သတင်း

PDF စခန်းတခုကို ဝင်သိမ်းတဲ့ စစ်အုပ်စုနဲ့ ‌မြောင်တပ်ပေါင်းစုတို့တိုက်ပွဲဖြစ်ပြီး စစ်အုပ်စုက အကျအဆုံးများနိုင်

" ဗီဒီယိုမှတ်တမ်းတွေအရ ကျနော်တို့တွေ့တာက ၃ယောက်လောက်ပေါ့ ၊ ဒေသခံတွေကင်းထောက်တွေက ပြောတာက ဆယ်ဂဏန်းလောက်ရှိမယ်၊ ဒါပေမယ့် ဒီကောင်တွေ ၁၀၀ကျော်နဲ့ ဝင်လာတာပြန်ထွက်သွားတော့ ၈၀ကျော်လောက်ပဲ ပြန်သွားတာဗျ"

ပြည်မြို့နယ်က CDM အထက်တန်း‌ကျောင်းသားတွေ ဇွန်လမှာ အွန်လိုင်းစနစ်နဲ့ စာသင်နိုင်မယ်

" တနေကုန်သင်တဲ့ ပုံစံနဲ့ သွားမယ်၊ တချိန်ကို ၁နာရီခွဲတဲ့ ၃ချိန်သင်မှာပါ ၊ ကျောင်းသားအရေအတွက်ပေါ်မူတည်ပြီး ( Breakout Room) အခန်းခွဲသင်သွားဖို့ စီစဥ်ထားပါတယ်၊ ကျောင်းအချိန်က အတည်မပြုရသေးလို့ ကျနော်တို့ ပြန်ထုတ်ပြန်သွားပါမယ်"

တောင်ငူမှာ စစ်သား ၈ ဦးသေဆုံးပြီးနောက် ပဲခူးရိုးမပေါ်ကို အရပ်သားကားတွေနဲ့တက်ဖို့ စစ်ကောင်စီပြင်ဆင်နေ

"ဒီနေ့ မနက် ၁၀ နာရီ ၀န်းကျင်လောက်က ရေတာရှည်မြို့နယ်၊ ကြံသနွယ်ကျေးရွာမှာ စကစ က လူစုပြီး အနောက်ရိုးကိုတက်ဖို့ ဒေသခံကားတွေကို ချောလိုက်ဆွဲနေတာတွေရှိတယ်။ စကစ က တောင်ငူခရိုင် အနောက်ရိုးမကို နယ်မြေရှင်းလင်းရေးပုံစံ လုပ်နေတာ ဆိုတော့ အားလုံးက ဆက်စပ်နေပါတယ်"

ရခိုင်ပြည်နယ် ဝန်ကြီးချုပ်ဦးညပု၏ သမီးဖြစ်သူ ဖမ်းဆီးခံရပြီး မိသားစုနှင့် အဆက်အသွယ်ပြတ်တောက်နေ

"ညီမရဲ့ အမှုအခြေအနေလည်း မပြောတတ်တော့ဘူး။ ရုံးချိန်းလည်း မသိဘူး။ လောလောဆယ် အဆက်အသွယ် ပြတ်နေပါတယ်။ ရှေ့နေကလည်း သူနဲ့မတွေ့ရဘူး။ မိသားစုတွေက အရမ်းတွေ့ချင်တာပေါ့။ အခုလေ သူမကို သာယာဝတီကို ရွေ့တယ်လို့သတင်းရတယ်။ အခုချိန်ထိ အဆက်အသွယ်မရသေးဘူး။ သူမနဲ့ပတ်သက်လို့ စိတ်မကောင်းရုံကလွဲလို့ ဘာမှမပြောချင်တော့ဘူး"

တောင်ငူမြို့နယ် ပဲခူးရိုးမအတွင်းက စစ်ဘေးရှောင်များ စားစရာပြတ်လပ်နေ

"မြာတရွာထဲကဘဲ လူ ၂၀၀ ကျော်။ ဒီတိုင်းထွက် ပြေးလာရတာဆိုတော့ ဘာမှမပါလာဘူး။ စားဖို့တောင်ခက်ခဲနေတယ်။ လောဆယ်အခြေခံစာကုန်လေးတွေ ဆန်၊ဆီ၊ဆား ဒါမျိုးတွေလိုအပ်နေတယ်။ တခြားလိုအပ်တာတွေလည်းအများကြီးပေါ့"

