သတင်းတို

ကနီနယ်က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ လူနေအိမ်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲ

"မနေ့က ကြားရသလောက်က ချောင်းမရွာနဲ့ ၅မိုင်အကွာလောက်မှာထိတွေ့ပစ်ခတ်မှုဖြစ်တယ်။ အဲ့ဒါကို လေယာဉ် ၂ စီးနဲ့ ရှေ့ဆင့်နောက်ဆင့် ရွာထဲကို ဗုံးလာကြဲသွားတာ။ ၇ နှစ်ကလေးငယ်တဦး ဒဏ်ရာရသွားတယ်။ အိမ်ခြေတွေ ဘယ်လောက်ပျက်စီးသွားလဲ ဆိုတာတော့မသိရသေးဘူး"

မုန်တိုင်းကြောင့် မကွေး-ပွင့်ဖြူ-စလင်းလမ်းက တံတားငယ်တစင်းပျက်လို့ သွားလာရေးအခက်တွေ့နေ

"မုန်တိုင်းမိုးကလည်းရွာ၊ ရေကလည်းတအားကြီးတော့ တံတားအောက်ခြေတိုင် ဘယ်နေ့ကပျက်လည်းတော့ မသိဘူး။ ကားကြီးကားငယ်တွေ မသွားဖို့ကိုတော့ ပိတ်ထားလိုက်ပြီ။ စက်ဘီး ဆိုင်ကယ်လောက်ပဲ သွားခွင့်ပြုတယ်။ ကားကြီးကားငယ်တွေ အခက်အခဲကြုံသွားတာပေါ့"

ယင်းမာပင်မှာ ရေဘေးဒဏ်ခံနေရတဲ့ကြားက သပိတ်စစ်ကြောင်းထွက်

မေလ ၁၈ ရက် ဒီကနေ့မနက် ၈ နာရီဝန်းကျင်က ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံသပိတ်ရဲ့ ၇၉၂ ရက်မြောက်နေ့အဖြစ် “ကြောက်ခေတ်ကို မှောက်ပစ်”စာသားပါ ဘန်နာတွေကိုင်စွဲပြီး အဖွဲ့ဝင်တွေက ဆန္ဒပြကြွေးကြော်ခဲ့ကြတယ်

စစ်ကောင်စီတပ်က လူ ၁၉ ဦးကိုသတ်ဖြတ်မှု ကမ္ဘာသိအောင် လုပ်ဆောင်သွားမယ်လို့ဆို

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ကျနော်တို့ ကရင်မိတ်ဖက်အဖွဲ့တွေရှိတယ်။ ချိတ်ဆက်လုပ်ဆောင်နေတဲ့ အဖွဲ့တွေရှိတယ်။ အဲဒီကနေတဆင့် ဆင့်ကဲဆင့်ကဲနဲ့ တကမ္ဘာလုံးသိအောင်လုပ်သွားဖို့ရှိပါတယ်”

စစ်တောင်းမြစ်အတွင်း ငါးမဖမ်းရရာသီမှာ ငါးဖမ်းဆီးသူပိုများလာ

"ငါးရစ်ငါးသန်းကာလဆို ငါးတွေသားဥချချိန်ဆိုတော့ သာမန်ငါးလုပ်ငန်းလုပ်သူတွေက ငါးမဖမ်းကြဘူး။ ဒါပေမယ့် တရားမဝင်ငါးဖမ်းသူတွေကတော့ ပွဲတော်လိုဘဲ ဖမ်းနေကြတာ။ သူတို့တွေက ကဝမြို့နယ်ဘက်ကအဖွဲ့ (စစ်ကောင်စီအဖွဲ့)ကို ငွေပေးထားတော့ ဘယ်သူမှဂရုစိုက်စရာမလိုဘူးဆိုပြီး ဖမ်းနေကြတာ။ အရင်က တရားဝင်လုပ်သူအချို့တောင် သူတို့ကို ငွေပေးပြီး တရားမဝင်ပဲ ငါးဖမ်းနေကြတယ်" လို့ ပြောပါတယ်။

ပဲခူးမှာ PDF တွေ အလင်းဝင်ဖို့ စစ်ကောင်စီရဲ့ ဝါဒဖြန့်လုပ်ရပ်ဟာ အရူးလုပ်ရပ်လို့ ပကဖ တုန့်ပြန်

