အညို

စစ်ကောင်စီရဲ့ သင်္ဘော ၉ စီး ဗန်းမော်မှ မန္တလေးဘက်ကို ဒီနေ့မှာ ပြန်စုန်ဆင်းလာ

မန္တလေးမြို့ကနေ ဗန်းမော်မြို့ကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင်သင်္ဘော ၉ စီးဟာ ဒီနေ့မနက်မှာ ဗန်းမော်မြို့ကနေ မန္တလေးမြို့ကို ပြန်စုန်လာပြီလို့ ဒေသခံတွေဆီက သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းထိုးနေလို့ ရွှေဘို၊ ခင်ဦးနယ်စပ်က ဒေသခံ ၁၅,၀၀၀ ကျော်ထွက်ပြေးနေရ

"ထိတွေ့တိုက်ပွဲတော့ မဖြစ်သေးဘူး။ ဖမ်းဆီးခံရတဲ့ဒေသခံတွေလည်း မရှိသေးပါဘူး။ ဒီစစ်ကြောင်းက ကျနော်တို့ သတင်းရထားတာက ဒီပဲယင်းဘက်ကိုသွားမယ်လို့ သတင်းရထားတယ်" လို့ Khin Oo Support Organization (KSO) အဖွဲ့တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။

ထီးချိုင့်နယ်မှာ စစ်ကောင်စီစစ်ကြောင်းက သက်ကြီးရွယ်အိုအပါအဝင် ဒေသခံ ၂၀ ကျော် ဖမ်းဆီးထား

"မိသားစုတစုကို လူဦးရေ ၈ ယောက်လောက်ရှိတယ်။ အဲ့ဒီလူတွေကိုဖမ်းပြီး အသက်ကြီးရွယ်အို အဘွားတွေကို ထမင်းဟင်းတွေချက်ခိုင်းတယ်လို့သတင်းရတယ်" လို့ သူက ပြောပါတယ်။

သေမင်းဝင်မွှေတဲ့ မနက်ခင်း

သူတို့နည်းတူ သမ္မာရိုးကျေးရွာက ကိုဖိုးလွင်ကလည်း ရွှေပန်းကုန်းကျေးရွာမှာ ငါးဝယ်သွားဖို့ ဆိုင်ကယ်တစီးနဲ့ အိမ်က ထွက်လာပါတယ်။ သူဟာ ရွှေပန်းကုန်းရွာက ငါးတွေဝယ်လာပြီးရင် သမ္မာရိုးကျေးရွာမှာ ငါးတွေပြန်ရောင်းတဲ့ ဈေးသည်တယောက်ပါ။ ဒါက သူ့ရဲ့ နေ့စဉ်အလုပ်။

ခင်ဦးမှာ တိုက်ပွဲဖြစ်ပြီးနောက် စစ်တပ်က ရွာကိုမီးရှို့

"ပထမ သူတို့မိုင်းမိတယ်။ မိုင်းကွင်းထဲရောက်ပြီး တိုက်မိုင်းတွေမိတယ်။ မိုင်းမိပြီး ဒီဘက်က တပ်ရင်းတပ်ဖွဲ့တွေက အသင့်ဝိုင်းပစ်တယ်။ အကျအဆုံးတော့ မသိရဘူး"

ချီပါတောင်ရွာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ဒေသခံ ၁ ဦးကို စစ်တပ်က သတ်ပြီး နေအိမ်တွေက ပစ္စည်းတွေ သိမ်းယူ

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ချီပါတောင်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့တဲ့ စစ်တပ်ဟာ ကျေးရွာ လုံခြုံရေးတပ်ဖွဲ့ဝင် ၂ ဦးနဲ့ ရွာခံ ၁ ဦးကိုသတ်ပြီး လူမှုကူညီရေးအသင်းပိုင် ထော်လာဂျီ ၁ စီးနဲ့ ပြည်သူပိုင်ပစ္စည်းတွေကို ယူသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ခင်ဦးက ရွာတွေကို စစ်ကြောင်းထိုးလို့ ဒေသခံ ၂၀,၀၀၀ ခန့် ထွက်ပြေးနေရ၊ စစ်ရှောင် ၁ ဦး အမောဖောက်သေဆုံး

"ခင်ဦးမြို့နယ်အနောက်ခြမ်းတခုလုံးကို စစ်ကြောင်းထိုးနေတာ။ မိုးကလည်း တနေကုန်ရွာနေတယ်။ ဒေသခံတွေလည်း ထော်လာဂျီတွေ ဗွက်ထဲနစ်လို့ ဒီအတိုင်းရပ်ထားပြီး ပြေးတဲ့သူတွေက ပြေးနေရတယ်။ မိုးရေနဲ့ ဆိုင်ကယ်လဲပြီး ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်"

ထီးချိုင့်တိုက်ပွဲမှာ ဒဏ်ရာရသူတွေကို စစ်ကောင်စီက သင်္ဘောနဲ့သယ်၊ ဒေသခံတချို့ ဓားစာခံအဖြစ်အဖမ်းခံရ

"အဖမ်းခံထားရတဲ့သူတွေနဲ့ ဒဏ်ရာရ ၂၀ ကျော်လောက်ကို သင်္ဘောပေါ်တင်လာပြီး အခု ညနေ ၄ နာရီကျော်လောက်မှာ ထီးချိုင့်ဆိပ်ကမ်းကို ကပ်ထားတယ်။ ခါတိုင်းကတော့ တကောင်းမြို့နယ်ထဲက ကြာညှပ်ဘက်က ဆေးရုံကို သယ်တာများတယ်။ အခုတော့ အောက်ဆက် မစုန်သေးဘူး"

