သတင်းတို

စစ်ကောင်စီတပ်က အမြင့်လမ်းပိုင်းမှာ ကား၊ဆိုင်ကယ်တွေကိုဖမ်းဆီးပြီး ကျပ် ၃ သိန်းအထိတောင်းယူနေဟုဆို

“အမြင့်မြို့ဟောင်းလမ်းပိုင်းကနေ ဖြတ်သန်းသွားလာနေတဲ့ ပြည်သူတွေဆီက ဆိုင်ကယ်တွေဖမ်းဆီးပြီး တစီးကို ၃ သိန်းနဲ့ ပြန်ရွေးခိုင်းတယ်။ ကားတွေဆို ကားပေါ်ပါတဲ့ပိုက်ဆံအကုန်ယူတယ်။ ဆိုင်ကယ်တွေဖမ်းပြီးရင် တရက်ထဲအပြီးရွေးခိုင်းတယ်။ သူတို့တောင်းတဲ့ငွေပမာဏ မပေးနိုင်ရင် တော်တော်တောင်းပန်ပြီးမှ တဝက်ကြေးပေးရတယ်”

စစ်ရှောင်ပဒူရွာဒေသခံ ၁၀၀၀ ခန့်ကို PDF က စားသောက်ကုန်များလှူဒါန်းပြီး ကျန်းမာရေးစောင့်ရှောက်ပေး

“အခုလက်ရှိစားဝတ်နေရေးကို ပကဖ၊ ပလဖတပ်ဖွဲ့တချို့က ချက်ပြုတ်ကျွေးမွေးနေရတယ်။ ကျနော်တို့က အရန်ရိက္ခာတွေထားထားတာရှိတယ်၊ အဲဒီထဲက ဆန် ၁၀ အိတ်၊ ကြက်သွန်နီ ပိသာချိန် ၇၀ လှူဒါန်း ခဲ့တယ်။ နောက်နေ့တွေလည်း ဆက်ပြီလှူဒါန်းသွားပါမယ်”

ကုက္ကိုပင်လဲကျလို့ အမျိုးသမီး ၁ ဦးသေဆုံးပြီး သီလရှင် ၁ ပါး အပါ ၃ ဦးဒဏ်ရာရ

"ကုက္ကိုပင်ကြီးက သက်တမ်းလဲ ကြာနေပြီး။ ရှေ့ရက်တွေကလဲ မိုးကောင်းထားတော့ အမြစ်မခိုင်ဘဲ လဲကျသွားတာဖြစ်နိုင်တယ်။ အပင်က လူနေအဆောင်ပေါ်လဲကျတာဆိုတော့ အထဲကလူတွေပိသွားတာ"

စစ်ကိုင်းတိုင်းရှိ ရွာ ၂ ရွာကို ယက္ခညီနောင်အဖွဲ့ - မန္တလေး က ၉ မမ လက်နက်ငယ်တွေ ပေးအပ်

"ကျေးရွာသားတွေ စစ်ကောင်စီရန်က ကြိုတင်ကာကွယ်ရန်နဲ့ လုံခြုံရေးတာဝန်ထမ်းဆောင်ရာမှာ အဆင်ပြေဖို့ လိုအပ်ချက်အရ ထောက်ပံ့ပေးခဲ့တာပါ။ ကျနော်တို့ ကိုယ်တိုင်ထုတ်လုပ်ထားတာဖြစ်ပြီး ပစ်မှတ်ကိုပေ ၁၀၀ အကွာထိ ထိမှန်အောင်ပစ်နိုင်ပါတယ်။ ထုတ်လုပ်မှုကုန်ကျစရိတ် တလက်ကို ကျပ် ၂ သိန်းကျပါတယ်။"

ရွှေဘိုနယ်က မီးဘေးသင့် ကျောင်းသား/သူတွေကို S&C က ဆိုလာမီး လှူဒါန်း

“လျှပ်စစ်မီးမရှိတဲ့ကျောင်းသား၊ ကျောင်းသူတွေအဆင်ပြေစေဖို့ အားလုံးကိုလှူချင်ပေမယ့် ကျောင်းသားဦးရေနဲ့မမျှလို့ ဆိုလာကို မဲဖောက်ပေးခဲ့တာဖြစ်တယ်။ အလင်းအားကောင်းတဲ့ LED ၅ ဝပ် မီးလုံး ၃ လုံး အသုံးပြုနိုင်ပြီး ဖုန်းအားသွင်းနိုင်ပါတယ်"

