သတင်းတို

ချောင်းဦးမှာ အရေးပေါ်စစ်ရှောင်လာတဲ့ ပြည်သူတွေကို စားသောက်ကုန်များ သွားရောက်လှူဒါန်း

“အဓိကကတော့ ဆန် ၊ ဆီ၊ ဟင်းချက်စရာတွေကို လှူဒါန်းဖြစ်တယ်။ အိမ်ထောင်စုစာရင်းနဲ့ လူဦးရေကိုတော့ အတိအကျမသိရဘူးဗျ။ ရှောင်လာရတဲ့ပြည်သူတွေကတော့များတယ်။ သူတို့ကလည်း ချက်ချင်းထွက်ပြေးလာကြတော့လေ လူဦးရေကိုတော့ တိတိကျကျမသိလိုက်ဘူး။ ကျနော်တို့သွားရောက်လှူဒါန်းရတာကလည်း စစ်ရှောင်တွေနဲ့ မီးဘေးသင့်တွေ နေထိုင်စားသောက်ရေး အဆင်ပြေဖို့အတွက် ရည်ရွယ်ချက်နဲ့ သွားရောက်လှူဒါန်းခဲ့တာပါ”

ထန်းတပင်မြို့နယ်မှာ ကလေးငယ် ၅ ဦးအပါ ပြည်သူ ၁၈ ဦးကို စစ်တပ်က မီးရှို့သတ်ခဲ့

“သတ်ဖြတ်မီးရှို့​ခံရသူတွေထဲမှာ အသက် ၅ နှစ်အရွယ်ကနေ အသက် ၇၀ ကျော်အထိ ပါတယ်၊ စစ်တပ်က သူတို့လူတွေ မိုင်းဆွဲခံထိပြီး အထိနာသွားလို့ ပြည်သူတွေကို အကြောင်းမဲ့သတ်သွားတာ။ ခုချိန်ထိ စုံစမ်းသိရသလောက် ၁၈ ဦးသတ်ခံရတယ်။ အသတ်ခံရသူတွေထဲမှာ အမျိုးသား ၈ ဦးနဲ့ အမျိုးသမီး ၁၀ ဦးပါတယ်”

ချောင်းဦးမှာ စစ်ကောင်စီတပ်မီးရှို့လို့ နေအိမ် ၃၀၀ ကျော်ပျက်စီးပြီး အမျိုးသားတဦး လက်နက်ကြီးထိမှန် သေဆုံး

"စကစတွေက ငါးယှန်ရွာကိုအရင်မီးရှို့တယ်။ လက်နက်ကြီးတွေ ပစ်တယ်။ ပြီးတော့ စကစ နောက်တဖွဲ့က မြို့ပေါ်ကအိမ်တွေကို မီးရှို့တာ။ ငါးယှန်ရွာက ဦးစံလင်းဆိုရင် အိမ်တံခါးကို ပိတ်နေတဲ့အချိန်မှာ လက်နက်ကြီးအိမ်ထဲကျလာလို့ ပွဲချင်းပြီး သေသွားတယ်။ မယားကတော့ နားရွက်တဖက် ပြတ်ထွက်သွားတယ်။ ကျနော်တို့ရဲဘော်တွေကတော့ စကစတွေမီးဝင်ရှို့နေတဲ့အချိန်မှာ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းဖြစ်နေသူတွေကို ထမ်းပြီးကယ်ထုတ်နေခဲ့လို့ မိုင်းဆွဲချိန်မရလိုက်ဘူး။ စကစတွေက ည ၁၂ နာရီလောက်မှာ ရွာကထွက်သွားတယ်"

အရာရှိလမ်းကြောင်းရဲ့ ကင်းပုန်းကို ဒရုန်းနဲ့ ဗုံးသီးချတိုက်ခိုက်လို့ ၁ဦးသေ ၂ဦးဒဏ်ရာရ

"ဒရုန်းသုံးပြီး အီနာဂါဗုံးသီး ၃ လုံးနဲ့ မနက် ၈ နာရီကျော်လောက်မှာ ချတာ။ လမ်းမှာ အရာရှိကား ၂ စီးဖြတ်မှာကို ကန်တော်ရွာအနားမှာ ကင်းပုန်းယူကြတာ၊ ပျူ ၁ ကောင်သေပြီး စစ်** ၂ ကောင်ဒဏ်ရာရတယ်"

