သတင်းတို

အင်အားဖြည့်လာတဲ့ စစ်ကား မိုင်းဆွဲခံရလို့ ၁၃ ဦးသေဆုံးတယ်လို့ဆို

"အဲဒီကားကို မြင်းမူနဲ့ဝမ်းပြည့်ကြားမှာ မိုင်း ၂ ကြိမ် ဆွဲတယ်။ ဝမ်းပြည့်နဲ့အလ္လကပ္ပကြားမှာ ၄ ကြိမ်ဆွဲတယ်။ ကားကတော့ စခန်းကို ဆက်မောင်းသွားတယ်။ တိုက်ခိုက်ခံရလို့ ကားပေါ်မှာ အော်ဟစ်ညီးညူသံတွေ ကြားလိုက်ရတယ်။ ကျနော်တို့သတင်းပေးပြောချက်အရ ၁၃ ကောင် ကားပေါ်မှာတင် သေတယ်။ ဒဏ်ရာရတဲ့ အရေအတွက်ကိုတော့ မသိရဘူး။ သူတို့ကို ဒီမနက်မှာ ဆေးရုံကိုတင်ဆောင်သွားကြတယ်"

စစ်ကိုင်းမြို့ပေါ်မှာ အမျိုးသား ၂ ဦးတွဲ ဆိုင်ကယ်စီးနင်းလို့ ဖမ်းဆီးထောင်ချခံရမှုတွေရှိနေ

“ယောကျာ်းလေး ၂ ယောက် မစီးရဘူးလို့ ကြိုပြီးထုတ်ပြန်တာမျိုးလည်း မရှိဘူး။ လိုက်ကြေငြာတာမျိုးလည်း မရှိဘူး။ အဲ့ဒီနေ့မနက်ကတော့ ရပ်ကွက်တွေထဲမှာတော့ လိုက်ပြောတာမျိုးရှိတယ်လို့တော့ သိရတယ်။ ယောကျ်ားလေး ၂ ယောက်ပိုးကိုတော့ မထင်ရင်မထင်သလို ဖမ်းတယ်။ ညနေ ၆ နာရီ နောက်ပိုင်းလောက်မှာ ဖမ်းတာပိုများဖမ်းတယ်။ လမ်းဂွတွေမှာ စောင့်ဖမ်းတာ”

ကနီက ပြည်သူ့အခြေပြု ကျောင်းတကျောင်းမှာ ပညာရည်ချွန်ဆုပေးပွဲ ကျင်းပ

“စာမေးပွဲ ပညာရည်ချွန်ဆုပါ။ ပထမ၊ ဒုတိယ၊ တတိယ ဆုတွေပေါင်းပြီး ဆုပေါင်း ၁၅ ဆုပါ။ ဆုပေးပွဲမှာ ဖျော်ဖြေရေးတွေလည်း ပါပါတယ်။ အခုလို ကျင်းပပေးရတာဟာ ကလေးတွေကို စာကြိုးစားလာအောင် ကျောင်းဆက်တက်ချင်တဲ့စိတ်ပေါက်အောင်၊ မိဘ ဆရာ ကျောင်းသားတွေနဲ့လည်း တွေ့ဆုံလို့ရအောင် ရည်ရွယ်ချက်နဲ့ လုပ်ဆောင်ပေးရတာပါ”

တိုက်ပွဲတွင်း အထိနာတဲ့စစ်အုပ်စုက ရွာကိုမီးဝင်ရှို့လို့ တရွာလုံးနီးပါး မီးလောင်ပျက်စီး

“လေဖြတ်ထားတဲ့ ဘိုးဘွားတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ ကလေးတွေကို အရေးပေါ်ကယ်တင်ထားရတယ်။ နေ့လည်ပိုင်း မီးရှို့ခံရပြီး ညပိုင်း နယ်မြေရှင်းလင်းရေးနဲ့ စစ်ရှောင်ပြောင်းရွှေ့ရေး လုပ်ရတယ်။ ပြည်သူတွေကိုလည်း ကျနော်တို့ ခံစစ်အဝန်းအဝိုင်းအတွင်းက နယ်မြေစိုးမိုးပြီးသား ကျေးရွာတွေကို ပြောင်းရွှေ့အခြေချထားပါတယ်"