မြင်းခြံမှာ နေအိမ် ၁၀၀ ကို စစ်တပ်ကမီးရှို့၊ အဖွားတဦးလည်း မီးလောင်သေဆုံး

"လက်နက်တွေလည်း ပစ်ဖောက်ရော ရွာသားတွေ ကြောက်လန့်ပြီထွက်ပြေးကုန်တာ တချို့ဆို အဝတ်တထည်ကိုယ်တခုနဲ့ပဲထွက်ပြေးကြတာ။ မီးထဲမှာ တယောက်ကဆုံးသွားတယ်။ ကျန်တယောက်က မသန်စွမ်းဖြစ်နေတဲ့ အသက် ၃၅ နှစ်အရွယ် ကိုခင်မောင်ဌေး ကိုတော့ မီးထဲကကယ်ထုတ်နိုင်ခဲ့ပေမဲ့ အခုချိန်ထိစကားမပြောနိုင်တော့သလို အသက်ရှူတာတွေလည်းမောနေတယ်”

ဝက်လက်မြို့ပေါ် ကင်းပတ်နေတဲ့စစ်အုပ်စု မိုင်းဆွဲခံရလို့အရာရှိတဦးဒဏ်ရာပြင်းထန်

"ဗိုလ်မှာ ဒဏ်ရာရသွားတာက ခြေသလုံးကြွက်သားတွေ ပွင့်ထွက်သွားတာ။သူဒဏ်ရာရတာကို မျက်မြင် တွေ့သူတွေနဲ့ဖရဲသီးတွေရဲ့ပြောကြားချက်အရအတည်ပြုနိုင်ခဲ့တာ။ ဗိုလ်ရဲ့ အသေးစိတ်အချက် အလက်ကိုတော့သိဖို့ခက်တယ်"

စစ်အုပ်စုက အမျိုးသား ၂ ဦးကိုဖမ်းဆီးသတ်ခဲ့ပြီး ဒေသခံ ၁၅ ဦးကိုလည်း ဓားစာခံအဖြစ်ဖမ်းဆီး

“ဆုံးသွားတဲ့အမျိုးသား ၂ ဦးက ရွှေဘိုကနေ ပြန်လာပုံပေါက်တယ်။ သူတို့ပြန်လာတဲ့အချိန် စစ်ကြောင်းနဲ့တိုးတယ်။ အဲ့ဒီကနေစစ်တော့ ဆိုင်ကယ်ဘောက်ထဲက မိုင်းကိုတွေ့သွားတော့ ခွေးတွေကိုချည်တဲ့ သံကြိုးတွေနဲ့ လည်ပင်းနဲ့ လက်တွေကိုချည်သွားတယ်။ တောထဲရောက်တော့ တယောက်ကိုတော့ နဖူးနဲ့ရင်ဘတ်ကို ပစ်သတ်သွားတယ်။ ကျန်တယောက်ကိုတော့ မျက်လုံးနဲ့ ခေါင်းကို ပစ်သတ်သွားတယ်”

ငါန်းဇွန်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၂ ဦး ရှင်းလင်းခံရ

"သူတို့ ၂ ယောက်ကို တယောက် ၃ ချက်စီနဲ့ ၆ ချက်ပစ်ပြီးရှင်းလင်းခဲ့တာ။ နေရာမှာတင် ပွဲချင်းပြီးတယ်။ ဒီအုပ်ကြီးတွေက အုပ်စုလိုက်ဖွဲ့ပြီး အရက်သောက်ကြတာများတယ်။ ဒီနေ့မှာတော့ ၂ ယောက်ပဲတွေ့ရတယ်။ ဒီ ၂ ကောင်က စကစ သတင်းပေးလုပ်တာရယ်၊ ရွာသားတွေကို ဖိနှိပ်ချုပ်ချယ် ဗိုလ်ကျနေကြတာဗျ။ ဒါကြောင့် ရှင်းလင်းခဲ့တာ"

နတ်တလင်းက ကျေးရွာတချို့တွင် ရွာအတွင်းနေထိုင်ကြောင်း ထောက်ခံစာလုပ်ခိုင်းပြီး ငွေတောင်း

"ရွာမှာနေတဲ့အကြောင်း ထောက်ခံစာလုပ်ရမှာတဲ့၊ ထောက်ခံစာက အလကားလုပ်ရတာမဟုတ်ဘူး။ တခါလုပ်ရင် တထောင်နှစ်ထောင်ပေးရတာ ဆန်ဝယ်စားလို့ရတယ်။ တလတခါဆိုတော့ လွန်တယ်။ အလုပ်အကိုင်က ကောင်းတာမဟုတ်ဘူး။ PDFတွေ လာနေမှာစိုးလို့ဆိုပြီး အကြောင်းပြတယ်။ လာစစ်တဲ့အချိန် စာရွက်ထဲကလူနဲ့ အပြင်ကလူတိုက်စစ်မယ်လို့လည်း ရာအိမ်မှူးကပြောသေးတယ်"

သင်တန်းတက်ပြီးပြန်လာတဲ့ Non-CDM ပညာရေးဝန်ထမ်းတွေကို PDF က ခေါ်ယူစစ်ဆေးပြီးပြန်လွှတ်ပေးခဲ့