ပခန်းငယ်ရဲစခန်းကို ဒုတိယအကြိမ် ဝင်စီးခံရလို့ စစ်ကောင်စီဘက်က ၁၄ဦးနီးပါး သေဆုံးနိုင်

" အဲဒီစခန်းကိုကျနော်တို့မဟာမိတ်တွေပူးပေါင်းပြီးတော့ ထိုးစစ်ဆင်ပြီးတိုက်ခဲ့တယ်၊ သူတို့ရဲ့ ပတ်ပတ်လည်တပ်ကူလာမဲ့လမ်းကြောင်းတွေ ဖြတ်တောက်ရေးကိုပြင်ဆင်ထားတယ်၊ ဒါပေမဲ့ သူတို့အင်အားများများနဲ့ လမ်းကြောင်း ၂ ကြောင်းကနေတပ်ကူရောက်လာတယ်၊ ကျနော်တို့ကစခန်းသိမ်းနိုင်မဲ့အနေအထား စခန်းကျလုကျခင်အနေအထားမှာ သူတို့တပ်ကူတွေရောက်လာလို့ပြန်ဆုတ်ခဲ့ရတယ်"

တောင်ကုတ်မှာ CDM ကျောင်းဆရာမတဦး အကြမ်းဖက်ပုဒ်မနဲ့ ထောင် ၁၀နှစ်ချခံရ

၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၂၃ရက်မှာ သံတွဲထောင်ကို ပို့ကာ တရားလိုဘက်ကို စစ်ဆေးတာတွေလုပ်ခဲ့ပြီး ၅လနီးပါး အကြာ အချုပ်ကျနေခဲ့ရာက ဧပြီလ ၂၈ရက် ဒီနေ့ညနေပိုင်းမှာ သံတွဲတရားရုံးက အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၀ည နဲ့ ထောင် ၁၀နှစ်ချမှတ်လိုက်တာဖြစ်ပါတယ်။

အရပ်သားအချင်းချင်း ရန်ဖြစ်လို့ ရဲဖမ်းဆီးခံရသူ အလောင်းသာပြန်ရ

''ဖြစ်တာက သူနဲ့အိမ်ခြံခြင်းကပ်လျက်က ကိုလင်း ဆိုတဲ့သူနဲ့ ရန်ဖြစ်တာ။ သူက ပုလင်းနဲ့ရိုက်လိုက်တယ်။ အဲ့ဒီလို ရန်ဖြစ်တာကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့တိုင်လို့ ရဲကသူ့အိမ်ကို လာဖမ်းတာ။ လာဖမ်းတော့ သူကပုန်းနေတာ။ တွေ့လည်းတွေ့ရော ဝိုင်းပြီး ထိုးကြိတ်၊ ရိုက်နှက် ကန်ကျောက်ပြီးဖမ်းတာ အိမ်ရှေ့မှာတင်တော်တော်ခံရတယ်။ ရဲစခန်းရောက်တော့ ၂ နာရီခွဲလောက်မှာ ဆုံးသွားလို့ ရင်ခွဲရုံပို့လိုက်တယ်လို့ သိရတယ်''

စိုးမိုးနယ်မြေတွေအတွက် CDM မီးသတ်ဝန်ထမ်းတွေပါဝင်တဲ့ မီးသတ်ဦးစီးဌာနဖွဲ့စည်း

" လစ်လပ်သွားသော အုပ်ချူပ်ရေး ယန္တရားဆိုတာက စစ်ကောင်စီက လက်ရှိမှာ အုပ်ချူပ်ရေး နဲ့ပက်သက်တဲ့ ယန္တရားကို ဘာမှမတည်ဆောက်နိုင်တော့ပဲ အစစအရာရာ လဲပြိုနေပြီ၊ အဲ့ဒီ နေရာတွေကို အစားထိုးနိုင်ရန်အတွက် စိုးမိုးနယ်မြေ ထိန်းချူပ်နယ်မြေတွေမှာ မီးဘေးလုံးခြုံရေး ၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ အရေးပေါ်ရှာဖွေကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိူးပြု လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန် မီးသတ်ဦးစီးဋ္ဌာနကိုဖွဲ့စည်းလိုက်တာပါ"

ပြည်မြို့မှာ စစ်ကောင်စီက နိုင်ငံရေးတက်ကြွလှုပ်ရှားသူတဦးကို တနေ့တည်း ၂ကြိမ်ဖမ်းဆီး