ရွှေဘိုမှာ စစ်တပ်က စာသင်ကျောင်းကို မီးရှို့ပြီး PDF အယောင်ဆောင်ကာ စစ်ဆေးဖမ်းဆီးတာတွေ လုပ်နေ

"မနေ့က ဖမ်းမိတဲ့အဝတ်တွေဝတ်ပြီး ရွှေဘိုအထွက်ကတံတားမှာ ဒေသခံတွေကို စစ်ဆေးနေတာလို့ သိရတယ်။ ရွာထဲက ဒေသခံတွေလည်း ထွက်ပြေးရင် ပစ်သတ်မယ်လို့ ခြိမ်းခြောက်ထားလို့ ဒေသခံတွေရွာထဲမှာ ရှိနေတယ်"

ခင်ဦးမြို့ကို စစ်တပ်ဝင်မွှေ

သြဂုတ် ၁၉ ရက် ဒီနေ့ နေ့လယ် ၁ နာရီလောက်မှာ ကန့်ဘလူမြို့ကထွက်လာတဲ့ စစ်ကြောင်းနဲ့ ခင်ဦးမြို့နယ် မဒေါင်းလှကျေးရွာမှာ တပ်စွဲထားတဲ့စစ်ကြောင်းတို့ ပူးပေါင်းပြီး ခင်ဦးမြို့ပေါ်ကိုရောက်လာကာ မြကန်သာရပ်ကွက်က နေအိမ်တွေကို တအိမ်တက်တအိမ်ဆင်း ဝင်ရှာဖွေနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

မတ္တရာနယ်မှာ ရိက္ခာပြတ်နေတဲ့ စစ်အုပ်စုက ဒေသခံနေအိမ်တွေကို ဝင်မွှေ၊ ရွာပြင်ထွက်လာတဲ့ တပ်ကြပ်ကြီး ၁ ဦးကို အရှင်ဖမ်းမိထား

" မနေ့ကဝန်စုရွာရဲ့အနောက်ဘက်က ရွာသစ်ရွာထဲကို အင်အား၂၀လောက်နဲ့ရိက္ခာတွေ ဝင်သယ်တ ယ်။ ဒေသခံတွေက သူတို့စဝင်လာတဲ့ရက်ကတည်းက ရှောင်နေကြတာဆိုတော့ ရွာထဲမရှိကြဘူး "

ခင်ဦးမှာ စစ်တပ်က စီးနင်းပစ်ခတ်လို့ ၃ နှစ်အရွယ်ကလေးငယ်အပါ ၂ ဦးသေဆုံး

"မြို့ပေါ်မှာ တိုက်ပွဲဖြစ်နေသလိုကို တဖက်သတ်ထဲပစ်ဝင်တာ။ သေတဲ့ကလေးက အမွှာမှာ အကြီးကောင်လေး၊ အငယ်ကောင်လေးနဲ့ အမေ ဒေါ်သီတာဦးကို စစ်တပ်က ဖမ်းသွားတယ်။ အကြီးကောင်လေးရဲ့ အလောင်းကိုပါ စစ်တပ်ကယူသွားတယ်"လို့ Khin Oo Support Organization တာဝန်ခံ ဗိုလ်လင်းရောင်က ပြောပါတယ်။

အရာတော်က ဓားစာခံအဖြစ်ဖမ်းဆီးခံထားရသူတချို့ ပြန်မလွတ်သေး

"ကလေးနဲ့အမျိုးသမီးကြီးကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ကြားတယ်။ အမျိုးသားတွေက ဘယ်ရွာတွေက ဖမ်းလာလဲ မသိဘူး။ ၁၄ ရက်နေ့ တိုက်ပွဲဖြစ်တော့လည်း ဓားစာခံတချို့ပါတယ်" လို့ ကိုနတ်ဆိုးက ပြောပါတယ်။

ဝက်လက်က လယ်ကိုင်းရွာကို စစ်တပ်က ဒရုန်းနဲ့ဗုံးကြဲလို့ ဒေသခံ ၃ ဦး ဒဏ်ရာရ

ဒီနေ့သြဂုတ်လ ၁၇ ရက် နေ့လယ် ၁၂နာရီခွဲလောက်က လယ်ကိုင်းရွာစာသင်ကျောင်းကို စစ်တပ်က ဒရုန်းနဲ့ ၄၀ မမ ဗုံးနှစ်လုံးချခဲ့ရာမှာ စာသင်ကျောင်းထဲကို မကျဘဲ စာသင်ကျောင်းအနောက်ဘက်က နေအိမ်ပေါ်ကိုကျပြီး နေအိမ်ခေါင်မိုးတွေပျက်စီးကာ အမျိုးသမီးနှစ်ဦးနဲ့ အမျိုးသားတဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မန္တလေး - မြစ်ကြီးနား ရထားလမ်းပိုင်းပြုပြင်ရေးမှာ ဝန်ထမ်းတွေ မပါဝင်ကြဖို့ PDF သတိပေး

"မနေ့ထိုးနေတဲ့စစ်ကြောင်းတွေက ဒီရထားလမ်းကိုလာပြင်ကြတာပါ။ ရွာထောင်ဘူတာနားကတော့ ဇူလိုင်ကတည်းက ပြင်ပြီးသွားပြီလို့ သိရတယ်။ စစ်တပ်ကလုံခြုံရေးပေးပြီး လိုက်ပြင်နေတာ" လို့ စစ်ကိုင်းမြို့နယ် တော်လှန်ရေးအင်အားစုမှ ရဲဘော်တဦးက ပြောပါတယ်။

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10