“ကျနော်တို့စစ်တဲ့အချိန်မှာ အရပ်သားကားမဟုတ်ဘဲနဲ့ ပခုက္ကူကနေ သင်တန်းတက်ပြီး ပြန်လာတဲ့ Non-CDM တွေဖြစ်နေတာ။ သူတို့ကို တခုခုလုပ်မယ်ထင်နေတာ။ သူတို့(ဆရာ၊ ဆရာမတွေ)ကို CDMလုပ်ပေးဖို့၊ စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်ဖို့ ပြောပြီးတော့ ချက်ချင်း ဒီအတိုင်းပဲ ပြန်လွှတ်လိုက်တာ”

နေအိမ်တွေကို မွှေနှောက်ဖျက်စီးခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ထိခိုက်သေဆုံးမှုရှိဟုဆို

"စကစတွေက မနက်ပိုင်းမှာ ကံပေါက်ရွာကိုဝင်ပြီးတော့ နေအိမ်တွေကို ရှာဖွေ၊ ဖျက်စီးတာတွေလုပ်တယ်။ မီးရှို့တာတော့မရှိဘူး။ နေ့ခင်းပိုင်းမှာအဲရွာကနေထွက်ပြီးတော့ မူးချောင်းဘောင်ဘေးလျှောက် စစ်ကြောင်းထိုးသွားတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေက ကံပေါက်ရွာကို အဝင်မှာတကြိမ်၊ အထွက်မှာတကြိမ် ၂ ကြိမ် မိုင်းဆွဲခဲ့တာ။ အပြန်အလှန်ပစ်ခတ်တာတော့ မရှိခဲ့ဘူး။ စကစတွေ ထိခိုက်သေဆုံးတာကို အတည်မပြုနိုင်ခဲ့ပေမယ့် အတော်လေးကိုအထိနာသွားတာတွေ့ ရှိခဲ့ရတယ်"

အရပ်ဝတ်နဲ့ကွမ်းယာလာဝယ်တဲ့ ရဲတပ်သား ၂ ဦး ပစ်ခတ်ခံရလို့ တဦးသေဆုံး

“အဲဒီစခန်းထဲကရဲတွေက နေ့တိုင်းဆိုသလိုရွာထဲကိုလာပြီးအရက်၊ ကွမ်းယာတွေ လာဝယ်တာမျိုးတွေ လုပ်တယ်။အဲဒီနေ့ကလည်း သူတို့ကွမ်းလာဝယ်တုန်း အလစ်အငိုက် ပစ်ခတ်ခဲ့တာပါ။ ထိသွားတဲ့တ ယောက်က ရင်ဘတ်ကိုထိသွားတာ ကျန်တဲ့တယောက်ကတော့ လွတ်သွားတယ်”

မုန်တိုင်းအလွန် ပျက်စီးသွားတဲ့လမ်းတွေကို တော်လှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေ ကိုယ်ထူကိုယ်ထ ပြုပြင်

“ယင်းမာပင်နယ်ထဲမှာပဲ မိုခါကြောင့်ပျက်စီးသွားတဲ့ တံတားတွေ၊ လမ်းတွေကို ပြင်ပေးဖြစ်တာပါ။ တံတားကိုလည်း မေ ၁၉ ရက်နေ့မှာ ပြင်လိုက်တယ်။ တော်လှန်ရေးကာလဖြစ်တော့ တံတားကို အပြီးစီးပြီးသွားတာမျိုးတော့မဟုတ်ပေမဲ့ ကြားထဲမှာ သွားလာဖို့အဆင်ပြေအောင် ကျနော်တို့နဲ့ဒေသခံတွေရဲ့ မတည်ငွေနဲ့ ပြန်လည်ပြုပြင်ခဲ့ကြတာပါ။ ဘယ်ပရဟိတအဖွဲ့တွေမှ လာရောက်ကူညီပေးတာမျိုးတော့မရှိပါဘူး ”

ညောင်ခါးရှည်ရဲစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်အုပ်စုရဲ့ ဖမ်းဆီးခံပြည်သူထဲက ၂ ဦးသေဆုံး

"ဦးမြသိန်းက ဖမ်းဆီးခံချိန်ကတည်းက သေနတ်ထိထားတာ။ ဆေးကုသခွင့်မရဘဲ ဆုံးသွားတယ်လို့ သိရပါတယ်။ ကိုအောင်မြင့်သိန်းကျတော့ ဖမ်းဆီးခံရချိန်မှာ အိမ်မိုးနေတာ။ စကစ တပ်သားတွေကိုတွေ့တော့ လန့်ပြီး အမိုးပေါ်ကနေ ခုန်ချလိုက်တာ။ မထနိုင်ချိန် စကစ က ဖမ်းသွားတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10