အညို

စစ်ကား ၃ စီးကို RPG နဲ့ ဖျက်ဆီးနိုင်ခဲ့သူ ရဲဘော်ပြားကြီး (ရုပ်သံဆောင်းပါး)

RPG ထမ်းပြီး စောင့်ဆိုင်းနေတဲ့ ရဲဘော်ပြားကြီးဟာ သူ့အရှေ့ ပေ ၂၀ အကွာ ကားလမ်းပေါ်က မောင်းနှင်သွားတဲ့ စစ်ကားကို RPG နဲ့ပစ်ခတ်လိုက်ပါတယ်။ သူ့ရဲ့ပစ်ချက်ဟာ ကားရဲ့ ဓာတ်ဆီတိုင်ကီကို တည့်တည့်ထိမှန် ပေါက်ကွဲပြီး စစ်ကားမီးလောင်‌သွားခဲ့ပါတယ်။ မီးလောင်ပြီး လမ်းဘေးထိုးရပ်သွားတဲ့ စစ်ကားကို တော်လှန်ရေးရဲဘော်တွေက လက်နက်ငယ်တွေနဲ့ ဝိုင်းဝန်း ပစ်ခတ်လိုက်ကြပါတယ်။

စစ်ပွဲကြားက အသက်ကို ရင်းထားရတဲ့ ကိုယ်ဝန်ဆောင်သည်များ (ရုပ်သံဆောင်းပါး)

စစ်အာဏာသိမ်းပြီးနောက် ၂၀၂၂ခုနှစ် ထဲမှာတော့ PDF တွေရှိတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ပန်းရွာက အိမ်ခြေတဝက်လောက်ကို စစ်တပ်က မီးရှို့သွားခဲ့ရာ ရွာရဲ့ ကျန်းမာရေးစောင့်ရှောက်မှုစနစ်ပါ ပျက်စီးသွားခဲ့ရပါတယ်။ ဒါကြောင့် မသက်မာတို့လို ကိုယ်ဝန်ဆောင်တွေနဲ့ နာမကျန်းဖြစ်သူတွေဟာ .....

စစ်ကား ၃ စီးကို RPG နဲ့ ဖျက်ဆီးနိုင်ခဲ့သူ ရဲဘော်ပြားကြီး (ရုပ်ပုံလွှာ)

ရဲဘော်ပြားကြီး ပထမဆုံးပစ်လိုက်တဲ့စစ်ကားဟာ ဆီတိုင်ကီကို ထိမှန်ပြီး လမ်းဘေးသစ်ပင်ကို ဝင်တိုက်ကာ ထိုးရပ်သွားပါတယ်။ ဒုတိယအစီးကို ပစ်ခတ်ရာမှာ ကားနောက်ဘီးကို ထိမှန်ခဲ့သလို တတိယစစ်ကား တစီးကိုလည်း တည့်တည့်မတ်မတ်ထိအောင်ပစ်နိုင်လို့ အဲဒီနေ့မှာ ရဲဘော်ပြားကြီးဟာ စစ်ကားသုံးစီးကို RPG လက်နက်နဲ့ ဖျက်ဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲကြားက ပြာကျသွားတဲ့ မြို့ငယ်လေး (ရုပ်သံဆောင်းပါး)

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကိုင်းတိုင်း၊ ကချင်ပြည်နယ်နဲ့ မန္တလေးတိုင်းမြောက်ဘက်က ဒေသတွေမှာ လက်နက်ကိုင်တော်လှန်ရေးတွေ ဖြစ်လာတဲ့အခါမှာတော့ ဒီလိုလမ်းပန်းဆက်သွယ်ရေး အချက်အချာကျတဲ့ ထီးချိုင့်မြို့လေးဟာ လက်နက်ကိုင်တပ်ဖွဲ့တွေအတွက် စစ်ရေးအရ ဗျူဟာကျတဲ့ မြို့လေးဖြစ်လာပြီး တိုက်ပွဲတွေကြားမှာ ပြာပုံဘဝကို ရောက်သွားရပါတော့တယ်။

