သတင်းတို

စစ်ရေးအရှိန်မြှင့်တဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို ဗုံးသီး ရာနဲ့ချီပစ်ခတ်

စစ်ရေးအရှိန်မြှင့်ပြီဖြစ်တဲ့အကြောင်း အသိပေးတဲ့အနေနဲ့ ထီးလင်းမြို့ပေါ်က စစ်ကောင်စီတပ်စခန်းတွေကို လက်နက်ကြီးကျည် အလုံးရေ ၁၀၀ ဝန်းကျင်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ထီးလင်းမြို့နယ်တပ်ရင်းများ ပြန်ကြားရေးတာဝန်ခံတဦးဆီက သိရပါတယ်။

ရေဦးမှာ စစ်ကောင်စီတပ်ဖွဲ့တွေက အမျိုးသမီးတွေကိုပါပေါ်တာဆွဲလို့ မြို့တဝက်ကျော် တိမ်းရှောင်နေရ

"မြို့ခံတွေ အကုန်နီးပါး အိမ်ထောင်စုတွေအလိုက်ကို လွတ်ရာရှောင်နေကြတာ။ မြို့ပေါ်ရပ်ကွက်တိုင်းလိုလို ပြည်သူမရှိတော့သလောက်အထိ ဖြစ်နေတယ်လို့ သိရတယ်။ ပြည်သူမရှိတဲ့ နေအိမ်က ပိုများတယ်။"

ကြို့ပင်ကောက်မှာ အုပ်ချုပ်ရေးမှူးတွေက စစ်မှုထမ်းကြေး ခြိမ်းခြောက်ကောက်ခံနေ

"အခုဆို ပုံမှန်ပေးနေရတာ ၄ ခါရှိနေပြီ။ ပထမတုန်းကတော့ နည်းနည်းနဲ့အခုတော့ ၆၀,၀၀၀ ဆိုလည်းဟုတ် ၄၀,၀၀၀ ဆိုလည်းပေးရတယ်။ သား ၃ ယောက်ရှိရင် ၉၀,၀၀၀ ပေးရတယ် မဖြစ်မနေ။ အမလေး ၁ ကျပ်တောင်မလျှော့ဘူး။ အဲဒါတောင် လာကောက်တာမဟုတ်ဘူး။ သူတို့သေမှာတော့ကြောက်ပြီး မိန်းကလေးတွေစုပြီးသွားပေးရတာ။

ကလေးမြို့အတွက် အဓိက လမ်းပိုင်းကို စစ်ကောင်စီက မြေတူးစက်နဲ့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ကလေးမြို့အဝင်အထွက်လမ်းဖြစ်တဲ့ လေးအိမ်စုကျေးရွာအနီးက မြို့လှ- လေးအိမ်စုလမ်းပိုင်းကို စစ်ကောင်စီက ဇန်နဝါရီ ၆ရက် မနက် ၁၀ နာရီခွဲဝန်းကျင်က မြေတူးစက်နဲ့ လာရောက်ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရဲစခန်းသိမ်းနိုင်ခါနီးမှာ လေကြောင်းနဲ့ပစ်ကူပေးလို့  တော်လှန်ရေးတပ်တွေ ပြန်ဆုတ်(ရုပ်/သံ)

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ မင်းနေကုန်းကျေးရွာ ရဲစခန်းကို ဇန်နဝါရီ ၂ ရက် ညနေ ၆ နာရီဝန်းကျင်က‌နေ ၁၀ နာရီအထိ ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့ (မြင်းခြံ) ဆီက သိရပါတယ်။

ကန့်ဘလူမှာ ကျေးရွာ ပအဖ ခေါင်းဆောင်တဦး သေနတ်နဲ့ ပစ်သတ်ခံရ

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုပ်ကြီးကျေးရွာပအဖ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသိန်းဝေဟာ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အုတ်ဖိုမြို့နယ်က စစ်ကောင်စီသတင်းပေးဆိုသူ လင်မယား သေနတ်ပစ်ခံရပြီး အမျိုးသမီးသေ

“အိမ်ထဲဝင်ပစ်တော့ ဇော်ကြီးက အိမ်နောက်ဖေး ရောက်နေတော့ ထွက်ပြေးသွားတာ။ သူ့မိန်းမတော့ ပွဲချင်းပြီးသေသွားတယ်”

ထန်းပင်တွေ ရှားပါးလာလို့ ထန်းခေါက်ဖာရက်လုပ်သူတွေ အခက်ကြုံတွေ့နေ

"ဒီမှာက ထန်းပင်တွေ အရင်ကလောက် မရှိတော့ဘူး၊ လူဦးရေတိုးလာကြတော့ လူနေအိမ်တွေ ပိုပြီးလိုအပ်လာတယ်၊ ကုန်ဈေးနှုန်းကလည်း မြင့်နေတော့ ထန်းပင်တွေပဲ ခုတ်ပြီး အိမ်ဆောက်နေကြတာများတယ်။ အဲ့ထက်ဆိုးတာက အုတ်ထင်းခုတ်ရောင်းကြတာပဲ၊ ထန်းလက်ခုံတွေက မှာတဲ့သူလည်းရှိတယ်၊ အများအားဖြင့်တော့ ဆိုင်ကယ်ပေါ်တင်ပြီး ရွာစဉ်လှည့်ရောင်းရတာပဲ၊ ဆိုင်ကယ်ဆီဈေးနဲ့တင် အမြတ်က သိပ်မကျန်တော့ဘူး"

