သတင်းတို

ချောင်းဦးမှာ စစ်ကောင်စီက သိုးကျောင်းသား ၁ ဦးကို ပစ်သတ်ပြီး သိုးအကောင် ၁၀၀ ခန့်ပါ ယူသွား

"သိုးကျောင်းနေကြတာက ၅ ယောက်။ အဲ့အထဲက တယောက်ကို ပစ်သတ်လိုက်တဲ့အခါ ခြေထောက်ကိုကျည်ထိပြီး လဲသွားတယ်။ ကျန်သူတွေကတော့ ထွက်ပြေးလွတ်မြောက်ခဲ့တယ်။ လဲကျသွားတဲ့သူကို နှိပ်စက်ပြီးတော့ ခေါင်းကိုသေနတ်နဲ့ ပစ်သတ်လိုက်တာ"

ပဲခူးမှာ ဘုန်းကြီးကျောင်း ၂ ထပ်ကျောင်းဆောင်တခု မီးလောင်

" ည ၁၂ နာရီ ၁၅ လောက်က စလောင်တာ။ မီးလောင်တာက အချိန်နည်းနည်းကြာသွားတော့ လောင် အားကောင်းသွားတာ။ ကျောင်းဆောင်က အုတ်နံရံတွေပဲ ကျန်တော့တာ"

အင်းတော်မှာ လေယာဥ်နဲ့ ပစ်ခတ်ခဲ့လို့ ကျောင်းထိုင်ဘုန်းကြီး ပျံလွန်၊ ကပ္ပိယ ၁ ဦးသေဆုံး

"တိုက်ပွဲမဖြစ်ဘဲ ဘာကြောင့်ဗုံးကြဲတိုက်ခိုက်လဲ မသိဘူးဗျ။ ဆရာတော်နဲ့ ကပ္ပိယကတော့ ပွဲချင်းပြီး ပျံသွားတာ။ ရွာသားတွေတော့ အထိအခိုက် မရှိခဲ့ဘူး။ ဘုန်းကြီးကျောင်းကိုပဲ ကြဲသွားတာဖြစ်လို့"

ပေါ်တာဆွဲဖမ်းဆီးသွားတဲ့ ပြည်သူ ၆ ဦးထဲမှ ၄ ဦးကိုသာ စစ်တပ်ကပြန်လွှတ်ပေး

“ကျနော်တို့ကို သူတို့အထုပ်တွေ သယ်ခိုင်းတယ်။ ထမင်းတွေချက်ခိုင်းတယ်။ တခါတလေ ဆဲဆိုတာမျိုးတွေရှိတယ်။ သူတို့ထမ်းခိုင်းတဲ့ အထုပ်တွေက လက်နက်ကြီးကျည်တွေလား ဘာတွေလဲတော့မသိဘူး တော်တော်လေးတယ်။ အဖမ်းခံရတုန်းက သူတို့သိမ်းလိုက်တဲ့ ကျနော်တို့ ဖုန်းတွေကိုတော့ ပြန်မပေးခဲ့ဘူး”

စစ်တပ် တပ်စွဲထားတဲ့စာသင်ကျောင်းကို PDF တွေက ဒရုန်းနဲ့တိုက်ခိုက်၊ ထိခိုက်သေဆုံးမှုရှိ

"အဲ့ဒီစစ်ကြောင်းက ရွှေကျင်ရွာကို ရောက်တာမကြာသေးဘူး။ ဒရုန်းနဲ့ဗုံးသီးချတဲ့အချိန်က သူတို့ (စကစ)တွေ ထမင်းစားနေကြတဲ့အချိန်။ ထမင်းတွေနဲ့ သွေးတွေ ပြန့်ကြဲနေတယ်"

ရွှေဘိုမြို့ရှောင်လမ်းမှာ စစ်ကားမိုင်းဆွဲခံရလို့ ၁ ဦးသေ၊ ဒဏ်ရာရသူများဟုဆို

"စကစက သူတို့ ဖမ်းထားတဲ့ ပြည်သူတဦးထွက်ပြေးတာကို လိုက်ဖမ်းတယ်။ ပြည်သူကို လိုက်ဖမ်းတဲ့ကားကို ကျနော်တို့ဘက်က မိုင်းဆွဲတာ"

ငါန်းဇွန်မှာ စစ်ကောင်စီတပ်သားတွေ ၂ ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခံရလို့ ၈ ဦးသေဆုံး

"သေဆုံးမှုကိုတော့ ရွာခံပြည်သူတွေရဲ့ပြောပြချက်အရ သိရတာပါ။ သေတဲ့အလောင်းတွေကို ငါန်းမြာကြီးရွာက သုဿန်မှာ သေနတ်တွေပစ်ဖောက်ပြီးတော့ သင်္ဂြိုဟ်ပေးတာကိုမြင်တဲ့ ရွာသားတွေပြောလို့ အတည်ပြုနိုင်ခဲ့တာ"

ညောင်ပင်၀န်းရဲစခန်း ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရ

"လက်ပံသာကျေးရွာကို စစ်ကြောင်းထိုးပြီးတော့ ပြန်လာတဲ့ စစ်ကောင်စီတပ်သား ၁၅ ယောက်က စခန်းထဲကို ပြန်လာပြီး တပ်ချတဲ့အချိန်မှာ တိုက်ခိုက်ခဲ့တာပါ။ ရဲစခန်းထဲကနေ လက်နက်ငယ်တွေနဲ့ပြန်ပစ်တာ ရှိတယ်။ သေဆုံးထိခိုက်တာတော့ ရှိတယ်"

