PDF ဆီ CDM ဝင်သွားတဲ့ ဆင်ဦးစီးတွေနဲ့ ဆင်၁၃ကောင် ပြန်ရဖို့ စစ်ကောင်စီကြိုးစား (ရုပ်/သံ)
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် PDF တွေဆီကို အသီးသီး CDM ဝင်သွားတဲ့ ဆင်ဦးစီးမိသားစုဝင် ၄၀ လောက်နဲ့ ဆင် ၁၃ ကောင်ကို ပြန်ရဖို့ စစ်ကောင်စီကြိုးစားနေပါတယ်။
ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ် PDF တွေဆီကို အသီးသီး CDM ဝင်သွားတဲ့ ဆင်ဦးစီးမိသားစုဝင် ၄၀ လောက်နဲ့ ဆင် ၁၃ ကောင်ကို ပြန်ရဖို့ စစ်ကောင်စီကြိုးစားနေပါတယ်။
ဂန့်ဂေါမြို့နယ်၊ ကန်ရွာနယ်မြေရဲစခန်းမှာ ရှိနေတဲ့ ခလရ ၅၄ က စစ်အုပ်စုအင်အား ၅၀ ဦးလောက်ကို မနေ့မနက် ၆ နာရီခွဲလောက်မှာ ဒရုန်းနဲ့ဗုံးသီး ၁၉ လုံးချတိုက်ခိုက်ပြီး နေ့လယ် ၁ နာရီလောက်မှာ ဗုံးသီး ၁၇ လုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
သလဲဘာပျူစောထီးစခန်းကို ဝင်တိုက်ဖို့ ညနေ ၅ နာရီလောက်ကတည်းက ရွာကိုချဥ်းကပ်ခဲ့ကာ ၆ နာရီဝန်းကျင်ကနေ ၉ နာရီအထိ လက်နက်ငယ်တွေနဲ့ ပစ်ပြီး ဝင်တိုက်ခဲ့ကြတာလို့ Bo Tiger - ဗိုလ်ကျားကြီးခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။
အဖွဲ့အနေနဲ့ တော်လှန်ရေးထဲကနေ ထွက်ခွာချင်လောက်အောင် အခက်အခဲမျိုးစုံဖြစ်ခဲ့ပြီး အကြွေး သိန်း ၁ ထောင်နီးပါးတင်ခဲ့တဲ့အကြားမှ ယနေ့ အောက်တိုဘာ ၂၃ ရက် နံနက် ၉ နာရီမှာ ၂ နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကို မဖြစ်ဖြစ်အောင် လုပ်ခဲ့တယ်လို့ အဲ့ဒီအဖွဲ့ရဲ့ ဥက္ကဌ ကိုဥက္ကာ ပြောပါတယ်။
"အဲ့သတင်းထွက်ပြီးတော့ သတင်းကို ဘယ်သူကပြောလဲပေါ့။ သူတို့က တောင်းတာမဟုတ်ဘဲ။ တောင်သူတွေဘက်က လိုလိုလားလားပေးတယ်ဆိုတဲ့ ပုံစံပြောတာပေါ့။ ပြီးတော့ ဘာမှ မရေးထားတဲ့စာရွက်တွေမှာ လက်မှတ်ထိုးခိုင်းတာ"
“ နည်းပေါင်းစုံနဲ့ကိုပြေးတာ Outpass(တပ်ပြင်ထွက်ခွင့်) ထွက်မယ်ဆိုပြီး အဝတ်တထည်ကိုယ်တခုနဲ့ ထွက်သွားပြီး ပြန်မလာတော့ဘူး။ Outpass ကလည်း ပုံမှန်ပေးတာ မဟုတ်ဘူး သူတို့စိတ်ကြည်မှ တခါတလေပေးတာ။ နောက်ပြီး တပ်ပြင်ဂိတ်တွေမှာ ကင်းလုံခြုံရေးကျနေတာကနေလည်း လစ်သလို ပြေးကြတာ” လို့ ကပစ ၃ နဲ့ နီးစပ်တဲ့ သတင်းရင်းမြစ်တဦးက မြေလတ်အသံကို ပြောပါတယ်။
