အညို

မြို့ပြလှုပ်ရှားမှုတွေ ပိုအားကောင်းလာစေဖို့ လက်လုပ်ပစ္စတိုကို အဆင့်မြှင့်ထုတ်လုပ်

"ထုတ်လုပ်တာလည်း မတူတော့ဘူး။ နည်းစနစ်လည်း ပိုပြီးကျလာတာပေါ့။ ပိုပြီးအဆင့်မြှင့်ပေးလိုက်တာ။ သေနတ်ကလည်း လက်ထဲမှာတင်ပျောက်သလောက်ဖြစ်သွားတာပေါ့။ မြို့တွင်းမစ်ရှင်တွေ၊ ပျူ၊ ဒလန်ရှင်းလင်းရေးတွေမှာ အဓိထားအသုံးပြုဖို့ပဲ ဦးစားပေးထုတ်နေတယ် "

စစ်အုပ်စုက ရွာမှာတပ်စွဲချိန် အမျိုးသားတဦးကို သတ်ပြီးမြေမြှုပ်ခဲ့

“ပေါင်ကို ဓားနဲ့မွှန်းပြီး စစ်တယ်လို့ ကျနော်တို့သတင်းရတယ်။ သွေးထွက်လွန်ပြီး သေသွားပုံရတယ်"

မတ္တရာမှာ စစ်တပ်က စစ်ကြောင်းထိုးပြီး အမျိုးသမီးတဦးကိုပါဖမ်း

အောက်တိုဘာလ ၅ ရက်ဒီမနက် ၄ နာရီလောက်မှာ မန္တလေးနန်းတွင်းကနေ စစ်ကောင်စီတပ်တွေက ကြက်ပြင်ကျေးရွာကို ကား ၃ စီးနဲ့ ဝင်ရောက်လာပြီး ရွာအနောက်ဘက်ရှိ နေအိမ် ၂ လုံးကိုမီးရှို့ကာ အသက် ၃၀ အရွယ် မဇင်မာဝင်း ကို ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

မတ္တရာ-မိုးကုတ်ကားလမ်းပေါ်မှာ ပျူစောထီးကားတိုက်ခိုက်ခံရ

"နှစ်ဖက် အပြန်အလှန်ပစ်ကြတာ။ တော်တော်ကြာတယ်။ ခဏနေတော့ စစ်တပ်က စစ်ကူတွေရောက်လာပြီး နာရေးကားတွေလည်းရောက်လာတယ်"

NUG ရဲ့ ဝက်လက်တပ်ရင်း ၂ ဘာကြောင့် မကြာခဏအတိုင်ခံနေရသလဲ (သတင်းဆောင်းပါး)

ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်ရင်း ၂ ဟာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လက်အောက်ခံ တပ်ရင်းတခုဖြစ်ပါတယ်။ ဝက်လက်မြို့နယ်အတွင်းက ဒေသခံတွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဒီတပ်ရင်းနဲ့ ပတ်သက်လို့ NUG အစိုးရထံ မကြာခဏတိုင်ကြားလေ့ရှိပါတယ်။

စစ်အုပ်စုချောဆွဲသွားတဲ့ ခရီးသည်တင်မော်တော် ၂ စီးပေါ်မှာ အမျိုးသမီးအများစုအပါအရပ်သားပြည်သူ ၁၀၀ နီးပါး ပါသွား

"ရေလမ်းတိုက်ခိုက်ခံရမှာ စိုးရိမ်ပြီးမော်တော်တွေချောဆွဲသွားတာ။ အဲ့ဒီသတင်းကြားပြီး အခု ခရီးသည်တင်မော်တော်တွေ နားထားကြတယ်။ မထွက်ရဲကြတော့ဘူး"

မတ္တရာမြို့နယ်ကို စစ်တပ်ဝင်မွှေပြီး ဒေသခံ ၁၀၀ခန့်ကို ဖမ်းထား၊ ဒေသခံ ၅၀၀၀ ခန့် ရှောင်ပြေးနေရ

ဖမ်းဆီးခံထားရတဲ့ ဒေသခံ ၁၀၀ ခန့်ဟာ မြောင်းသစ်ကျေးရွာဘုန်းကြီးကျောင်းမှာ ဖမ်းဆီးထားတာဖြစ်ပြီး ပြည်သူတွေကို အကာအကွယ်ယူထားတဲ့ သဘောမျိုးဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ဆိုပါတယ်။

မတ္တရာနယ်နဲ့ စဥ့်ကူးနယ်ကို ဧရာဝတီမြစ်ကြောင်းအတိုင်း စစ်တပ်က စစ်ကြောင်းထိုးနေ

စက်တင်ဘာ ၂၇ ရက် မနေ့က မန္တလေးမြို့ကနေ ဆန်တက်လာတဲ့ သံခွန်သင်္ဘော ၂ စီး၊ ရှပ်ပြေးတွေဟာ မတ္တရာမြို့နယ် အနောက်ခြမ်းက ကျေးရွာတွေကို စစ်ကြောင်းထိုးကာ ဒေါင်းကျွန်းကျေးရွာကို မီးရှို့ဖျက်ဆီးပြီး ဒေသခံတချို့ကို ဖမ်းဆီးသွားခဲ့ပါသေးတယ်။