တိုက်ပွဲကြားက ပြာကျသွားတဲ့ မြို့ငယ်လေး

“ဒရုန်းကနေ ကြည့်ရတဲ့ပုံအရ မြို့ရဲ့ ၉၈ ရာခိုင်နှုန်းက ပျက်စီးသွားပြီ”

မန္တလေးမြို့က အိမ်ခြေ ၅၀၀ ကို လူတစုက ချိပ်ပိတ်ဖို့ ကြိုးပမ်း

မတ် ၂၉ ရက် ဒီနေ့မနက်ပိုင်းက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ၈၆ လမ်းနဲ့ ၈၇ လမ်းကြား၊ ၁၁ လမ်းနဲ့ ၁၆ လမ်းကြားက မြေ ၄ ဧကပေါ်က နေအိမ် ၅၀၀ ကျော်ကို လူတစုက အလံအနီတွေကို နေအိမ်တွေမှာ စိုက်ထူပြီး အိမ်တွေကို ချိပ်ပိတ်ဖို့ ကြိုးပမ်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မန္တလေးမှာ ရဲယူနီဖောင်းဝတ်ထားသူအပါ လူ ၄ ဦးက ရွှေဆိုင်ကို ဓားပြတိုက် (ရုပ်/သံ)

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ရွှေပန်းတိမ်ဆိုင်တခုကို ဒုရဲအုပ် အဆင့်တံဆိပ်တပ်ဆင်ထားတဲ့ ရဲယူနီဖောင်းဝတ်တဦးအပါ လူလေးဦးက ဓားပြဝင်တိုက်ကာ ရွှေထည်ပစ္စည်းတချို့ယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မန္တလေးမှာ ရဲယူနီဖောင်းဝတ်ထားသူအပါ လူ ၄ ဦးက ရွှေဆိုင်ကို ဓားပြတိုက်

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်က ရွှေပန်းတိမ်ဆိုင်တခုကို ဒုရဲအုပ် အဆင့်တံဆိပ်တပ်ဆင်ထားတဲ့ ရဲယူနီဖောင်းဝတ်တဦးအပါ လူလေးဦးက ဓားပြဝင်တိုက်ကာ ရွှေထည်ပစ္စည်းတချို့ယူသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်မတိုက်ခင် သေမင်းနဲ့ စစ်ခင်းရတဲ့ ရဲဘော်တွေ (ဆောင်းပါး)

ထုတ်လုပ်ရေးလုပ်ငန်းခွင်ကို ဖုန်းတလုံးနဲ့ မှတ်တမ်းတင် ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ ရိုက်လေ့ရှိတဲ့ ကိုငယ်က လုပ်လက်စ Rocket အဖူးလေးပြီးရင် ကိုယ့်ရဲဘော်တွေကို မှတ်တမ်းတင်အုံးမယ်လို့တွေးနေချိန်မှာပဲ ‘ဝုန်း’ ဆိုတဲ့ ကျယ်လောင်တဲ့ပေါက်ကွဲသံတခု စတိုခန်းဘက်က ထွက်ပေါ်လာပါတယ်။ အဲဒီအချိန်မှာ ကိုငယ်သိလိုက်တာက သူမြေပြင်ပေါ် လဲကျသွားတယ်ဆိုတာပါပဲ။ သူ့နားထဲမှာ နောက်ဆက်တွဲ ပေါက်ကွဲသံတွေကိုသာ ဆက်တိုက်ကြားနေရပါတယ်။ ကိုငယ်အတွက် ပထမဦးဆုံးခေါင်းထဲရောက်လာတဲ့အတွေးက အဆောက်အဦထဲက ရဲဘော်တွေရဲ့ အခြေအနေပါ။

မတ္တရာအနောက်ခြမ်းကို စစ်ကြောင်း ၃ ခုတပြိုင်တည်းဝင်ပြီး နေအိမ်အချို့ကိုမီးရှို့ခဲ့

"အမျိုးသမီးတွေကို ထိုင်ခိုင်းပြီး အဲဒီအမျိုးသမီးတွေဆီက ရွှေ၊ငွေနဲ့ ဖုန်းတွေယူသွားတယ်လို့ သိရတယ်။ အရေအတွက်အတိအကျတော့ မသိရဘူး"

