သတင်းတို

ပခုက္ကူခရိုင်အမှတ် ၁၅ တပ်ရင်း တပ်တည်ထောင်ခြင်း ၂ နှစ်ပြည့် အခမ်းအနားပြုလုပ်

တပ်ဖွဲ့တည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနားကို ကျားသစ်နက်တပ်မတော်တာဝန်ခံဥက္ကဌ ဦးဥက္ကာ ၊ တပ်ရင်းမှူး ၊ ဒုတပ်ရင်းမှူးတို့အပါ တပ်ဖွဲ့ဝင်အမျိုးသား၊ အမျိုးသမီးအင်အား ၁၂၀ တက်ရောက်ခဲ့ကြပြီး မဟာမိတ်အဖွဲ့က ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ကြတယ်လို့ တပ်ဖွဲ့ရဲ့သတင်းနဲ့ပြန် ကြားရေးတာဝန်ခံက ပြောပါတယ်။

မင်းတုန်းမြို့နယ်မှာ စစ်ကောင်စီက ကာမီကာဇေဒရုန်းတွေ စတင်အသုံးပြုတိုက်ခိုက်လာ

“ကျနော်တို့အနေနဲ့လည်း ခုမှ ကြုံဖူးတာဆိုတော့ တခြားသော တော်လှန်ရေးအဖွဲ့အစည်းတွေရဲ့ ပြောကြားချက်အရဆိုလို့ရှိရင် တရုတ်ထုတ်လို့ သူတို့ပြောတယ်။ ရှမ်းမြောက်၊ ရခိုင်ဘက်တွေမှာလည်း စစ်ကောင်စီဘက်က တော်တော်များများ အသုံးချနေတယ်လို့ ပြန်ကြားရတာတွေရှိတယ်။”

ပြည်သူကို မျက်နှာမမူတဲ့ ဥပဒေမဲ့လုပ်ရပ်တွေကို အရေးယူနိုင်ရေး ဦးစားပေးဆောင်ရွက်မယ်လို့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း ပြော

“ဥပဒေ အထက်မှာ ဘယ်သူမှ မရှိစေရ၊ ပြည်သူရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရဆိုတဲ့မူကို ခိုင်ခိုင်မာမာ ဆုပ်ကိုင်သွားမှာ ဖြစ်ပါတယ်။ တော်လှန်ရေးကာလဖြစ်တာကြောင့် တရားဥပဒေ စိုးမိုးရေးကဏ္ဍမှာ အားနည်းချက်တွေရှိနေဆဲဖြစ်တဲ့အတွက် တချို့ကလည်း သူတို့ရဲ့ ကျူးလွန်မှုတွေကို ဖုံးကွယ်လို့ရမယ်၊ ရှောင်ပုန်းလို့ ရမယ်လို့ ထင်နေသူတွေလည်း ရှိနိုင်ပါတယ်။ ရာဇဝတ်ဘေး ပြေးမလွတ်ဆိုတဲ့ ဆိုရိုးလိုပဲ ရာဇဝတ်မှု ကျူးလွန်သူတိုင်း ဥပဒေချိုးဖောက်သူတိုင်းကို ပြစ်ဒဏ်ပေးနိုင်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရက မမှိတ်မသုန် ကြိုးစားအကောင်ထည်ဖော် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

စစ်ကြောင်းကိုမိုင်းဆွဲဖို့ပြင်ချိန် မိုင်းမတော်တဆဖြစ်ပြီး PDF ၁ ဦးကျဆုံး

ကျဆုံးသူဟာ အသက် ၂၅ နှစ်အရွယ်တပ်ဖွဲ့ဝင် ဗျတ္တဖြစ်ပြီး ဇန်နဝါရီ ၁ ရက်မှာ မိုင်းဆွဲတိုက်ခိုက်ဖို့ပြင်ဆင်နေချိန် ပေါက်ကွဲမှုဖြစ်ကာ ရင်ဘက်နဲ့ ညာဘက်မျက်လုံးတို့ကိုမိုင်းထိပြီး ကျဆုံးခဲ့တာလို့ အဲ့ဒီအဖွဲ့ရဲ့တပ်ဖွဲ့ဝင် ယက္ခ က ပြောပါတယ်။

