အညို

မြစ်ရေတက်နေတဲ့ မြွေပုံကန်တောင်ရွာကို စစ်တပ်က ရေကြောင်းကလာပြီး မီးရှို့

မြွေပုံကန်တောင်ရွာမှာ မိုးတွင်းကာလရောက်ရင် မြစ်ရေတက်လေ့ရှိပြီး လက်ရှိအချိန်မှာလည်း ရွာပတ်ပတ်လည်မှာ ရေတက်နေကာ ဒီကြားထဲကမှ စစ်ကောင်စီတပ်သားတွေဟာ speed boat (ရှပ်ပြေး) ၊ သံခွန် (ကုန်တင်သင်္ဘောတွေ)နဲ့ ဝင်လာပြီး မီးရှို့ခဲ့တာလို့ ဆိုပါတယ်။

စစ်ကိုင်းမှာ လက်နက်ခဲယမ်းသယ်ဆောင်တဲ့ ရထားစတင်ပြေးဆွဲ၊ ရထားလမ်းတလျှောက် စစ်ကြောင်းထိုး

"ဒီရထားကို သူတို့အထိခိုက် လုံးဝမခံဘူး။ ဒရုန်းနဲ့ ဗုံးမကြဲနိုင်အောင်လည်း လုပ်ထားတယ်။ နယ်မြေတွေအကုန်လုံးကိုလည်း စစ်ကြောင်းတွေနဲ့ ဖိထားတယ်"

စစ်ကြောင်းထိုးနေလို့ မန္တလေး - ရွှေဘိုကားလမ်းကို ယာယီပိတ်သိမ်းကြောင်း ကာကွယ်ရေးအဖွဲ့တွေ ထုတ်ပြန်

စစ်တပ်စစ်ကြောင်းဟာ စစ်ကိုင်းမြို့နယ်နဲ့ ဝက်လက်မြို့နယ်အစပ် ကားလမ်းမဘေးကျေးရွာတွေကို ရောက်ရှိနေတာကြောင့် ကားလမ်းကိုယာယီပိတ်ထားတာလို့ ဝက်လက်မြို့နယ်အနောက်ခြမ်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

စားအုန်းဆီစျေးကို စစ်တပ်ကထိန်းချုပ်ပြီးနောက် စျေးကွက်အတွင်း ဆီပြတ်လပ်

"ရွှေဘိုမြို့ပေါ်မှာ လက်ကားဆိုင်ကြီးတွေကို သေနတ်တွေနဲ့ဝင်မွှေပြီး စျေးလျော့ရောင်းခိုင်းတယ်။ အဲ့ဒီနောက် တအိမ်ထောင်ကို ၅၀ သားတောင် တန်းစီဝယ်ရတာ"

မတ္တရာ မြို့မစျေးက ဆန်၊ ဆီ အရောင်းဆိုင်တွေကို စစ်တပ်က အတင်းအကြပ် စျေးလျော့ရောင်းခိုင်း

ဒီနေ့ စက်တင်ဘာလ ၆ ရက်မနက်ပိုင်းမှာ စစ်တပ်နဲ့ စည်ပင်ပူးပေါင်းပြီး ဆန်၊ ဆီ ရောင်းချတဲ့ဆိုင်တွေကို ဆန်တပြည် ၂၅၀၀ ကျပ်၊ ဆီ ၅၀ ကျပ်သား ၁ ဗူးကို ၂၅၀၀ ကျပ်နဲ့ လာရောက်ရောင်းချခိုင်းခဲ့ပြီး မလိုက်နာပါက တရားစွဲမယ်ဆိုပြီး ခြိမ်းခြောက်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ကာမစစ်ဘီလူးများလက်ထဲ အသက်၊ ခန္ဓာပေးလိုက်ရသည့် “မရွှေမန်းသူ”

ယောင်းမဖြစ်သူ မရွှေမန်းသူက ငိုယိုပြီး တောင်းပန်ပြောဆိုနေသည့်တိုင် စစ်ကောင်စီတပ်သားများက "မအော်နဲ့ အော်ရင် သတ်ပစ်မယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ လင်ယူထားတာ တော်တော်ရွတဲ့ကောင်မ" ဟူသော မကြားဝံ့မနာသာ ထပ်တလဲလဲခြိမ်းခြောက်ပြောဆိုသံများကို သူအတိုင်းသား ကြားနေခဲ့ရသည်။ သြဂုတ် ၂၆ ရက်က စစ်ကိုင်း-ရွှေဘိုကားလမ်းမဘေးက လက်ဖက်ရည်ဆိုင်အတွင်းရှိ အခန်းတခုထဲတွင် မလှလှ ဖမ်းချုပ်ခံထားရစဉ် ဘေးကပ်လျက်အခန်းထဲက သူ့ယောင်းမကို စစ်ကောင်စီတပ်သား တယောက်ပြီး တယောက် ထိုသို့ ခြိမ်းခြောက်ပြောဆိုရင်း အဓမ္မပြုကျင့်ခဲ့သည်ဟု သူကပြောသည်။

စဉ့်ကူးမြို့နယ် ရွာသာယာကျေးရွာတိုက်ခိုက်ခံရမှု စစ်ကောင်စီဘက် သေဆုံးသူများပြား

"မနေ့က ဒဏ်ရာရတဲ့ စစ်သား ၅ ယောက်လောက်သေတယ်။ ပျူစောထီးထဲဝင်ထားတဲ့ ရွာသားက ၂ ယောက် သေတယ်။ စစ်သားသေတဲ့ သတင်းကိုတော့ အချင်းချင်းတောင် ပေးမသိကြဘူး”