မတ္တရာမြို့နယ် ဒေါင်းကျွန်းကျေးရွာကို စစ်တပ်က မီးရှို့၊ ဒေသခံတချို့ ဖမ်းခံထားရ

"ဒေါင်းကျွန်းက ပြည်သူတွေကို ဖမ်းထားတယ်လို့သိရတယ်။ အရေအတွက်အတိအကျမသိရသေးဘူး။"

ချောင်းဦးကရွာတွေစီးနင်းခံရမှု တော်လှန်ရေးရဲဘော် ၃ ဦး၊ အမျိုးသမီးငယ် ၁ ဦးအပါအဝင် ၉ ဦးထက်မနည်းသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်အတွင်းကို စစ်ကောင်စီတပ်က စက်တင်ဘာ ၂၆ ရက် နေ့လယ်က လေကြောင်းနဲ့ မြေပြင်တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး အဲ့ဒီတိုက်ခိုက်မှုတွေအတွင်း တော်လှန်ရေးရဲဘော် ၃ ဦး အပါအဝင် ၉ ဦးထက်မနည်း သေဆုံးမှုရှိတယ်လို့ PDF သတင်းရင်းမြစ်တွေထံက သိရပါတယ်။

ရေဦးနဲ့ ဒီပဲယင်းနယ်တွေကို စစ်တပ်က စစ်ကြောင်းထိုး

"ရွာထဲက ပြည်သူတွေကတော့ ကြိုရှောင်ထားတာမို့ ထိခိုက်မှုမရှိနိုင်ဘူးလို့ ခန့်မှန်းထားပါတယ်။ နှစ်မြို့နယ် ချုပ်စပ်ကရွာတွေကို တိုက်ပွဲဖြစ်တာမရှိဘဲ ပြည်သူတွေ နေထိုင်ရာကျေးရွာတွေဘက်ကို စစ်ကြောင်း ထိုးလာတာပါ"

ပုလဲမြို့နယ်၊ တနယ်ရွာကို စစ်တပ်ကတပ်စွဲထား၊ ဒေသခံတွေရဲ့ ပစ္စည်းတွေကို ယူဆောင်သွား

"စစ်တပ်က စစ်ကြောင်းထိုးပြီး ပျူစောထီးတွေအတွက် ရိက္ခာလာရှာပေးတဲ့ သဘောပေါ့"

ခင်ဦးက ပစ်ခတ်ဖမ်းဆီးမှုအတွင်း သေဆုံးခဲ့တဲ့ ၃ နှစ်သားကလေးရဲ့ မိခင်ကို ထောင်ဒဏ် ၇ နှစ်ချ

ဩဂုတ်လ ၁၇ ရက်က မြကန်သာရပ်ကွက်ကို စစ်တပ်က ပစ်ခတ်စီးနင်းဝင်ရောက်စဉ် မသီတာဦးရဲ့ အသက် ၃ နှစ်အရွယ် သားအကြီးဖြစ်သူ ကိုကိုထက် သေနတ်ကျည်ထိမှန်သေဆုံးခဲ့ပြီး အမွှာသားငယ်ဖြစ်သူ ညီညီထက်နဲ့အတူ ဖမ်းဆီးခံခဲ့ရတာဖြစ်ကာ ၁ လကျော်အကြာမှာ အခုလိုထောင်ဒဏ်ချ မှတ်ခဲ့တာပါ။

ကန့်သက်ရွာဒေသခံ ၁၀၀ကျော်ကို စစ်တပ်ကဖမ်းဆီးထားပြီး ရွာကိုပိတ်ဆို့ထား

"ရွာကို Lockdown ချထားတယ်။ ရွာသားတွေက အပြင်မထွက်ရဘူး။ ထွက်ရင်ပစ်မိန့်ပေးထားတာပေါ့။ အဲဒီအထဲက လူ၁၀၀ ဝန်းကျင်လောက်ကိုမှ ရိုက်နှက်ပြီးတော့မေးတယ်။ သတင်းပေးတယ်ဆိုပြီးတော့။"

တန့်ဆည်မြို့ အစိုးရရုံး ၃ နေရာကို PDF ဝင်တိုက်လို့ စစ်သား ၂၅ ဦးခန့်သေ၊ သေနတ် ၁၄ ရရှိ စစ်ကောင်စီက စစ်ကြောင်း ၃ ကြောင်းထိုးပြီး အင်အားဖြည့်

“တိုက်ပွဲအပြီးမှာ ရှင်းလင်းရေးလုပ်တော့ အလောင်းက အစိတ်(၂၅)ကျော်တယ်။ လက်နက်တွေကိုလည်း ကောက်နိုင်သလောက်ကောက်ခဲ့တယ်။ လက်နက်ကျည် ၁ ထောင်ကျော်ရခဲ့တယ်။”

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10