ယင်းမာပင်မှာ ကျန်းမာရေးဝန်ထမ်းမရှိလို့ PDF ဆေးတပ်က ကျန်းမာရေးစောင့်ရှောက်မှုပေး

"အရင်ကတည်းက အခမဲ့ဆေးကုပေးနေတာပါ။ ကြာလာတော့ ဆေးဖိုးသုံးရတဲ့ငွေက များလာတယ်။ ပြီးခဲ့ ၃ လလောက်ကမှ (ပြည်သူက)တတ်နိုင်သလောက်ထည့်သွားကြတယ်။ မတတ်နိုင်တဲ့သူတွေလည်းရှိပါတယ်။ အလှုရှင်များ လာရင်တော့ စခန်းအတွက် ကျည်ဖိုးတွေ၊ သေနတ်ဖိုးတွေ ပိုထွက်လာတာပေါ့"

ခရီးသွားကားတွေကို ဆက်ကြေးကောက်နေတဲ့ စစ်အုပ်စု ဒရုန်းနဲ့ဗုံးကြဲခံရလို့ ၆ ဦးသေဆုံးဟုဆို

“ပိုက်ဆံကောက်ဖို့ ၁၅ ယောက်စုနေတဲ့နေရာကို အပြင်းစား ဗုံးသီး ၂ လုံးကျပြီး မျက်မြင်တွေရဲ့ပြောပြချက်အရ ၁၃ ကောင်လဲသွားပြီး၊ ၆ ကောင်သေ ၇ ကောင် ဒဏ်ရာရတယ်”

စစ်ကိုင်းနဲ့မကွေးက စစ်ရှောင်အများစု မုန်တိုင်းအတွက် ကြိုတင်ပြင်ဆင်နိုင်ခြင်းမရှိ

“ကုန်းတွင်းမုန်တိုင်းအနေနဲ့ ဆက်ပြီး ဖြတ်သန်းသွားမဲ့ မကွေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မန္တလေးတိုင်းလိုဒေသတွေမှာ လေပြင်းချည်းတိုက်မှာမဟုတ်၊ မိုးသည်းထန်မှာတွေလည်း ပါလာပါမယ်ဆိုတာ နားလည်ထားဖို့လိုမယ်"

ဒတရ - ၆၀၃ က စစ်သားတဦးကို PDF က အရှင်ဖမ်းဆီး

“သူက ကျနော်တို့ဂိတ်ရဲ့အရှေ့ဘက်ကို ကင်းပုန်းလာဝပ်တာ၊ မသင်္ကာလို့ သူ့ကိုဝိုင်းထားပြီး ဖမ်းလိုက်တာ၊ သူကလည်း စစ်*ဖြစ်ကြောင်း ဖော်ပါတယ်၊ သူက အရပ်သားပုံစံမျိုးနဲ့လာတာ၊ ကျနော်တို့က ဂန်းတွေနဲ့ချိန်တဲ့အခါမှာ သူကနေပြီးတော့ မင်းတို့ငါ့ကို ဘာကြောင့်ဖမ်းတာလည်း ပြောတယ်၊ ကျနော်တို့က စစ်*မှန်းလည်းမသိဘူး၊ ဖမ်းပြီး ကျနော်တို့စခန်းရောက်မှ စစ်ဆေးကြည့်မှ သူက စစ်*ဖြစ်မှန်းသိတာ”

ဗုံးခွဲခံရလို့သေဆုံးခဲ့တဲ့ ကျုံပျော်မြို့နယ်ရဲတပ်ဖွဲ့မှူးကို နေရပ်မြို့ကြို့ပင်ကောက်မှာသင်္ဂြိုဟ်

"ရဲမှူးကကျုံပျော်မှာဗုံးခွဲခံရတဲ့ဒဏ်ရာကို စစ်ဆေးရုံမှာကုသနေတုန်း ၉ ရက်နေ့ မနက်ကသေလို့ ကြို့ပင်ကောက်၊ ဥယျာဉ်လမ်းက သူ့အိမ်ကိုကားနဲ့ပြန်သယ်တာ။ ဒီနေ့နေ့လယ် ၁ နာရီက အောင်ဒင်လမ်း မြို့မသုဿန်မှာသင်္ဂြိုဟ်ပြီးပြီ"

ကားတိုက်မှုဖြစ်လို့ ဆိုင်ကယ်စီးနင်းလာသူ ၂ ဦးသေဆုံးပြီး ယာဉ်မောင်းထွက်ပြေးနေ

"အိမ်စီးကားက မျက်နှာချင်းဆိုင်လာပြီး တိုက်ပြေးသွားတာ။ တိုက်ပြေးတဲ့ကားကိုတော့ သဲဖြူကျေးရွာအလွန်နားမှာ ကားကိုတွေ့ရပြီး ယာဥ်မောင်းကတော့ ထွက်ပြေးသွားတယ်။ ဆိုင်ကယ်မောင်း အမျိုးသားက နေရာမှာဆုံးတယ်။ အမျိုးသမီးကတော့ ဆေးရုံမှာဆုံးတယ်။ ဆုံးသွားတဲ့ နှစ်ယောက်စလုံးက သက်ကြီးပိုင်းတွေပါ"

