သတင်းတို

ထက်မြတ်အောင် ကျဆုံးမှု ၂ နှစ်ပြည့် ဝမ်းနည်းခြင်းအထိမ်းအမှတ်ပြုလုပ်

“ထက်မြတ်အောင် ကျဆုံးမှုအတွက်ကို ကျနော်က ဝမ်းနည်းတာထက် ဂုဏ်ယူတာက ပိုပါတယ်။ သေသွားတဲ့လူအတွက် ခဏကလေး ဝမ်းနည်းပြတာဟာ လုံလောက်မှုမရှိဘူးလို့ ထင်ပါတယ်။ သူ့သေဆုံးမှုဟာ တရားမမျှတဘူးလို့ ယုံကြည်ရင် တော်လှန်ပါ။ ဒီနည်းလမ်းပဲ ရှိပါတယ်။ အပြင်ပန်းကနေ ဝမ်းနည်း ကြေကွဲ ပြရတာ ဘာအဓိပ္ပာယ်မှ မရှိပါဘူး”

လှေဆိပ်မှာ ဆက်ကြေးကောက်နေတဲ့ တပ်ကြပ်ကြီး ပစ်သတ်ခံရ

"ကျနော်တို့ဘက်က ပစ်ခတ်ချိန်မှာ သူတဦးတည်းကို တွေ့ရတယ်။ သူက လှေတွေဆီကနေ မိုက်ကြေးခွဲ ဆက်ကြေးကောက်နေကြပါ။ အဲ့လှေဆိပ်မှာက သူ့ကိုလူတိုင်းသိကြတယ်။ ကျနော်တို့ဘက်က အလစ်တိုက် အမြန်ပြန်ထွက်လုပ်ရတာ ဖြစ်တယ်။ သူဘက်က ခုခံချိန်မရလိုက်ဘူး"

ပြည်မြို့ စစ်ကြောရေးလုပ်ရာ စရဖ ရုံး ဗုံးပေါက်ကွဲပြီး ၄ ဦးသေဆုံးဟုဆို

"မနေ့ကညနေက ပေါက်ကွဲမှု ဖြစ်တယ်။ သူတို့ဗုံးနဲ့သူတို့ပေါက်ကွဲတယ်လို့ ကနဦးသိထားတယ်။ ၃ ဦးကတော့ ချက်ခြင်းသေပြီး ၁ ဦးကတော့ ဆေးရုံရောက်မှ သေတယ်လို့ ကြားတယ်။ အခုလောလောဆယ်တော့ အဲအပေါ်ကို တက်ခွင့်ပိတ်ထားတယ်။"

စစ်တပ်မီးရှို့ခဲ့တဲ့ကျေးရွာက ဒေသခံတွေကို အညာပစ်တိုင်းထောင်လေးများအဖွဲ့က လှူဒါန်း

အိမ်ခြေ ၃၈၆ အိမ်က အိမ်ထောင်စုတွေကို မတ်လ ၁၂ ရက်မနေ့က တအိမ်ထောင်လျှင် ဒန်အိုး ၁ လုံး၊ ဇလုံး ၁ လုံး၊ ဇွန်းကြီး ၁ ချောင်း၊ သောက်ရေခွက် ၁ ခု၊ ဆန် ၁ ပြည်၊ ဆီ ၅၀ ကျပ်သားနဲ့ ငါးသေတ္တာ ၁ ဘူးဆီ လှူဒါန်းခဲ့တာ

ပြည်ကြီးတံခွန်ဆရာတော် စစ်ကြောရေးထဲရောက်နေပြီး ရွာသား ၄ ဦး ပျောက်ဆုံးနေဆဲ

"ဆရာတော်ကို လူလွတ်လဲပြီးတော့ ဖမ်းသွားတာ။ ဒီနေ့အချိန်ထိတော့ အသက်ရှင်ပြီး စစ်ကြောရေးခံနေရတယ်လို့ သတင်းအတိအကျ ရထားတယ်။ ဒေသခံ ၄ ယောက်ကိုတော့ ဘာမှသတင်းမရဘူး။ သေပြီလား ဆိုတာလည်း မသိရသေးဘူး"

