သတင်းတို

စစ်အုပ်စုသတ်ခဲ့တဲ့ ရဲဘော် ၃ ဦးနဲ့ ပြည်သူ ၂ ဦး အတွက် ဈာပနကျင်းပ

“နယ်မြေမငြိမ်တဲ့အတွက် ဒီကနေ့မှ နာရေးအခမ်းအနား လုပ်ဖြစ်ခဲ့တာ၊ ‌မိသားစုကတော့ နောက်ဆုံးအကြိမ် မျက်နှာမကြည့်လိုက်ရတော့ အဲ့တာကို မချိတင်ကဲဖြစ်တာပေါ့”

စျေးကပြန်လာတဲ့ အုပ်ချုပ်ရေးမှူးလင်မယား သေနတ်နဲ့ပစ်ခံရပြီး သေဆုံး

"မြေပြင်က သတင်းပေးပို့လာတာကတော့ အုပ်ကြီးလင်မယားက ကားနဲ့ပြန်လာတဲ့အချိန် လမ်းကနေ စောင့်ပြီး ရှင်းလိုက်တာလို့သိရတယ်။ သူတို့လင်မယားမှာ မိန်းမကပိုဆိုးတယ်။ စကစ အားကိုးနဲ့ ရွာသူရွာသားတွေအပေါ် ခြိမ်းခြောက်ပြောဆိုတာတွေရှိတယ်။ ဒါကြောင့် ရှင်းလိုက်တာဖြစ်တယ်"

မိုင်းခွဲခံရတဲ့ဓါတ်တိုင်တွေ လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရလို့ ၁ ဦးသေဆုံးဟုဆို

"ပြီးခဲ့ရက်ပိုင်းက ပေါင်မြောင်းတံတားကမီးတိုင်မိုင်းကွဲထားတာကို လာပြင်တဲ့အဖွဲ့ ဒရုန်းနဲ့ဗုံးချခံရတာပါ။ ဒီမနက်ဖြစ်တာပါဆို ၃ ခါရှိပြီ၊ မီးပြင်တဲ့အဖွဲ့တွေ ဒရုန်းနဲ့တိုက်ခိုက်ခံရတာ။ အရင်ရက်တွေကတော့ လူမထိဘူး။ ဒီမနက်မှာ မီးလာပြင်တဲ့အဖွဲ့က လူတော့များတယ်။ လုံခြုံရေးလည်းပါတယ်။ ဒရုန်း ၂ စင်းနဲ့ ဗုံးလာချတာ"

စခန်းသိမ်းတိုက်ပွဲက ရရှိထားတဲ့ Anti ဒရုန်းလက်နက်သုံးပြီး စစ်တပ်ဒရုန်းတစီးကို ဖျက်ချနိုင်ခဲ့

“အရင်ရက်က တိုက်ပွဲမဖြစ်ဘဲ ရွာထဲကို ဒရုန်းလွှတ်ပြီး ဗုံးသီးချခဲ့တာဗျ။ အဲ့ဒါကြောင့် ကျနော်တို့ဘက်က အနီးတစ်ဝိုက်မှာ စောင့်ကြည့်‌နေတဲ့အချိန် စစ်တပ်ဘက်က ဒရုန်းထပ်လွှတ်ခဲ့လို့ သူတို့(စကစ) ဆီက ရခဲ့တဲ့ Drone Gun နဲ့ ပစ်ချလိုက်ခဲ့တာ”

မြင်းခြံမှာ စစ်ကောင်စီတပ်က ချောဆွဲစီးနင်းလာတဲ့ကားကို မိုင်းဆွဲတိုက်ခိုက်

"စကစတွေ ချောဆွဲလာတဲ့ကားကို သတင်းရလို့ကြိုစောင့်နေတာ။ ပဒေသာမိုင်းဆွဲ တိုက်ခိုက်ပြီးတာနဲ့ ပြန်ဆုတ်ခဲ့တယ်။ ၄ ဦးသေဆုံးပါတယ်။ ဒဏ်ရာရအရေအတွက်ကို သေချာမသိရသေးပါဘူး”

စစ်ကောင်စီတပ်က ကျေးရွာထဲ ၂ လနီးပါးကြာတပ်စွဲနေလို့ တောင်သူတွေ သီးနှံမသိမ်းရတဲ့အခက် ကြုံတွေ့

