတာ ရှိသေးတယ်။"

ရှေ့တန်းမှာ စိတ်ဖြောင့်ဖြောင့်တိုက်ပွဲဝင်နိုင်ဖို့ နောက်တန်းမိသားစုဝင်တွေကို ရိက္ခာထောက်ပံ့

"ရဲဘော်အများစုရဲ့မိသားစုဝင်တွေက စစ်ရှောင်တွေ၊ မီးဘေးသင့်တွေဆိုတော့ ရပ်တည်ရတာခက်ခဲကြတယ်။ တောင်သူလုပ်စရာလည်း မရှိတော့ ဆန်စပါးဝယ်စားဖို့မတတ်နိုင်ကြဘူး။"

ချောက်မှာ စစ်ကောင်စီသတင်းပေးဆိုသူ ပစ်သတ်ခံရ

“သူ ဝိုင်း(မြေ)တိုးချဲ့လုပ်နေတဲ့အချိန် ပစ်ခတ်ရှင်းလင်းခဲ့တာ၊ လမ်းမှာပါ။ သူ ရွာထိပ်မှာ ထွန်စက်နဲ့ ဝိုင်းတိုးချဲ့လုပ်နေတာ၊ သူပိုင်နေရာလည်း မဟုတ်ဘူး။ သေနတ်နဲ့ ၅ ချက်ပစ်ခတ်ရှင်းလင်းခဲ့တာ၊ ခေါင်းကိုပဲပစ်ခဲ့တာ။”

သိမ်းထားတဲ့ ၄၀ မမဗုံးသီးကို ယူဆော့ရာက ပေါက်ကွဲပြီး ကလေး ၃ ဦးအပါ ၄ ဦးဒဏ်ရာရ

“စစ်ကျန်လက်နက် ၄၀ မမ၊ နန့်သာရွာတိုက်ပွဲတုန်းက ကျန်တဲ့အသီးဖြစ်မယ်။ အဲ့ဒါကို သူ့အဖေက ကောက်ရလို့ သိမ်းထားတာ၊ လှေကားရင်းမှာ ဖွက်ထားပေါ့နော်။ အဲ့ဒါကို ကလေးတွေကယူဆော့တော့ ပေါက်ကွဲသွားတာ။”

ဝေါဘူတာအနီးက အိမ် ၂၀၀ ကျော် ဖျက်သိမ်းမိန့်ထုတ်ပြီးနောက် တချို့အိမ်တွေကို အင်အားသုံး ဖျက်ဆီးနေ

"မဖယ်လို့ဆိုပြီး စစ်သား၊ ရဲတွေက ဝင်ဖျက်နေပြီ။ ဖျက်နေတာက လေးငါးရက်ရှိနေပြီး။ လမ်းပိတ်ပြီးဖျက်နေတာအပြင် လမ်းတွေမှာကင်းတွေချပြီးတော့ဖျက်နေတော့ ပုံတွေလည်း မရိုက်ရဲကြဖြစ်နေတယ်။ "

စစ်မှုထမ်းစုနေသူကို ကာကွယ်ရေးတပ်ဖွဲ့ဝင်အမျိုးသမီးတွေက သေနတ်နဲ့ပစ်ခတ်လို့ သေဆုံး

“မြင့်ထွေးတို့အဖွဲ့ ရွာကအိမ်တွေမှာရှိနေတယ်ဆိုတာ သတင်းရပြီး မြင့်ထွေးအိမ်ကို ပထမဆုံးဝင်ရှင်းလိုက်တာမှာ ကျန်တဲ့ အုပ်ချုပ်ရေးမှူး သိန်းအောင်နဲ့ အဖွဲ့ဝင် ကိုဦးက သတင်းရပြီးထွက်ပြေးသွားလို့ မလုပ်လိုက်ရဘူးဆိုပြီး ရဲဘော်တွေပြန်ပြောပြတယ်။”

ဘက်ပြောင်းခိုလှုံလာတဲ့ ပေါက်ရဲစခန်းက ရဲ ၁ ဦး ကျပ်သိန်း ၃၀ ဆုချီးမြှင့်ခံရ

" သူတို့အထဲမှာ ရဲဘက်နဲ့ စစ်ဘက်မကြေလည်တာတွေရှိတယ်လို့လည်း ပြောတယ်။ စစ်တပ်က သူတို့ရဲတပ်သားတွေကို အနိုင်ကျင့်ဗိုလ်ကျတာတွေရှိတယ်။ အဲဒီလိုတွေများလာတော့ တာဝန်မထမ်းဆောင်ချင်တာနဲ့ ဘက်ပြောင်းခိုလှုံလာတာ။"

ရွှေစက်တော်အနီး အိုးပြင်မဲရွာက လူနေအိမ် ၃၅ လုံးကို စစ်ကောင်စီတပ်ဖွဲ့က မီးရှို့ဖျက်ဆီး

“ကျနော်တို့ မင်းဘူး (စကု)မြို့နယ်မှာ ဒါပထမဆုံး မီးရှို့ခံရတဲ့ရွာပါပဲ။ မင်းအောင်လှိုင် ဇာတိမြို့ မင်းဘူးမြို့ပေါ်မှာ နိုင်လွန်ကတ္တရာခင်းပေးနေပြီး ရွာတွေကိုတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မီးရှို့နေတာပါ။”

ပေါင်းတလည်မှာ အနက်ရောင်သေမင်းတမန်စာတန်း ချိတ်ဆွဲထားတဲ့ လူငယ်အလောင်း ၂ လောင်းတွေ့

"ဘယ်ကမှန်းတော့မသိရဘူးလို့ပြောတယ်။ နှစ်ယောက်စလုံးကို လည်ပင်းတွေလှီးထားတယ်။ သူတို့ ဘယ်ကဆိုတာ၊ ဘယ်သူမှမသိကြဘူး၊ ရွာသားတွေပဲ မြင်တာ၊ ဘယ်သူမှ အနားမကပ်ကြဘူး ဘယ်အချိန်လာချသွားလဲဆိုတာလဲ မသိကြဘူးလို့ ပတ်ဝန်းကျင်ကလူတွေပြောကြတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10