အမြန်လမ်းမှာ ဘုရားဖူးကားမှောက်လို့ အမျိုးသမီး ၁ ဦးသေ၊ ၃၄ ဦးဒဏ်ရာရ

"မှောက်တာက ဘယ်လိုမှောက်လဲတော့ မသိဘူး။ ရောက်သွားတဲ့အချိန်မှာတော့ ကားလမ်းပေါ်မှာ ကန့်လန့်ကြီးတွေ့တာပဲ။ ရန်ကုန်အဆင်းတံတားနားမှာ။ သေဆုံးတာက ၁ ယောက်ပဲ။ ဒဏ်ရာရသူကတော့ များတယ်"

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ၀က်လက်မြို့ပေါ်မှာ လူထုသပိတ်တိုက်ပွဲပြုလုပ်ခဲ့

"ကြွေးကြော်သံတွေ တိုင်တယ်၊ ဘန်နာကို မြို့ထဲမှာ ချိတ်ထားခဲ့တယ်။ စစ်ဆန့်ကျင်ရေးစာရွက်တွေကိုလည်း ဖြန့်ကြဲထားခဲ့တယ်။ အချိန် ၆ မိနစ်နဲ့ အပြီးလုပ်ခဲ့ရတာ။"

လူငယ်တွေပါဝင်တဲ့ BLDF ရဲ့ အပတ်စဥ် ၃ အခြေခံစစ်သင်တန်းဆင်းပွဲ

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ထဲက တော်လှန်ရေးတပ်ဖွဲ့တွေစိုးမိုးထားတဲ့ နေရာတခုမှာ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး - BLDF ရဲ့ အပတ်စဥ် ၃ အခြေခံစစ်ပညာသင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၉ ရက်မှာပြုလုပ်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့ဆီကသိရပါတယ်။

မြင်းခြံမှာ စစ်ကောင်စီကင်းပုန်းက ပစ်ခတ်လို့ PDF ၂ ဦးကျဆုံး

"သူတို့က ကင်းပုန်းဆိုတော့ အသာစီးရသွားပြီး ပစ်ခံလိုက်ရတာ။ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ခဲ့သေးတယ်။ သူတို့ဘက်ထိခိုက်မရှိဘဲ ကိုယ့်ဘက်က ၂ ယောက်ကျသွားတယ်။ PDF တွေအသွားအလာရှိတဲ့နေရာကို ဒီကောင်တွေက လေးငါးဆယ်ယောက်လောက်နဲ့ ကင်းပုန်းဝပ်ပြီး အပိုင်ယူထားတဲ့သဘောပါ။ ခါတိုင်းဆို သတင်းရတယ်။ ဖြစ်တဲ့နေ့က ဘယ်ကနေဘယ်လို ရောက်နေတယ်ဆိုတာ မသိလိုက်ရတာ။"

ဟိုက်ဂျက်ကားပေါ်က စစ်သား ၄ ဦး အနီးကပ်တိုက်ခိုက်ခံရလို့ အားလုံးသေဆုံးပြီး သေနတ် ၄ လက်ပါ PDF သိမ်းဆည်း (ရုပ်/သံ)

“ပစ်ခတ်တိုက်ခိုက်အချိန်က အကြာကြီးမဟုတ်ဘူး။ မြို့တွင်းလည်းဖြစ်တဲ့အတွက် ၅ မိနစ်ကြာတယ်။ ကားကတော့ အရပ်ကားပဲပြောပါတော့။ ပွိုင့်ကားမဟုတ်ဘဲနဲ့ ဟိုက်ဂျက်အမျိုးအစားကားပါ။ ကားပေါ် မှာတော့ ဒရိုင်ဘာအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးနဲ့ သေနတ် ၄ လက်ပါ။ ထိခိုက်သေဆုံးမှုက ၄ ဦးလုံးပါတာ ၄ ဦးလုံးသေတယ်။”