"ကျနော်တို့ဒေသမှာက စပါးနဲ့ပဲ ၂ မျိုးစိုက်တာပါ။ ပဲကကျတော့ ဆီထွက်တဲ့မြေပဲပေါ့။ အခုက ပဲမကောက်နိုင်သေးတာ ဧကတော်တော်များမယ်ဗျ။ ကျနော်တို့မှာက တရွာလုံးနီးပါးစိုက်ကြတာဆိုတော့ ဧကတွေကို ခန့်မှန်းလို့မရဘူးဗျ။ စကစတွေကတော့ ဒေသခံတွေ ရွာကိုဝင်မယ်ဆိုရင် မှတ်ပုံတင်၊ နာမည်တွေကိုပေးပြီး စစ်ဆေးခံရပြီးမှ ဝင်ရမယ်လို့ပြောထားပေမယ့် အခုချိန်ထိ တယောက်မှရွာကိုမဝင်ကြဘူး"

အမရပူရမှာ သူနာပြုဆရာမ ၁ ဦး နေအိမ်အတွင်း အသက်ရှူကြပ်သေဆုံး

"ဆရာမကြီးကတယောက်တည်းနေတာ။ နေ့ခင်းပိုင်းပူတော့ အဲကွန်းဖွင့်ထားတာကနေ အခန်းကလည်း အလုံပိတ်ထားတော့ အဲကွန်းကဂက်စ်နံ့ထွက်ပြီး ကြာတော့ဂက်စ်နဲ့အဲယားကွန်းလေနဲ့ ဓာတ်ပြုပြီး မေ့လဲရာကနေ အသက်ရှုကြပ်သေဆုံးတယ်လို့ ရဲဘက်ကတော့ အတည်ပြုထားတယ်"

စစ်ကောာင်စီက စစ်ကြောင်းထိုးနေလို့ မုံရွာ-မန္တလေးကာလမ်းကို ရက်အကန့်အသတ်မရှိပိတ်ကြောင်း PDF စာထုတ်

"မနေ့ကဆိုရင် လမ်းမဘေးနားက လက်တုတ်တောရွာ မီးရှို့ခံရတယ်။ အကြောင်းမဲ့ သက်သက်ရှို့သွားတာ။ ပြီးတော့ အဲ့ကောင်တွေက ဒီနေ့မှာ ဂွေးပင်တောရွာထဲမှာ တပ်စွဲထားတယ်။ အင်အားတော်တော် များတယ်။ တိုက်ပွဲက အချိန်မရွေး ဖြစ်လာနိုင်ပါတယ်။ အဲဒါကြောင့် လမ်းသွားဒေသခံတွေအတွက် အန္တရာယ်မဖြစ်အောင် လမ်းကိုပိတ်ရတာပါ"

ရှိမ်းမကားရဲစခန်းကထွက်လာတဲ့ စစ်သားနဲ့ပျူတွေ မိုင်းခွဲခံရပြီး ၄ ဦးသေဆုံးဟုဆို

“မိုင်းဆွဲဖောက်ခွဲခံရအပြီး နာရီဝက်အကြာမှာ ရှိမ်းမကားဗျူဟာကုန်းက (စစ်ကောင်စီအဖွဲ့တွေ) နောက်ထပ်ရောက်လာပြီး လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်တယ်၊‌ ဖောက်ခွဲခံရပြီး သေဆုံးတဲ့ အလောင်းတွေကို ပခုံး‌ပေါ်ထမ်းပြီး စခန်းထဲကို ပြန်သွားတယ်”

အလံကိုမီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ (Photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ သပိတ်စစ်ကြောင်းတွေစုပေါင်းပြီး တရုတ်နိုင်ငံတော်အလံကိုမီးရှို့ကာ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်

ကန့်ဘလူ၊ ထောက်ရှာအိုင်ရွာကို စစ်ကောင်စီက မီးရှို့၊ မိုင်းရန်ကြောက်လို့ ရွာခံတွေ အိမ်မပြန်နိုင်သေး