ရောဂါကြောင့် စိတ်ဖိစီးမှုများပြီး အမျိုးသမီး ၁ ဦး ကြိုးဆွဲချသေဆုံး

"သူ့မိသားစုတွေကနေ သိရတာက သူက အစာအိမ်အနာပေါက်တာကို သူ့ကိုယ်သူသေလူဆိုပြီး သတ်မှတ်ထားတာ။ သူ့ရောဂါနဲ့ပတ်သက်ပြီး စိတ်ဖိစီးမှုများပြီး လုပ်လိုက်တာလို့တော့ သိရတယ်။ ကျန်တဲ့ လူမှုရေးကိစ္စ၊ စီးပွားရေးပြသနာမရှိဘူး"

ဘုတလင်မှာ အမျိုးသား ၆ ဦးကို စစ်တပ်က ကြိုးတုတ်ပြီးဖမ်းခေါ်သွား

"စကစတွေ စစ်ကြောင်းထိုးခဲ့တဲ့ရွာတွေက မြို့ရဲ့တောင်ဖက်မှာ ရှိတာ။ မြို့နဲ့ သိပ်မဝေးပါဘူး။ ဖမ်းလာတဲ့အမျိုးသား ၆ ယောက်ကိုတော့ ၂ ယောက်တတွဲစီ ကြိုးတုပ်ပြီးတော့ မြို့ထဲကို ခေါ်သွားတာ။ သူတို့ဘယ်ရွာက ဆိုတာကိုတော့ မသိရှိရသေးဘူး"

နေအိမ် ၂၀ ကျော်ကို မီးရှို့ခဲ့တဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံးဟုဆို

“စကျင်ရွာနဲ့ မတ္တရာအကြား တံတားဖြူအနီးမှာ မနက် ၈ နာရီလောက်ခန့်က ပဒေသာမိုင်း ၅ လုံးဆွဲလိုက်တာ၊ တိုက်ပွဲမှာ ထိခိုက်သေဆုံးတဲ့ ထီးတော်မိုးတပ်က စစ်သားအလောင်းနဲ့ ဒဏ်ရာရသူတွေကို ကားနဲ့ မတ္တရာဆေးရုံကိုပို့ပြီး ဗိုလ်မှူး ၁ ယောက်ကိုတော့ မန္တလေးဆေးရုံကို လွှဲတယ်”

တောင်ငူလေတပ်‌ကို ရှော့တိုက်ဒုံး ၈ လုံးနဲ့တိုက်ခိုက်လို့ ရဟတ်ယာဥ် ၁ စီးထိခိုက်ပြီး ၃ ဦးသေဆုံးဟုဆို

"ပထမရက်မှာ ၄ လုံး သွားပစ်တယ်။ နောက်တရက်မှာ ၄ လုံး သွားထပ်ပစ်တယ်။ တိုက်ခိုက်မှုဖြစ်စဥ်မှာ ထိခိုက်ပျက်စီးသေဆုံးတွေက ထုတ်ပြန်ပေးထားတဲ့အတိုင်းပါပဲ။ အဲဒါကတော့ သေသေချာချာစုံစမ်းပြီး ဖရဲသီးတွေဆီက ရတဲ့အချက်အလက်တွေအရ ထုတ်ပြန်ထားတာဖြစ်ပါတယ်။ နောက်ဆက်တွဲ အခြေအနေတွေကတော့ ထပ်မသိရသေးဘူး"

ရွာထဲမှာတပ်စွဲနေတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးဒဏ်ရာရ

"ဒီနေ့မှာ စုံစမ်းသိရတာက စကစ ၃ ကောင် ဒဏ်ရာပြင်းပြင်းထန်ထန် ရသွားတယ်တဲ့။ သူတို့ကိုတော့ ဆေးရုံမပို့ဘဲ စခန်းထဲမှာပဲ ကုသနေတယ်လို့ သိရတယ်။ လက်နက်ကြီး ၅ လုံးပစ် တာမှာ ၂ လုံးက ရှုံးသွားတယ်။ ကျန် ၃ လုံးက တော့ စခန်းကို ထိထိမိမိ ကျသွားတာ"

မကွေးတိုင်းမှာ သင်တန်းဆင်းပွဲနဲ့ လက်နက်ပေးအပ်ပွဲ ကျင်းပ

“အဓိက ဦးစားပေးတာတော့ လေ့ကျင့်ရေးပိုင်း သင်တန်းပိုင်းကို ဦးစားပေးတယ်။ လေ့ကျင့်မှုတွေက အတွေ့ကြုံရှိတဲ့ဆရာတွေကနေပြီး သင်ကြားပေးတာဖြစ်တယ်။ တနိုင်ငံလုံးမှာလည်း အင်တိုက်အားတိုက်နဲ့ သင်တန်းတွေ လုပ်နေကြပါတယ်။ မကြာတော့တဲ့ကာလမှာ အရည်ချင်းပြည့်ဝတဲ့ စစ်သားကောင်းတွေ ပေါ်ထွက်လာတော့မှာပါ။"

