စစ်ကြောင်းဝင်လာချိန် ဖုန်းပြောနေလို့ မတ္တရာနယ်ကအဘိုးနဲ့အဘွားကို စစ်တပ်က ရိုက်နှက်
"မနေ့ညက အဖမ်းခံရတာတော့ ၂၀ ကျော်တယ်။ အဲ့ဒီအထဲက အဘိုးနဲ့အဘွားက ဖုန်းပြောနေတုန်းဖမ်းမိတော့ မသင်္ကာပြီးရိုက်နှက်စစ်ဆေးတယ်လို့ ပြောတယ်။ အခုတော့ အကုန်ပြန်လွတ်လာပြီ"
"မနေ့ညက အဖမ်းခံရတာတော့ ၂၀ ကျော်တယ်။ အဲ့ဒီအထဲက အဘိုးနဲ့အဘွားက ဖုန်းပြောနေတုန်းဖမ်းမိတော့ မသင်္ကာပြီးရိုက်နှက်စစ်ဆေးတယ်လို့ ပြောတယ်။ အခုတော့ အကုန်ပြန်လွတ်လာပြီ"
"စစ်တပ်ရိက္ခာပို့ဖို့ အခက်ခဲတွေရှိလာပြီ။ လမ်းကြောတွေမှာ မိုင်းဆွဲခံရတော့ ပျူရွာတွေကို ရိက္ခာ မရောက်လို့ အခု မကြာခဏဆိုသလို ရွာတွေလုယက်ခံရတယ်"
"လမ်းကြောရှိမလားမသိဘူး။ ထီးဆောင်းရွာဘက်က စစ်တပ်ကလည်း လှုပ်တယ်လို့ပြောတယ်။ ပျားစခန်းကွေ့ ဘက်မှာလည်း ကာကွယ်ရေးတပ်ဖွဲ့တွေထောင်ထားတဲ့မိုင်းတွေ ရှာတွေ့သွားတယ်ပြောတယ်။ အခုဖောက်ခွဲနေတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။
"ဝင်လာကတည်းက လက်နက်ကြီးနဲ့၊ စက်သေနတ်နဲ့ပစ်နေတော့ လုံခြုံရာလေး ရှောင်ပုန်းနေကြတာပေါ့။ ဝေးဝေးတော့ မပြေးကြဘူး။ လက်နက်ကြီးတလုံးက ပုန်းနေတဲ့နေရာနားကိုကျပြီး အပိုင်းအစမှန်တာလို့သိရတယ်"
"ကင်းပုံးနဲ့တွေ့တဲ့အချိန် ကျနော်တို့ဘက်က တယောက်တည်းကပဲ ပြန်ပစ်နိုင်ခဲ့တာ။ သူတို့ဘက်ကတော့ ၇၀ လောက်ရှိတယ်"လို့ ကိုနတ်ဆိုးက ပြောပါတယ်။
"သူတို့တပ်စွဲထားတဲ့နေရာနဲ့ ရပ်ကွက် ၁၇ နဲ့က စာသင်ကျောင်းခြားထားတယ်။ အဲ့ဒီစာသင်ကျောင်းဘေးကနေ ရပ်ကွက်ထဲနေအိမ်တွေက ပစ္စည်းတွေကို တပ်စွဲထားတဲ့နေရာဆီ နှစ်ယောက်တတွဲ သယ်ထုတ်နေကြတယ် "
ဇူလိုင်လ ၃၁ ရက်ဒီနေ့မှာ စစ်ကောင်စီတပ်တွေက ခင်ဦးမြို့နယ်၊ မဒေါင်းလှ (ပျူစောထီး)ရွာက ထွက်လာပြီး မဒေါင်းကြီးရွာနဲ့ ရွှေကာရွာတို့ကို ပစ်ခတ်ဝင်ရောက်ခဲ့ရာမှာ ရွှေကာရွာသား မောင်ချစ်၊ မောင်ခိုင်၊ မောင်ချစ်မိုး နဲ့ မောင်ဖိုးထောင် တို့ကို ဖမ်းဆီးသွားပြီးသတ်ခဲ့တာလို့ သိရပါတယ်။
"၆၀ မမ လက်နက်ကြီးတွေနဲ့ပါ ရမ်းပစ်နေတာ။ ဒေသခံ ၆ ရွာ လောက် အခုပြေးနေရတယ်။ ဒီနေ့မနက် ၉ နာရီကျော်လောက်က အင်တိုင်းကြီးရွာကို မီးရှို့နေတာ။ မီးခိုးတွေမဲနေတာကို မြင်နေရတယ်"
"ပစ္စည်းလိုချင်လို့ ဝင်သယ်တာ။ တရွာလုံးကအိမ်တွေမှာ စားစရာသောက်စရာကစပြီး အားသွင်းကြိုးပါမကျန် တော်တော်ပါသွားတယ်လို့ သိရတယ်။ ပစ္စည်းလာသယ်ကြတာ "
