မိုးများပြီး ပေါက်ခေါင်းမြို့နယ်မှာ တောင်ပြိုမှုဖြစ်ခဲ့
“မြေပြိုကျပြီး သစ်ပင်ပါ လမ်းပေါ်လဲကျတာ။ ပရဟိတအဖွဲ့တွေ မီးသတ်တွေလာရှင်းသွားလို့ လမ်းကိုပြန်ပြီး အသုံးပြုနေပါပြီ။”
“မြေပြိုကျပြီး သစ်ပင်ပါ လမ်းပေါ်လဲကျတာ။ ပရဟိတအဖွဲ့တွေ မီးသတ်တွေလာရှင်းသွားလို့ လမ်းကိုပြန်ပြီး အသုံးပြုနေပါပြီ။”
“ပိုက်ဆံထွက်ကောက်နေတဲ့ ၃ ဦးနေရာကို တည့်တည့်ကျတယ်။ ကျနော်တို့ရဲဘော်တွေက ထပ်ပြီး ဂန်းငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အဲ့ဒီ ၃ ဦးကတော့ ပွဲချင်းပြီးသေတယ်။ ကျန်တဲ့ကောင်တွေလည်း ဒဏ်ရာရတာရှိတယ်။”
"အခုအခြေအနေ ဘာမှ ပြောခွင့်မရသေးပါ။ အဓိက စကစတွေကို CDM လုပ်ဖို့ သို့မဟုတ် အလင်းဝင်ဖို့ အလံဖြူထောင်ဖို့ ကိစ္စတွေကို ရည်ရွယ်တာပါ။ တော်လှန်စစ်ပွဲမှာ လူ့အသက်တွေ ဖြစ်နိုင်သမျှမဆုံးရှုံးစေဖို့ စကစဘက်ကို နောက်ဆုံးချိန်ထိ အခွင့်အရေးပေးတဲ့သဘောပါ"
ရမည်းသင်းမြို့နယ်၊ ဆည်ကြီးကျေးရွာအုပ်စု၊ ဆည်ကြီးကျေးရွာက အမျိုးသား ၁ ဦး၊ ညောင်အိုင်ကျေးရွာက အမျိုးသမီး ၁ ဦး၊ မြင်းနားကျေးရွာအုပ်စု၊ ကံသာအေးကျေးရွာက အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၄ ဦး၊ ရွှေနန်းပေါ်ကျေးရွာက အမျိုးသမီး ၁ ဦး၊ ဝါးဖြူတောင်ကျေးရွာအုပ်စု၊ ချောင်းဖျားကျေးရွာက အမျိုးသမီး ၁ ဦး စုစုပေါင်း ၁၀ ဦးသေဆုံးခဲ့တာပါ။
"၁၂၀ မမလို့ ယူဆရတဲ့ လက်နက်ကြီးနဲ့ ပစ်လိုက်တာ။ ရွာထဲကိုကျပြီးတော့ ဒေသခံတဦးက ခြေထောက်နဲ့ ကျော၊ တဦးကခြေထောက်၊ နောက်တဦးကတော့ ဦးခေါင်းမှန်တယ်။ ခေါင်းဒဏ်ရာရတဲ့သူကတော့ ဒဏ်ရာပြင်းထန်ပြီး သေဆုံးခဲ့ပါတယ်"
"ရေက ဆက်တက်နေတုန်း။ ရေဘေးသင့်လူဦးရေတွေက အရမ်းများနေတယ်။ လက်ရှိလည်း ကယ်ထုတ်နေရတုန်း။ ရေဘေးသင့်လူဦးရေက တခရိုင်လုံးဖြစ်နေပြီး အရမ်းများနေတယ်။ ထောင်ပေါင်းများစွာရှိနေတယ်။"
စက်တင်ဘာ ၁၁ ရက်ညပိုင်းမှာ မိုးသည်းထန်စွာရွာနေချိန် ဖောက်ထွင်းခံခဲ့ရတာဖြစ်ပြီး စေတီအရှေ့ဘက်မုခ်ထဲက အင်္ဂတေနဲ့ပြုလုပ်ထားတဲ့ အမြင့် ၃ ပေခန့်ရှိ ဗုဒ္ဓရုပ်ပွားတော်တဆူနဲ့ ပလ္လင်ပျက်စီးသွားတာလို့ ဆိုပါတယ်။