စစ်ကောင်စီ စစ်ကြောင်းဝင်နေလို့ ဆားလင်းကြီးဒေသခံ ၇၀၀၀ ကျော်ထွက်ပြေးနေရ

"ကျော်မှော်ကနေ စဝင်လာလိုက်တာ။ ခုတော့ နောက်ဆုံးအခြေနေက ဝဲကွဲ၊ ဝဲကြီးဘက်ကို ရောက်နေတယ်လို့တော့ သိရတယ်။ စစ်ကြောင်းဝင်လာတော့ ရွာတွေက ဒေသခံတွေကတော့ ကြောက်ပြီးပြေးနေရတယ်။ နေရဲတဲ့သူတွေက နည်းတယ်"

စစ်တပ်က ချေမှုန်းဖို့ထက် ခံစစ်ကိုပဲ ပိုပြီးပြင်ရတော့မယ့် အနေအထားလို့ PDF ဆို

"ရန်သူဘက်ကလည်း ရန်သူအလုပ်ဖြစ်တဲ့ ကျနော်တို့ကို ချေမှုန်းသွားမယ်လို့ ယုံကြည်ထားသလို ကျနော်တို့ကလည်း တော်လှန်ရေးသက်တမ်းနုတဲ့ တော်လှန်ရေးသမားတွေဖြစ်တယ်ဆိုသည့်တိုင်အောင်ပဲ ကျနော်တို့သည် ကောင်းမွန်တဲ့ဗျူဟာတွေ တုံ့ပြန်မှုတွေနဲ့ အာဏာရှင်ကို တွန်းလှန်တိုက်ခိုက်နိုင်ကြမယ်လို့ ယုံကြည်ပါတယ်"

မပေါက်ကွဲသေးတဲ့ ဗုံးသီးကိုကိုင်မိရာမှ ပေါက်ကွဲမှုဖြစ်ပြီး တောင်သူ ၁ ဦးသေဆုံး

“ကိုကျော်လင်းကတော့ ၄၀ မမ ဗုံးသီးပေါက်ကွဲပြီး သေဆုံးခဲ့တယ်။ လက်ရှိမှာတော့ ဗုဒ္ဓဘာသာနည်းအတိုင်းပဲ သင်္ဂြုလ်ဖို့ လုပ်ထားပါတယ်။ သူနဲ့အတူ ပါလာတဲ့သူလည်း ဒဏ်ရာအနည်းအငယ် ရခဲ့တယ်”

ကနီမြို့ပေါ်က ချိတ်ပိတ်ခံရတဲ့အိမ်တွေနဲ့ ဝန်ထမ်းအိမ်ယာတွေမှာ ပျူစောထီးတွေကို နေခွင့်ပေး

"စခန်းစွန့်ပြီး ပြေးလာတဲ့သဘောပဲ။ ဘာဗျူဟာတွေ ခင်းနေသလဲ သတိထားရမယ်ဗျာ့။ စစ်ဆင်ရေး တိုးမြှင့်နိုင်တယ်။ ပျူစခန်းကိုအယောင်ပြပြီး စစ်မြှူတဲ့သဘောတွေ လုပ်လာနိုင်တယ်။ သူတို့ရဲ့ထောက်ပို့လမ်းကြောင်းအတိုင်းတွေ ကြပ်လာတော့ စားဝတ်နေရေးခက်ခဲလာတယ်။ ငတ်လာတော့ ပြည်သူတွေရှိရာ ပြေးလာရပြီပေါ့"

ပြည်မြို့မှာ သင်္ကြန်စည်ကားဖို့ စစ်ကောင်စီက နည်းမျိုးစုံနဲ့ ကြိုးစားနေ

"စကစ ထောက်ခံတဲ့သူအချို့ ရာအိမ်မှုး၊ ဆယ်အိမ်မှုး၊ အုပ်ကြီး၊ ဒလန် သူ့လူနဲ့သူ စီစဥ်နေပြီး ပြည်သူလူထု အများစုကတော့ စိတ်ဝင်စားမှု နည်းပါးတာတွေ့ရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10