သတင်းတို

စစ်အုပ်စုဘက်က ၇ ဦးသေဆုံးခဲ့တဲ့ ကမ္မမြို့တွင်းတိုက်ပွဲ (ရုပ်/သံ)

"တိုက်ပွဲအချိန်က ၁ နာရီကျော်မယ်။ မြို့မရဲစခန်း‌ထဲက ဘန်ကာတွေကို အဓိကထားပြီး တိုက်ခိုက်ခဲ့တာ၊ အဲ့ဒီရဲစခန်းမှာ ပုံမှန်အင်အား ၃၀ လောက်ရှိတယ်၊ စစ်* ရဲ*ပေါင်းထိုင်တာ၊ အထိအခိုက် အသေဆုံးကတော့ ၄ ယောက်သိထားတယ်၊မျက်မြင်ကိုယ်တွေ့ပါ၊ ဒီမနက်သိရတာက နောက်ထပ် ၃ ကောင်သေတယ်၊ စုစုပေါင်း ၇ ကောင်သေတယ်၊ တခြားထိခိုက်ဒဏ်ရာရသူတွေလည်း ရှိနိုင်သေးတယ်" လို့ ကိုတေဇက ပြောပါတယ်။

ဖြူးမှာ စစ်ကောင်စီတပ်စစ်ရေးအရ အသုံးပြုနေတဲ့တံတား မိုင်းခွဲခံရ

"ညက ပေါက်ကွဲသံတော့ ကြားလိုက်တယ်။ မနက်သွားကြည့်တော့ တံတားက ပြိုကျနေတယ်။ မနက်ပိုင်း ၇ နာရီကျော်လောက်ကတော့ စကစ ဘက်က လာစစ်သွားတယ်" လို့ ဒေသခံတဦးက ပြောပါတယ်။

မြောင်မှာ သောင်းနဲ့ချီတဲ့ စစ်ရှောင်တွေ စားနပ်ရိက္ခာနဲ့ ဆေးဝါးအကူအညီလိုအပ်နေ (ရုပ်သံ)

စက်တင်ဘာ ၁၄ ရက်ကစပြီး မြောင်မြို့နယ်တဝိုက်ကို စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာ၂၀ ဝန်းကျင်ကနေ ထွက်ပြေးတဲ့ စစ်ရှောင်လူဦးရေ ၁၀,၀၀၀ ကျော်ရှိနေပြီလို့ မြောင်လူငယ်ကွန်ရက် Youth for Community - YFC Myaung အဖွဲ့ဆီက သိရပါတယ်။

မုန်းဒေသမှာ ၂ ပတ်ကျော်အတွင်း စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီး အကြိမ်ရေ ရာချီပစ်ခတ်ခဲ့

"စကစ တပ်တွေက တိုက်ပွဲတွေဖြစ်လို့ မနိုင်တော့ဘူးဆိုရင် လေယာဥ်တွေခေါ်တယ်။ လက်နက်ကြီးတွေ အများဆုံးပစ်တာတွေ လုပ်လေ့ရှိတယ်။ ဒီလအတွင်းမှာဆို လေယာဥ်ရော၊ လက်နက်ကြီးရော ပစ်ခတ်တာတွေက အကြိမ်ရေ တော်တော်များတယ်"

စစ်ကိုင်းနဲ့ မကွေးမှာ ဖုန်းလိုင်းနဲ့ အင်တာနက်ကို ဘယ်လိုသုံးနေရလဲ

အခက်ခဲများစွာကြားကပဲ အင်တာနက်အသုံးပြုနိုင်ဖို့အတွက် သူတို့ဘယ်လိုတွေ အသုံးပြုနေကြရတာပါလဲ ဒေသတွင်းမှာရှိတဲ့ ဒေသကာကွယ်ရေးအဖွဲ့တွေနဲ့ ဒေသခံတချို့ ပြောဆိုချက်တွေကို မြေလတ်အသံက စုစည်းဖော်ပြပေးလိုက်ပါတယ်။

ရွာ ၂ ရွာကို မီးရှို့ပြီးထွက်လာတဲ့ စစ်ကောင်စီ သင်္ဘော ၁ စီးနစ်မြုပ်

"အဲဒီသင်္ဘောတွေက ခန္တီးကနေဆင်းလာတာ။ မြစ်ဘေးနားကရွာဖြစ်တဲ့ တောင်ဖြူရွာနဲ့ ယားကျေးရွာကို ၀င်မီးရှို့တယ်။ အဲ့ဒီကထွက်လာပြီး ပန်းဆက်ကပျူတွေကို၀င်ခေါ်ပြီး လှည့်အစုန်မှာ ‌အငူနဲ့တိုက်ပြီး မြုပ်သွားတာ"