အရပ်ဝတ်နဲ့စစ်သား ၄ ဦးပါလာတဲ့ကား အနီးကပ်စောင့်ကြိုတိုက်ခိုက်ခံရလို့ အားလုံးသေဆုံး

“ပစ်ခတ်တိုက်ခိုက်အချိန်က အကြာကြီးမဟုတ်ဘူး၊ မြို့တွင်းလည်းဖြစ်တဲ့အတွက် ၅ မိနစ်ကြာတယ်။ ကားကတော့ အရပ်ကားပဲပြောပါတော့။ ပွိုင့်ကားမဟုတ်ဘဲနဲ့ ဟိုက်ဂျက်အမျိုးအစားကားပါ။ ကားပေါ် မှာတော့ ဒရိုင်ဘာအပါအဝင် စစ်ကောင်စီတပ်သား ၄ ဦးနဲ့ သေနက် ၄ လက်ပါ။ ထိခိုက်သေဆုံးမှုက ၄ ဦးလုံးပါတာ ၄ ဦးလုံးသေတယ်။”

လူမနေတဲ့ရွာထဲမှာ တောဝက်တွေအသိုက်ဆောက်ပြီး စစ်ရှောင်တွေရဲ့ ယာခင်းတွေကို ဖျက်ဆီး

မကွေးတိုင်း၊ ပေါက်မြို့နယ်က လူမနေတော့တဲ့ ဇီးတောရွာနဲ့ တောင်ဘက်ကြီးရွာတွေထဲမှာ တောဝက်တွေ အသိုက်ဆောက်နေထိုင်ကြပြီး စစ်ရှောင်တွေ စိုက်ပျိုးထားတဲ့ ယာခင်းတွေကို ဖျက်ဆီးနေတာကြောင့် စစ်ရှောင်တွေ အခက်တွေ့နေရတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

စစ်ရေးအရှိန်မြှင့်ဖို့ မန္တလေး PDF က စစ်ကိုင်းတပ်မဟာ ဖွဲ့စည်းမယ်လို့ဆို (ရုပ်/သံ)

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက လာမယ့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ တပ်မဟာအသစ်တခု ဖွဲ့စည်းဖို့လုပ်ဆောင်နေပြီး စစ်ရေးအရှိန်အဟုန်လည်း တိုးမြှင့်သွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက် ညက ထုတ်ပြန်ခဲ့ပါတယ်။

စာသင်ကျောင်းအနီးက လောင်းကစားဝိုင်းတွေကို ဖမ်းဆီးပေးဖို့ သဲကုန်းဒေသခံတွေလိုလား

“အပတ်စဉ် ၁ ပတ်ကို ၄ ရက်လုပ်နေတာ ၁ လလောက်ရှိပြီ။ မှတ်တိုင်ရွာဘက်က ပျူစောထီးချစ်ကို ဦးဆောင်လုပ်တာ။ ခရိုင်ရဲ၊ ခရိုင်ထွေအုပ်တွေ ဒကစတွေနဲ့ သဲကုန်းက စကစတွေ ရဲတွေကို ငွေပေးလုပ်နေတာ။”

တောင်သာက ပျူစောထီးခေါင်ဆောင်နေအိမ်ကို ပကဖ ဝင်တိုက်ပြီး လက်နက်ခဲယမ်းတွေသိမ်းဆည်း

“ကျနော်တို့ စီးနင်းတိုက်ခိုက်တော့ သူတို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်၊ သူတို့ကိုင်ဆောင်တဲ့ လက်နက်တွေတော့ ကျန်ခဲ့တယ်။”

စစ်ရေးအရှိန်မြှင့်ဖို့ မန္တလေး PDF က စစ်ကိုင်းတပ်မဟာ ဖွဲ့စည်းမယ်လို့ဆို

ပြည်သူ့ကာကွယ်ရေးတပ်မတော် မန္တလေးက လာမယ့် ၂၀၂၅ ခုနှစ်အတွင်း စစ်ကိုင်းတိုင်းမှာ တပ်မဟာအသစ်တခု ဖွဲ့စည်းဖို့လုပ်ဆောင်နေပြီး စစ်ရေးအရှိန်အဟုန်လည်း တိုးမြှင့်သွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက် ညက ထုတ်ပြန်ခဲ့ပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10