သတင်းတို

ရေစကြိုမှာ ယာဉ်တန်းလုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ် ပစ်ခတ်ခံရလို့ ၈ ဦးသေဆုံးဟုဆို

'ဒိုင်နာကားကို လုံခြုံရေးယူပေးနေတဲ့ စကစတွေကို တိုက်ခိုက်ခဲ့တာပါ။ သူတို့ဘက်က သေဆုံးမှုကို ဘယ်လိုသိရလဲဆိုတော့ ထိတွေ့ပစ်ခတ်နေချိန် သူတို့ဘက်က လူ ၇ ယောက်၊ ၈ယောက်လောက်က ရှေ့ကိုတက်လာတယ်။ အဲဒီလူတွေကို ကျနော်တို့က ပစ်ခတ်ရှင်းလင်းခဲ့တာ''

ပခုက္ကူမှာ စစ်ဘေးရှောင်တွေရဲ့ဆိုင်ကယ်အစီး၂၀ ကျော်ကို စစ်အုပ်စုက ယူသွား

"စကစတွေက ချမ်းသာကြီးရွာထဲကို ဝင်လာပြီးတော့ နေအိမ်တွေကို မွှေနှောက်တယ်။ လိုချင်တဲ့ ပစ္စည်းတွေကို ယူတယ်။ စစ်ရှောင်တွေက ဆိုင်ကယ်နဲ့ထွက်ပြေးနေကြရတာ။ အဲ့ဆိုင်ကယ်တွေကို ထားခဲ့ပြီးတော့ ချမ်းသာကြီးက ထွက်ပြေးရတယ်။ ကျန်ခဲ့တဲ့ ဆိုင်ကယ်တွေကို စကစတွေ ခိုးယူသွားတယ်။ ရွာကိုမနက်ခင်းလုံး မွှေနေခဲ့တာ"

ကန့်ဘလူမှာ မိုင်းထိလို့ သံဃာ ၁ ပါးဒဏ်ရာရ

"အဲဒီရွာက ပျူရွာ။ အဲရွာနားက ဘယ် PDF အဖွဲ့မှ ကပ်ဖို့မလွယ်ဘူး။ သူတို့ရွာကို PDF တွေ မလာနိုင်အောင်ဆိုပြီး ရွာပတ်လည်မှာ မိုင်းထောင်ထားတာ။ ခု သံဃာတော်တပါး မိုင်းထိတဲ့ကိစ္စက သူတို့ထောင်ထားတဲ့မိုင်းပဲ ဖြစ်နိုင်တယ်"

ပေါက်မြို့နယ်မှာ ငါးရက်အတွင်း စစ်ဘေးရှောင် ခြောက်ထောင်ကျော်လာ

"စစ်ဘေးရှောင်ရွာသားတွေက ခြောက်ထောင်ကျော်လောက်ရှိမယ်။ ဖြစ်သလိုနေ ဖြစ်သလိုစားနဲ့ နေရတာ။ အမိုးအကာလည်း လုံခြုံမှုမရှိပါဘူး။ စစ်ကြောင်းဝင်လာတာနဲ့ ဘေးလွတ်ရာ ကူညီပြောင်ပေးနေရတယ်။ ညပိုင်း ကင်းစောင့်ရတာပေါ့။ ပြည်သူတွေအတွက် အကူအညီလိုအပ်နေတာက အများကြီးပါ"

PDF စခန်းမီးရှို့ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ လက်နက်ကြီးနဲ့ပစ်ခံရလို့ သေဆုံးမှုရှိနိုင်

"PDF စခန်းပဲ မီးရှို့တာပဲလုပ်လုပ် ပြည်သူ့နေအိမ်တွေကိုပဲ မီးရှို့တာပဲလုပ်လုပ် ကျနော်တို့ PDF တွေက ငြိမ်ခံမယ်ဆိုရင်တော့ ဒီကောင်တွေက နယ်မြေလွှမ်းမိုးဖို့အတွက် လုပ်နေတော့မယ်လို့ ထင်တယ်။ အဲဒါကြောင့် ကျ‌နော်တို့တိုက်ခဲ့တာ။ PDF ၈ ဖွဲ့ ပူးပေါင်းပြီး ပစ်ခတ်တိုက်ခိုက်ခဲ့တာ"

စခန်းစီးနင်းခံရလို့ ရဲဘော်တဦးအပါ ၄ ဦးကျည်ထိမှန်ပြီး တဦးသေဆုံး

“စိုးရိမ်ရတဲ့ ရဲဘော်တဦး ပါတယ်။ ရဲဘော်တယောက်က ကာပစ်ရင်း ရင်ဘတ်ရှပ်မှန်တယ်။ တယောက်က ဦးခေါင်းရှပ်မှန်တယ်။ စုထားတာတွေအကုန်ပါသွားတော့ အခက်အခဲဖြစ်နေတယ်။ ရိက္ခာတွေရောပဲ။ ရိက္ခာက လုံးဝကိုမရှိတော့တာမို့ အရေးပေါ်လိုအပ်နေတယ်"

