သတင်း

လှတောရွာထဲ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို PDF တွေက ဒရုန်းနဲ့ တိုက်ခိုက်

“ဒရုန်းနဲ့ချတာက သူတို့အထိုင်နေရာစခန်းနဲ့ စိုက်ပျိုးရေးရုံးပတ်ပတ်လည်ကို တချိန်တည်းမှာပဲချခဲ့တာ။ သူတို့ ဘက်က ထိခိုက်မှုတွေရှိလို့ ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တာ”

စနိုက်ပါနဲ့ ပစ်ခတ်ခံရလို့ စစ်ကောင်စီတပ်သား ၃ ဦးသေဆုံး (ရုပ်/သံ)

စစ်သားအင်အား ၁၅ ဦးဝန်းကျင်နဲ့ တပ်စွဲထားတဲ့နေရာကို နိုဝင်ဘာ ၂၆ ရက် နေ့လယ် ၁ နာရီဝန်းကျင်မှာ စနိုက်ပါနဲ့ချောင်းမြောင်းပစ်ခတ်ခဲ့တာလို့ Burma Revolution Rangers တာဝန်ခံ ကိုကာတွန်းက ပြောပါတယ်။

ရေတာရှည်မှာ စစ်ကောင်စီကင်းပုန်းကို PDF တွေ သွားရောက်တိုက်ခိုက်

"တိုက်ပွဲကတော့ သိပ်မကြာလိုက်ဘူး။ စကစ အဖွဲ့ရောက်နေတယ်ဆိုလို ဒီဘက်က အဖွဲ့တွေ သွားပစ်ကြတာ။ နှစ်ဖက်အထိအခိုက်ရှိတယ်"

ဝက်လက်က စစ်ရှောင်ဒေသခံတွေ ရိက္ခာပြတ်နေတာကြောင့် အရေးပေါ်အကူအညီလိုအပ်နေ

"လူအင်အားများတော့ ဘေးရွာတွေကလည်း ကျွေးဖို့ အခက်အခဲဖြစ်လာတယ်။ ရှောင်တဲ့ရက်ကလည်း ကြာလာတော့ စားစရာပြတ်သွားတာ"

စစ်ကောင်စီတပ်သားတွေ ထွက်ပြေးစွန့်ခွာသွားတဲ့စခန်းကို PDF တွေ မီးရှို့ (ရုပ်/သံ)

ဇီးဖြူကုန်းစခန်းကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီးအစစ်၂လုံး၊ လက်လုပ်ဗုံးသီး ၁၀ လုံးနဲ့ ကြဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး စခန်းသိမ်းအပြီးမှာ ပူးပေါင်းတပ်ဖွဲ့တွေက စစ်အုပ်စုအသုံးပြုခဲ့တဲ့ ဘန်ကာတွေကို မီရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။

ကပစ ၂၄ က တပ်ကြပ်ကြီးတဦး လက်နက်နဲ့အတူ အလင်းဝင်

မကွေးတိုင်း၊ ပေါက်မြို့နယ်အခြေစိုက် ကပစ ၂၄ က တပ်ကြပ်ကြီးတဦး ပေါက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဆီကို လက်နက်နဲ့အတူ အလင်းဝင်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှုကြောင့် ထီးချိုင့်မြို့တွင်းပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော်သေဆုံး

ထီးချိုင့်မြို့သိမ်းတိုက်ပွဲမှာ ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးခဲ့ပြီး စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးတဲရွာ၊ အင်းတိန်ရွာနဲ့ အနီးနားကျေးရွာတွေက စစ်ရှောင်ပြည်သူ ၂၂ ဦးနဲ့ ထီးချိုင့်မြို့တွင်းက ပိတ်မိနေတဲ့ ပြည်သူ ၁၀၀ ကျော် စုစုပေါင်း ပြည်သူ ၁၂၀ ကျော်တို့ သေဆုံးခဲ့တယ်လို့သိရပါတယ်။

ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က လေကြောင်းပစ်ကူ ၄ ကြိမ်အထိပေးနေရ

“ ၁၂ ကျော်လောက်မှာ နောက်ဆုံးတခေါက် ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံးလာချသွားတယ်။ အဲ့ဒီဟာက ထိခိုက်ပျက်စီး အတည်မပြုနိုင်သေးဘူးဗျ။ နမခကလာတဲ့ Mi-35 ၃ ကြိမ်လာပစ်တာမှာ ဒေသခံတွေ ရော ရဲဘော်တွေရောထိခိုက်မရှိဘူး။ ၃ ခေါက်မြောက်လာပစ်တာက ၁ နာရီနီးပါးကြာတယ်”

ရွှေဘိုတိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ခန့်သေဆုံး လူထုကပန်းနဲ့ကြို (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်အခြမ်းမှာရှိတဲ့ တည်သီးတောကျေးရွာမှာ တပ်စွဲနေတဲ့ စစ်သားနဲ့ ပျူစောထီးတွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ရာမှာစစ်အုပ်စုဘက်က ၂၀ ဦးသေဆုံးတယ်လို့ Zero ပြောက်ကျားတပ်မဟာ တပ်ရင်း-၇ မြင်းခြံခရိုင် အဖွဲ့ဆီက သိရပါတယ်။

ဝေါနဲ့ရွှေကျင်က တပ်စခန်း ၂ ခုကို တော်လှန်ရေးတပ်ဖွဲ့တွေ တပြိုင်နက်တိုက်ခိုက်နေ

နိုဝင်ဘာ ၂၇ ရက် မနက်အစော ၄ နာရီကျော်ကစပြီး ဝေါမြို့နယ်၊ သူရဲသမိန်ကျေးရွာရှိ နယ်မြေရဲစခန်းနဲ့ အဆိုပါရဲစခန်းနဲ့ စစ်တောင်းမြစ်သာခြားတဲ့ ရွှေကျင်မြို့နယ်၊ ကွမ်းဆိပ်ကျေးရွာရှိ ခမရ ၅၉၈ တပ်ကို KNLA၊ PDF တပ်တွေက ပူးပေါင်းတိုက်ခိုက်နေတာပါ။

အောင်ပွဲရ တိုက်ပွဲပြန်ရဲဘော်တွေကို အောင်သပြေနဲ့ကြိုဆို

"ပြည်သူတွေက အောင်သပြေတွေနဲ့ကြိုဆိုနေကြတယ်။ တိုက်ပွဲမှာ ပင်ပန်းခဲ့သမျှ အမောပြေခဲ့ရတယ်”

ဝက်လက်မြို့သိမ်းတိုက်ပွဲ သတိပေးတဲ့အနေနဲ့ စစ်အုပ်စုဘန်ကာတွေကို လက်နက်ကြီးနဲ့ပစ် (ရုပ်/သံ)

"မြို့သိမ်းတိုက်ပွဲတွေ စတော့မလို့ မဟာမိတ်ပေါင်းစုံနဲ့ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့တာ။ ကျနော်တို့ကတော့ လက်နက်ကြီး ၁၅၀ အဖူး ၁၀ လုံး တခြားအဖွဲ့တွေက ၁၅ လုံးလောက် ပစ်ခတ်ခဲ့တယ်။ ဘန်ကာတွေပေါ်လည်း ကျတယ်။ သူတို့ဘက်က လက်နက်ငယ်‌တွေနဲ့တော့ ပြန်ပစ်တယ်။ သေဆုံးဒဏ်ရာရ အခြေအနေကိုတော့ စုံစမ်းနေဆဲပဲ"

ADPRA အဖွဲ့ဆီ အလင်းဝင်လာသူ  စုစုပေါင်း ၅ ဦးရှိလာ (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် တပ်ရင်းအမှတ် ၃၀၊ အာဏာရှင်တော်လှန်ရေး ပြည်သူ့တပ်မတော် - ADPRA တပ်ဖွဲ့ဆီကို စစ်ကောင်စီလက်အောက်ခံ ရဲတပ်သား နှစ်ဦးနဲ့ ပြည်သူ့စစ်တဦးတို့ဟာ နိုဝင်ဘာ ၁၉၊ ၂၀နဲ့ ၂၁ ရက်တွေမှာ တဦးချင်းဆက်သွယ်ပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ ADPRA ဥက္ကဌ ကိုလင်းနွေက ပြောပါတယ်။

ပျူစောထီးတွေလက်ထဲက ထွက်ပြေးလွတ်မြောက်လာသူ ၅ ဦးကို ထောက်ပံ့

"ပျူရွာထဲမှာ စားဖို့ခက်ခဲနေကြတယ်။ ကလေးတွေကိုလည်း ချုပ်ခြယ်ထားတော့ မနေနိုင်တော့လို့ ထွက်ပြေးလာကြတာပါ။ စားဖို့နေဖို့အတွက်လည်း တတ်နိုင်သလောက် ထောက်ပံ့ပေးထားပါတယ်"

ဝေါမှာ တွဲကားနဲ့ ခရီးသည်တင်ကား တိုက်ပြီး ၁ ဦးသေ၊ ၁၃ ဦးဒဏ်ရာရ

"ဖြစ်တဲ့အချိန်ကလည်း ဝေလီဝေလင်းအချိန်။ တွဲကားက ရပ်ထားတဲ့ကားကိုကျော်တက်တာ ချိတ်မိပြီး တဖက်ယာဥ်ကြောကို ရောက်သွားတာ။ အရှိန်များတာလည်းပါတယ်"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10