အညို

စဉ့်ကိုင်ရဲစခန်းတိုက်ခိုက်ခံရပြီး ရဲ ၂ ဦး သေလို့ ပြည်သူတွေကို စစ်တပ်က ဖမ်းဆီးရိုက်နှက်

"SRFက ရဲဘော်တချို့ အောင်မြင်စွာတိုက်ခိုက်ပြီး ဆုတ်ခွာခဲ့တဲ့နောက်မှာ စခ၊ ရခတွေက ရမ်းပစ်တာတွေ၊ လမ်းပေါ်သွားတဲ့လူတွေကို ဖမ်းဆီးရိုက်နှက်တာတွေ လုပ်ပါတယ်။ တချို့ကို ဒူးထောက်ခိုင်းပြီး ပါးရိုက်တာမျိုးတွေထိ လုပ်ခဲ့တယ်လို့ ပြန်ကြားရပါတယ်"

ပြင်ဦးလွင်ကို အင်အားအဆမတန်တိုးမြှင့် ခံစစ်ပြင်နေပြီး နယ်ခံတပ်တွေ အရေးကြီးစာရွက်စာတမ်းတွေ သိမ်းကြဖို့နဲ့ ကတုတ်ကျင်းနက်နက်တူးဖို့ ညွှန်ကြား

" အခုရက်ပိုင်းမှာ အင်အားတိုးတာကလေ သာမန်ထက်ကို ပိုတယ်။ အင်အားတော်တော်ကို တိုးတယ်၊ မန္တလေးဘက်ကဝင်တယ်။ ရှမ်းပြည်ဘက်ကလည်း အနီးစခန်းကို လေယာဥ်နဲ့တိုးတယ်"

စဥ့်ကူးမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသား ၁ ဦးသေဆုံး

"စိုက်ကွင်းရွာဘက်က မန္တလေး-မိုးကုတ်လမ်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ရွာတွေကို လျှောက်ပစ်ပြီး ပြန်သွားတာ။ တိုက်ပွဲလည်းမရှိ နယ်မြေလည်းငြိမ်နေတော့ဒေသခံတွေက ကိုယ့်အိမ်ကို နေနေကြတာပေါ့။ ရွာထဲကျ တော့ထိတာပါပဲ"

စစ်တပ်ကမီးရှို့လို့ မတ္တရာနယ် ဆောက်ချုံပေါက်ကျေးရွာက ၁၀အိမ်ကျော်မီးလောင်

နောက်ထပ်စစ်ကြောင်းတကြောင်းက မတ္တရာမြို့နယ်၊ ဆောက်ချုံပေါက်ကျေးရွာဘက်ကို ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ကျေးရွာကိုမီးရှို့ဖျက်ဆီးခဲ့တာကြောင့် နေအိမ် ၁၀ လုံးခန့် မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

ကုက္ကဲရဲစခန်းရှေ့မှာ ဂိတ်ကြေးတောင်းနေတဲ့ ရဲတွေ ဒရုန်းနဲ့ဗုံးကြဲခံရ (ရုပ်/သံ)

"ချလည်းချလိုက်ရော ရွာထဲဝင်ပြေးတယ်။ အဲ့ဒီမှာကျွန်တော်တို့ ဖရဲသီးရှိတယ်လေ။ ဘယ်သူ့ အိမ်ထဲတော့ရောက်နေပြီ အဲ့လိုပြောတော့ ထပ်ချတယ်။ အဲ့မှာအစုလိုက် အပြုံလိုက်ထဲကို သွားကျတာပေါ့"

ထီးချိုင့်မြို့နယ် စစ်ရှောင်တွေထဲ သတင်းပေးရှိနေတာကြောင့် စစ်ဆေးမှုတွေ ပြုလုပ်နေ

"တချို့တွေကိုတော့ စစ်ဆေးပြီး ပြန်လွှတ်လိုက်ပြီ။ တချို့တွေကတော့ ကျန်သေးတယ်။ လူကတော့ အစုံပဲ။ ဗိုလ်ကတော်တွေ၊ သူတို့(စစ်ဗိုလ်)ရည်းစားတွေနဲ့ Non-CDM တချို့၊ အရပ်သားတချို့လည်းပါတယ်"

တန့်ဆည်မှာ လေယာဉ်နဲ့ ဗုံးကြဲလို့ ကလေးနဲ့ အမျိုးသမီး ၃ ဦးအပါ ပြည်သူ ၅ ဦးသေဆုံး

“ဒဏ်ရာရသူတွေထဲမှာ ၂ ဦးက စိုးရိမ်ရတယ်။ စိန်းပန်းရွာက အခုလိုလေကြောင်းနဲ့ အပစ်ခံရတာ ပထမ အကြိမ်ပဲ။ အရင်က ရွာနားကိုလာပစ်တာတွေပဲရှိတာ။ အဲဒီရွာထဲမှာလဲ ကာကွယ်ရေးတပ်ဖွဲ့တွေ တယောက်မှ မရှိဘူး။ ဒီအတိုင်း လေယာဉ်နဲ့လာပစ်သွားတာ”

