သတင်းတို

PRA တပ်ဖွဲ့ရဲ့ ၂ နှစ်ပြည့်မွေးနေ့ကို ဒေသတွင်းမဟာမိတ်ညီနောင်အဖွဲ့များနဲ့ စစ်ရေးပြ ကျင်းပခဲ့

"ပြီးခဲ့တဲ့နှစ်က ဘာမှအခမ်းအနားရယ်လို့ မကျင်းပနိုင်ခဲ့ဘူး။ ရှေ့တန်းနယ်မြေမှာ ရောက်နေတယ်။ အကျဉ်းချုံးပြီးပဲ လုပ်နိုင်ခဲ့တယ်။ ဒီနှစ်မှာတော့ ရဲဘော်တွေ စိတ်အားတတ်ကြွစေဖို့အတွက်၊ နောက်တခုက မဟာမိတ်ချစ်ကြည်ရေး ပိုမိုဖော်ဆောင်နိုင်ဖို့ ရှိတဲ့အားလေးနဲ့ လှလှပပလေး ကျင်းပနိုင်ခဲ့တယ်"

အိမ်တွေမီးရှို့ပြန်လာတဲ့ စစ်အုပ်စု မိုင်းဆွဲခံရလို့ ၁ ဦးသေပြီး၊ ဒဏ်ရာရသူများ

"ခုမနက် ၇ နာရီ ၄၄ မိနစ်မှာ စစ်ကြောင်းက အတန်းလိုက်အလစ်ပြန်ဆုတ်လာတာ။ ကျနော်တို့က ညတည်းကကြိုစောင့်ပြီး ပဒေသာမိုင်း ၄ လုံး အတန်းလိုက်ခင်းပြီးခွဲတာ ၁ ယောက်သေပြီး၊ ဒဏ်ရာရတာက ၁၀ ဦးလောက်ရှိမယ်"

မင်းကင်းက ရွှေမျှောဖောင် ၅၀ ကျော် မီးရှို့ခံရပြီး ရွှေမျှောလုပ်သား ၇ ဦး အသတ်ခံရ

"ရွှေတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေတော့ စစ်ကောင်စီဘက်က ယူသွားတယ်။ ပြီးတော့ မျှောထဲမှာ ကျန်ခဲ့တဲ့ အလုပ်သမား ၅ ယောက် ရွာသား ၂ ယောက် အသတ်ခံရတယ်။ ပစ်သတ်ပြီး သဲသောင်ပြင်မှာ မြှုပ်ခဲ့တာ။ ခုပြန်ဖော်ပြီး ဘယ်သူတွေဆိုတာ စစ်ဆေးနေကြတယ်"

ကလေးမြို့စာရင်းစစ်ရုံးက စစ်ကောင်စီတပ် ပစ်ခတ်ခံရလို့ စကားရပ်ပြောနေတဲ့စစ်ကောင်စီတပ်သား ၁ ဦးသေ၊ ၂ ဦးဒဏ်ရာရ

"ဘန်ကာအရှေ့မှာရပ်ပြီး စကားပြောနေကြတဲ့ စကစ ၃ ကောင်ကို ပစ်ခဲ့တာ။ အဲဒီမှာ အလယ်က ကောင်က ပွဲချင်းပြီးပါပဲ။ ကျန် ၂ ကောင်ကတော့ စစ်ဆေးရုံ ပို့လိုက်ရတယ်လို့ သိထားရတယ်။ အဲ့ဒီရုံးစခန်းကိုတော့ ပထမအကြိမ် တိုက်ခိုက်တာပါ"

စစ်အုပ်စုလက်ချက်နဲ့ကျဆုံးခဲ့သူ မသဉ္ဇာဟိန်းအတွက် အောက်မေ့ဖွယ် ၂ နှစ်ပြည့်အခမ်းအနားပြုလုပ်

“အခုလို အောက်မေ့ဖွယ်အခမ်းအနားလုပ်တာ ပထမအကြိမ်ပါ။ အရင်နှစ်က လုပ်ချင်ပေမယ့် နယ်မြေအနေအထားအရ မလုပ်ဖြစ်လိုက်ပါဘူး”

