သတင်း

ရဲကို ဓားနဲ့ခုတ်သူ ပစ်ခတ်ဖမ်းဆီးခံရ

" မူးပြီး နေအိမ်မီးရှို့လိုက်တာ။ အဲဒါကို ရဲကလာဖမ်းတော့ သူ့လာဖမ်းရမလားဆိုပြီး ဓားနဲ့ထခုတ်တာ။ ရဲတယောက်တော့ ထိသွားတယ်။ သူလည်း ပစ်ခံလိုက်ရတယ်"

မြန်မာလူငယ် ၁,၀၀၀ ကျော်အတွက် အမေရိကန်က ပညာသင်ဆုပေးမည်

“မဟာဗျူဟာမြောက် ပညာရေးရင်းနှီးမြှုပ်နှံမှုဖြစ်သလို မြန်မာနဲ့ ကမ္ဘာတဝှမ်းမှာ ပိုမိုအပြုသဘောဆောင်တဲ့ အပြောင်းအလဲတွေဖြစ်ဖို့အတွက် ကျနော်တို့ရဲ့ ကြိုးပမ်းလုပ်ဆောင်ချက်ဖြစ်တယ်”

မီးလောင်ပြင်က အမေအိုရဲ့ ငိုကြွေးသံ (ရုပ်/သံ)

သက်ကြီးရွယ် အမေအိုတဦးရဲ့ နေအိမ်လည်း မီးထဲပါသွားခဲ့ပါတယ်။ သား သမီးတွေဟာ တခြားမြို့တွေမှာ အလုပ်လုပ်နေကြတာဖြစ်လို့ အိမ်မှာ သူတစ်ယောက်တည်း ကျန်ရှိနေတာ ဖြစ်ပါတယ်။ အမေအိုဟာ သွေးတိုးဝေဒနာ ခံစားနေရကာ သူကို့ ရွာကပဲ ဝိုင်းဝန်းကူညီ ဆေးကုပေးနေကြတာ ဖြစ်ပါတယ်။

ရန်ကုန်မှာ ပြန်ဆုံမယ့် ရေဘဝဲတွေ (ရုပ်/သံ)

အာဏာသိမ်းစစ်တပ်ကို ဆန့်ကျင်တဲ့ အနေနဲ့ ရန်ကုန်မှာပြန်ဆုံမယ် စာတန်းပါ အင်္ကျီတွေကို ရန်ကုန်မြို့ရဲ့ လူစည်ကားရာနေရာတွေမှာ ဆင်တူဝတ်ဆင်တဲ့ လှုပ်ရှားမှုတရပ်ကို ရေဘဝဲ ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်းက ဒီနေ့ နေ့လယ်ပိုင်းမှာ လုပ်ခဲ့ပါတယ်။

သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ် (ရုပ်/သံ)

ဒေသခံတွေကတော့ ကောင်လေးနဲ့ကောင်မလေးဟာ သမီးရည်စားဖြစ်ပြီး မကြာသေးခင် ကာလက စိတ်သဘောထားချင်းမတိုက်ဆိုင်လို့ လမ်းခွဲထားတာဖြစ်ပြီး ကောင်မလေးက ဒူဘိုင်းနိုင်ငံကိုသွားဖို့ ပြင်ဆင်နေစဥ်ကာလမှာ ကောင်လေးဘက်က နောက်ဆုံးအကြိမ်တွေ့ခွင့်တောင်းလို့ သွားတွေ့ချိန် အသတ်ခံရတာလို့ ပြောပါတယ်။

မုက္ခမူစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရပြီး ဒုရဲအုပ် ၁ ဦးအပါ ၃ ဦးသေ၊ ၄ ဦးဒဏ်ရာရ

"သတင်းအချက်အလက် စုံစမ်းပြီး သူတို့လုံခြုံရေးပေါ့လျော့တဲ့အချိန်မှာ လျှပ်တပြတ် ဝင်တိုက်ခိုက်ခဲ့တာ။ ပစ်ခတ်ချိန်က ၁၀ မိနစ်ဝန်းကျင်လောက်ပဲ ကြာမယ်။ စကစဘက်က ထိခိုက်သေဆုံးတာက ခိုင်မာတဲ့သတင်းရင်းမြစ်ဆီက ရတာပါ"

စလင်းမှာ စစ်ကောင်စီ MiG-29 တိုက်လေယာဥ် ပျက်ကျ

“လေထီးခုန်ချတာတွေလည်းရှိတယ်။ ခုန်ချတဲ့ ၂ ယောက်ကတော့ လွတ်တယ်။ (ပျက်ကျတဲ့လေယာဉ်)အတွင်းထဲမှာလည်း ၂ ယောက်ပါတယ်။”

ဂန့်ဂေါမှာ တောင်သူတွေ သွင်းအားစုစားရိတ်မနိုင်လို့ ပဲယင်းအထွက်နှုန်းကျ (ရုပ်/သံ)

