အညို

စစ်သင်္ဘောတွေ ရွှေကူဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို ဒီနေ့ ဆန်တက်နေ

"အထိခိုက်ကိုတော့ မသိရဘူး။ ကျွန်တော်တို့က ကမ်းပေါ်ကနေ လက်နက်ကြီးတွေနဲ့ ဆက်တိုက်ဝိုင်း ပစ်ခဲ့ကြတယ်။ အပစ်ခံရပြီး သင်္ဘောတွေအကုန်ဆိပ်ကမ်းပြန်ကပ်ပြီး ဒီနေ့မနက်မှ ဆန်တာ"

ယောသူတို့အိမ်ပြန်ချိန်...

လူဦးရေ ၁၂၀၀ ကျော်ရှိသော ကန့်သတ်ကျေးရွာတွင် စစ်တပ်ထောက်ခံသူ အနည်အငယ်သာရှိသည်။ အဆိုပါတပ်ထောက်ခံသူ အနည်းငယ်ကို စစ်ကောင်စီက ပျူစောထီးသင်တန်းပေးကာ ပျူစောထီးတပ်ဖွဲ့ကို ဖွဲ့ပေးသည်။ ယင်းနောက် ကျေးရွာရှိ ကျန်သူများကိုလည်း ပျူစောထီးတပ်ဖွဲ့ထဲဝင်ရန် စစ်ကောင်စီက အတင်းအကြပ် ဖိအားပေးတာမျိုးတွေ ပြုလုပ်လာသည်။ ထိုအခါ ပျူစောထီးမလုပ်လိုသည့် ဒေါ်နွဲ့လို ရွာခံတွေဟာ ကျေးရွာတွင် မနေလိုတော့။ ယခုလိုအခွင့်ကြုံသည့် အခါ ကျေးရွာက ထွက်ပြေးဖို့ ပြင်ဆင်ကြတော့သည်။

မင်းရွာရဲစခန်းကို ကာကွယ်ရေးတပ်ဖွဲ့တွေဝင်တိုက်၊ စစ်တပ်ကလေကြောင်းနဲ့ ပစ်ကူရ

"တပ်ဘက်က အကျအဆုံးကို အတိအကျမသိရသေးဘူးဗျ။ ၄ ဦးနဲ့ ၅ဦးကြား ကျဆုံးနိုင်တယ်လို့ပဲ ဝင်တိုက်တဲ့ရဲဘော်တွေက ပြောတယ်။ လေကြောင်းတိုက်ခိုက်မှုက လူမထိဘူး။ ရွာထဲကနေအိမ်တွေတော့ပျက်စီးတယ်"

နောင်ကြီးအိုင်ရဲစခန်းကနေ စျေးဝယ်ထွက်လာတဲ့ စစ်အုပ်စုတိုက်ခိုက်ခံရ

"သတင်းကြိုရလို့ ဒီဘက်ကရဲဘော်တွေက လမ်းကနေဖြတ်တိုက်တာ။ မျက်စိရှေ့တင် ၂ ကောင်ကျတယ်။၂ ကောင်ကတော့ မနေ့က သေတာလို့ သိရတယ်။ ကျန်တဲ့ ၄ ယောက်ကလည်း ဒဏ်ရာပြင်းတယ်။ "

ဝက်လက်မှာ စစ်တပ်က မသန်စွမ်းအမျိုးသားတဦးအပါ ၃ ဦးကိုသတ်၊ အမျိုးသား ၁ ဦးလည်း နှလုံးရပ်သေဆုံး

"ဒီနေ့မနက် (သြဂုတ် ၁၂) ပယ်သကြီးရွာမှာ မသန်စွမ်း စိတ်သိပ်မနှံ့တဲ့ အသက် ၂၉ အရွယ် အမျိုးသားကို သေနတ်ဒဏ်ရာနဲ့ သေနေတာတွေ့တယ်။ နောက်ပြီး အသက် ၅၀ အရွယ်အမျိုးသားလည်း နှလုံးရပ်ပြီးသေသွားတယ်။ ထန်းကြီးရွာကလည်း လူငယ် ၂ ဦး သတ်ဖြတ်ခံထားရတယ် "လို့ Wetlet information networkက ကိုနဂါးလေးက ပြောပါတယ်။

