ရွာရဲ့ကိစ္စ (ရွာအပြန်-၉)
မှောင်ရီပျိုးစအချိန်မှာ သူငယ်ချင်းမောင်တုတ်က သူဌေးကတော်ရဲ့ကိစ္စသွားဖို့ လာခေါ်လို့ လိုက်ခဲ့ရတယ်။ လူသေတဲ့အခါ နာရေး၊ အသုဘ၊ မသာလို့ သုံးနှုန်းတတ်ကြပေမဲ့ ကျုပ်တို့ရွာကတော့ တစ်မျိုးတစ်ဘာသာ ကိစ္စလို့သုံးနှုန်းတယ်။ ကိစ္စဆိုတာ မလွဲမသွေ ဆောင်ရွက်ရမယ့်အလုပ်လို့ ပြောရမလားမပြောတတ်ဘူး။