အညို

ထီးချိုင့်မြို့သိမ်းတိုက်ပွဲစတင်နေ၊ စစ်တပ်က လေကြောင်းပစ်ကူဆက်တိုက်ပြုလုပ်

"မြို့တွင်းကိုတော့ မနေ့ကတည်းက ကာကွယ်ရေးတပ်တွေကဝင်စီးထားနိုင်တယ်။ စစ်ကောင်စီတပ်တွေကလည်း တောင်ပေါ်တွေမှာ နေရာယူထားတယ်။ ပြည်သူတွေတော့ အကုန်ရွေ့ဖို့ မနေ့ကတည်းက ကြေညာထားတယ်။" လို့ ထီးချိုင့်မြို့နယ်၊ ကျေးရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းက မြို့တွေမှာ စစ်ကောင်စီတပ်ဖွဲ့တွေ ညဘက် နေရာပြောင်ရွှေ့ပြောင်းအိပ်တာတွေ ပြုလုပ်လာ

ခင်ဦးမြို့မှာ စစ်ကောင်စီ အရင်တပ်ဆွဲထားတဲ့ ရဲစခန်း၊ ထွေအုပ်ရုံး၊ ဆေးရုံ၊ မြို့လည်ခေါင်တိုက်တွေမှာ ညဘက်ဆို စစ်ကောင်စီတပ်သားတွေ မအိပ်ကြဘူးလို့ KhinOo Support Organization (KSO) အဖွဲ့ ခေါင်းဆောင် ဗိုလ်လင်းယုန်က ပြောပါတယ်။

ရွှေဘိုမြို့ပေါ်ကနေ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ ပြည်သူ ၁ ဦး ထိမှန်

"လက်တဖက်ကတော့ ဖြတ်ရမှာ၊ ခြေထောက်တွေရောထိတယ်။ အဲ့ဒီရွာဘက်က လက်နက်ကြီး ၁၁ လုံးလောက်ကို ကျတာ"

မတ္တရာနယ်မှာ စစ်အုပ်စု ၂ ပတ်အတွင်း ၆ ကြိမ်တိုက်ခိုက်ခံရပြီး သေဆုံးမှုရှိ

"စစ်တပ်ဘက်က ၈ ယောက်သေတယ်။ ၇ ယောက်ဒဏ်ရာရတယ်ဆိုတာ မျက်မြင် ပြည်သူတွေရဲ့ ပြောကြားချက်အရ ကျနော်တို့ပြန်သိရတာပါ"

မြောင်မြို့မရဲစခန်းတိုက်ပွဲမှာ ရဲနဲ့စစ်သား ၁၅ယောက်သေဆုံး (ရုပ်/သံ)

"သူတို့ခံစစ်ကို အသေအချာပြင်ဆင်ထားတဲ့ အနေအထားမှာ ကျနော်တို့က တောင့်ခံနိုင်ဖို့ဆိုတာ ကျည်အင်အား လုံလောက်ဖို့ကလည်း လိုသေးတာကို။ အဲ့လိုဆိုတော့ ကျနော်တို့ကကျည်အင်အားမလုံလောက်တဲ့အတွက် ကာစစ်ပြန်ဆင်နေရတယ်ပေါ့။ အဲ့လိုပဲဖြစ်ဖြစ်နေတယ်"

ကောလင်းထွေအုပ်ရုံးက စစ်သားတွေ အလံဖြူထောင်ပြီးလက်နက်ချ၊ မြို့သိမ်းတိုက်ပွဲအောင်မြင်

"ဒီနေ့မနက်မှာ အလံဖြူထောင်ပြီး ၅ယောက်တဖွဲ့၊ ၆ယောက်တဖွဲ့ဆီ ခွဲထွက်လာကြတယ်လို့ သိရပါတယ်။ ကလေးတွေ (ရဲဘော်တွေ)ကို အခုသွားကြိုနေပြီ။ "

ကောလင်းမြို့ထွေအုပ်ရုံးမှလွဲ၍  PDF တွေ တမြို့လုံးကို သိမ်းပိုက်ထား

"ပြည်သူတွေက မထွက်ကြဘူး။ အလုပ်လုပ်ရတာလည်း ခက်ခဲတယ်။ လေယာဥ်က အချိန်တိုင်း ဆက်တိုက်လာကြဲနေတာ။ အိမ်တွေလည်းပျက်စီးပြီး ထိခိုက်ကြတယ်။ သေဆုံးတဲ့ပြည်သူ ၂၀ နဲ့ ၃၀ ကြားရှိမယ်။ ရဲဘော်တွေကလည်း နယ်မြေရှင်းလင်းရေး မလုပ်နိုင်သေးဘူး "