“လမ်းပေါ်ရေကျော်တယ်ဆိုပေမယ့် ကားလေးတွေ ဖြည်းဖြည်းချင်းသွားလို့ ရတယ်။ အခုတော့ ရေစီး ချောင်နေတယ် မနက်ဖန်ဆို ရေလုံးဝကျသွားနိုင်တယ်၊ မိုးအရမ်းရွာရင်တော့ ပြောလို့ မရဘူး။”
စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာအခြေစိုက်တဲ့ ဗမာ့လွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF - အညာမိုင်းတပ်)က တပ်ဖွဲ့ရိက္ခာ အထောက်အပံ့ရဖို့အတွက် စပါး ၂ ဧကကို စိုက်ပျိုးထားတယ်လို့ အညာမိုင်းတပ်ရဲ့ တာဝန်ခံတဦးက ပြောပါတယ်။
စစ်ဘေးရှောင်ပြည်သူတွေ စားဝတ်နေရေးအဆင်ပြေဖို့နဲ့ တဖက်တလမ်းကနေ ဝင်ငွေရဖို့အတွက် ရည်ရွယ်ပြီး တာဘိုစစ်ရှောင်စခန်းနဲ့ YC စစ်ရှောင်စခန်းတွေမှာရှိတဲ့ စစ်ဘေးရှောင်တွေကို ခြင်းရက်တတ်အောင် သင်ပေးတာလို့ ကောလင်း ပြည်သူမှပြည်သူသို့အဖွဲ့က ဆိုပါတယ်။
မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ နေ့လယ် ၂ နာရီခွဲအချိန် တိုင်းတာချက်အရ စစ်တောင်းမြစ်ရေက တောင်ငူမြို့မှာ စိုးရိမ်ရေအမှတ်အထက် ၁ လက်မခန့်၊ နေ့လယ် ၁၂ နာရီခွဲ တိုင်းတာချက်အရ ညောင်လေးပင် မြို့နယ်၊ မဒေါက်မြို့မှာ စိုးရိမ်ရေအမှတ်အထက် ၂ ပေခွဲခန့်ကျော်လွန်နေပြီး နောက် ၆ နာရီအတွင်း ပဲခူး၊ ရွှေကျင် စတဲ့မြို့နယ်တွေမှာ စိုးရိမ်ရေအမှတ်ကို ရောက်ရှိလာနိုင်တယ်လို့ ဆိုပါတယ်။
"လာတဲ့သူက လေးငါးယောက်လောက်ရှိတယ်လို့ သိရတယ်။ သူကိုမေးပြီး ပစ်သတ်သွားတာပဲ။ သေနတ်သုံးလေးချက် ပစ်သွားတာတော့ ရှိတယ်။ သူက ခေါင်းကိုမှန်သွားတာ။"
“ရဲဘော်တွေက အိမ်မှာကျန်ခဲ့တဲ့ ကလေးတွေ နေကောင်းလား၊ အမေတွေ အဖေတွေ နေကောင်းလားဆိုတဲ့ ဒီလိုမေးခွန်းလေးတွေကို ပြန်ကြားပြီး အဲ့ဒါဆိုရင် ဒါလေးလုပ်ပေးသင့်တယ်ဆိုပြီး အိုင်ဒီယာရသွားတာပေါ့။”
" နှစ်ထပ်အိမ်တွေဆို အောက်တထပ် မြုပ်နေပြီ။ အခုတောင် အိမ်ခေါင်မိုးပေါ် တက်နေနေရတယ်။ တညလုံးလည်း မိုးရေထဲမှာနေနေကြတော့ ချမ်းနေကြပြီ။ ကူညီကယ်ဆယ်ရေးတွေလည်း မရောက်လာသေးဘူး။ ရေကလည်း ထပ်တက်နေတယ်"
သင်တန်းသားတွေထဲမှာ စစ်ကောင်စီက စစ်မှုထမ်းဥပဒေ ကြေညာပြီးနောက်ပိုင်း စစ်မှုမထမ်းချင်လို့ နေရပ်အသီးသီးကို ပြန်လာကြတဲ့ လူငယ်တွေလည်း ပါဝင်တယ်လို့ ပြည်သူ့တော်လှန်ရေးတပ်ဦး - PRF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် လွန်းညီ က ပြောပါတယ်။