သတင်းတို

ကဝမြို့နယ်မှာ ရဲတဦးအနီးကပ်ပစ်ခတ်ခံရပြီး ပွဲချင်းပြီးသေဆုံး

"ရဲတွေကရှမ်းကန်ရွာဘက်ကနေ သပြုရွာဘက်ကို မောင်းလာတာပါ။ ရဲဘော်တွေနဲ့မျက်နာချင်းဆိုင်ပေါ့၊ ရဲဘော်တွေမျက်မြင်အရ နောက်ကစီးလာတဲ့ ရဲကျည်ထိပြီး ‌ဆိုင်ကယ်ပေါ်ကနေ မြေကြီးပေါ် လန်ကျသွားတယ်။ ဗိုက်ကို ဖိပြီးအော်နေတယ်။ မြေပြင်သတင်းရင်းမြစ်‌တွေအရ ပွဲချင်းပြီးသေတယ်လို့ သိရတယ်"

မိုင်းဆွဲခံရလို့ သေဆုံးမှုရှိခဲ့တဲ့ စစ်အုပ်စုက လက်နက်ကြီးနဲ့ပစ်ခတ်လို့ ဒေသခံ ၆ ဦး ဒဏ်ရာရ

"ပဒေသာမိုင်းနဲ့တိုက်ခိုက်တဲ့အခါ ၇ ကောင် ပွဲချင်းပြီး သေတယ်။ မျက်မြင်တွေ့ခဲ့တာ။ ဒီလိုသေတဲ့အချိန်မှာ တခြားကောင်တွေက ခြုံတွေထဲကို တိုးဝင်ကြတယ်။ သေဆုံး၊ဒဏ်ရာရတဲ့ကောင်တွေကိုတော့ ကားတစီးနဲ့ ရေဦးမြို့ဘက်ကို သယ်သွားတယ်"

မင်းကင်းက စစ်သားနဲ့ပျူ ပူးပေါင်းစခန်းကို PDF တွေသိမ်းပိုက်နိုင်ခဲ့

"ကျနော်တို့တွေက ဒီစခန်းကိုသိမ်းပိုက်နိုင်ဖို့ တလကျော်ကြာ အစီအစဥ်ချခဲ့ရတယ်။ စခန်းထဲကို ဝင်ရောက်မီးရှို့နိုင်ခဲ့တယ်။ စကစနဲ့ပျူတွေမှာ ကျန်ခဲ့တဲ့လက်နက်တွေနဲ့ မိုင်းပစ္စည်းတွေကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်။ စကစဘက်က လေယာဥ်မလာမီ သိမ်းနိုင်ခဲ့တာပါ"

လင်မယား ၂ ဦးလိုက်ပါလာတဲ့ အိမ်စီးကား အမြန်လမ်း လမ်းလယ်ကျွန်းကို တိုက်မိပြီးအမျိုးသမီးဖြစ်သူ သေဆုံး

"ကားပေါ်မှာက လင်မယား၂ယောက်ပဲ ပါတယ်။ လမ်းလယ်ကျွန်းတိုက်ပြီး နေရာမှာပဲ အမျိုးသမီးက သေဆုံးသွားတယ်။ ကျနော်တို့သိရသလောက် ခါးပတ်မပတ်တာလည်း ပါမယ်ထင်တယ်။ တိုက်တဲ့အရှိန်ကလည်း များတယ်။ ကားခေါင်းနဲ့တည့်တိုက်တဲ့ ပုံစံပဲ"

KNU/KNLA(PC) စစ်ရေးချုပ် ဗိုလ်ချုပ်အဲ့ခု ကိုယ့်ကိုကိုယ်အဆုံးစီရင်သွား (Breaking News)

KNU/KNLA(PC) စစ်ရေးချုပ် ဗိုလ်ချုပ်အဲ့ခု ဟာ ဒီကနေ့ မနက်ပိုင်းကပဲ မြဝတီမြို့နယ်၊ ထလော့ကျေးရွာက သူ့ရဲ့နေအိမ်မှာပဲ ကိုယ့်ကိုကိုယ် အဆုံးစီရင်သွားခဲ့တယ်လို့ KNU/KNLA(PC) နဲ့ နီးစပ်သူတဦးထံက သိရပြီး သေဆုံးမှုနှင့်ပတ်သက်တဲ့ အကြောင်းအရာများကို ဆက်လက်စုံစမ်းနေပါတယ်။