ကလေးမြို့သပိတ်အဖွဲ့ဝင် ၄ ဦးပါ ဒေသခံ ၈ ဦးကို ထောင်ဒဏ် ၂ နှစ်စီချမှတ်

“သူတို့အခြေနေကတော့ သေချာမသိရသေးဘူး၊ အမိန့်ချပြီဆိုတော့ ထောင်ပို့မယ်ထင်တယ်၊ သူတို့အပါအဝင် တရက်တည်း ၁၀ ဦးကျော် အမိန့်ချခံရတယ်”

ကန့်ဘလူက ရွာ ၂ ရွာကို စစ်တပ်က မီးရှို့လို့ ဒေသခံ ၃ ထောင်ကျော်ထွက်ပြေးနေရ

“သရက်ခေါင်းရွာက အခုလိုမီးရှို့ခံရတာ ဒုတိယအကြိမ်ရှိပါပြီ။ ဧပြီ ၂၉ ရက်နေ့မှာ အဲဒီရွာက စာသင်ဆောင် ၂ ဆောင်မီးရှို့ခံရတယ်။ ရွာကို ၂ ကြိမ်လုံး လာရောက်မီးရှို့တဲ့အဖွဲ့က ခမရ ၃၆၈ တပ်က စခတွေပါပဲ။ အခုအချိန်ထိ ရွာသားတချို့ကသာ ရွာထဲမှာပြန်ဝင်ကြတယ်။ အများစုကတော့ တောတောင်တွေထဲမှာပဲ ပုန်းခိုနေတုန်း”

စဉ့်ကူးက ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနဲ့ ဆယ်အိမ်မှူး ပစ်ခတ်ခံရပြီး ၁ ဦးသေဆုံး

" သူတို့က စကစတွေနဲ့ပေါင်းနေတာ ကြာပြီဗျ။ အုပ်ကြီးအိမ်ကို မောင်စိုးကအလည်ရောက်နေတာလို့သိရတယ်။ သူတို့ကို စကစတွေကပဲ ရာထူးတွေအပ်ထားတာ။ လာပစ်တာက PDF တွေလို့တော့ ပြောကြတယ်။ ပြီးတော့ စကစတွေကို လိုက်ပို့နေတဲ့ အုပ်ကြီးရဲ့စပီးဘုတ်တစီးကို ဖောက်ခွဲခဲ့သေးတယ်"

ဗန်းမောက်မှာ SNA တပ်သားအလောင်း ၆ လောင်းတွေ့၊ PDF တွေက သင်္ဂြိုဟ်ပေးခဲ့ရ

"ဧပြီလက ဆိတ်စခူမှော်နားမှာ တိုက်ပွဲပြင်းထန် ဖြစ်ခဲ့တယ်။ အဲ့ဒါကို ကျနော်တို့က နယ်မြေရှင်းလင်းရေးဝင်လုပ်တာ။ အဲဒီမှာ ရေကန်ထဲနဲ့ ခြုံတောတွေထဲမှာ မျောနေတဲ့အလောင်းတွေကို တွေ့ရတာ။ SNA တွေလည်းပါတယ်။ ကျနော်တို့ဖက်မှာက SNA တွေလည်းလှုပ်ရှားတယ်။ အလောင်းတွေကတော့ တော်တော်လည်းကို ပုပ်နံ့တွေထွက်နေတာ။ တချို့ဆိုရင် အရိုးစုတွေပဲ ကျန်တော့တယ်"

ပုလဲ၊ ကန်ဒေါင့်နယ်မြေရဲစခန်းတိုက်ခိုက်ခံရလို့ စစ်အုပ်စုဘက်က ၁၀ ဦးထက်မနည်း ထိခိုက်၊သေဆုံးနိုင်ဟုဆို

"ရဲစခန်းက သုံးဆင့်ဘန်ကာကို လက်နက်ကြီးနဲ့ပစ်လိုက်တာ ထိထိမိမိကျသွားတယ်။ အဲ့မှာဘဲ သေဆုံး၊ ဒဏ်ရာရသူတွေများနိုင်တယ်။ ပြီးတော့ အပြန်အလှန်ပစ်ခတ်တာတွေမှာလည်း သေဆုံး၊ဒဏ်ရာရတာတွေရှိနိုင်တယ်။ ထိခိုက်သေဆုံး ၁၀ ဦးကျော်ရှိမယ်”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10