အညို

စစ်ရေးအခြေအနေကြောင့် ဝက်လက်-ရွှေဘိုကားလမ်း ဆက်လက်ပိတ်ထား (ရုပ်/သံ)

စစ်အုပ်စုက ဇန်နဝါရီ ၂၃ ရက်မှာ ရွှေဘိုမြို့ဘက်ကနေ စစ်ကား ၁၃ စီးနဲ့ ဆင်းလာပြီး ဝက်လက်မြို့နယ် စိုင်နိုင်ကွေ့မှာ အထိုင်ချထားတဲ့တပ်ဆီကို ရောက်လာတာဖြစ်လို့ ဒီကားတွေပြန်ထွက်ရင် တိုက်ပွဲဖြစ်လာနိုင်တဲ့ အခြေအနေကြောင့် ကားလမ်းကိုပိတ်ထားတာလို့ တော်လှန်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးကပြောပါတယ်။

ပခုက္ကူလေဆိပ်ကနေ မျောက်လူးကန်ရွာကို လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံ ၃ ဦးဒဏ်ရာရ (ရုပ်/သံ)

မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မျောက်လူးကန်ကျေးရွာကို ပုခုက္ကူလေယာဥ်ကွင်းထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့လို့ ပြည်သူ ၃ ဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နေအိမ် ၅လုံးပျက်စီးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်တပ်က လေကြောင်းသုံးတိုက်ခိုက်ခဲ့တဲ့ ထီးချိုင့်တိုက်ပွဲမှာ စစ်သား ၁၀ ဦးကျော်နဲ့ PDF ၂ ဦးသေဆုံး

"လေယာဥ် ၂ စီးကပစ်ပြီး ၁ စီးက လူချတယ်။ မနက် ပွဲဖြစ်နေတဲ့အချိန် ၅ နာရီခွဲမှာတကြိမ်၊ နေ့ခင်း ၂ နာရီလောက်မှာတကြိမ် လေယာဥ်ပစ်ပြီး အင်အားထပ်တိုးထားတယ်။ လေယာဥ်နဲ့ကြောင့်မို့လည်း အထိအခိုက်များသွားတယ်”

မတ္တရာမှာ တိုက်ပွဲဖြစ်၊ တော်လှန်ရေးရဲဘော်တဦးကျဆုံးပြီး ထုတ်လုပ်ရေးစခန်းစီးနင်းခံရ

"ရဲဘော်တဦးကျတယ်လို့ သိရတယ်။ စစ်ကောင်စီဘက်ကလည်း အကျအဆုံးများတယ်လို့ သိရတယ်။ စာရင်းတော့ မသိရဘူး"

ခင်ပွန်းကိုသတ်ကာ ဇနီးကို ဓားစာခံလုပ်ပြီး စစ်တပ်က မတ္တရာနယ်မှာ စစ်ကြောင်းထိုး

အဖမ်းခံရတဲ့ လင်မယား ၂ ဦးဟာ မတ္တရာမြို့နယ်အရှေ့ဘက် ဆင်ရွာကဖြစ်ပြီး သူတို့ ၂ ဦးကို ဇန်နဝါရီ ၂၂ ရက် မနေ့က ပြင်ဦးလွင်မြို့အဝင် ဝက်ဝံဂိတ်မှာ စစ်ကောင်စီက ဖမ်းဆီးကာ အမျိုးသားကိုသတ်ပြီး အမျိုးသမီးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ နီးစပ်တဲ့ ဒေသခံတဦးက ဆိုပါတယ်။

ထီးချိုင့်မှာ ကြံသိမ်းချိန်ဖြစ်လို့ PDF က တိုက်ပွဲရပ်နားပေးတာကို အခွင့်ကောင်းယူပြီး စစ်တပ်က နယ်မြေချဲ့လာ

"ဒီဘက်(တော်လှန်ရေးအဖွဲ့တွေ)က လမ်းဖွင့်ပေးနိုင်အောင် ငြိမ်ပေးထားတာ။ ဒါကို အခွင့်ကောင်းယူပြီး သူတို့က တိုးခဲ့တာလေ။ အဲ့ဒါကြောင့် တိုက်ရတာ"

စစ်တပ်က ဖမ်းဆီးနှိပ်စက်ခဲ့တဲ့ဒဏ်ရာတွေနဲ့ မတ္တရာသံဃနာယက အတွင်းရေးမှူးဆရာတော် ပျံလွန်

" သေလောက်ပြီထင်ပြီး အလောင်းလာပစ်သွားတာ။ ရိုက်နှက်နှိပ်စက်ထားတဲ့ ဒဏ်ရာတွေပါတယ်လို့ သိရပါတယ်။ ဆရာတော်ကမသေဘဲ ဒကာ၊ဒကာမတွေက ကောက်ပြီး တိုးတိုးတိတ်တိတ် ဆေးကုပေးနေကြတာကနေ အခုမှပျံလွန်တာ"