ဦးကျော်မင်းဌေးဟာ စစ်ကိုင်းမြို့၊ ရွာထောင် မီးရထားဘူတာက CDM တဦးဖြစ်ပြီး ၉ တန်းကျောင်းသူ သမီးငယ်နဲ့ ၃ တန်းကျောင်းသူ သမီးငယ်နှစ်ဦးဟာ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG)က ဖွင့်လှစ်ထားတဲ့ Bright Future Federal School (BFFS )မှာ ကျောင်းတက်နေတာကြောင့် ဇူလိုင် ၂၇ ရက်က ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
"မနေ့ညက စကစစစ်ကြောင်း ပုလဲမြို့ပေါ်ရောက်နေတော့ ပြည်သူတွေသတိအနေအထားနဲ့ နေခဲ့ရတယ်။ ဒီနေ့မနက်အစော စစ်ကြောင်းထွက်လာတော့ ပုလဲမြို့အထွက်မှာ မိုင်းဆွဲခံရပြီး ခဏပြန်ဝင်သွားတယ်။ အဲ့ဒီနောက် ပြန်ထွက်လာပြီး အခုရွာတွေဘက်အထိ ရောက်နေပြီ"
"ဒီရထားလမ်းအသုံးမပြုတာ၂ နှစ်ကျော်ပြီ။ အခုပြန်အသုံးပြုဖို့ ကြိုးစားနေတယ်။ လမ်းတွေကတော့ လမ်းပိုင်းတော်တော်များများကို ကာကွယ်ရေးတပ်ဖွဲ့တွေ ဖြတ်တောက်ထားကြတယ် "လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက မြေလတ်အသံကို ပြောပါတယ်။
"ဒီနေ့(ဇူလိုင် ၂၆) မနက်ရတဲ့သတင်းအရတော့ စစ်တပ်က ရွာထဲမှာ အပိုင်းသုံးပိုင်းခွဲပြီး နေရာသုံးခုမှာ တပ်စွဲထားတယ်။ ရွာအရှေ့ပိုင်းမှာ လူနှစ်ယောက်ထပ်သတ်ခံထားရတယ်လို့ သတင်းရတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )၏ ပြည်ထဲရေးဌာန ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ အမည်မဖော်လိုတဲ့ မြို့နယ်ရဲမှူးက ပြောပါတယ်။
"ကိုယ့်ဒေသကိုယ် နေနေတဲ့အချိန် ရုတ်တရက်ဝင်ပြီး ပစ်တာခတ်တာပေါ့။ အင်အား ၃၀ လောက်ရှိတယ်။ အမျိုးသား နှစ်ဦးသေပြီး ၁၅ နှစ်အရွယ် အမျိုးသမီးတဦး ဒဏ်ရာရရှိခဲ့တယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ ပြည်ထဲရေးဌာန၊ မတ္တရာမြို့နယ်ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
"ပြည်သူတွေကိုတော့ ဖမ်းတာ၊ ဆီးတာမျိုးမလုပ်သေးဘူး။ ရှောင်တိမ်းနေတဲ့အိမ်တွေက ပစ္စည်းတွေကိုယူတာတော့ လုပ်တယ်။ ဒီအဖွဲ့က တိုက်ခိုက်ရေးလာတဲ့ စစ်တပ်မဟုတ်ဘူး။ မန္တလေးမြို့၊ အောင်ပင်လယ်ရပ်ကွက်ကနေ တနေ့ ၁၅၀၀၀ နဲ့ ငှားလာတဲ့ ပျူတွေနဲ့အောင်ပင်လယ်ကရဲတွေ အုပ်စုဖြစ်တယ်လို့ စုံစမ်းသိရတယ်။ အင်အား ၄၀ လောက်ပါတယ်" လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG )ရဲ့ ပြည်ထဲရေးဝန်ကြီးဌာန၊ မတ္တရာမြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးက ပြောပါတယ်။