ပေါက်နယ်က ပျူစောထီးကင်းတဲ ပစ်ခတ်ခံရလို့ ၁ ဦးသေဆုံးဟုဆို
“ကင်းတဲမှာ လက်နက်ကိုင်ထားတဲ့သူက ၅ ယောက် လက်နက်မပါတဲ့သူက ၃ ယောက်ပါ။ အဲ့ဒီ ကင်းတဲကို သူတို့ဆောက်လုပ်ထားတာ ၂ လကျော်ကျော်လောက်ရှိပြီ ။ သူတို့ဘက်ကလည်း ကျနော်တို့ကို လက်နက်ငယ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ လက်နက်ကြီးတွေတော့ မပါဘူး။ သေဆုံးတာကိုတော့ အတွင်းသတင်းအရင်းအမြစ်က သိရတာပါ ”