မတ္တရာမြို့နယ်က ပြည်သူတွေ ဗုံးခိုကျင်းတူးကြရန် ခရိုင်ပကဖ သတိပေး

"ပြည်သူတွေကလည်း ပေါ့ဆကြတယ်။ သူတို့ကို ဘာမှ မလုပ်လောက်ပါဘူးလို့ ထင်တာ။ အရှေ့ခြမ်းက ပြည်သူတွေက ပိုဆိုးတယ်။ အခုက မဖြစ်မနေ ဗုံးခိုကျင်းတူးရမယ့် အခြေအနေဖြစ်နေပြီ။ စစ်ကြောင်းလာရင်လည်း ရှောင်ကြတိမ်းကြဖို့ သတိပေးချင်ပါတယ်"

လောက်ကိုင်ပြန်တွေထဲက တပ်တွေကိုပြန်ရောက်မလာသူများနေ၊ ပြန်ရောက်လာသူတွေကိုလည်း ရှမ်းမြောက်တပ်တွေဆီပြန်ပို့နေကာ အရေးယူမှုနဲ့ပတ်သက်ပြီး အတိကျမသိရဟုဆို

" ရက်တပတ်လောက်ပဲ အချိန်ပေးတယ်။ သက်ဆိုင်ရာတပ်ရင်းတွေဆီကို ပြန်ဝင်ခိုင်းထားတာ။ ပျောက်နေတဲ့သူတွေက အများကြီးပဲ။ ရောက်လာတဲ့သူတွေလည်း အကုန်စိတ်ဓာတ်ကျနေကြတယ်"

ထီးချိုင့်တွင် စစ်တပ်က အင်အားတိုးမြှင့်ထားပြီး တိုက်ပွဲပြင်းထန်နေ

"မြတောင်ဘက်ခြမ်းမှာတင် ဖြစ်နေတာ။ မနက်ကတည်းကပဲ။ စစ်တပ်ဘက်ကလည်း ဒရုန်းတွေ အများအပြား သုံးနေတယ်။”

မတ္တရာမှာ လက်နက်ကြီးထိလို့ သက်ကြီးပိုင်းအမျိုးသမီးတဦး သေဆုံး

စစ်ကောင်စီဘက်က ဇန်နဝါရီလ ၁၅ ရက် မနေ့ညနေ ၄ နာရီလောက်မှာ ၈၁ မမ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာ ၃ မိုင်အကွာရှိ အုန်းကုန်းကျေးရွာထဲကို ကျရောက်ပေါက်ကွဲခဲ့လို့ ဒေသခံတွေ ထိခိုက်သေဆုံးခဲ့ကြတာပါ။

ခင်ဦးမှာ ကိုယ်ဝန် ၅ လနဲ့အမျိုးသမီး ၁ ဦးအပါ ဒေသခံ ၄ ဦးကို စစ်တပ်သတ်ဖြတ်

"နဖူးကို တေ့ပစ်သွားတာ။ ခေါင်းကနောက်ကို ပွင့်ထွက်သွားတယ်။ ဘာမှကိုရစရာ မကောင်းဘူး"

ပျူစောထီးစခန်းကို PDF ဝင်တိုက်၊ စစ်သားနဲ့ပျူ ၁၀ ဦးကျော်သေလို့ ကျေးရွာတွေကို စစ်တပ်ကမီးရှို့

“အဲ့ဒီစခန်းမှာ ပျူနဲ့စခ အင်အား ၃၀ လောက်ရှိတယ်။ ထွက်ပြေးကြတဲ့သူတွေလည်း ရှိတယ်။ မျက်မြင် ၁၁ ယောက်ကျပါတယ်။ ဖမ်းမိတဲ့သူ မရှိခဲ့ပါဘူး။ စခန်းကိုမီးရှို့ပြီး လက်နက်ခဲယမ်းတွေ သိမ်းဆည်း နိုင်ခဲ့တယ်”

မတ္တရာမှာ စစ်တပ်က ဖမ်းသွားတဲ့အမျိုးသမီး ပါးတခြမ်းပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်ပြန်တွေ့

မတ္တရာမြို့နယ်အနောက်ခြမ်းကို ဇန်နဝါရီ ၉ ရက်က စစ်ကြောင်းထိုးကာ နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တဲ့စစ်တပ်ဟာ အလည်ရွာကနေ အမျိုးသမီးတဦးကို ဖမ်းဆီးသွားခဲ့ရာ ၃ ရက်ကြာပြီးနောက် ပါးတခြမ်း ပွင့်ထွက်ဒဏ်ရာနဲ့ သေဆုံးလျက်ပြန်တွေ့ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးမြို့နယ်တွင်တိုက်ပွဲဖြစ်ပြီး စစ်သား ၄ ဦးထက်မနည်း သေဆုံး

"ခင်ဦးမြို့နယ်ထဲမှာ ပွဲကြီးလိုမျိုး တကယ့်အကြီးကျယ်ကြီးကို မနေ့ကဖြစ်တာ။ ကျွန်တော်တို့ KSO အဖွဲ့ကတော့ ဒရုန်းနဲ့ သွားပူးပေါင်းတာပေါ့ဗျာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10