ကောလင်းမြို့မှာ စစ်တပ်က လေကြောင်းက ပစ်ခတ်နေလို့ မြို့ခံတွေ ပိတ်မိနေ
"မနက်က လေကြောင်းပစ်ခတ်မှုက ပြည်သူတွေတော်တော်ထိတယ်။ ကျော်ဇေယျရပ်ကွက်က အမျိုးသမီးတဦး ထိမှန်သေဆုံးပြီး သားဖြစ်သူ ဆေးကုနေရတယ်"
"မနက်က လေကြောင်းပစ်ခတ်မှုက ပြည်သူတွေတော်တော်ထိတယ်။ ကျော်ဇေယျရပ်ကွက်က အမျိုးသမီးတဦး ထိမှန်သေဆုံးပြီး သားဖြစ်သူ ဆေးကုနေရတယ်"
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ်၊ မော်ကွန်းတောင် အနောက်ဘက် တောင်ရိုးတလျှောက်မှာ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲတွေဖြစ်ပွားပြီး ညီနောင်မဟာမိတ်သုံးဖွဲ့က စစ်ကိုင်းတိုင်းအတွင်းမှာပါ တိုက်ပွဲတွေ ဖော်ဆောင်နေပြီလို့ အောက်တိုဘာ ၃၀ ရက်က စာထုတ်ပြန်ခဲ့ပါတယ်။
"ရဲစခန်းဘက်ကိုတော့ စီးထားပြီး အချုပ်သားတွေတော့လွှတ်လိုက်ပြီလို့ သတင်းရပါတယ်။ အတိအကျတော့ မသိရသေးဘူး"
စစ်ကိုင်းတိုင်း၊ မကွေးတိုင်းအတွင်းက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ လူထုသပိတ်ကော်မတီတွေကလည်း ၁၀၂၇ စစ်ဆင်ရေးကို ထောက်ခံကြိုဆိုကြောင်းနဲ့ နိုင်ငံအဝှမ်းရှိ ခုခံတော်လှန်စစ် ဆင်နွှဲနေကြတဲ့ တော်လှန်ရေးအင်အားစုအတွေအနေနဲ့လည်း တိုက်ပွဲပုံဖော်မှုတွေ နဲ့ လူထုလှုပ်ရှားမှုတွေကို ဟန်ချက်ညီညီ ဗျူဟာကျကျ ဖော်ဆောင်သွားမယ်လို့ ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။
"မတ္တရာ PDF မှာ TNLA တပ်ဖွဲ့ သင်တန်းဆင်းတွေ များတယ်လေ။ စဉ့်ကူးမှာလည်း TNLA ဘက်က ဆင်းထားတာများတော့ သူတို့ ဒီဘက်ကို ကာစစ်ပြန်ဝင်ထားတဲ့ သဘောမျိုး"
အောက်တိုဘာ ၃၀ ရက် မနက် ၈ နာရီဝန်းကျင်မှာ ထီးချိုင့်မြို့နဲ့ ၄ မိုင်ခန့်အကွာရှိ ဒိုးပင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်က အင်အား ၈၀ လောက်နဲ့ AA၊ KIA၊ PDF ပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
"၁၅ နှစ် ကလေးက လက်ချောင်းလေးတွေထိတာ။ နောက်ထပ်ယောကျာ်းလေး ၂ ယောက်မှာ ကလေးတယောက်က ရင်ဘတ်ပွင့်ထွက်သွားတယ်။ နောက်တယောက်ကလည်း တံတောင်ဆစ်မှန်တာ" လို့ ဝက်လက်နယ် ဒေသခံတဦးကပြောပါတယ်။
