အညို

မန္တလေးမြို့လယ်ခေါင် စစ်တပ်ဝန်းထဲက ရတနာပုံခန်းမ ရှော့တိုက်ဒုံးနဲ့ပစ်ခံရလို့ မြို့တွင်းအင်းအားပြလှည့်လည်

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၇၃ လမ်းနဲ့ ၇၈လမ်းကြား ၃၈လမ်းထောင့်ရှိ အမှတ် ၂ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဝန်းအတွင်းကို မတ်လ ၁၉ ရက် ဒီကနေ့မနက်အစောပိုင်းမှာ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရလို့ စစ်တပ်ကမြို့တွင်းကို လုံခြုံရေးတင်းကြပ်ပိတ်ဆို့စစ်ဆေးနေတယ်လို့ မြို့ခံတွေထံက သိရပါတယ်။

မတ္တရာမြို့နယ်၊ ရွေးရွာကို စစ်တပ်ဝင်စီးပြီး လူမှုကူညီရေးအသင်းကို မီးရှို့ကာ မိန်းကလေး ၂ ဦးကို ဖမ်ဆီးသွား

မတ္တရာမြို့နယ်၊ ရွေးရွာကို မတ် ၁၈ ရက် ဒီနေ့မနက်ပိုင်းမှာ စစ်တပ်ကဝင်ရောက်ပစ်ခတ်စီးနင်းခဲ့ပြီး လူမှုရေးကူညီမှုအသင်းကို မီးရှို့ကာ သေနတ်ဒဏ်ရာရရှိခဲ့တဲ့ အသက် ၁၃ နှစ် အရွယ် မိန်းကလေးနဲ့ အမျိုးသမီးတဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ မတ္တရာမြို့နယ်ပကဖသတင်းတာဝန်ခံဆီက သိရပါတယ်။

ထီးချိုင့်တိုက်ပွဲမှာ ရဲဘော်တဦးကျဆုံး၊ စစ်တပ်က မြို့ကို ထပ်မံမီးရှို့ဖျက်ဆီး

ထီးချိုင့်မြို့တိုက်ပွဲမှာ တော်လှန်ရေးရဲဘော်တဦးကျဆုံးပြီး တိုက်ပွဲယာယီပြန်နားသွားပြီနောက် စစ်ကောင်စီတပ်က ထီးချိုင့်မြို့ကို ထပ်မံမီးရှို့ဖျက်ဆီးတာတွေလုပ်နေတယ်လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ကောလင်းမှာ စစ်တပ်က တတိယနှစ်ကျောင်းသားကိုပစ်သတ်ပြီး အမျိုးသား ၄ ဦးကို ဓားစာခံအဖြစ်ဖမ်း

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ တက္ကသိုလ်တတိယနှစ်ကျောင်းသားတဦးကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ပြီး အမျိုးသား ၄ ဦးကို ဓားစာခံအဖြစ်ဖမ်းဆီးသွားတယ်လို့ မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

ထီးချိုင့်မြို့ပေါ်မှာ တိုက်ပွဲတွေပြန်ဖြစ်နေ

"ကိုယ့်ဘက်ကစပြီးနေရာတွေ ဝင်စီးပြီး စတယ်လို့သိရတာပဲ။ အခုထိလည်း ဖြစ်နေတုန်းပဲ။ နှစ်ဘက်လုံး ဒရုန်းရော၊ လက်နက်ကြီးရော၊ လက်နက်ငယ်ရော အကုန်လုံးစုံနေပြီ။ တိုက်နေရတာ"

ကောလင်းမြို့အနီးက ကျေးရွာတွေကို စစ်တပ်က မီးရှို့၊ လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး နှလုံးရပ်သေဆုံး

မတ်လ ၉ ရက် နေ့လယ် ၂ နာရီကျော်မှာလည်း ကောလင်းမြို့ထဲကနေ ဟောင်ဝစ်ဇာနဲ့ ပစ်ခတ်ခဲ့တာကြောင့် ကောလင်းမြို့အရှေ့ဘက် ၁၀ မိုင်ခန့်အကွာက ကုက္ကိုကုန်းကျေးရွာထဲကို လက်နက်ကြီးကျည်ကျရောက်ပြီး အသက် ၆၀ အရွယ်အမျိုးသားတဦး နှလုံးရပ်သေဆုံးသွားခဲ့သလို တိရစ္ဆာန်သေဆုံးမှုတွေလည်းရှိခဲ့တယ်လို့ သိရပါတယ်။

ဟန်လင်းတိုက်ပွဲမှာ တော်လှန်ရေးရဲဘော် ၇ ဦးကျဆုံး

မတ် ၃ ရက်က ဟန်လင်းကျေးရွာမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝက်လက်မြို့နယ်အတွင်းက တော်လှန်ရေးတပ်တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ မတ် ၄ ရက်မှာ ရဲဘော် ၇ ဦး ကျဆုံးခဲ့တာလို့သိရပါတယ်။