ဓါးစားခံအဖြစ် ဖမ်းဆီးခေါ်ဆောင်တာခံရတဲ့ ဒေသခံနဲ့အချုပ်သား ၅၀ ခန့် ပြန်မလွတ်သေး

စစ်သင်္ဘောတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၃ ရက်ကတည်းက ထီးချိုင့်မြို့အချုပ်ကနေ အချုပ်သား ၂၀ ခန့်ကို ဖမ်းဆီးတင်ဆောင်လာခဲ့သလို စစ်သင်္ဘောတွေကို လုံခြုံရေးယူဖို့ လာတဲ့ မြေပြင်စစ်ကြောင်းတွေကလည်း ထီးချိုင့်မြို့ကမ်းနားကျေးရွာတွေဖြစ်တဲ့ ကလုန်ရွာက ဒေသခံ ၁၅ ဦး၊ နတ်အင်းရွာကဒေသခံ ၁၇ ဦးတို့ကို ဖမ်းဆီးသွားခဲ့တယ်လို့ သိရပါတယ်။

ခင်ဦးနယ်၊ ရွာသန်းရွာအချုပ်ထောင်စီးနင်းခံရလို့ ပျူစောထီး ၂၀ ဦးခန့်ပြန်လွတ်

"သြဂုတ်လ ၈ ရက်နေ့ညပိုင်းက အပျောက်ဖျောက်ပြီး အချုပ်ထောင်ကို ဝိုင်းထားတယ်။ ဘယ်သူမှ မသိလိုက်ဘူး။ ၉ရက်နေ့ မနက်၅နာရီလောက်မှာ ပစ်ခတ်ပြီးထောင်ကိုဝင်စီးလိုက်တာ"

စစ်တပ်က ၆၀ မမနဲ့ ပစ်ခတ်မှုကြောင့် ခင်ဦးနယ်မှာ ၅ ဦးဒဏ်ရာရပြီး ၁ ဦးစိုးရိမ်ရ

ရေဦးတိုင်းရင်းဆေးရုံက ပစ်ခတ်တဲ့လက်နက်ကြီးကျည်ဟာ အင်းပတ်ရွာရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ မရမ်းအင်းကျေးရွာဘက်ကို ကျရောက်ခဲ့ပြီး အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အဲဒီအထဲကမှ အသက် ၁၃ နှစ်အရွယ်ယောင်္ကျားလေး ဟာ ဒဏ်ရာပြင်းထန်ပြီး အခြေအနေစိုးရိမ်ရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

GZ Special Task Force ရဲ့ ရှစ်လေးလုံးအရေးတော်ပုံနေ့ လှုပ်ရှားမှု

အခမ်းအနားမှာ ဦးဆောင်သူတွေရဲ့ တော်လှန်ရေးအတွေ့အကြုံနဲ့ ရဲဘော်တွေရဲ့ အတွေ့အကြုံတွေ ဖလှယ်ခဲ့ကြပြီး တပ်ဖွဲ့ဦးဆောင်သူ ကိုGZ က ရှစ်လေးလုံးအရေးတော်ပုံအကြောင်း ရှင်းပြခဲ့တယ်လို့ သိရပါတယ်။

စကျင်ရွာထဲ ဈေးဝယ်ထွက်တဲ့ တောကြီးမြွေပွေးအဖွဲ့ကို စစ်တပ်ရှာဖွေ၊ ၂ ယောက်ဖမ်းမိဟုဆို