သင်္ကြန်ကာလ ညအိပ်ဧည့်သည်လက်မခံဖို့ စစ်ကောင်စီကဖိအားပေး

"ဒီကာလမှာ ဧည့်သည်လာရင် နေ့ခင်းဘက်တော့ ရတယ်။ ညအိပ်လက်မခံဖို့ ပြောနေတယ်။ စာထုတ်တာတော့ မဟုတ်ဘူး။ ပါးစပ်နဲ့ လိုက်သတိပေးခိုင်းတာပေါ့။ သူတို့ကတော့ PDF တွေ စိမ့်ပြီးဝင်လာမှာ ကြောက်ပြီးလုပ်တာလို့ မြင်တယ်။ ပျူတွေကိုလည်း ကိုးလုံးတတောင့်ထိုးတွေပေးပြီး ရဲတွေနဲ့ပူးပေါင်း စစ်ဆေးခိုင်းတွေလုပ်နေတယ်"

ပအဖ ရုံးဖွင့်ပွဲ လေယာဥ်နဲ့လာပစ်လို့ ကလေးငယ်တွေအပါအဝင် ၅၀ကျော်သေဆုံး

"အတွင်းစည်းပေါက်ကြားတာဖြစ်ဖြစ် နယ်ခံဒလန်ပေးပို့လို့ပဲဖြစ်ဖြစ် အခုလိုအတိအကျသိပြီး လာပစ်တာခံရတာလို့ပြောတယ်။ အခုနောက်ပိုင်း ထပ်ကြားရတာက ပဇီကြီးရွာအတွင်း ပိတ်မိတဲ့ပြည်သူတွေ အကုန်သေတယ်လို့ ထပ်ကြားရတယ်အသေအပျောက်တအားများနေတယ် "

ဈေးကောက်ငွေတောင်းနေတဲ့ စစ်အုပ်စုပစ်ခတ်ခံရလို့ တပ်ကြပ် ၁ ဦး သေဆုံးဟုဆို

"ရွှေတန်ဆာ မနက်ခင်းဈေးမှာ ပစ်ခတ်မှုဖြစ်ပွားခဲ့တာ၊ ၄ ယောက်ထဲ ထွက်လာတာ။ ဘယ်တပ်က စစ်သားတွေဆိုတာတော့ မသိဘူး။ ကျနော်တို့က နောက်ကနေ လိုက်ပစ်ရတာကြောင့် ရှင်းရှင်းလင်းလင်း မြင်ရပြီး ၁ ယောက်က အဲ့ဒီနားမှာ လဲကျသွားတယ်။ ၁ ယောက်က ပေါင်ထိမှန်တယ်။ ၁ ယောက်က ခြေသလုံး မှန်တယ်။ ဒါကတော့ ကိုယ့်မျက်စိရှေ့တွင်မြင်တွေ့လိုက်ရတာ"

ကြို့ပင်ကောက်မှာ အမျိုးသားတဦး ရေနစ်သေဆုံး

"အရက်မူးပြီး ရေဆင်းကူးရာကနေ ရေနစ်သွားတာပါ။ ဆည်ရေကလည်း လွှတ်ထားတော့ ရေထိန်းတံခါးဆိုတော့ ရေဆွဲအားလည်း ရှိတယ်။ မူးနေတော့ ရေတံခါးအောက်မှာ ခေါင်းညှပ်ပြီး သေနေတာ"

ဘုရားကြီးမြို့ဂိတ်မှာ X-ray ဖြတ်ပြီးသား ကားတွေကို ရဲတွေက ငွေအတင်းလိုက်တောင်းနေ

“ပတ်ကင်းကားပုံစံနဲ့ လာသမျှကားတွေကို ငွေညစ်နေတာ၊ အဲ့ဒီဘက်မှာ စစ်တပ်ကတောင် အဲ့လောက်မဟုတ်တော့ဘူး။ သူတို့ရဲတွေပဲ တော်တော်ဆိုးဆိုးဖြစ်နေတာ၊ စကားအပြောဆိုမတတ်တဲ့သူတွေဆို စခန်းထဲအထိ ခေါ်သွားပြီး ငွေညစ်တယ်။ ကျနော်တို့မှာ ဟိုလည်းပေးရ ဒီလည်းပေးရ၊ လုံခြုံရေးကို အကြောင်းပြပြီး ကုန်တင်ကားတွေ Express တွေကို ပြဿနာမရှိ၊ ပြဿနာရှာ သေနတ်ပြပြီး ဓားမြတိုက်နေသလိုပါပဲ”