ရွှေဘိုမြို့နယ်၊ ယင်းမာရွာကို စစ်ကောင်စီမီးရှို့

"ရွာအနားကို ကပ်မရသေးတော့ အထိအခိုက်မသိရသေးပါဘူး။ **တွေက ရွာထဲမှာပဲငြိမ်နေတယ် "

စဉ့်ကူးနယ်၊ ရွာသာယာကျေးရွာအနီး စစ်တပ်နဲ့ PDF တိုက်ပွဲဖြစ်

"စစ်တပ်ရောက်ပြီး ၂ ဖက် ပစ်ခတ်မှုဖြစ်ကြတယ်။ စစ်တပ်ကလည်း ရွာတွေဖက် ရမ်းပစ်တယ်။ PDF တွေကလည်း ရွာသာယာရွာထဲကို ဒရုန်းနဲ့လည်းဗုံးချတယ်။ လက်နက်ငယ်တွေနဲ့လည်း စစ်သင်္ဘောကို ပစ်ကြတယ်"

NUG လက်အောက်ခံ ဝက်လက် PDF သတ်ခဲ့တဲ့ ရဲဘော် ၂ ဦးအတွက် အမှန်တရားရရှိရေး ဆန္ဒပြ

"ကျွန်မတို့က နစ်နာသူမိသားစုလေ။ ဒီအမှုကို တရားမျှမျှတတပဲ ဖြစ်စေချင်တာပါ။ တရားမျှတမှုဖြစ်အောင် မြန်မြန်ဆောင်ရွက်ပေးပါလို့ NUG အစိုးရကို တောင်းဆိုချင်ပါတယ်" "အဲ့ဒီတုန်းက ကျွန်မ အမျိုးသားသေပြီလို့ သူတို့ပြောလို့ ကျွန်မကိုယ်တိုင် မြေမြှုပ်ပေးရဖို့တောင်းဆိုတာ တောင်ခွင့်မပြုခဲ့ပါဘူး။ နောက်ဆုံးရက်လည်ရက်မှာ မြေပုံကိုကြည့်ချင်တယ်လို့ ပြောတော့လည်း အကြောင်းပြချက်မျိုးစုံနဲ့ လိုက်မပို့ခဲ့ဘူး"

ဝက်လက်နယ်၊ မြစ်ကမ်းဘေးက ရွာတွေကို စစ်သင်္ဘောနဲ့ပစ်ခတ်လို့ ဒေသခံတွေထွက်ပြေး

သြဂုတ်လ ၃၀ ရက်မှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့က စဉ့်ကူးမြို့နယ်၊ ရွာသာယာကျေးရွာကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီးနောက် မနေ့က သြဂုတ် ၃၁ ရက် ညနေ ၄ နာရီကျော်မှာ ထုံးကြီးကျေးရွာကနေ စစ်သင်္ဘောနဲ့လာပြီး ဝက်လက်မြို့နယ်အရှေ့ခြမ်း ဧရာဝတီမြစ်ကမ်းဘေးက ရေလည်မော်၊ မော်ဦးနဲ့ ကမ်းဖြူကျေးရွာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

စဉ့်ကူးမြို့နယ်မှာ ပျူစောထီး ၂ ဦးအသတ်ခံရလို့ စစ်တပ်က စစ်ကြောင်းထိုး

"အဲဒီဘက်က ရွာတွေက ပျူစောထီးတပ်ဖွဲ့ဝင်တွေ အများဆုံးနေတာ။ လမ်းတွေဆိုလည်း ပျူတွေက စစ်ဆေး ငွေတောင်းပြီး မထင်သလို ဒေသခံတွေကိုရိုက်နှက်နေတာ။ အဲ့ဒီကြားထဲကနေ ပျူ ၂ ယောက် အသတ်ခံရတာ။" လို့ ဒေသခံအမျိုးသားတဦးက ပြောပါတယ်။

ဝက်လက်နယ်ကို စစ်ကြောင်းထိုးနေလို့ ဒေသခံ ၅,၀၀၀ ကျော်ထွက်ပြေးနေရ

"အင်အား ၉၀ လောက်ပါတယ်။ ရွာတွေကိုပဲ သက်သက်လိုက်မွှေနေတာ။ ရွာထဲတော့ ဒေသခံတွေ မကျန်ဘူး။ အကုန်ပြေးနေကြတယ်"

ထီးချိုင့်မြို့နယ်ထဲက ဖမ်းဆီးခံခဲ့ရတဲ့ ပြည်သူ ၅ ဦး ပျောက်ဆုံးနေ

"တကောင်းကနေ ထီးချိုင့်ဘက်ကိုလာတဲ့လမ်းမှာ တိုက်ပွဲတွေဖြစ်တဲ့အချိန်ကျရင် အဲ့ဒီလူတွေကို သေနတ်ပေးကိုင်တယ်။ တိုက်ပွဲကတော့ ကြီးကြီးမားမားမဖြစ်ခဲ့ဘူး" လို့ ဖမ်းဆီးခံခဲ့ရသူ နတ်အင်းရွာသားတဦးက ပြောပါတယ်။

ဗန်းမော်မြို့က ပြန်လာတဲ့စစ်ကောင်စီသင်္ဘောက Non CDM တွေကို ခေါ်လာ

"သတင်းအတိအကျတော့ မသိရဘူး။ ရာထူးတိုးနဲ့ အပြောင်းအရွှေ့လုပ်ရသူတွေလို့လည်း သတင်းကြားတယ် "

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10