သတင်းတို

ကျောင်းထဲတပ်စွဲနေတဲ့ စစ်ကောင်စီတပ်သားတွေက စိတ်ဝေဒနာသည်တဦးကို ရိုက်နှက်

"နေ့လည် တနာရီအချိန်လောက်မှာ သူကကျွန်းချောင်းစျေး အနောက်ဖက်က လမ်းဘေးကဇရပ်ပေါ်မှာ အိပ်နေတာ။ အဲဒီအချိန်မှာ စကစတွေက သူ့ကိုနိုးပြီးတော့ စစ်ဆေးတယ်။ အောင်ခိုင်က စိတ်မနှံ့တော့ ဘာတွေဖြေတယ်တော့ မသိဘူး။ အဲဒါကို စကစတွေက ဝိုင်းရိုက်တော့တာပဲ။ ပါးတွေ၊လက်တွေမှာ တော်တော်စုတ်ပြဲသွားတယ်"

မြောင်မှာ အမျိုးသားတဦးကို စစ်အုပ်စုက ပစ်သတ်ပြီး ပြန်ထွက်ချိန်မိုင်းဆွဲခံရ

“အင်အားကတော့ ၄၀ လောက်ပါတယ်။ ရွာထဲကို သေနတ်တွေ ပစ်ဖောက်ပြီးဝင်လာတာ။ အဲ့မှာ ပြည်သူတဦးက သူတို့နဲ့ ထိပ်တိုက်တွေ့လိုက်တော့ ပြေးတာပေါ့။ အဲ့မှာ လှမ်းပစ်လိုက်တာ ကျသွားတယ်။ သူတို့ဘက်ကလည်း ထွက်လာတုန်းက ၄၀ (အင်အား)၊ ပြန်ဝင်တော့ ၄၀ လုံး မဝင်နိုင်ဘူး”

မြေလတ်ဒေသအများစုမှာ မိုး၊လေကြီးနိုင်လို့ ဒေသတွင်းစစ်ဘေးရှောင်တွေ စိုးရိမ်နေ

“အခုလည်း မိုးကာတဲလေးတွေနဲ့ပဲ နေနေရတယ်။ မိုးကြီးလေကြီးကျလည်း ဘာမှလုပ်လို့ မရဘူး။ ရွာပြန်ကပ်မယ်ဆိုလည်း ကပ်လို့မဖြစ်ဘူး။ စစ်ကြောင်းလှည့်လာမှာလည်း ကြောက်ရတယ်။ အရင်ရက်ကပဲ အိမ် ၂၈ လုံး ထပ်ရှို့ခံလိုက်ရတယ်။ လေကြမ်းလည်း ဒီတိုင်းပဲ နေရတော့မှာပေါ့။ တောထဲနေရတဲ့သူတွေအတွက်တော့ စိုးရိမ်စရာပဲ။ ဖြစ်လာမှပဲ အခြေအနေကြည့်နေရမှာ”

ဆင်းတုတော်ပင့်ဖို့ သွားတဲ့ကား ယာဉ်တိုက်မှုဖြစ်လို့ အများအပြားဒဏ်ရာရ

"Light Truck ကားက ရှေ့မှာလမ်းတခြမ်းတင်ရပ်ပြီး ပြင်နေတဲ့ကားကို ဝင်တိုက်တာမှာ ကားက ဘယ်မောင်းဆိုတော့ ယာဥ်မောင်းဘေးကနေ ခေါင်းခန်းက စီးလာတဲ့ ဘုန်းကြီးညှပ်နေလို့ ဆွဲထုတ်ယူရတယ်"

ပရဟိတသမားမှ သေနတ်ထုတ်လုပ်သူ မကွေးဗိုလ်မထား

မကွေး ဗိုလ်မထားကျေးရွာပေါင်းစုံ PDF အဖွဲ့ခေါင်းဆောင်ဖြစ်သူ ဗိုလ်မထားဟာ စစ်တပ်အာဏာမသိမ်းခင်မှာ ပရဟိတအလုပ်ကို လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ရဲ့လုပ်ရပ်တွေကို မခံမရပ်နိုင်ဖြစ်တဲ့အတွက် ပြည်သူတွေနဲ့အတူ နွေဦးတော်လှန်ရေးထဲကို ထဲထဲဝင်ဝင် ပါလာခဲ့တာလို့ ဗိုလ်မထားက ဆိုပါတယ်။