”ကင်းလှည့်သွားရင်းတိုးလို့ လက်ဦးမှုယူပြီး လက်နက်ငယ်နဲ့ပစ်တာမှာ စစ်သားတဦး အရုပ်ကြိုး ပြတ်လဲကျသွားတယ်“
အပြန်အလှန်ပစ်ခတ်မှုဖြစ်စဉ်မှာ စစ်ကောင်စီဘက်က ၁၀ ဦးထက်မနည်း သေဆုံးသွားသလို ကာကွယ်ရေး တပ်ဖွဲ့ဘက်ကလည်း တဦးဒဏ်ရာရခဲ့တယ်လို့ ULF အဖွဲ့က ပြန်ကြားရေးတာဝန်ခံ ကိုဂျော်ဒန်က ပြောပါတယ်။
"ကာကွယ်ရေးအဖွဲ့ဝင်တွေရဲ့ အလောင်းတွေကို ရွာလယ်က လမ်းမပေါ်မှာ တွေ့တာ။ မသန်စွမ်း အလောင်းကိုတော့ နေအိမ်ထဲမှာ တွေ့တာ။ အလောင်းတွေကတော့ ရုပ်မပီပြင်တော့ဘူး"
"သူက လယ်ထဲသွားဖို့ပြင်နေချိန်မှာ လာဝင်ပစ်သတ်သွားလို့တော့ သိရတယ်။ သူက စကစခန့်အုပ်ချုပ်ရေးမှူးတယောက်ဆိုတော့ စကစ ခိုင်းတာတွေ လုပ်ရတာတော့ရှိတယ်။ အဲ့ဒါကြောင့်ပဲ ရှင်းခံရတာဖြစ်နိုင်တယ်"
ပဲခူးတိုင်းအနောက်ခြမ်း၊ ပေါင်းတည်နဲ့ ကြို့ပင်ကောက်မြို့နယ်တွေမှာ အောက်တိုဘာ ၂၂ ရက် မနေ့ တရက်တည်းမှာပဲ မီးလောင်မှုတွေဖြစ်ပွားလို့ နေအိမ် ၄ လုံး ဆုံးရှုံးခဲ့တယ်လို ဒေသခံတွေထံက ပြောပါတယ်။
" သုံးဘီးဆိုင်ကယ်ကို ပိုက်ဆံတောင်းဖို့ နောက်ကလိုက်တဲ့အချိန် အနီးကပ် ဦးခေါင်းကို လျှပ်တပြက်ပစ်ခတ်လိုက်တာ ပွဲချင်းပြီးသေတယ်။ သေနတ်တော့မပါဘူး ယူနီဖောင်းဝတ်နဲ့"
"စစ်တပ်ထုတ်ကုန်ပစ္စည်းတွေ မသုံးစွဲဖို့ လှုပ်ရှားတာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အခုက ရွှေဥက္ကံသပိတ်ကို ဝန်းရံဆန္ဒဖော်ထုတ်တာပါ"
“တချို့မျိုးစေ့က ပြည်သူကလှူတယ်။ တချို့ကကျ ဝယ်ရတာပေါ့၊ တော်လှန်ရေးကာလအတွင်း စားနပ်ရိက္ခာ မပြတ်စဲဖို့အတွက် စိုက်ထားတာပါ ”
"သူတို့ဘက်ကလည်း ပစ်တယ်၊ ကိုယ့်ဘက်ကလည်း ပစ်ပေါ့၊ သူတို့ဘက်ကလည်း လက်နက်ကြီးတွေ RPG စက်လတ်တွေနဲ့ ဆွဲတယ်၊ ကျနော်တို့ဘက်ကလည်း ရှိတဲ့လက်နက်တွေနဲ့ တိုက်တာပေါ့၊ ကျနော်တို့တတွေ အသာစီးရပြီး **စစ်ကြောင်းကို တိုက်ခိုက်နိုင်တယ်၊ မီတာ ၁၀၀ အကွာကနေ တိုက်တာပါ၊ လက်ရှိအတွင်းဖရဲသီးသတင်းပေးချက်အရ စုံစမ်းသိရှိရတာကတော့ ၁၂ ဦး သေဆုံးပြီး ၁၀ ဦးထက်မနည်းဒဏ်ရာရတယ်"