ရွှေဘိုမှာ ပျူစောထီးကား မိုင်းဆွဲခံရလို့ ၂ ဦးသေဆုံး

“၂ ကောင်သေတာ။ ဒီပတ်ချာလည်ရွာတွေမှာ ပြည်သူပိုင်နေအိမ်တွေဆိုလည်း ခိုးဆိုးလုနှိုက်နေတာ၊ ဒီနားနယ်တဝိုက်ကတော့ သူတို့အဆိုးဆုံးပဲ။ စစ်ကြောင်းတွေဆိုလည်း သူတို့လှမ်းလှမ်းခေါ်တာပဲ။ မိုင်းက ပဒေသာ ၃ လုံးကွဲတာ”

ပဲခူးစစ်ကောင်စီဘုရားပွဲကို သွားမယ့်ပြည်သူတွေ အညာကပြည်သူတွေကိုအားနာဖို့ ပကဖ အသိပေး

"ပဲခူးတိုင်း စကစဝန်ကြီးချုပ်က သူ ပဲခူးကို ထိန်းချုပ်ထားနိုင်ပြီဆိုပြီး ပြသချင်တာဖြစ်တယ်။ ခုလည်း ရွှေမော်ဓောဘုရားပွဲလုပ်ဖို့ စီစဥ်နေတယ်။ ပြည်သူတွေထဲမှာ ပဲခူးဘုရားပွဲဆိုတာနဲ့ သွားကြမယ်ဆိုပြီး မြင်နေတယ်။ သွားမယ့်သူတွေကိုလည်း အပြစ်မတင်ဘူး။ ဒီကာလမှာ ကိုယ်စိတ်မွန်းကြပ်နေတာဖြစ်လို့ ခဏတာထွက်ပေါက်ရဖို့ အပျော်အပါးဆို သွားလာကြမှာပဲ။ ဒါပေမယ့် ခုအချိန်မှာ တိုင်းပြည်ဒုက္ခရောက်နေချိန် ပွဲလမ်းသဘင်လုပ်ရမယ့်အချိန်၊ သွားလာရမယ့်အချိန် မဟုတ်ဘူး"

ပြည်သူ့ကာကွယ်ရေးစခန်းရှိ ဆိုင်ကယ်တစီး လျှပ်စီးကြောင်းထိပြီး မီးလောင်ဆုံးရှုံး

"မိုးရွာတာက နည်းတယ်ဗျ။ လေတိုက်တာက အတော်များတယ်။ မိုးခြိမ်းပြီး လျှပ်စီးလက် တာများတော့ လျှပ်စီးကြောင်းထိလို့ ဆိုင်ကယ်ကို မီးစွဲလောင်တာပါ။ တဲစခန်းနဲ့က နီးပေမယ့် ရေစိုနေတော့ တခြားပစ္စည်းတွေ ပျက်စီးဆုံးရှုံးတာ မရှိပါဘူး"

ခလရ ၁ တပ်သားက အငြိမ်းစားဗိုလ်ကြီးရဲ့သမီးကို အကြိမ်ကြိမ်အဓမ္မပြုကျင့်

"ရေစက်တန်းလမ်းဆိုတာ အဲ့နားမှာလည်း စစ်တပ်အငြိမ်းစားတွေချည်းပဲ နေကြတာ။ ခလရ ၁ နဲ့ အဲ့ဒီနေရာနဲ့က လမ်းပဲခြားတယ်။ အဲ့ဒီရက်ပိုင်းက မိဘတွေက ခရီးထွက်နေတဲ့အချိန် အိမ်နီးနားချင်းတွေနဲ့ အပ်ထားခဲ့တာ။ အဲ့ဒီအချိန်မှာ ထွန်းနိုင်က ခလေးမလေးကို မုဒိန်းဝင်ကျင့်တာ။ သူလုပ်တာက ၃ ကြိမ်တောင်ဆိုတော့ အဲ့ဒီအိမ်ကို အဝင်၊အထွက်ထူးခြားနေတာကို သတိထားမိပြီး နောက်ဆုံးအကြိမ်မှာ ဘေးအိမ်နီးချင်းတွေက အိမ်ထဲဝင်ကြည့်တော့ အဲ့ဒီလို တန်းလန်းကြီးမိတာ"