မန္တလေးမြို့ ကမ္ဘောဇဘဏ် ဓားပြတိုက်ခံရ

မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်ရှိ ကမ္ဘောဇဘဏ်ခွဲ မတ် ၂၅ ရက် ဒီနေ့ မနက်ပိုင်းက ဓားပြတိုက်ခံရပြီး ငွေသားကျပ်သိန်း ၂,၀၀၀ ကျော်ပါသွားတယ်လို့ သိရပါတယ်။

မန္တလေးမြို့ ဆန္ဒပြမှုတွေမှာ အကြမ်းဖက်ဖြိုခွင်းခဲ့သူ ဒုရဲမှူးကြီးကျော်ဇင်မြင့် မိုင်းဆွဲခံရပြီး သေဆုံး

စစ်တပ်က အာဏာသိမ်းပြီးနောက် မန္တလေးမြို့က ဆန္ဒပြပြည်သူတွေကို အကြမ်းဖက်ဖြိုခွင်းမှုတွေမှာ ဦးဆောင်ပြုလုပ်ခဲ့၍ စစ်ကောင်စီက ဝန်ထမ်းကောင်းဆုပေးကာ ရာထူးတိုးပေးခဲ့တဲ့ မန္တလေးတိုင်းရဲတပ်ဖွဲ့က ဒုတိယရဲမှူးကြီးကျော်ဇင်မြင့် စစ်ကြောင်းထွက်စဥ် မိုင်းဆွဲခံရပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

စစ်တပ်ပိုင်ခန်းမ ရှော့ဒုံးနဲ့ပစ်ခံရပြီးနောက် မန္တလေးပြည်သူ့စစ်တွေကိုလက်နက်ပေး၊ မနက်အစောစစ်ဆေးမှုတွေလုပ်ပြီး လုံခြုံရေးတင်းကျပ်

" မနက်အစောကြီး ၃ နာရီကနေ မနက် ၅ နာရီအထိ ထပြီးစစ်နေတယ်။ စစ်ယူနီဖောင်းတွေရော၊ အရပ်ဝတ်တွေရော အင်အားအများကြီးပဲ။ ဆိုင်ကယ်တွေကနေ ဖယ်ခိုင်းပြီး ကျွန်မတို့ကိုရပ်ခိုင်းထားသေးတယ်။ ပြီးတော့ဆိုင်ကယ်တွေရှာ လူတွေထဲလည်း ဘာပါလဲစစ်ဆေးပြီးမှပြန်လွှတ်လိုက်တာ။ ကျွန်မဖြင့် တခုခုလုပ်မယ်လို့ ထင်သွားတာ"

ကောလင်းမြို့အနီး တိုက်ပွဲဖြစ်၊ နှစ်ဘက်အသေအဆုံးရှိဟုဆို (ရုပ်/သံ)

တိုက်ပွဲဟာ တနေ့လုံးနီးပါးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်ကလည်း အသေအဆုံးများကာ ညပိုင်းမှာ မှောင်ရိပ်ခိုပြီး ကောလင်းမြို့ထဲကို တပ်ပြန်ဆုတ်သွားတယ်လို့ သိရပါတယ်။ တော်လှန်ရေးတပ်တွေဘက်ကလည်း ကောလင်းခရိုင်တပ်ရင်း ၂ က တပ်ခွဲမှူးတဦးနဲ့ ရဲဘော်တဦးကျဆုံးခဲ့တယ်လို့ သိရပါတယ်။

ကောလင်းမြို့အနီး တိုက်ပွဲဖြစ်၊ နှစ်ဘက်အသေအဆုံးရှိဟုဆို

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ရွာမကျေးရွာမှာ စစ်ကောင်စီတပ်တွေနဲ့ တော်လှန်ရေးပူးပေါင်းတပ်တွေကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်အသေအဆုံးများခဲ့သလို ကောလင်းခရိုင်တပ်ရင်း ၂ က ရဲဘော် ၂ ဦးလည်း သေဆုံးခဲ့တယ်လို့ ကောလင်းမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10