အင်းတော်ကိုတက်လာတဲ့ စစ်ကောင်စီယာဉ်တန်းမိုင်းဆွဲခံရ ၁၀ ဦးထက်မနည်းသေဆုံးဟုဆို

"ကားက ၄၆ စီးထွက်လာတာ ၄၄ စီးပဲ အင်းတော်ကိုရောက်ခဲ့တယ်။ ထိသွားတဲ့ကား ၂ စီးကိုလည်း အိမ်စီးကားတွေနဲ့ စွဲသွားတယ်။ စခတွေဘက်က ထိခိုက်မှုကို ကျနော်တို့ကို သတင်းပေးနေကြသူတွေရှိတယ် သူတို့ဆီကနေတဆင့် သိရတာ"

ရွှေဘိုခရိုင် PDF က ဒုတိယမြောက်ဆေးခန်းထပ်ဖွင့်

ဆေးရုံဆေးခန်းသွားဖို့ဝေးတဲ့နေရာမှာ ဖွင့်ပေးရတာဖြစ်တဲ့အတွက် ပြည်သူတွေပျော်ရွှင်တာမြင်ရင် ဝမ်းသာပိီတိဖြစ်ရတယ်လို့ ဆိုပါတယ်။

မိုင်းရှောင်ပြီး လယ်ကွင်းထဲက ဖြတ်ပြန်လာတဲ့စစ်ကြောင်း မိုင်းဆွဲခံရ

"စစ်ကောင်စီစစ်ကြောင်းက ရွှေဘိုမြိုနယ်တအုံရွာမှာ ညအိပ်ပြီး မနေ့မနက် ၇ နာရီလောက်က ခြေလျင်ထွက်လာတာပါ။ လမ်းမပေါ်က မသွားရဲဘဲ လမ်းဘေးလယ်ကွင်းလမ်းအတိုင်း ပြန်လာတာကို ရွှေဘိုကြက်မွေးမြူရေးဇုန် နောက်ကျောဘက်အရောက်မှာ တိုက်ခိုက်ခဲ့တာပါ"

စစ်ကောင်စီက ပေါက်မှာ ၄ ရက်ဆက်တိုက်မီးရှို့လို့ အိမ်ခြေ ၇၀ ကျော် မီးလောင်ဆုံးရှုံး

"မနက်ပိုင်း ဝင်လာတယ်။ နေ့လယ်ဆို ပြန်သွားတယ်။ ၄ ရက် ဆက်တိုက်လာပြီး မီးရှို့ခဲ့တာပါ။ အိမ်ခြေ ၇၀ ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်။ ရွာသားတွေကိုအရင် ကယ်ထုတ်ထားတော့ လူတွေတော့ အထိအခိုက်မရှိပါဘူး။ ရွာသွားနှစ်ဦးကိုတော့ ဖမ်းဆီးခေါ်ဆောင်သွားတယ်"

ရွာတွေကို လက်နက်ကြီးနဲ့ပစ်နေလို့ ဒေသခံ ၁ သောင်းကျော် ထွက်ပြေးနေရပြီး လယ်ကွင်းပြင်တွေထဲ တဲထိုးနေရ

"ညအချိန်ရောက်ရင် ဒီကောင်တွေက နေ့တိုင်းလိုလို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ဘာကြောင့်ပစ်လဲတော့ မသိဘူးပေါ့။ ကျည်တွေက နေအိမ်တွေ၊ဘုန်းကြီးကျောင်းတွေကို လာထိတာတွေရှိတယ်။ အဲဒါကြောင့် ထွက်ပြေးလာခဲ့တာပေါ့။ ဒီကောင်တွေက ယာယီတပ်စွဲတာလား။ အမြဲတမ်း တပ်စွဲ အထိုင်ချမှာလားတော့ မသိရသေးဘူး။ စောင့်ကြည့်ရအုံးမှာ"

စစ်ကိုင်းတိုင်းကို အင်အားလာဖြည့်တဲ့ ကား ၄၉ စီးပါ စစ်ယာဥ်တန်း မိုင်း ၃ ကြိမ်ဆွဲခံရ