“စစ်ကြောင်းလာတဲ့အချိန်က မနက်အစောပိုင်းဆိုတော့ ထွက်ပြေးတိမ်းရှောင်ရင်း စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတာ။ ဖမ်းဆီးခံရတဲ့သူတွေထဲမှာ အမျိုးသမီးတချို့လည်း ပါတယ်။ အခုချိန်ထိတော့ ဘယ်သူဘယ်ဝါဆိုတာ အတိအကျပြောလို့ မရသေးဘူး။ နေအိမ် ၆၀ ကျော်လောက်က မီးထဲပါသွားတယ်။ အဲဒါတောင် ဂျောင်ထဲကဝင်လို့မရတဲ့ နေအိမ်တွေ မပါသေးဘူး”

ခင်ဦးနယ်က ရွာ ၂ရွာကို စစ်တပ်ကမီးရှို့၊ ကျေးရွာကာကွယ်ရင်း PDF ၂ ဦးသေဆုံး

"စစ်ကြောင်းက ရွာကိုမီးရှို့ဖို့ဝင်လာတဲ့ အချိန်မှာ ကာကွယ်ရေးအဖွဲ့တွေက ရွာသူ၊ ရွာသားတွေကို အပြင်ကိုထုတ်နေတာ။ အဲဒီမှာ ထိတွေ့တိုက်ပွဲဖြစ်တော့ မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်မှာ စကစဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်လိုက်တာမှာ ရဲဘော် ၂ ယောက်ကျသွားတာ။ တယောက်ရဲ့အလောင်းကတော့ ရလို့သင်္ဂြိုလ်လိုက်ပြီ။ နောက်တလောင်းကတော့ ရှာမတွေ့ သေးဘူး"

မွေးနေ့အလှူအဖြစ် ဆာလင်းကြီး မီးဘေးသင့်ရွာက လူကြီး၊ ကလေး ၂၅၀ ကို ကြာဇံချက်ကျွေး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ နေအိမ်တွေမီးရှို့ခံရတဲ့ကျေးရွာတွေက လူကြီးနဲ့ကလေး ၂၅၀ ဦးကို မေ ၇ ရက်မှာ မွေးနေ့ရှင် လင်းခွန်းက သူရဲ့ ၂၂ နှစ်ပြည့်မွေးနေ့အလှူအဖြစ် ကြာဇံချက်အာဟာရဒါနအလှူကို ကျွေးမွေးလှူဒါန်းခဲ့ပါတယ်။

မုံရွာမြို့လယ်ခေါင်နာရီစင်အနီး ကားတာယာကွင်းကို မီးရှို့ပြီး ဆန္ဒပြ

"အခုချိန်ထိ သူတို့က လုံးဝအုပ်ချုပ်လို့မရပါဘူး။ ဒါကိုပြသလိုတာရယ်၊ သူတို့(စစ်တပ်)တွေ မခံမရပ်နိုင် ဖြစ်အောင် "အုပ်ချုပ်လို့တော့မရဘူး၊ ဒုတ်စုပ်လို့တော့ရမယ်"စာသားကို ကင်းပုန်းတွေရှိတဲ့ကြားက မြို့လယ်ခေါင်မှာ ချိတ်ဆွဲခဲ့တာပါ"လို့ မုံရွာလူငယ်အစည်းအရုံးဝင်တဦးက ပြောပါတယ်။

မြင်းမူနယ်၊ လက်ထုတ္တောရွာက အိမ်ခြေ ၆၀၀ လောက်ကို မသင်္ကာလို့ဆိုပြီး စစ်တပ်ကမီးရှို့

“သူတို့စစ်ကြောင်း မိုင်းဆွဲခံရတဲ့နေရာ မုံရွာ − မန္တလေးကားလမ်းမဘေးတလျှောက်မှာရှိတဲ့ ရွာတွေကို လိုက်စစ်တယ်။ အဲဒီထဲမှာမှ လက်ထုတ္တောရွာကို သူတို့မသင်္ကာလို့ဆိုပြီး ဝင်ပြီမီးရှို့တယ်။ ပထမတကြိမ် မြောက်ပိုင်းကိုမီးရှို့တယ်။ မီးရှို့ပြီးတော့ပြန်ထွက်တဲ့အချိန်မှာ ရွာနဲ့မလှမ်းမကမ်းလောက်မှာ ထပ်ပြီမိုင်းမိတယ်။ မိုင်းမိတော့ အဲဒီရွာထဲကိုပြန်ဝင်လာပြီး ဒုတိယအကြိမ် မီးထပ်ရှို့တယ်”လို့ မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ - CDSOM မှ ကိုနွေဦး က ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10