ရွှေစက်တော်အနီး စစ်ကောင်စီတပ်လာစွဲနေလို့ ဒေသခံထောင်ကျော် ထွက်ပြေးနေရ ■ တိုက်ပွဲတွေဖြစ်လာနိုင်လို့ ပြည်သူတွေ ဘုရားအနီး မသွားကြဖို့ PDF သတိပေး

မကွေးတိုင်း၊ မင်းဘူးမြို့နယ်ရှိ မန်းရွှေစက်တော်ဘုရားအနီးပတ်ဝန်းကျင်တွေမှာ စစ်ကောင်စီတပ်က လာရောက်အထိုင်ချတပ်စွဲထားတာကြောင့် ပြည်သူတွေအနေနဲ့ ဘုရားအနီးသွားလာခြင်း မပြုဖို့ မင်းဘူးခရိုင် တပ်ရင်း ၆ က ဇန်နဝါရီ ၇ ရက် ဒီနေ့ ရက်စွဲနဲ့ မေတ္တာရပ်ခံ အသိပေးစာထုတ်ပြန်ခဲ့ပါတယ်။

တောင်သာကို အင်ဂျင်တပ်လေထီးနဲ့ ထပ်မံတိုက်ခိုက်လို့ အမျိုးသမီးတဦးသေဆုံး

“အိမ်ပေါ်တည့်တည့်ကျတော့ အဖွားကပွဲချင်းပြီးသေသွားတယ်။ ကလေးက ခန္ဓာကိုယ်ခြေလက်တွေထိတယ်၊ စိုးရိမ်ရတဲ့အနေအထားမဟုတ်ဘူး။ သက်ဆိုင်ရာဆေးခန်းမှာ ကုသမှုပေးနေတယ်။ တောင်သာအရှေ့ခြမ်းဘက်မှာ တော်လှန်ရေးအဖွဲ့တွေစိုးမိုးထားတဲ့အတွက်ကြောင့်မို့ လာပြီးတော့မှကြဲချတာဖြစ်မှာ”

မုံရွာမှာ အိုးဝေမောင်းသူ အမျိုးသားတဦး လည်ပင်းဓားထိုးခံရလို့ သေဆုံး

"လူမှုရေးနဲ့တော့ မဆိုင်ဘူးထင်တယ်ဗျ။ သူက အေးဆေးနေတတ်တဲ့သူပါ။ အရင်က ကားမောင်းတာ အခုကျ အိုးဝေပဲဆွဲတော့တာ။ မုံရွာမှာ နေတာကြာပြီ နှစ်ပိုင်းတော့ ရှိပြီ။ မနေ့ကညနေမှာပဲ အလောင်းကို ရွာဘက် ချက်ချင်းပြန်သယ်သွားတယ်။"

မန္တလေးတိုင်း မြို့နယ် ၇ ခုမှာ အမျိုးသား ၄၀၀ ကျော် စစ်မှုထမ်းဖို့ဖမ်းဆီးခံထားရ

"ဖမ်းခံရသူတွေက အသက်အရွယ်အစုံပဲလို့ ပြောလို့ရတယ်။ မြေပြင်ကရရှိတဲ့သတင်းတွေအရ အသက် ၁၈ နှစ်မပြည့်သေးသူတွေလည်းပါတယ်။ ဖမ်းဆီးမှုပုံစံကတော့မျိုးစုံပဲ။ ညနေစောင်းလောက်ဆို လူငယ်တွေကို လမ်းပေါ်မှာပေါ်တင်ဖမ်းတာမျိုး၊ ညပိုင်းတွေဆို ဧည့်စာရင်းအကြောင်းပြ လိုက်လံဖမ်းဆီးတာမျိုးတွေပေါ့"

ညောင်ဦးမှာ ရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့အတူ ဘက်ပြောင်းခိုလှုံ

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ စစ်ကောင်စီလက်အောက်ခံရဲတပ်သား ၁ ဦး လက်နက်ခဲယမ်းတွေနဲ့ ဘက်ပြောင်းခိုလှုံလာတယ်လို့ Southern YSO PDF က ဇန်နဝါရီ ၇ ရက်မှာသတင်းထုတ်ပြန်လာပါ တယ်။

ရုံးစင်ကြီးရဲစခန်းက ရဲတပ်သားနဲ့ဇနီးကို တောင်သာပကဖ ဖမ်းဆီး

“အရှင်ဖမ်းဆီးရမိတဲ့အခါကျတော့ သူတို့ကိုကောင်းကောင်းမွန်မွန်ပဲ ထိန်းသိမ်းစောင့်ရှောက်ထားပြီးတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီပေါ့လေ MOD ရဲ့ လမ်းညွှန်ချက်အတိုင်း စစ်သုံ့ပန်းဥပဒေနဲ့အညီ အရေးယူဆောင်ရွက်သွားမှာပါ”

စလင်း ပကဖ တွေ စလင်းမြို့အနီး လုံခြုံရေးစစ်ဆေးမှု ၂ ရက်ကြာပြုလုပ်ခဲ့

" ၄ , ၅ ရက်တွေမှာ တနေကုန်စစ်ဆေးမှုတွေပြုလုပ်ခဲ့တာပါဗျ။ အဓိကတော့ စစ်ရေးနဲ့ ပြည်သူလူထုလုံခြုံရေးအရ မြို့နဲ့ မိုင်အနည်းငယ်ခန့်အကွာမှာ စစ်ဆေးမှုတွေပြုလုပ်ခဲ့ပါတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10