ထမင်းစားဖို့မရှိလို့ ဝါးခုတ်သွားတဲ့ အမျိုးသား ၂ ဦး မိုင်းနင်းမိပြီး ၁ ဦး ခြေတဖက်ပြတ်

"သူတို့ နှစ်ယောက်မှာ သိန်းစိုးက မိုင်းကိုနင်းမိတာ။ အဲ့ဒါကြောင့် မောင်ကြီးမှာ အစတွေပဲ မှန်သွားတာ။ အခုတော့ သူတို့ကို မကွေးဆေးရုံကို ကားနဲ့ယူသွားကြတယ်။ သိန်းစိုးခြေထောက်ကတော့ ဖြတ်ရမယ့်အခြေအနေ ရှိပါတယ်။ ဘယ်ခြေထောက်ရဲ့ ခြေကျင်းဝတ်အောက်ကနေ အသားတွေက ပွန်းထွက်သွားတာ"

အိမ်မီးရှို့ခံရတဲ့ ဒေသခံတွေအတွက် အဝတ်အထည်နဲ့စားသောက်ကုန်တွေ ထောက်ပံ့

"ကျနော်တို့အဖွဲ့က အများပြည်သူ လှူဒါန်းထားတဲ့ငွေတွေနဲ့ သင့်တော်မယ့် အဆင်ပြေမယ့်အရာလေးတွေကို စီစဥ်ပြီး သွားလှူပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရွာက ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရတာ။ ရွာသားတွေကတော့ ရွာထဲကို ပြန်ရောက်နေကြပြီ။ အဆင်ပြေသလို နေနေကြရတယ်။ ကျနော်တို့ဘက်က သွားထောက်ပံ့ပေးခဲ့တာကတော့ အိမ်ထောင်စု ၅၀ စာလောက်ပဲ ရှိပါတယ်။ နောက်လည်း အများပြည်သူ လှူဒါန်းတာတွေရှိရင် ထပ်ပြီးထောက်ပံ့ပေးဖို့ အစီစဥ်ရှိတယ်"

ကြံ့ခိုင်ရေးပါတီအမာခံရွာက ရွာသားတဦးကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးရိုက်နှက်

"ည ၉နာရီကျော်မှာပဲ မိုင်းဆွဲခံရတာဗျ။ စကစတွေရဲ့ ထိခိုက်သေဆုံးမှုကိုတော့ မသိရသေးဘူး။ ထိခိုက်သေဆုံးမှု ရှိနိုင်တယ်။ အောင်ကောက်က အဲဒီအချိန်မှာ ကျွဲရှာနေတာ။ အဲဒီမှာတွေ့လို့ ဖမ်းဆီးရိုက်နှက်ခံခဲ့ရတာ။ ဒီကားတွေကတော့ မြို့ထဲက ရိက္ခာကုန်းတပ်ထဲကို ဝင်သွားကြပြီ"

ကျွန်းလှမှာ အုပ်ချုပ်ရေးမှူးက ဦးဆောင်ပြီး ပြည်သူတွေကို ပြည်သူ့စစ်သင်တန်းတက်ဖို့ စေခိုင်း

“အခုက သင်တန်းကို မတက်မနေ တက်ရမဲ့သဘော။ သူတို့ဘက်က လူအင်အားမရှိတော့ ပြည်သူတွေကို ဖိအားပေး ခြိမ်းခြောက်တယ်လို့ ပြောလို့ရတယ်။ ရပ်ကွက်က လူတွေလည်း ပြဿနာ ပိုကြီးမှာ ကြောက်ကြတော့ အကုန်သွားကြတာ များတယ်။ အစည်းအဝေးကိုလည်း သူတို့ရပ်ကွက်က အုပ်ချုပ်ရေးမှူးတွေ ဦးဆောင်ပြီးလုပ်ကြတာ”

စိုက်ပျိုးစရိတ်ချေးငွေတွေ ခြိမ်းခြောက်တောင်းနေလို့ လယ်သမားတွေအခက်ကြုံ

"ကျတော်တို့မိသားစုက ၃ ဦးရှိတာ လယ်က ၆ ဧက ရှိတယ်။ အရင်က ပြေပြေလည်လည် စားနိုင်သောက်နိုင်တယ်။ အာဏာသိမ်းပြီးကတည်းက ကုန်စျေးနှုန်းတွေ ကြီးပြီး လယ်ထွက်စပါးကလည်း အရင်းလောက်ပဲ ပြန်ရတော့ ဘဏ်ကြွေးဆိုတာလည်း မဆပ်နိုင်ဘူး။ အခုအဲဒီကြွေးတွေ ပြန်ဆပ်နိုင်ဖို့ ထိုင်းနိုင်ငံကို တရားမဝင်သွားပြီး အလုပ်လုပ်နရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10