"ဒီမနက်ပိုင်းကတည်းက သူတို့လုပ်တာက ဟုတ်တယ်။ PDF တွေအလင်းဝင်ဖို့၊ ဝင်လာရင် ဘာပေးမယ်ညာပေးမယ်ပေါ့။ မြို့ရဲ့လူသွားလူလာများတဲ့လမ်းတွေ၊ စျေးတွေလိုနေရာတွေမှာ လုပ်သွားတာ"

ရေလှောင်ကန်ထဲသတိလစ်နေတဲ့သူကို ဆင်းကယ်တဲ့အမျိုးသား အောက်ဆီဂျင်ပြတ်သေဆုံး

“ရေလှောင်ကန်ကို ကွန်ကရစ်လောင်းပြီးသွားလို့ ကန်ထဲက ဘုတ်ပြားတွေကို ဆင်းဆယ်တာကနေ သတိလစ်သွားတဲ့အလုပ်သမားကို သူကဆင်းကယ်တာ။ အဲ့ဒီကောင်လေးကို ကျနော်တို့ရောက်တော့ ဆွဲတင်ပြီးပြီးချင်း အောက်ဆီဂျင်တွေပေးသေးတယ် မရတော့ဘူး။ အဲဒီနေရာမှာပဲ ဆုံးသွားတယ်”

မုန်တိုင်းကြောင့် ပျက်စီးမှုရှိခဲ့တဲ့ ကျေးရွာကို PDF က ကူညီပြုပြင်

"ချောင်းအစပ်ကအိမ်တွေကို ရေတက်နေတဲ့အချိန် ကူညီကယ်ထုတ်ရပါတယ်၊ ရေတွေဝင်တာများလို့ ထုတ်ပေးတာ။ လမ်းတွေအိမ်တွေ ခြံစည်းရိုးပျက်စီးတာတွေ ပြင်ပေးခဲ့တယ်"

မုန်တိုင်းသင့်ပြီး စခန်းမှာထောင်ထားခဲ့တဲ့ ပဒေသာမိုင်းတွေနဲ့ စာဖတ်ခန်းကစာအုပ်တွေပျက်စီးသွား

“အဲ့နေ့က စစ်ကြောင်းနဲ့ မုန်တိုင်းကြောင့်ဌာနေကနေစွန့်ပြီး သွားခဲ့ရတယ်ဗျ။ စစ်ကြောင်းကလည်း သာလွန်အင်အားနဲ့ထိုးလာလို့ ရှောင်ခဲ့ရတယ်။ ပဒေသာမိုင်းကို ကျနော်တို့ စခန်းမှာသေချာထားခဲ့တာ ကျနော်တို့စခန်းကိုသာ စစ်ကြောင်းထိုးခဲ့ရင် အချိန်မီ မိုင်းခွဲဖို့ ပြင်ဆင်ထားလို့ပါ။ စခန်းထဲပြန်ရောက်လာတော့ အဲဒီမိုင်းတွေက ချောင်းရေကြောင့် သဲထုအောက်ကို မြုပ်ပြီးပျက်စီးသွားတယ်”

ကန့်ဘလူမှာ စစ်ကြောင်း ၄ ခုခွဲပြီး ထိုးနေလို့ ဒေသခံ သောင်းချီထွက်ပြေးနေရ

"စကစ စစ်ကြောင်းတွေက ရှေ့တရက်လောက်ကတည်းက အခြားရွာတွေဘက်မှာ ရောက်နေတာ။ ဒီမနက်အစောပိုင်းမှ ရွာ ၄ ရွာဘက်ကို ဦးတည်လာနေတာ။ စကစ စစ်ကြောင်းတကြောင်းက ရွာတွေကိုလည်း မီးရှို့နေတာရှိတယ်။ ကျန် ၃ ကြောင်းကတော့ မနက် ၁၀ နာရီလောက်ထိ ရွာတွေထဲကို မရောက်သေးဘူး။ စကစ စစ်ကြောင်းလာတော့ ဒေသခံတွေကတော့ အစောကြီးထပြေးနေရတယ်"