"အဆင့်မြင့် ပညာရေး ကဏ္ဍမှာဆိုရင် နွေဦးတက္ကသိုလ်ဆိုတဲ့ အွန်လိုင်းစနစ်တွေပဲရှိသေးတယ်။ အဲ့ဒီအွန်လိုင်းစနစ်တွေမှာဆိုရင် အညာဒေသတို့ တိုင်းရင်းသားဒေသတွေပဲဖြစ်ဖြစ် ဘယ်ဒေသမှာမဆို အင်တာနက်အဆင်မပြေမှု၊ လုံခြုံရေးအဆင်မပြေမှုတွေနဲ့ တက်ရောက်ဖို့က ကျောင်းသားတွေအနေနဲ့အဆင်မပြေမှုတွေ ဖြစ်နေတယ်။ အခြေခံပညာမှာရောအဆင့်မြင့်ပညာမှာပါ လိုအပ်ချက်တွေရှိနေတယ်။ အဲ့ဒီလိုအပ်ချက်တွေကို ကျွန်တော်တို့က မေးခွန်းထုတ်ရခြင်းဖြစ်ပါတယ် "
"အခုသတင်းတွေကတော့ ပြန့်နေတယ်။ စစ်ရေးတော့ မထူးခြားသေးဘူး။ ဒါပေမယ့် ဒီကောင် (စကစ) တွေက တခါတလေကြိုလာတာတို့၊ အမေ့ကောက်ပြီး (မေ့လောက်ပြီဆိုမှ) နောက်ကျလာတာတို့တော့ လုပ်လေ့ရှိတယ်"
"ခရီးသည်တင်မော်တော်ယာဥ်တွေအားလုံးက ခရီးသည်ရဲ့ နာမည်နဲ့မှတ်ပုံတင်တွေကို အဝင်အထွက် စစ်တပ် ဂိတ်ကို သွားပေးရတယ်။ အဲ့ဒီစာရွက်အတိုင်း သူတို့ကမော်တော်ပေါ်တက်စစ်တာ"
အောက်တိုဘာ ၂၅ ရက် မနေ့က မန္တလေးမြို့ဘက်ကနေဆန်တက်လာတဲ့ စစ်ကောင်စီသံခွန်သင်္ဘောဟာ မတ္တရာမြို့နယ်က ငယ်တိုးကျေးရွာနဲ့ သဖန်းထောင့်ကျေးရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ညနေပိုင်းမှာ စဥ့်ကူးမြို့နယ်၊ ကြက်တူရွေးကျေးရွာ၊ ဟင်္သာမကျေးရွာနဲ့ သဲအင်းကျေးရွာတို့ကို ဝင်ရောက်မီးရှို့ခဲ့တာလို့သိရပါတယ်။
"သင်္ဘောလာပြီဆိုကတည်းက ဒေသခံတွေကတော့ ပြေးကြတာ။ ရွာထဲအခြေအနေကို အသေးစိတ် မသိရသေးဘူး။ အခုမီးရှို့နေပြီ"
မြို့တွင်းစစ်ရေးလှုပ်ရှားနေတဲ့ စစ်ကောင်စီတပ်သားတွေကို တန့်ဆည်မြို့တောင်ပိုင်း စျေးသစ်အနီးမှာ မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခဲ့ပြီး မိုင်းစထိမှန်လို့ လမ်းသွားလမ်းလာ အမျိုးသမီး ၃ ဦးလည်း ထိခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
အောက်တိုဘာ ၂၃ ရက် မနေ့က ထန်းကြီးကျေးရွာ၊ ကျောင်းဖြူကျေးရွာ၊ ပဲ့သူကြီးကျေးရွာက ပြည်သူ ၁၅၀ ကျော်ကို ဆန်၊ ဆီနဲ့ စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တာလို့ ရွှေဘိုမြို့နယ် လွတ်လပ်သောထောက်ပို့အဖွဲ့က ကိုနေမင်းခန့် က ပြောပါတယ်။
အောက်တိုဘာ ၂၂ ရက် မနက် ၁၀ နာရီကနေ ညနေ ၃ နာရီလောက်အထိ အမရပူရမြို့နယ်ပကဖ၊ အမရပူရစစ်သည်တော်၊ စဉ့်ကိုင်မြို့နယ်ပအဖ၊ မုံရွာမြို့ နယ်စည်းမခြားကာကွယ်ရေးတပ်၊ မြောင်မြို့နယ်တပ်ပေါင်းစုတွေ အပါအဝင် နယ်မြေခံကာကွယ်ရေးတပ်တွေ ပူးပေါင်းပြီး ၈၀ မမ၊ ၄၀ မမ လက်နက်ကြီးတွေ၊ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။