ထီးချိုင့်ဘက်မှာ စစ်တပ်က လေယာဥ်နဲ့ပစ်လို့ ပြည်သူ ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ

"ဘာစစ်ပွဲမှမရှိဘဲ ဘာမှလည်းမဖြစ်ဘဲနဲ့ အပြစ်မဲ့ပြည်သူတွေနေတဲ့နေရာ ရွာလည်ခေါင်တည့်တည့်ကို ဗုံးချသွားတာပါ"

မတ္တရာမှာ စစ်တပ်က နေ့စဥ်နီးပါး စစ်ကြောင်းထိုးပြီး ပစ်ခတ်ဖမ်းဆီးတာတွေလုပ်နေ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စစ်ကြောင်းထိုးကာ ဒေသခံတွေကိုဖမ်းဆီးနေပြီး လက်နက်ကြီးတွေနဲ့လည်းပစ်ခတ်နေတာကြောင့် ထိခိုက်ဒဏ်ရာရသူတွေ ရှိထားတယ်လို့ ပြင်ဦးလွင်ခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

မတ္တရာနယ်က ကျောက်မှုန့်စက်ကို စစ်တပ်ကဝင်စီးပြီး ပစ်သတ်လို့ သက်ကြီးပိုင်းအမျိုးသမီးအပါအဝင် ၇ ဦး သေဆုံး

“ အဲ့ဒီအချိန်က ကျောက်လုပ်ငန်းလုပ်တဲ့ တရုတ်က ဝန်ထမ်းတွေကို လစာပေးနေတဲ့အချိန်လို့ သိရတယ် ။ အဲ့ဒီကို အစပိုင်းစကစက ငွေတောင်းတယ်ပေါ့။ အဲ့ဒီနောက် ဘယ်လိုဖြစ်လဲမသိဘူး။ သိပ်မကြာဘူး၊ သေနတ်သံတွေ ကြားရတယ်။ စက်ရုံက လက်ဝတ်၊လက်စားတွေရော ငွေတွေကိုရောယူပြီး စစ်ကားက ပြန်ထွက်သွားတယ်လို့ သိရတယ်"

ချောင်းဦးနဲ့မြင်းခြံက ရဲစခန်း၊ ထွေအုပ်ရုံးတွေကို PDF က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်လို့ သေဆုံး၊ ဒဏ်ရာရတွေရှိ

“ အဲ့ဒီနေရာ ၂ နေရာက မီတာ ၅၀၀ လောက်ပဲကွာတယ်။ နှစ်သစ်ကို ကြိုဆိုတဲ့အနေနဲ့ သွားရောက် ပစ်ခတ်ခဲ့တာပါ။”

ထီးချိုင့်မှာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ် ၁ ဦးထပ်မံသေဆုံး

"လေကြောင်းလည်း တိုက်တယ်။ မီးတွေလည်းရှို့တယ်။ မနေ့က မြတောင်ရွာလမ်းဆုံက ထွန်စက်ဝပ်ရှော့နဲ့ ဓာတ်ဆီဆိုင်တဆိုင်ကို မီးရှို့တယ်။ ဒရုန်းနဲ့ချပြီး ရှို့နေတာ။ နေ့တိုင်း တလုံး၊ နှစ်လုံးကတော့ ရှို့နေသလို ဖြစ်နေတာ"

မတ္တရာအနောက်ခြမ်းက ဥဒိန်ရွာကို စစ်တပ်ကမီးဝင်ရှို့

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်းကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်သားတွေက ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်းမှာ ဥဒိန်ကျေးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ နေအိမ် ၄၉ လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ပြင်ဦးလွင်ခရိုင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီက သိရပါတယ်။

ရွှေဘိုက ပျူကြီးစိုးတဲ့ရွာ ၅ ရွာကို ပကဖတွေ ၂ ရက်ဆက် တိုက်ခိုက် (ရုပ်/သံ)

"မနက်၉နာရီမှာ ဝင်တိုက်တယ်။ မတိုက်ခင်ထဲက သတင်းတွေအရင်နေ့တွေထဲက လုပ်ထားတော့ လေ့ကျင့်ရေး ၈ ကနေ ဟောင်ဝစ်ဆာတွေနဲ့ ပစ်တယ်။ ဝင်တိုက်တဲ့အခါ အပြန်အလှန်နေရာယူပြီးတိုက်တော့ ရန်သူ့ဘက်က တော်တော်လေးကိုနာတယ်။ နာတဲ့အချိန်မှာ သူတို့ Mi-35 လာတော့ပြန်ဆုတ်ရတယ်"

ထီးချိုင့်မြို့ကို စစ်တပ်က ဒရုန်းနဲ့ တရက်တည်း ဗုံး ၅၀ ကျော်ကြဲချ

"ကင်းထောက်လေယာဥ်လောက်ရှိတယ်လို့ သိရတယ်။ ဗုံးက အကြီးကြီးတွေ မဟုတ်ဘူး။ ၄၀ မမလောက်တွေဆိုတော့ သိပ်မထိတာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10