" မနက်ပိုင်းက ကျောင်းသားခေါင်းဆောင်တယောက်ဖုန်းဝင်လာပြီး၊ မေးစရာရှိလို့ဆိုပြီးဖမ်းသွားတာ၊ ညနေ ၅နာရီလောက်ပြန်ရောက်တယ်၊ ညက ကား၂စီးနဲ့ ထပ်ဖမ်းသွားတယ်"

PDF စိုးမိုးနယ်မြေထဲဝင်လာခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ မိုင်းဆွဲခံရပြီး ၅ဦးသေဆုံးကာ ၂ဦး ဒဏ်ရာရ

" ကျနော်တို့ စိုးမိုးနယ်မြေထဲ ဝင်လာလို့ တိုက်ခိုက်တာပါ၊ ၅ဦးသေပြီး ၂ ဦးက ဒဏ်ရာ ပြင်းထန်တယ်လို ထပ်သိရပါတယ်"

အုပ်ချုပ်ရေးမှူးသတ်ခံရပြီးနောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အပါ ၃၀ဦးထက်မနည်းကို စစ်ကောင်စီကဖမ်းထား

"ကိုရဲမင်းကို လာဖမ်းတာ မတွေ့လို့ သူ့နှမကိုခေါ်သွားတယ် ပြီးမှ ကိုရဲမင်းနဲ့ လူချင်းလဲရတာ အုပ်ချုပ်ရေးမှူး အသတ်ခံရတဲ့ ကိစ္စနဲ့ ဖမ်းတာတဲ့၊ ကိုရဲမင်းလိုပဲ သူတို့လိုချင်တဲ့သူကို မတွေ့လို့ မဆိုင်တဲ့သူကိုဖမ်းသွားပြီးမှ ပြန်လဲယူရတာတွေရှိတယ်"

CDM ကျောင်းသားတွေကို အသိအမှတ်ပြုနိုင်မဲ့ ID တွေထုတ်ပေးသွားဖို့စီစဥ်

“ CDM ID ဟာ ကိုယ်သည် နိုင်ငံတော်အတွက် ကိုယ်ကျိုးမကြည့်ဘဲ စွန့်လွှတ်ခဲ့သူဆိုတာကို တစ်ထောင့်တစ်နေရာကနေ ထောက်ခံပေးနေတာပါဘဲ။ ကျနော်တို့တွေ အဖွဲ့အစည်းတစ်ခုကို လှူဒါန်းရင်တောင် ဂုဏ်ပြုလွှာရမြဲပါ။ ကျနော်တို့ CDM ကျောင်းသားတွေရဲ့ အနစ်နာခံမှုအတွက်ကို အနာဂတ်နိုင်ငံတော်မှာ သူတို့ဟာ သာလွန်တဲ့အခွင့်အရေးတွေရရှိကို ရရှိရမှာပါ။ “

အာဏာသိမ်းစဉ် ပြည်မြို့မှာ တာဝန်ကျခဲ့ဖူးတဲ့ စစ်ဗိုလ်တဦး ပဲခူးရိုးမတိုက်ပွဲမှာ သေဆုံး

" အတွင်းသတင်းပေးချက်အရ သူက ပြည် အ.ထ.က ၁မှာ လုံခြုံရေးယူခဲ့တဲ့အထဲမှာ အဖွဲ့ခေါင်းဆောင်အနေနဲ့ တာယူခဲ့တဲ့ ဗိုလ်ကြီးနိုင်မင်းထွန်းဆိုတာ၊ ပြီးတော့ သူတို့ စစ်ဆေးတာတွေ ကင်းပတ်တာတွေ လုပ်ခဲ့ပြီးတော့ ၊ ပဲခူးရိုးမ စစ်ဆင်ရေးမှာ ဒုတိယ စစ်ကြောင်းမှူးအနေနဲ့ ပါလာတာပါ"

ရဲက အဲကွန်း ပြင်ချင်လို့ဆိုကာ လိမ်ခေါ်ပြီး ရဲစခန်းရောက်မှ ဖမ်းဆီး

"ရဲက သူ့အိမ်ကို လာတယ်။ အဲယားကွန်း ပြင်ချင်လို့ ပြောတယ်။ မီးပျက်နေတော့ ကိုရဲလေးက မီးလာမှ လာမယ် ပြောပြီး၊ မီးလာတော့ သွားတယ်​။ အဲမှာ ဖမ်းထားလိုက်တာ"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10