မြိုင်မှာ စစ်တပ်က ရွာကိုမီးရှို့ပြီး စိတ်ကျန်းမာရေးချို့တဲ့သူတဦးကို ပစ်သတ်

"ဘာတိုက်ပွဲမှမရှိပဲ တမင်သက်သက်လာပြီး မီးရှို့သွားတာ။ အိမ်ခြေတရာလောက်ရှိတာကို ၃ ပုံ ၁ ပုံလောက်ပါသွားတယ်။ ပထမဆုံးမီးရှို့ခံရတာပဲ။ သဲကြီးရွာက စိတ်မနှံ့တဲ့ အကိုတယောက်ကိုလည်း ညောင်အုပ်ရွာမှာပဲ ဦးခေါင်းတေ့ပစ်သွားတာ"လို့ ပြောပါတယ်။

PDF စခန်းကို စစ်အုပ်စုက လေကြောင်းပစ်ကူနဲ့ ဝင်ရောက်စီးနင်း

"ကျနော်တို့တည်နေရာကို စကစတွေက အတိအကျသိပြီးတော့ လေယာဥ် ၂ စီးနဲ့လာပစ်တာ။ မြေပြင်ကလည်း ဝင်စီးတယ်။ အဲ့အချိန်မှာ ကျနော်တို့က စခန်းမှာရှိတဲ့ လက်နက်၊ခဲယမ်းတွေကို ဘာတခုမှမယူခဲ့ရဘဲ ဆုတ်ခွာခဲ့ရတယ်။ စကစတွေက ကျန်ခဲ့တဲ့လက်နက်တွေနဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးသွားတယ်"

အမျိုးသား ၂ ဦးစီးဆိုင်ကယ်တွေကို စစ်ကောင်စီကဖမ်းပြီး ရိုက်နှက်ငွေတောင်းတာတွေ လုပ်နေ

"ဒီနေ့ (ဧပြီ ၁၀)မနက်တော့ အဖမ်းခံရတဲ့ အနီးအနားဝန်းကျင်ရွာက လူတွေအများကြီးလို့ လှမ်းပြောကြတယ်။ မြို့ပေါ်လူထုအနေနဲ့လည်း ဖုန်းလက်ခံပြောဖို့ကို လန့်နေကြတာဆိုတော့ အသေးစိတ်မေးဖို့ မရဘူး"

သင်္ကြန်မဏ္ဍပ်ဗုံးခွဲခံရပြီးနောက် စစ်ကောင်စီက အများသုံးလမ်းကို ပိတ်ပစ်

"ဘယ်အချိန် လမ်းပိတ်မှန်းတောင် မသိဘူး။ ကြိုပြီးအသိပေးတာလည်း မရှိဘူး။ ပိတ်ချင်ရင် ပိတ်လိုက်တာပဲ။ စည်းမဲ့ကမ်းမဲ့ လုပ်နေတာ။ ထပ်ပြီးဗုံးခွဲခံရမှာ ကြောက်လို့လေ"

သနပ်ပင်မြို့အဝင်စစ်ဆေးရေးဂိတ် မိုင်းခွဲခံရလို့ စစ်ကောင်စီတပ်သားတွေ ထိခိုက်မှုရှိနိုင်

"ရဲဘော်တွေက စကစတွေနဲ့ အနီးဆုံးနေရာထိ သွားပြီးတော့ မိုင်းဆင်ဖောက်ခွဲခဲ့တာဖြစ်တယ်။ ဂိတ်အနီးကို သိပ်ကပ်လို့မရတာကြောင့် အထိအခိုက် မခန့်မှန်းတတ်သေးပါဘူး။ ဗုံးကွဲပြီးတော့ အဲ့ဒီဂိတ်ကို လူနာတင်ယာဉ်တချို့ရောက်လာလို့ ထိခိုက်မှုရှိတယ်လို့ ပြောလို့ရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10