အညို

လင်းကတောရဲစခန်းသိမ်းတိုက်ပွဲ လေကြောင်းကပစ်ခံရလို့ ရဲဘော် ၉ ဦး တိုက်ပွဲကျ

" စခန်းအခြေတွေအထိ ရောက်နေပြီ။ လက်နက်ချဖို့ ပြောနေတဲ့အချိန်မှာ လေကြောင်းလာတော့ ရဲဘော်တွေက စခန်းနဲ့မျက်နှာချင်းဆိုင်ကတိုက်ထဲ ဝင်ခိုတာ။ အဲ့ဒီတိုက်ကို ပစ်ချလိုက်တာ။ အကုန်ထိတာပဲ။ တစစီ လိုက်ကောက်ရတယ်"

စစ်ခေါင်းဆောင်တက်မယ့် ဗိုလ်သင်တန်းဆင်းပွဲကြောင့် ပြင်ဦးလွင်မှာ လုံခြုံရေးတင်းကျပ်

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်လာတက်မယ့် DSA ဗိုလ်သင်တန်းဆင်းပွဲပြုလုပ်ဖို့ရှိလို့ ပြင်ဦးလွင်မြို့တွင်းအပါအဝင် မြို့အနီးဝန်းကျင်ကျေးရွာတွေကို လုံခြုံရေးတင်းကျပ်ထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မတ္တရာမြို့နယ်မှာ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့် ကလေးငယ် ၂ ဦးအပါ ၅ ဦး ဒဏ်ရာရ

"သွားလာနေတဲ့ ကလေးတွေလို့ပဲ သိရတယ်။ တဦးစိုးရိမ်ရတယ်လို့ သိရတယ်။ အခုဆေးရုံမှာ ကုသနေပါတယ်"

ထီးချိုင့်မြို့ကို သိမ်းနိုင်ရန် နေရာ ၁ ခုသာကျန်၊ တိုက်ပွဲဆက်လက်ပြင်းထန်နေ

"တောင်ပေါ်က ကျောက်စေတီရှိတဲ့နေရာ တနေရာပဲ ကျန်တော့တယ်။ အဲ့မှာ ဘန်ကာရှိတယ်။ အဲ့ဒီတနေရာပဲ ကျန်တော့တယ်" "မြတောင်ရော၊ ထီးချိုင့်မြို့ထဲက တောင်ပေါ်ရော ၂ နေရာလုံးမှာ မနေ့ကတည်းက တောက်လျှောက် တိုက်ပွဲ ဆက်တိုက်ဖြစ်နေတယ်"

PDFသိမ်းယူထားတဲ့ကောလင်းမြို့အနီးကို စစ်တပ်ကအင်အားတိုးမြှင့်ပို့ဆောင်မှုတွေ ဆက်တိုက်ပြုလုပ်

"ကောလင်းကိုပြန်သိမ်းဖို့ကြံနေတယ်လို့ပြောလို့ရတယ်။ ဝန်းသိုဘက်ကနေ ဟောင်ဝစ်ဆာနဲ့ပစ်တာတွေ ရှိတယ် "

မတ္တရာမြို့နယ် အနောက်ခြမ်းမှာ စစ်တပ်က ပြည်သူအယောင်ဆောင်ပြီး ဖမ်းဆီးတာတွေလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း သုံးဆယ်ပေကျေးရွာနဲ့ ကျွဲခြံကုန်းကျေးရွာတို့မှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ တောင်သူအယောင်ဆောင်ပြီး အနီးပတ်ဝန်းကျင်ကို ကင်းထောက်တာတွေ၊ ကာကွယ်ရေးတပ်တွေကို ထောင်ဖမ်းတာတွေ လုပ်နေတယ်လို့ မတ္တရာမြို့နယ်၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မတ္တရာပကဖ)ဆီက သိရပါတယ်။

စစ်တပ်နဲ့ပူးပေါင်းနေတဲ့ SNA တပ်ကို ရှမ်းနီလူငယ်တွေဆန္ဒပြ

နိုဝင်ဘာ ၂၉ ရက်မှာ ပြုလုပ်ခဲ့တာဖြစ်ပြီး "SNA သည် ရှမ်းနီလူထုကို ကိုယ်စားမပြု" စတဲ့ စာတန်းအပါအဝင် ဆန့်ကျင်ရေးဆောင်ပုဒ်တွေ ရေးသားထားတဲ့ ကတ်ပြားတွေကို ကိုင်ဆောင်ပြီး သပိတ်ပြုလုပ်ခဲ့ကြတာပါ။