PDF ရဲဘော်သေဆုံးခြင်း ၁ နှစ်ပြည့် ဆွမ်းသွပ်တရားတော်နာ ပြုလုပ်

"ဈာပနပြုလုပ်တာက သူ့ရဲ့ရွာမှာလုပ်ပြီး သင်္ဂြိုလ်ပေးခဲ့တာ။ အုတ်ဂူလည်း တည်‌ပေးခဲ့တယ်။ ကျဆုံးရဲဘော်ရဲ့ မိသားစုဝင်တွေလည်း လာပါတယ်။ အခုတနှစ်ပြည့်မှာလည်း သူ့ရဲ့မိသားစုဝင်တွေနဲ့အတူ ကျနော်တို့တပ်ဖွဲ့စခန်းမှာ ဆွမ်းသွပ်တရားနာ အခမ်းအနားကို ပြုလုပ်ခဲ့တာ"

ရွှေဘိုမှာ မိုင်း ၂ ကြိမ်ကွဲလို့ အမျိုးသား ၁ ဦးသေဆုံးကာ ၁၉ ဦးဒဏ်ရာရ

"ပထမအကြိမ်က ရွှေဘိုမြို့အဝင် မူးဘောင်တံတားပေါ်မှာ မိုင်းကွဲတယ်။ နောက်တကြိမ်က အဲ့နားနဲ့ မလှမ်းမကမ်းမှာ နောက်တလုံး ထပ်ကွဲတယ်။ လူသွားလူလာစည်ကားနေတဲ့ အချိန်ဖြစ်နေတော့ ထိခိုက်သူတွေ တော်တော်များတယ်။ ခုတော့ အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေရတယ်။ ကျား ၁ ဦးကတော့ ဆေးရုံရောက်မှ ဆုံးသွားတယ်"

ကင်းပတ်ပြီး ဘီယာဆိုင်မှာထိုင်နားနေတဲ့ရဲတွေ ပစ်ခတ်ခံရလို့ ၁ ဦးသေ၊ စခန်းမှူးအပါ ၄ ဦး ဒဏ်ရာရ

"ညဘက်ကင်းပတ်ပြီး အဲ့ဒီအချိန်လောက်ဆို အုပ်ကြီးဘီယာဆိုင်မှာ ထိုင်နားနေကြ။ သူတို့ဘက်ကလည်း လက်ပစ်ဗုံးနဲ့ ပြန်ပစ်တာရှိပေမယ့် ပြန်လှန်ပစ်ခတ်ရင်း ကျနော်တို့ဘက်က လက်ဦးသွားလို့ ရဲတွေဘက်က ၁ ယောက် သေတယ်။ သေတာက နယ်ထိန်းရဲ။ စခန်းမှူးအပါ ၄ ယောက် ထိခိုက်ဒဏ်ရာ ရသွားတာ။ စခန်းမှူးကတော့ ခါးရိုးထဲမှာ ကျည်စိုက်ဝင်တယ်လို့ ပြန်ကြားရတယ်"

ရွှေဆိုင်က ပိုက်ဆံထုပ်တွေကားပေါ်တင်နေချိန် ဆိုင်ရှေ့ဓားပြတိုက်ခံရလို့ သိန်း ၁၀၀၀ ကျော်ပါသွား

"ဆိုင်ကသိမ်းချိန်ဆိုတော့ ဆိုင်ကငွေတွေကို အိမ်ပြန်သယ်ဖို့ ဆိုင်ရှေ့ကကားပေါ်ကို တင်နေတာ။ အဲဒီအချိန်မှာပဲ ကား ၁ စီးနဲ့ လူ ၃ ဦးက ငွေတင်နေတဲ့ကားနားကိုရောက်လာပြီး သေနတ်ပြပြီး ကားပေါ်ကငွေထုတ်တွေကို သူတို့ကားပေါ်ယူတင်ပြီး ထွက်သွားတာ"

တပ်မတော်နေ့ ကင်းလှည့်နေတဲ့စစ်ကောင်စီအဖွဲ့ မိုင်းဆွဲခံရလို့ ၂ ဦးထက်မနည်းထိခိုက်

"ခါတိုင်းဆို သူတို့ဘက်က ယူနီဖောင်းတွေနဲ့ ကင်းလှည့်တာမရှိဘူး။ မနေ့ကတော့ ယူနီဖောင်းတွေနဲ့ လှည့်နေတာရှိတယ်။ မနေ့က သူတို့က စစ်တပ်အထိမ်းအမှတ်နေ့ဆိုတော့ လုံခြုံရေးကို သူတို့အလေးထားပြီး လုပ်နေတာဖြစ်မယ်။ သူတို့က မြို့ထဲကလာပြီးကင်းလှည့်ပြီး ပြန်အဝင်လောက်မှာ မိုင်းဆွဲလိုက်တာ။ အဓိကက စစ်ကောင်စီက ပြုလုပ်နေတဲ့ တပ်မတော်နေ့အထိမ်းအမှတ်ကို အသိအမှတ်မပြုဘူးဆိုတာ သိစေချင်လို့လုပ်တာ"