မန္တလေးဘက်ကနေ ကသာ၊ ထီးချိုင့်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄၉ စီးဟာ စစ်ကောင်စီတပ် တပ်မ ၉၉ နဲ့ တပ်မ ၇၇ လက်အောက်ခံတပ်ရင်းတွေရဲ့ ပူးပေါင်းတပ်တွေဖြစ်ပြီး အင်အား ၁၀၀၀ ခန့် ပါဝင်ကာ တကောင်းမြို့နယ်အတွင်းမှာ TBK တောဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ နဲ့ တကောင်း ပကဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။

ကန့်ဘလူ၊ နဂါးပေါ်ရွာက အုပ်ကြီးအပါအဝင် ၃ ဦး ပစ်ခတ်ရှင်းလင်းခံရ

"သွားရှင်းတုန်းကတော့ ထွန်းညွန့်နဲ့ အုန်းကြိုင်ကို ဝင်ရှင်းတာ။ ဖြစ်ချင်တော့ အုပ်ကြီးကလည်း ရှိနေတာ။ အုပ်ကြီးက ရွာကိုတော့ နည်းနည်းငဲ့တယ်။ ပျူရွာဖွဲ့ခိုင်းတာကို သူက မလုပ်တာ။ ၃ ယောက်စလုံးက သေနတ်ကိုင်တာ။ သူက စကစခန့်အုပ်ကြီးဆိုတော့ ပါသွားတာပေါ့"

ဆောက်လုပ်ရေးလုပ်ငန်း နည်းပါးလာလို့ ပန်းရံလုပ်သားတွေ ကြုံရာကျပမ်း လုပ်ကိုင်နေရ

"ဘိလပ်မြေစျေး အုတ်စျေးက အာဏာမသိမ်းခင်ကထက် ထက်ဝက်တက်သွားတော့ အဆောက်အဦးအသစ် ဆောက်မယ့်သူက နည်းသွားတယ်။ တခါမှ အလုပ်မပြတ်ဘူးတဲ့ ကျနော်ကိုယ်တိုင် အခုနားနေရတယ်။ သံလက်ကိုင်ဆရာအဆင့်တွေတောင် ဟိုအဖွဲ့သွားဆင်းလိုက် ဒီအဖွဲ့သွားဆင်းလိုက်နဲ့ အိန္ဒြေမရဘူးပေါ့။ အကြမ်းသမားတွေကတော့ ကြုံရာပေါ့။ မတ်ပဲနုတ် မတ်ပဲခြွေ လိုက်ကြရသူတွေလည်း ရှိတယ်"

ကျောင်းထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက စိတ်ဝေဒနာသည်တဦးကို ရိုက်နှက်

"နေ့လည် တနာရီအချိန်လောက်မှာ သူကကျွန်းချောင်းစျေး အနောက်ဖက်က လမ်းဘေးကဇရပ်ပေါ်မှာ အိပ်နေတာ။ အဲဒီအချိန်မှာ စကစတွေက သူ့ကိုနိုးပြီးတော့ စစ်ဆေးတယ်။ အောင်ခိုင်က စိတ်မနှံ့တော့ ဘာတွေဖြေတယ်တော့ မသိဘူး။ အဲဒါကို စကစတွေက ဝိုင်းရိုက်တော့တာပဲ။ ပါးတွေ၊လက်တွေမှာ တော်တော်စုတ်ပြဲသွားတယ်"

မြောင်မှာ အမျိုးသားတဦးကို စစ်အုပ်စုက ပစ်သတ်ပြီး ပြန်ထွက်ချိန်မိုင်းဆွဲခံရ

“အင်အားကတော့ ၄၀ လောက်ပါတယ်။ ရွာထဲကို သေနတ်တွေ ပစ်ဖောက်ပြီးဝင်လာတာ။ အဲ့မှာ ပြည်သူတဦးက သူတို့နဲ့ ထိပ်တိုက်တွေ့လိုက်တော့ ပြေးတာပေါ့။ အဲ့မှာ လှမ်းပစ်လိုက်တာ ကျသွားတယ်။ သူတို့ဘက်ကလည်း ထွက်လာတုန်းက ၄၀ (အင်အား)၊ ပြန်ဝင်တော့ ၄၀ လုံး မဝင်နိုင်ဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10