ကောလင်းမြို့သိမ်းတိုက်ပွဲပြင်းထန်နေဆဲ၊ လေယာဉ်သုံးတိုက်ခိုက်မှုမှာ သေဆုံးသူတွေရှိ (ရုပ်/သံ)

ကောလင်းမြို့သိမ်းတိုက်ပွဲ ဆက်လက်ပြင်းထန်နေဆဲ ဖြစ်ပြီး စစ်ကောင်စီဘက်က မနေ့ညပိုင်းမှာ ထပ်မံလေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၃ ဦးအထိသေဆုံးထားပြီး ဒဏ်ရာရသူတွေရှိနေတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကို PDF တွေ သိမ်းပိုက်မီးရှို့၊ ဒေသခံ ၂ ဦး လက်နက်ကြီးထိမှန်သေဆုံး

မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်မှာရှိတဲ့ မင်းရွာရဲကင်းစခန်းကို နိုဝင်ဘာလ ၃ ရက် ဒီနေ့မနက်ပိုင်းက ဒေသကာကွယ်ရေးအဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဆီက ပြောပါတယ်။

ကောလင်းမြို့မှာ စစ်တပ်က လေကြောင်းက ပစ်ခတ်နေလို့ မြို့ခံတွေ ပိတ်မိနေ

"မနက်က လေကြောင်းပစ်ခတ်မှုက ပြည်သူတွေတော်တော်ထိတယ်။ ကျော်ဇေယျရပ်ကွက်က အမျိုးသမီးတဦး ထိမှန်သေဆုံးပြီး သားဖြစ်သူ ဆေးကုနေရတယ်"

စစ်ကိုင်းတိုင်းကို ကူးဆက်လာနေတဲ့ ၁၀၂၇ စစ်ဆင်ရေး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေဖြစ်ပွားပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကိုင်းတိုင်းအတွင်းမှာပါ တိုက်ပွဲတွေ ဖော်ဆောင်နေပြီလို့ အောက်တိုဘာ ၃၀ ရက်က စာထုတ်ပြန်ခဲ့ပါတယ်။

ကောလင်းမြို့ပေါ် ရဲစခန်းအပါအဝင် နေရာ ၃ ခုကို PDF တွေ ဝင်တိုက်

"ရဲစခန်းဘက်ကိုတော့ စီးထားပြီး အချုပ်သားတွေတော့လွှတ်လိုက်ပြီလို့ သတင်းရပါတယ်။ အတိအကျတော့ မသိရသေးဘူး"

1027 စစ်ဆင်ရေးကို ဟန်ချက်ညီညီပူးပေါင်းဆောင်ရွက်မယ်လို့ အညာတော်လှန်ရေးအဖွဲ့တွေ စာထုတ်

စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ လူထုသပိတ်ကော်မတီတွေကလည်း ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်းနဲ့ နိုင်ငံအဝှမ်းရှိ ခုခံတော်လှန်စစ် ဆင်နွှဲနေကြတဲ့ တော်လှန်ရေးအင်အားစုအတွေအနေနဲ့လည်း တိုက်ပွဲပုံဖော်မှုတွေ နဲ့ လူထုလှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ဗျူဟာကျကျ ဖော်ဆောင်သွားမယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။

၁၀၂၇ စစ်ဆင်ရေးရောက်လာမှာကို စိုးရိမ်ပြီး မတ္တရာမှာ စစ်တပ်က လုံခြုံရေးတိုးမြှင့်

"မတ္တရာ PDF မှာ TNLA တပ်ဖွဲ့ သင်တန်းဆင်းတွေ များတယ်လေ။ စဉ့်ကူးမှာလည်း TNLA ဘက်က ဆင်းထားတာများတော့ သူတို့ ဒီဘက်ကို ကာစစ်ပြန်ဝင်ထားတဲ့ သဘောမျိုး"

ထီးချိုင့်မှာ 1027 စစ်ဆင်ရေး တိုက်ပွဲပြင်းထန် ၂ ဖက်အကျအဆုံးရှိ

အောက်တိုဘာ ၃၀ ရက် မနက် ၈ နာရီဝန်းကျင်မှာ ထီးချိုင့်မြို့နဲ့ ၄ မိုင်ခန့်အကွာရှိ ဒိုးပင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က အင်အား ၈၀ လောက်နဲ့ AA၊ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10