ထီးချိုင့်မြို့နယ်က ဖမ်းဆီးခံထားရတဲ့ဒေသခံတွေကို စစ်တပ်က ပြန်မလွှတ်သေး

"အေးလောက်ပြီဆိုပြီး ကိုယ့်နေရာ၊ သူ့နေရာလေးတွေ ပြန်ပြီးကြည့်ကြတဲ့သူလေးတွေပေါ့။ အဲဒီအထဲက သက်ကြီးရွယ်အိုတွေ လွှတ်ပေးလိုက်ပြီ။ လူငယ်တွေ ခိုင်းလို့ရတဲ့အရွယ်တွေ အကုန်ဖမ်းထားသေးတယ်လို့ သိရတယ်။ "

ဝက်လက်က အမျိုးသမီးငယ်ကို PDF က သေနတ်နဲ့ပစ်သတ်ခဲ့မှု မိခင်ဖြစ်သူ NUGထံ တိုင်ကြား

"လမ်းပေါ်ဖြစ်ရင်လည်း တော်သေးတယ်။ ဒီလိုရက်ရက်စက်စက်ကြီး အိမ်တိုင်ရာရောက်လာပြီး သတ်သွားတာ။ ငှက်ကလေး၊ ကြက်ကလေးများလို လာပြီးပစ်သတ်သွားတာ။ အဲ့တော့ကျွန်မကလည်း ကျွန်မ သမီးသေသလို သူ့ကိုအသေစားအသေခံကို ကျွန်မရှေ့မှာတင် သတ်စေချင်တယ်"

ကောလင်းမြို့နယ် ခံသာရွာတိုက်ပွဲမှာ စစ်ကောင်စီတပ်သား အလောင်း ၃ လောင်းနဲ့ သေနတ် ၁ လက်ရ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်း၊ ခံသာကျေးရွာမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပွားပြီး စစ်တပ်က ကျေးရွာထဲကနေ ပြန်လည်ဆုတ်ခွာသွားတဲ့အခါမှာ စစ်ကောင်စီတပ်သား အလောင်း ၃ လောင်းနဲ့ MA သေနတ် ၁ လက်ရရှိခဲ့တယ်လို့ ကောလင်းမြို့နယ်ပကဖဆီက သိရပါတယ်။

PRF တပ်ဖွဲ့ဆီ တပ်သားသစ် ၂၀၀ ကျော်လာလျှောက် တပ်သားသစ်တွေထပ်မံခေါ်ယူ (ရုပ်/သံ)

လက်ရှိ လာရောက်လျှောက်ထားသူတွေကို စီစစ်နေပြီး ဧပြီလ မှာ စစ်သင်တန်းအပတ်စဥ် (၈) ကို ပေးသွားမယ်လို့ သိရပါတယ်။

ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦးက သူ့ကိုမကြိုက်တဲ့မိန်းကလေးကို သေနတ်နဲ့ပစ်သတ်

"ကောင်မလေးကို နင်သူ့ကို မကြိုက်နဲ့ ငါ့ကိုကြိုက်ဘာညာဆိုပြီး ပြောတာ၊ ကောင်မလေးက ချစ်လည်း မချစ်နိုင်ဘူး အိမ်ထဲကထွက်သွားလို့ ပြောတော့ သေနတ်နဲ့ပစ်သတ်သွားတာ။ သေနတ်က အိမ်ထဲရောက်မှ မောင်းတင်တာ မဟုတ်ဘူး။ အစကတည်းက မောင်းတင်ပြီး ယူလာတာ"

ရာသီစက်ဝန်းကြားက တော်လှန်အမျိုးသမီးများ (ဆောင်းပါး)

အညာဒေသမှာ မိန်းကလေးရဲဘော်တယောက်အနေနဲ့ ရှေ့တန်းလိုက်ရတဲ့အချိန် အခက်အခဲဆုံးကိစ္စက ဓမ္မတာဆင်းချိန်နဲ့ ကြုံတာဖြစ်တယ်လို့ ရဲဘော်အန်နာက ပြောပါတယ်။ အမျိုးသမီးတွေ ဓမ္မလာတဲ့အခါ လစဉ်သုံးတွေကို သုံးတတ်ကြပေမယ့် အညာဒေသက ရဲဘော်အန်နာ အပါအဝင် အမျိုးသမီးစစ်သည်တွေကတော့...

မတ္တရာနယ်မှာ စစ်တပ်က စစ်ရှောင်အမျိုးသား ၂ ဦးကို ဖမ်းကာ ဦးခေါင်းကိုတေ့ပစ်သတ်

"စစ်ရှောင်နေရင်းဖမ်းမိသွားတာလို့သိရပါတယ်။ ကျေးရွာတွေကပ်လျက်ရှိနေတော့ စစ်ကြောင်းနဲ့တွေ့ပြီး ဖမ်းပြီးမှ ဆင်ရွာဟောင်းမှာ သတ်သွားတာ"

ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလစခန်းကို တော်လှန်ရေးတပ်တွေတိုက်ခိုက်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်အရှေ့ခြမ်းက သစ်ဖုလစစ်ကောင်စီစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေ စခန်းသိမ်းတိုက်ခိုက်နေပြီး ဖေဖော်ဝါရီ ၂၇ ရက် ဒီနေ့အထိ တိုက်ပွဲပြင်းထန်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10