တိုက်ပွဲမရှိပဲ အကြောင်းမဲ့ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးမြို့က အမျိုးသမီး တဦးဒဏ်ရာရ

"ဒဏ်ရာကတော့ ဘယ်ဖက်ခြေထောက်မှာ ရသွားတာ။ သူမကို ကလေးမြို့ ဆေးရုံကို ပို့လိုက်ရတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး"

ဝက်လက်မှာ စစ်တပ်ကခိုင်းနွားတွေကို ပစ်ခတ်စားသောက်နေလို့ နွားရောင်းချသူများပြားလာပြီး နွားဈေးကျဆင်း

"စစ်ကြောင်းလာလို့ နွားလှည်းနဲ့တိုးရင် နွားတွေကိုပစ်သတ်ပြီး လှည်းကိုမီးရိူ့တာ။ အဲ့တော့ပြည်သူတွေက အရင်လို ခိုင်းနွားတွေ မထားရဲတော့ဘဲ အကုန်ထုတ်ရောင်းနေတော့တာ။ အရင်က ခိုင်းနွား ၂ ရှဥ်း(၄ ကောင်)ထားတဲ့အိမ်က အခု ၂ ကောင်ပဲ ထားတယ်။ ရွာထဲမှာလည်း ခိုင်းနွားအသန့်က ၃ ပုံ ၁ ပုံလောက်ပဲ ထားတော့တယ်"

ဖက်ဆစ်တော်လှန်ရေးနေ့မှာ ပခုက္ကူလူထုတိုက်ပွဲကော်မတီက သပိတ်စစ်ကြောင်းပြုလုပ်

“ပြည်သူတွေအနေနဲ့လည်း တယောက်ကိုတယောက် အပြစ်ပြော လက်ညိုးထိုးနေမဲ့အစား လက်သီးကျစ်ကျစ်ဆုတ်ပြီး အချင်းချင်းစည်းလုံးညီညွတ်စွာ ကိုယ်ဘာလုပ်ပေးနိုင်သလဲ ဆိုတဲ့ဘက်က ပါဝင်ပေးကြဖို့ကို ပြောချင်တယ်” လို့ ဆိုပါတယ်။

တပ်မတော်နေ့မှာ စစ်တပ်ယူနီဖောင်းကိုမီးရှို့ပြီး ဆန္ဒပြ

"တပ်မတော်နေ့မှာ ပြည်သူလူထုအနေနဲ့ စစ်တပ်ကိုမထောက်ခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့တာပါ။ ပြည်သူလူထု မထောက်ခံတဲ့စစ်တပ်ဟာ ကြာကြာမခံပါဘူး။ ခုဆို တဖြည်းဖြည်း ယိုင်လဲလာပါပြီ။ အရေးနိမ့်လာပြီ ဖြစ်တဲ့အတွက် ပြည်သူလူထုအနေနဲ့ ဆက်လက် တောင့်ခံခုခံပေးကြဖို့ တောင်းဆိုလိုပါတယ်"

ဒေါ်အောင်ဆန်းစုကြည်လမ်းမှာ ဗုံးဖြုတ်နေတဲ့ စစ်ကောင်စီတပ်သား ၂ ဦး ဗုံးပေါက်ကွဲလို့ သေဆုံး

“ဗုံးပေါက်ကွဲပြီတော့ လူနာတင်ယာဉ်နဲ့ လာတင်သွားတယ်။ သေတာတော့ ၂ ယောက်သေတယ်။ သေတာကို ဘယ်လိုသိရလဲဆိုတော့ ကျနော်တို့ မြေပြင်သတင်းပေးတွေဆီကနေ သိရတာပါ။ ထိခိုက်ဒဏ်ရာရတာတွေတော့ မကြားမိဘူး”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10