မီးဘေးရှောင်ရင်း ရေဘေးကြုံနေရတဲ့ ပြည်သူနေအိမ်တွေကို PDFက ကူညီရှင်းလင်းပေး

“သူတို့က မီးရှို့ခံရလို့ ရွာထဲပြန်မဝင်တော့ဘဲ ရှောင်နေရင်းနဲ့ ခုလိုရေဘေးထပ်ကြုံရတာ၊ တချို့က အိမ်ရယ်လို့ကို မသိရတော့ဘူး၊ အိမ်လိုက်ကြီး ရေထဲမျောသွားတာတွေရှိတယ်။ ရေအခြေနေပေါ်မူတည်ပြီး ထပ်ကူညီရမှာ။ ချောင်းနားနီးတော့ တချို့အိမ်တွေဆို ခုထိရေထဲမှာ မြုပ်နေတုန်းပဲ”

ပေါင်းတည်မှာ စစ်ကောင်စီစစ်ကြောင်း ၆ ကြိမ်တိုက်ခိုက်ခံရလို့ ၅ ဦးသေဆုံးဟုဆို

"ရိုးမအစပ်မှာ စစ်သားကအင်အား ၁၀၀ ကျော်ရှိတယ်။ အဲဒီ ၁၀၀ ကျော်ကနေ တခါတလေ စစ်ကြောင်း ၄ ကြောင်းဖြန့်ထိုးတယ်။ ကျနော်တို့ကလည်း အနီးကပ်တိုက်တာတွေရော သွားလမ်းလာလမ်းတွေကိုရော မိုင်းထောင်မိုင်းဆွဲတာ ထိတွေ့မှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့တယ်၊ အနီးကပ်မြင်ရတာရော ကင်းထောက်တွေရဲ့သတင်းပေးမှုတွေအရ စစ်သား ၅ ဦးထက်မနည်းသေပြီး ဒဏ်ရာရသူတွေလည်းရှိတယ်"

မုံရွာမှာ လုံခြုံရေးတင်းကြပ်တဲ့ကြားက လူငယ်တွေဆန္ဒပြ

မုံရွာလူငယ်များအစည်းအရုံးစာတန်းပါ ဗီနိုင်းနဲ့အတူ “ခေတ်သစ်ရောက်ဖို့ အာဏာရှင်မှန်သမျှမောင်းထုတ်စို့” စာသားတွေရေးထားတဲ့ အာဏာရှင်ဆန့်ကျင်ရေးစာရွက်တွေကို မြို့ပေါ်ဈေးတခုမှာဖြန့်ဝေပြီး မုံရွာအကျဉ်းထောင်ရှေ့မှာလည်း အာဏာရှင်ဆန့်ကျင်ရေးစာရွက်တွေကို ဖြန့်ကြဲခဲ့တယ်

စစ်ကောင်စီက လုံခြုံရေးယူပြီး တံတားပြင်နေတဲ့အဖွဲ့ ဒရုန်းနဲ့တိုက်ခိုက်ခံရ

"ဒရုန်းဗုံးကျလို့ ထိခိုက်ဒဏ်ရာရသူတွေရှိတာက ဟုတ်ပါတယ်။ ဗုံးကျတလုံးပဲကျတာ။ လုံခြုံရေး ယူထားတဲ့ စကစ အဖွဲ့ဝင်ရော တံတားလုပ်သားတွေရော ထိခိုက်သွားတာဟုတ်တယ်။ ဒရုန်းဗုံးကျပြီးနောက်တော့ တံတားပြင်နေတဲ့အဖွဲ့တွေက ဆက်မလုပ်တော့ဘဲ နားထားတယ်လို့တော့ သိရတယ်"

ဓာတ်အားလိုင်းတိုင်တွေကျိုးလို့ ပခုက္ကူတနယ်လုံး ရက်ရှည်လျှပ်စစ်မီးပြတ်တောက်နိုင်ပြီး သောက်သုံးရေခက်ခဲနေ

“မီးက ၃ ရက်ထက် ပိုကြာနိင်တယ်၊ ရေတွင်းရှိတဲ့သူတွေကတော့ ရေတွင်းကရေကို ကြိုးနဲ့ဆွဲပြီးသုံးရတယ်။ ရေကတော့ အဆင်မပြေဘူး၊ ဒီထပ်ပိုကြာရင် ပိုဆိုးမှာ။ ချိုးရေထက် သောက်ရေနဲ့ ထမင်း၊ဟင်းချက်ဖို့က လိုတယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10