သရက်ချဉ်ရွာ တိုက်ပွဲအတွင်း အမျိုးသမီးတဦး ဗုံးသီးစထိမှန်ဒဏ်ရာရ
"သရက်ချဉ်ကျေးရွာ ကျောင်းနားလေးမှာ ပစ်ခတ်မှုဖြစ်တာ။ တော်လှန်တပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ အပြန်အလှန်ပစ်ခတ်ကြတာ။ သူ့အိမ်ထဲမှာနေရင်းနဲ့ ဒဏ်ရာရတာ။ လက်နက်ကြီးနဲ့ ပစ်တာမှ ဗုံးစမှန်တာ၊ မှန်ပြီဆို လူနာတင်ကားနဲ့ ဆေးရုံပြေးရတာပဲ။ နေ့လယ် ၁ နာရီခွဲကျော်မှာ ဆေးရုံရောက်တာ။"