မကွေးတိုင်း၊ ဂန့်ဂေါနယ်မြောက်ပိုင်းက ကျေးရွာတွေမှာ ယခုနှစ် ဖေဖော်ဝါရီလနှောင်းပိုင်း ပဲယင်းသီးနှံပေါ်ချိန်မှာ အထွက်နှုန်းလျော့ကျခဲ့တယ်လို့ ဒေသခံတောင်သူတွေဆီက သိရပါတယ်။

ဗန်းမောက်တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၅ ဦးသေပြီး သေနတ် ၃ လက်ရ

“ပင်ဟင်းခါးကို ဗန်းမောက်ကနေ စစ်ကူလာနေတဲ့အချိန် လမ်းမှာက တွယ်(တိုက်ခိုက်)လိုက်သေးတယ်၊ တချိန်တည်းမှာ ၂ နေရာဖြစ်သွားတာပေါ့၊ **တွေက ၅ ယောက်ကျတယ်၊ သေနတ် ၃ လက်ရတယ်၊ ကိုယ့်ဘက်က ၁ ယောက်ကျ၊ ၁ ယောက်လက်မောင်းထိတယ်။”

သမီးရည်းစားချိန်းတွေ့စဥ် ကောင်လေးက ကောင်မလေးကို ဓါးနဲ့ထိုးသတ်

" ဘယ်လိုကိစ္စကြောင့် ခုလိုဓားနဲ့ထိုးတဲ့ အခြေနေထိဖြစ်သွားလဲဆိုတာတော့ မသိရဘူး။ ကောင်မလေးကတော့နေရာမှာပဲ သေသွားတယ်။"

အချုပ်ခန်းတန်းစီးတွေရဲ့ နှိပ်စက်ဒဏ်ကို မခံနိုင်လို့  LGBT တဦး ကိုယ့်ကိုကိုယ်အဆုံးစီရင်

"သိရသလောက်က ကြိုးဆွဲချတယ်လို့တော့ သိရပေမယ့် ဘယ်ပုံစံ သတ်သေလဲဆိုတာကို အတည်ပြု နိုင်ဖို့ စုံစမ်းနေတယ်။ သေတာကိုတော့ သေချာအတည်ပြုနိုင်တယ်။ အလောင်းကိုတော့ ရဲဘက်က နာရေးလုပ်လိုက်တယ်လို့ပဲ သိထားရပြီး မိသားစုကတော့ အဲကိစ္စကို မသိကြသေးဘူးနေမယ်"

ဝက်လက်မြို့နယ် PDF တပ်ရင်း ၂ မှ ရဲဘော်တဦးက သူ့ကိုမကြိုက်တဲ့မိန်းကလေးကို သေနတ်နဲ့ပစ်သတ်

"ကောင်မလေးကို နင်သူ့ကို မကြိုက်နဲ့ ငါ့ကိုကြိုက်ဘာညာဆိုပြီး ပြောတာ၊ ကောင်မလေးက ချစ်လည်း မချစ်နိုင်ဘူး အိမ်ထဲကထွက်သွားလို့ ပြောတော့ သေနတ်နဲ့ပစ်သတ်သွားတာ။ သေနတ်က အိမ်ထဲရောက်မှ မောင်းတင်တာ မဟုတ်ဘူး။ အစကတည်းက မောင်းတင်ပြီး ယူလာတာ"

သံဃာမောင်းလာတဲ့ကားကဝင်တိုက်လို့ လူငယ် ၂ ဦး သေဆုံး

"ဘုန်းကြီးကားက သူရှေ့က ယာဥ်ကိုကျော်တက်တာ ဖြစ်ပါလိမ့်မယ်။ အရှိန်မထိန်းနိုင်တော့ တဖက်ယာဥ်ကြောကို ရောက်လာပြီး ဆိုင်ကယ်ကိုဝင်တိုက်တာ။ ကောင်လေးကတော့ နေရာမှာပဲ သေသွားတယ်။ ကောင်မလေးက ဆေးရုံပို့ချိန်လမ်းမှာဆုံးတာ"

ရေတာရှည်နယ်က ကျေးရွာတွေမှာ ရထားလမ်းကင်းစောင့်ဖို့ စစ်ကောင်စီက ဖိအားပေးနေ

"ပထမက ပြည်သူ့စစ်ပေးဖို့ တောင်းတယ်။ လုပ်လိုသူတွေမရှိလို့ ခုတခါ ရထားလမ်းကင်းစောင့်ဖို့ လုပ်ခိုင်းတယ်။ ဒါကိုလည်း လုပ်လိုတဲ့သူတွေမရှိကြလို့ ထွေအုပ်ကနေပြီး ကျေးရွာအုပ်ကြီးတွေကို ဖိအားပေးနေတယ်။"

ပေါက်ခေါင်းမှာ စစ်သားတွေ တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံး

"၂၅ ရက်နေ့တိုက်ပွဲမှာ ဒီကောင်တွေအထိနာပြီး လှည်းကူးရွာမှာ စခန်းချလိုက်တယ်။ အဲ့ဒါကို အလစ်ဝင် တိုက်ခိုက်ခဲ့တာ။ သေတဲ့ကောင်တွေကို တရွတ်တိုက်ဆွဲသွားတယ်။ ၂ ယောက်သေတယ်။ ၂ ယောက်ဒဏ်ရာရတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10