"နှစ်ယောက်စလုံးက ကျွန်တော်တို့ တပ်ဖွဲ့က မဟုတ်ပါဘူး။ ဒေသခံတွေလည်း မဟုတ်ဘူး။ သက်သက်လုပ်ထားတဲ့ပုံတွေဖြစ်မယ်"

ဝမ်ပေါင်ကုမ္ပဏီ ပြန်လည်ပတ်ရန်ကြိုးပမ်း ဝက်မှေးရွာနဲ့ အနီးနားကျေးရွာတွေကို အင်အားသုံးပြီး ခြံစည်းရိုးခတ်နေ

"အဓိကကတော့ စစ်တပ်ရဲ့ရိက္ခာလမ်းကြောင်းကိုဖောက်တာ ထင်တယ်။ အခုဖောက်လိုက်တဲ့လမ်းက ညောင်ပင်ကြီးဆိပ်ကမ်းကနေ ကုမ္ပဏီကိုတည့်တည့်သွားလို့ ရသွားပြီ။ ကြေးနီတွေသယ်ဖို့ဆိုတာကတော့ လုပ်လိမ့်မယ်လို့ ကျနော်တို့ ခန့်မှန်းထားတာပေါ့။ ဒီကုမ္ပဏီနားက မီးတိုင်ကို ကာကွယ်ရေးတပ်တွေ ဖျက်ဆီးထားတာတောင် ပြန်ပြင်မယ်လို့ကြားတယ်"

စစ်ကြောင်းဝင်လာချိန် ဖုန်းပြောနေလို့ မတ္တရာနယ်ကအဘိုးနဲ့အဘွားကို စစ်တပ်က ရိုက်နှက်

"မနေ့ညက အဖမ်းခံရတာတော့ ၂၀ ကျော်တယ်။ အဲ့ဒီအထဲက အဘိုးနဲ့အဘွားက ဖုန်းပြောနေတုန်းဖမ်းမိတော့ မသင်္ကာပြီးရိုက်နှက်စစ်ဆေးတယ်လို့ ပြောတယ်။ အခုတော့ အကုန်ပြန်လွတ်လာပြီ"

စစ်ကိုင်းတွင် စစ်တပ်နဲ့ ပျူစခန်းတချို့ ရိက္ခာပြတ်လို့ ဒေသခံတွေရဲ့ ပစ္စည်းတွေလုယူ

"စစ်တပ်ရိက္ခာပို့ဖို့ အခက်ခဲတွေရှိလာပြီ။ လမ်းကြောတွေမှာ မိုင်းဆွဲခံရတော့ ပျူရွာတွေကို ရိက္ခာ မရောက်လို့ အခု မကြာခဏဆိုသလို ရွာတွေလုယက်ခံရတယ်"

မြင်းမူမှာ စစ်တပ်က မန္တလေး-မုံရွာလမ်းကို လမ်းကြောင်းရှင်း၊ ဒေသခံတချို့ အဖမ်းခံထားရ

"လမ်းကြောရှိမလားမသိဘူး။ ထီးဆောင်းရွာဘက်က စစ်တပ်ကလည်း လှုပ်တယ်လို့ပြောတယ်။ ပျားစခန်းကွေ့ ဘက်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းတွေ ရှာတွေ့သွားတယ်ပြောတယ်။ အခုဖောက်ခွဲနေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

ကသာမြို့နယ်မှာ စစ်သင်္ဘောပေါ်က လက်နက်ကြီးနဲ့ပစ်လို့ မိန်းကလေးငယ် ၁ ဦး သေဆုံး

"ဝင်လာကတည်းက လက်နက်ကြီးနဲ့၊ စက်သေနတ်နဲ့ပစ်နေတော့ လုံခြုံရာလေး ရှောင်ပုန်းနေကြတာပေါ့။ ဝေးဝေးတော့ မပြေးကြဘူး။ လက်နက်ကြီးတလုံးက ပုန်းနေတဲ့နေရာနားကိုကျပြီး အပိုင်းအစမှန်တာလို့သိရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10