ထီးချိုင့်မြို့သိမ်းတိုက်ပွဲ ပြန်စနေပြီး တိုက်ပွဲပြင်းထန်နေ

နိုဝင်ဘာ ၃၀ ရက် မနေ့ကမနက် ၆ နာရီမှာ ထီးချိုင့်မြို့မြောက်ဘက် ၂ မိုင်ခန့်အကွာရှိ တောင်တလုံးတောင်အနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ပြီးနောက် မနက် ၇ နာရီလောက်မှာ ထီးချိုင့်မြို့ထဲကို ကာကွယ်ရေးတပ်တွေ ပြန်ဝင်လာပြီး တိုက်ပွဲပြန်စခဲ့တာလို့ ဆိုပါတယ်။

စဥ့်ကူးမြို့နယ်ရှိ ပျူစောထီးတွေက ဒရုန်းနဲ့ ဗုံးကြဲလို့ ညစဥ် ဒေသခံတွေ ရှောင်ပြေးနေရ

"ညတိုင်းတညမှ မအိပ်ရဘူး။ ည ၁၂ နာရီလောက်ဆိုရင် ဒရုန်းက တဝီဝီနဲ့ ခြံဝန်းတွေထဲ အထိဝင်တာ။ မနေ့ညက ကြက်တူရွေးရွာက အိမ်နဲ့ မော်ဦးရွာက အိမ်တွေထဲကျတယ်တဲ့။ အထိအခိုက်တော့ သေချာမသိရဘူး"

ထီးချိုင့်နဲ့ မြတောင်ကို စစ်တပ်က အင်အားတိုး၊ မီးကျည်သုံးပြီး ထီးချိုင့်မြို့ကိုမီးရှို့

"ကုန်လောက်ရောပေါ့။ မနေ့က (နိုဝင်ဘာ ၂၈) တနေကုန်ကို မီးရှို့နေတာ"

စစ်ပွဲကြားက အသက်ကို ရင်းထားရတဲ့ ကိုယ်ဝန်ဆောင်သည်များ (ဆောင်းပါး)

ဒါပေမဲ့ မနက် ၅ နာရီကတည်းက ရွာကထွက်လာတဲ့ မသက်မာဟာ လမ်းတလျှောက် စစ်ကောင်စီတပ်ဂိတ်တွေရဲ့ စစ်ဆေးမေးမြန်းမှုတွေကြောင့် နေ့လယ် ၁၁ နာရီလောက်မှ မုံရွာမြို့ကို ရောက်ခဲ့ပါတယ်။ ဆေးရုံရောက်ပြီး ၁ နာရီခန့်အကြာမှာတော့ မသက်မာဟာ မီးမဖွားနိုင်ဘဲ ကလေးနဲ့အတူ အသက်ဆုံးရှုံးခဲ့ရတယ်လို့ သူ့ရဲ့ညီမဖြစ်သူက ပြောပါတယ်။

ဝက်လက်က စစ်ရှောင်ဒေသခံတွေ ရိက္ခာပြတ်နေတာကြောင့် အရေးပေါ်အကူအညီလိုအပ်နေ

"လူအင်အားများတော့ ဘေးရွာတွေကလည်း ကျွေးဖို့ အခက်အခဲဖြစ်လာတယ်။ ရှောင်တဲ့ရက်ကလည်း ကြာလာတော့ စားစရာပြတ်သွားတာ"

စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့တွင်းပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော်သေဆုံး

ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးတဲရွာ၊ အင်းတိန်ရွာနဲ့ အနီးနားကျေးရွာတွေက စစ်ရှောင်ပြည်သူ ၂၂ ဦးနဲ့ ထီးချိုင့်မြို့တွင်းက ပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော် စုစုပေါင်း ပြည်သူ ၁၂၀ ကျော်တို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ဝက်လက်မှာ ကြားညှပ်တိုက်ခံနေရတဲ့စစ်ကြောင်း ထွက်မရသေး၊ PDF က ကားလမ်းတွေ ပိတ်ထား

"ရှေ့လည်းတိုးမရ၊ နောက်လည်း ပြန်ဆုတ်မရဖြစ်နေတာ။ သေတဲ့သူတော်တော်များတယ်။ အထမ်းတွေနဲ့ ခေါ်ထုတ်နေတာ မြင်နေရတယ်"

ဝက်လက်မြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်း ကြားညှပ်တိုက်ခံရပြီး လေကြောင်းပစ်ကူယူနေရ

"သူတို့(စကစ)က လယ်တောကြားက ပြည်သူ့ကာကွယ်ရေးတွေကတော့ လမ်းတွေပေါ်ကပေါ့။ နှစ်ဖက်က မြင်နေရတာနီးနီးလေးတင် တိုက်ပွဲဖြစ်တာ။ အလောင်းတွေကို ဆွဲထုတ်နေတာမြင်နေရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10