သောက်သုံးရေရှားပါးနေတဲ့ အညာက ဒေသခံတွေအတွက် S&C က သောက်ရေကန်ဆောက်လုပ်ပေး

“ယင်းမာပင်မြို့နယ်နဲ့ ဘုတလင်မြို့နယ်ထဲက ရွာတွေမှာ သောက်ရေကန်ကို ဆောက်လုပ်ပေးနေတာပါ။ ရွာတိုင်းတော့ မဟုတ်ဘူး။ သောက်သုံးရေရှားပါးတဲ့နေရာတွေမှာ လိုက််ဆောက်ပေးတာပေါ့။ သောက်ရေကုန်ရင် ဖြည့်ပေးတဲ့အပိုင်းကိုလည်း ပြင်ဆင်ဆောင်ရွက်ပေးထားပါတယ်။ သောက်ရေရှားပါးတဲ့နေရာတွေရဲ့ နီးစပ်တဲ့ရွာတွေက ဒေသခံတွေလည်း အများအပြား အသုံးပြုနိုင်မှာပါ”

ကြေးနီတင်လာတဲ့ စစ်ကောင်စီယာဉ်တန်း ၄ ကြိမ် မိုင်းဆွဲခံရလို့ ၇ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ ကြေးနီတွေ တင်ဆောင်မောင်းနှင်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို ချောင်းဦး - မြင်းမူလမ်းပိုင်းမှာ မတ်လ ၁၀ ရက်နေ့လယ် ၁ နာရီခွဲလောက်က မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ လျှပ်တပြက်စွန်ညိုပြောက်ကျားအဖွဲ့ဆီက သိရပါတယ်။

စစ်ကိုင်းက ပျူသင်တန်းဆင်းထားသူ ပစ်သတ်ခံရ

"သူက မနက်တိုင်းလမ်းလျှောက်နေကျ။ ဒီနေ့လည်း သူ့အိမ်နားက ဘောလုံးကွင်းမှာ တဦးထဲ လမ်းလျှောက်နေတာကို ရှင်းလင်းခဲ့တာပါ။ ပစ်မှတ်ဖြစ်တဲ့ သူ့ကိုပဲ ပစ်ခဲ့သလို နေရာမှာတင် ပွဲချင်းပြီး သေသွားပါတယ်"

စစ်ရှောင်တွေအတွက် ရိက္ခာထောက်ပံ့နိုင်ဖို့ ကိုယ်တိုင်စိုက်ပျိုးနေတဲ့ ထောက်ပို့အဖွဲ့

"ကုန်စိမ်းသီးနှံ ကန်ဇွန်း၊ ချဥ်ပေါင်၊ ခရမ်းသီး၊ ဘူးသီး၊ ကြက်သွန်နီ ကိုစိုက်ခင်းမှာ အဖွဲ့သားတွေ စိုက်ပျိုးနေကြပါတယ်။ ရေရှည်ရပ်တည်ထောက်ပံ့နိုင်ဖို့ ပြည်သူတွေက လှူဒါန်းပေးဖို့ ပြောလိုပါတယ်"

စစ်တပ်တပ်စွဲထားတဲ့နေရာ လက်နက်ကြီးနဲ့ပစ်ခံရလို့ ၃ ဦးသေဆုံး ၃ ဦးဒဏ်ရာပြင်းထန်

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် ဘုန်းကံကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို မတ်လ ၉ ရက် ညနေပိုင်း ၅ နာရီမှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက် ၃ ဦး သေဆုံးသွားတယ်လို့ Southern YSO PDF ခေါင်းဆောင် ဗိုလ်အောင်မောင်းက ပြောပါတယ်။