ပန်းတောင်းဒေသထွက် ရာသီပေါ်ဩဇာသီး မိုးများလို့ ထွက်နှုန်းကျဆင်း

“ ဩဇာပင်က ပျှမ်းမျှတပင်ကို အလုံး ၁၀၀ လောက်သီးတာ။ အခုနှစ်က ၇၅ လုံးလောက်ပဲ သီးတယ်။ ၃ ပုံ ၁ ပုံလောက်ကျသွားတယ်။ သူ့သဘာဝက မိုးရွာလိုက် နေပူလိုက်ကြိုက်တာလေ"

ပျူစောထီးအချို့ရှိတဲ့ တောပုရွာကို လက်နက်ကြီးသွားပစ် (ရုပ်/သံ)

"ပျူစောထီးအင်အားတော့ အတိအကျတော့မသိဘူး။ အများကြီးတော့ မရှိတော့ဘူး သိရတယ်။ အတွင်းသတင်းပေးချက်အရတော့ ပျူစောထီးကင်းပုန်းနေရာတွေကျတော့ ရုန်းရင်းဆန်ခတ် ၂၀ ကျော် ပြေးလွှားနေကြတယ်လို့ပြောတယ်"

နောင်ကြီးအိုင်ရဲစခန်းမှာ ထိတွေ့တိုက်ပွဲဖြစ်၊ လေကြောင်းပစ်ကူကြောင့် PDF ၁ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ

“ညကတည်းက လက်နက်ကြီးတွေ Drone တွေနဲ့ ပစ်နေတာ။ ကာကွယ်ရေးအဖွဲ့တွေ စခန်းထဲကို ဝင်ဖို့လုပ်နေတဲ့အချိန် လေယာဉ်လာတော့ ပြန်ဆုတ်ခဲ့လိုက်ရတယ်။ Mi 35 မှာပါတဲ့ လက်နက်ကြီးတွေ အကုန်ပစ်သွားတာ။ ရွာသားတွေထိခိုက်တာတွေတော့မရှိဘူး” လို့ ဖြစ်စဉ်ကိုကြားသိထားရတဲ့ အရာတော်မြို့နယ် ပကဖ အဖွဲ့ဝင်တဦး က ပြောပါတယ်။

ဗန်းမော်ကိုဆန်တက်နေတဲ့ စစ်တပ်သင်္ဘောတွေက ပစ်ခတ်လို့ ဒေသခံ ၁ ဦးဒဏ်ရာရပြီး နေအိမ်တွေပျက်စီး

"သူတို့က တနာရီလောက် မရပ်မနားပစ်နေလို့ ကာကွယ်ရေးတပ်ဖွဲ့တွေလည်း ဝင်ပစ်လိုက်ကြသေးတယ်။ ကိုယ့်ဘက်ကပစ်တာ စစ်သင်္ဘောတွေ အဲ့လောက်မနာပါဘူး။ သူတို့ဘက်က တရစပ်ကို ပစ်နေတာ"

ပဲခူးမှာ မြစ်ရေ ဒုတိယအကြိမ်တက်လို့ ကယ်ဆယ်ရေးစခန်းတွေ ပြင်ထားရ

"ရေကပြန်တက်လာပြီဆိုတော့ လူတွေ ရွှေ့ပြောင်းဖို့လုပ်နေကြတယ်။ မြစ်ရေက ဆက်တိုးနေတယ်။ ကယ်ဆယ်ရေစခန်းတွေကတော့ ပြီးခဲ့တဲ့အခေါက်က ဖွင့်ထားတဲ့ နေရာတွေကိုပဲ အသင့်လုပ်ထားတယ်"

စစ်ကောင်စီဘက်က စစ်ကြောင်းထိုးနေတဲ့အတွက် ပြည်သူတွေရှောင်ရှားကြဖို့ ဂန့်ဂေါပကဖသတိပေး

“စစ်ကြောင်းနဲ့နီးစပ်တဲ့ကျေးရွာနေ ပြည်သူတွေရော သင်တောရွာကလည်း ကလေး-ဂန့်ဂေါလမ်းနဲ့နီးလို့ စစ်တပ်ကပစ်ခတ်ရင် လမ်းတွေပေါ်လည်း ကျနိုင်တယ်။ ဒါကြောင့်ကျေးရွာနေပြည်သူတွေလည်း ရှောင်ရှားဖို့လိုသလို ခရီးသွားယာဉ်တွေလည်း စစ်ကြောင်းသတင်းကို သတိပြုသွားလာကြဖို့လိုတယ်" လို့ ဂန့်ဂေါမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

PDF စခန်းကို တိုက်ခိုက်ဖို့လာတဲ့ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရလို့ ၁ ဦးသေ

"သူတို့အလာကို သတင်းကြိုရလို့ ပဒေသာမိုင်း ၈ လုံးတွဲနဲ့ ဆွဲခဲ့တယ်။ ပြီးတော့ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်ခဲ့တာရှိတယ်။ စကစဘက်က ထိခိုက်မှုတော့ များနိုင်တယ်။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10