မင်းတပ်က စခန်းစွန့်ထွက်ပြေးလာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ဆောမှာဖမ်းခံရ
"နေ့မနားညမနား ပြေးခဲ့ကြတာပေါ့။ လက်နက်တွေလည်း ကျပျောက်ခဲ့ပြီပြောတယ်။ လက်ရှိမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်။"
"နေ့မနားညမနား ပြေးခဲ့ကြတာပေါ့။ လက်နက်တွေလည်း ကျပျောက်ခဲ့ပြီပြောတယ်။ လက်ရှိမှာ ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားပါတယ်။"
“သူတို့က ပေါ်တာတွေ လိုက်ဆွဲတော့လေနော့်၊ သူတို့ဘက်ပါတဲ့ဟာတွေ၊ သူတို့ကို ထောက်ခံတဲ့ဟာတွေပါ အကုန်ထွက်ပြေးကြတာ။ ထွက်ပြေးကြတော့ အဲ့လိုစာကပ်ပြီး ပြန်ခေါ်နေရတယ်။”
“ပြည်သူတွေက ကြိုရှောင်ထားကြတော့ဖမ်းဆီးခံရတာတွေမရှိဘူး။ သူတို့ကတဲတိုက်တွေဗျ။ ဟိုနားတစုဒီနားတစုနေတာ။ လယ်ယာမြေရှိတဲ့နားလေးတဝိုက် အဲ့လိုဆောက်ထားတဲ့အိမ်မျိုးတွေ အခုလို မီးရှို့ခံရတာပထမအကြိမ်ပဲ။ မီးရှို့လို့ရတဲ့ဟာမှန်သမျှအကုန်ရှို့သွားတာ၊ အိမ်မှာရှိတဲ့ ဒန်အိုးဒန်ခွက်တွေက အစရှို့တာ”
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရွာက BOC ဆီဆိုင်နားမှာ ဆီဆိုင်ညစောင့်ဝန်ထမ်းတွေကို ဆားလင်းကြီးမြို့နယ်ပကဖ ဘဏ္ဍာရေးတာဝန်ခံနဲ့ ရဲဘော် ၄ ဦးက ဓားအိမ်နဲ့ ဦးခေါင်းကွဲတဲ့အထိ ရိုက်နှက်ခဲ့တဲ့ အမှုဟာ ၁ လကြာတဲ့အထိ အရေးယူပေးတာမျိုး မရှိသေးဘူးလို့ နစ်နာသူတွေဆီက သိရပါတယ်။
မန္တလေးတိုင်းအခြေစိုက် စစ်ရေးလှုပ်ရှားနေတဲ့ ယူနီကွန်းပြောက်ကျားတပ်ဖွဲ့ဆီကို ဒီဇင်ဘာ ၂၃ ရက်မှာ စစ်ကောင်စီတပ်သား ၁ ဦး အလင်းဝင်လာခဲ့တယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။
“ စစ်ကြောင်းလာတဲ့ဘက်က ရွာတွေ အဓိကရှောင်ရတာပေါ့။ ပေါက်နဲ့မြိုင်နယ်ဘက်တွေကို ရှောင်နေရတယ်။ မြို့ပေါ်ရော၊ ရွာဘက်ရောဆို ဒေသခံ ၇,၀၀၀ ကျော်ရှိတယ်။”
"သေသူအမျိုးသမီးက အိမ်ထဲကနေ ကားထုတ်တုန်းမှာပြန်ပေးဆွဲတာလို့ပြောတယ်။ လူခေါ်တာမှာ လူကမလိုက်လို့ သေနတ်နဲ့ လေးချက်ပစ်သတ်ထားခဲ့တာ။”
မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဇရပ်ကြီးရွာ စာသင်ကျောင်းကို စစ်ကောင်စီတပ်သားတွေက လေကြောင်းအပြင် စက်တပ်မောင်းနှင်တဲ့ လေထီးအသုံးပြုပြီး ဒရုန်းဗုံးသီးနဲ့ပါ တိုက်ခိုက်ခဲ့လို့ ကျောင်းဆောင်တချို့ ထိမှန်ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
"ဦးရွှေတင့်အိမ်ကျ ငွေလည်းပါသွားတာများတယ်။ ရိုက်နှက်လည်းခံရတာရှိတယ်။ သူက ထိုးကြိတ်ခံရတာဆိုတော့ ဒဏ်ရာလည်းများတယ်။ ဦးမောင်ဝင်းအိမ်ကျတော့ ၂ ယောက်တည်း လာတာဆိုတော့ ထိုးကြိတ်မခံရဘဲ ငွေပါသွားတာ"
သင်တန်းဆင်းပွဲလုပ်တဲ့နေ့မှာပဲ တက်ရောက်ခဲ့တဲ့သင်တန်းသား တယောက်စီတိုင်းကို ကျည်ကာ၊ ဦးထုပ်၊ စစ်ဖိနပ်၊ ယူနီဖောင်းအပြင် မောင်းပြန်ရိုင်ဖယ် ဒါမှမဟုတ် ၆၀ မမ စိန်ပြောင်း ၁ လက်စီပေးခဲ့တယ်လို့ ယင်းမာပင်ခရိုင် တပ်ရင်း ၆ သတင်းမှန်ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံခရိုင်ရှိ ကျေးရွာ ၈ ရွာမှာ ပြည်သူတွေ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်ကာကွယ်နိုင်ဖို့အတွက် ဗုံးခိုကျင်းတွေ တူးပေးခဲ့တယ်လို့ သိရပါတယ်။
"ကျနော်တို့စုံစမ်းတော့ ရဲတွေကို ကင်းစောင့်ချိန်ပဲ လက်နက်ပေးကိုင်တယ်။ မနက် ၇ နာရီနဲ့ည ၇ နာရီကြားမှာ ရဲအရာရှိတွေဆီ လက်နက်ပြန်အပ်ရပြီး လက်နက်ဂိုထောင်ထဲသိမ်းထားကြတယ်။"
"အဲ့ဒီဦးလေးအိမ်ကိုလည်းရောက်ရော PDF ဆိုင်ကယ်တွေ့တယ်ဆိုပြီး ဆိုင်ကယ်လည်းမီးရှို့ပြီးတော့ သူ့ကိုလည်း ရက်ရက်စက်စက်သတ်ပစ်လိုက်တယ်။ ပြီးတော့ မိုင်းတွေလည်း ဆင်ခဲ့တယ်။ ဝါယာကြိုးတွေနဲ့ အဲ့ဒီလူအောက်မှာ မိုင်းမြှုပ်ခဲ့တယ်။"
တော်လှန်ရေးတပ်ဖွဲ့ဝင်တွေအနေနဲ့ ဝက်ပုတ်ကျေးရွာအနီးက သရက်ကွရွာတိုက်ပွဲမှာ ကျဆုံးသွားတဲ့ ရဲဘော် တွေရဲ့ နာရေးရက်လည်ကို အာရုံစိုက်လုပ်နေတဲ့အချိန်မှာ အလစ်အငိုက်ဝင်ရောက်တိုက်ခံလိုက်ရတာဖြစ်တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ဒီဘက်က ကြက်သွန်ရာသီဖြစ်နေတာလေ။ ကြက်သွန်ရာသီဆိုတော့ ဒီလမ်းမှာတွေ့သမျှ ကြက်သွန် စိုက်ခင်းကလူတွေကို ဖမ်းခေါ်သွားတယ်။ ဒီဘက်က ဧကပြတ်တွေစိုက်တဲ့အခါကျတော့ မနက် အစောကြီးသွားကြတယ်။ အဲ့လိုသွားပြီးတော့ ညဆိုလည်း မိုးချုပ်အထိစိုက်ကြတယ်လေ၊ နေ့စားမဟုတ်တဲ့အခါကျတော့ မနက်အစောကြီးသွားကြတယ်။ အဲ့အချိန်မှာ ဖမ်းခံရတယ်လို့ ယူဆတယ်။”