လူဦးရေ ၃၀၀ နီးပါးရှိတဲ့ စစ်ရှောင်စခန်းကို ကုန်စိမ်းနဲ့မုန့်များ လှူဒါန်း

“ကျနော်တို့ သွားလှူတဲ့ကျောင်းမှာကတော့ လူဦးရေ ၃၀၀ လောက် ရှိမယ်။ တခြားနေရာတွေမှာလည်း စစ်ရှောင်တွေရှိတယ်။ အဲဘက်တွေမှာ လူဦးရေဘယ်လောက်ရှိလဲဆိုတာတော့ အတိအကျမသိရဘူး။ တချို့ရွာသားတွေဆို ပျူရွာနဲ့နီးလို့ ထွက်ပြေးတိမ်းရှောင်နေရတာတော်တော်ကို ကြာနေပြီး တချို့ကတော့ လပိုင်းလောက်ပဲ ရှိသေးတယ်”

ပေါက် PDF စခန်းတခု စီးနင်းမီးရှို့ခံရ၊ အဘွား ၂ ဦး လက်နက်ကြီးထိမှန်သေဆုံးပြီး ၅ ဦးဒဏ်ရာရ

"စစ်ကောင်စီဘက်က သတင်းပေးတဲ့သူနဲ့ ကျနော်တို့ထောင်ထားတဲ့ မိုင်းကွင်းကိုပတ်ပြီး ကင်းစခန်းကို အလစ်ဝင်တိုက်ခဲ့တယ်။ ကျနော်တို့က ရွာတွေဘက် ရှောင်ပြေးကျတော့ ညောင်ဝန်းတောင်စုနဲ့ မြောက်စုရွာ၊ ရွာသာအေး၊ ဝက်မှီးရွာတွေထဲကို လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တရစပ်ကို ပစ်ပြီးဝင်စီးတာ။ ကျနော်တို့ PDF တွေက အထိအခိုက်မရှိပါဘူး။ လက်နက်ပစ္စည်းတွေတော့ မီးရှို့ဖျက်ဆီးခံလိုက်ရတယ်”

စစ်အုပ်စုကို ဆက်ကြေးကောက်ပေးနေတဲ့ ပျူခေါင်းဆောင်ဆိုသူ ပစ်သတ်ခံရ

"ကျနော်တို့ဘက်က စကစ ဘက်ကလူတွေကို ရှင်းတော့မယ်ဆိုရင် သေချာစိစစ်ပြီးမှ ရှင်းတာဖြစ်တယ်။ နံပါတ်စဥ်ပြီးမှ ဘယ်သူကို အရင်ရှင်းရမလဲဆိုတာ လုပ်ပါတယ်။ ခုက တင်မြင့်က ရှင်းရမယ့် သူတွေထဲက တယောက်ဖြစ်လို့ နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ ရှင်းလင်းလိုက်တာ ဖြစ်ပါတယ်"

ကန့်ဘလူမှာ စစ်ရှောင်အမျိုးသမီး ၁ ဦးမြွေကိုက်ခံရ၊ ၂ လအတွင်း ၃ ဦးမြောက်ဖြစ်လာ

“ညနေပိုင်းမှာ ကျွဲ၊နွားတွေ သွားသိမ်းချိန် ကိုက်ခံလိုက်ရတယ်။ ညာဘက်ခြေကျင်းဝတ်နားမှာ ကိုက်ခံလိုက်ရတာ။ အခုကတော့ ၈၅ ရာခိုင်နှုန်းလောက်က သက်သာလာပြီ။ စကားတွေလည်း နည်း နည်းပါးပါး ပြန်ပြောလာနိုင်ပြီ”

ပေါင်းတည်က စစ်တပ်သတင်းပေး ရှင်းလင်းခံရ

"သူက ရွာကိုဆိုင်ကယ်နဲ့တဦးတည်း ပြန်လာတာကို လက်ပံခုံရွာအနီး မြေနီလမ်းပေါ်မှာ ရှင်းလိုက်တာ၊ ပွဲချင်းပြီး သေတယ်။ နားထင်၊ ရင်ဘတ်နဲ့ နံညွှန့်တွေကို တချက်စီနဲ့ ၃ ချက်ပစ်ခတ်ခဲ့တာဖြစ်တယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10