ပဲခူးတိုင်းအနောက်ခြမ်းမှာ သက်လတ်မိုးစပါး တင်းတရာကို ကျပ် ၁၆ သိန်းနဲ့ဈေးဖွင့်

“ မိုးစပါးအသစ် စပေါ်နေပြီ အဖွင့်ဈေးကောင်းပါတယ် ဒီဈေးနဲ့တော့ မဆိုးပါဘူး။ စပါးတွေက ဆက်တိုက်ရိတ်တော့မှာ စပါးလှိုင်လှိုင်ပေါ်လာရင်တော့ စပါးဈေးဘယ်လိုဖြစ်မလဲတော့ မသိရသေးဘူး"

ရေပေါ်သပိတ်ဖြင့် သံအမတ်ကြီးဦးကျော်မိုးထွန်းကို ထောက်ခံပွဲပြုလုပ် (photo news)

ရေပေါ်သပိတ်ပြုလုပ်သူတွေက "ဒို့သံအမတ်ကြီးကဘယ်သူလဲ -ဦးကျော်မိုးထွန်း၊ ဖယ်ထရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး-ဒို့အရေး၊ အမျိုးသား ညီညွတ်ရေးအစိုးရ- ဒို့အစိုးရ၊ တော်လှန်စစ်ပွဲ- ဒို့ဆင်နွှဲမည်" အစရှိတဲ့ ကြွေးကြော်သံတွေဟစ်ကြွေးခဲ့ကြတယ်လို့သိရပါတယ်။

စစ်ကိုင်းမြို့နယ် တဲကြီးရွာတိုက်ပွဲမှာ PDF ရဲဘော် ၂ ဦးကျဆုံး

"ထိတွေ့တိုက်ပွဲက ခဏပဲဖြစ်လိုက်တာ။ ဒီဘက်က ခံပစ်လို့ရတဲ့ အခြေအနေမဟုတ်ဘူး။ မြို့နဲ့လည်းနီးတယ်။ ခုခံနိုင်တဲ့နေရာမျိုး မဟုတ်ဘူး"

တောင်ငူမှာ စစ်ကောင်စီတပ်သား ၂ ဦး အဖမ်းခံရလို့ ရွာ ၂ ရွာကို မီးရှို့၊ ဒေသခံ ၂ ထောင်ခန့် ထွက်ပြေးနေရ

စစ်ကောင်စီတပ်သား ၂ ဦး ဖမ်းဆီးခံရတဲ့ စက်တင်ဘာ ၁၃ ရက်မှာ ခလရ ၃၉ မှ စစ်ကောင်စီတပ်သား ၁၀၀ ခန့်က ရှမ်းပြုံးချောင်းနဲ့ ကယားပြုံးချောင်းကျေးရွာကို ဝင်ရောက်ကာ ညအိပ်ပြီး နောက်နေ့ ၁၄ ရက်မနက်မှာ မီးစတင်ရှို့ခဲ့တာကြောင့် ရှမ်းပြုံးချောင်က လူနေအိမ် ၄ လုံးနဲ့ စပါးကျီ ၃လုံး၊ ကယားပြုံးချောင်းက နေအိမ် ၇ လုံးတို့ ပျက်စီးခဲ့တယ်လို့ အထက်ပါအမျိုးသမီးက ပြောပါတယ်။

စစ်ကောင်စီကို ဆက်ကြေးကောက်ပေးနေတဲ့ အမျိုးသားတဦး ရှင်းလင်းခံရ

"သူကို အနီးကပ်ပဲ ၁၅ ချက်လောက် ပစ်ခတ်ရှင်းလင်းခဲ့တယ်။ နေရာမှာပဲ သေဆုံးသွားတယ်"လို့ မြင်းခြံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

မြင်းမူမြို့အဝင်ဆိုင်းဘုတ်ကို ကုန်တင်ယာဉ်ဝင်တိုက်လို့ ပြိုကျ၊ ယာဉ်ပေါ်ပါသူ ၂ ဦး ဒဏ်ရာရ

"ဒရိုင်ဘာနဲ့ နောက်တယောက်က ခြေထောက်ပွန်းပဲ့ဒဏ်ရာလောက်ပဲရခဲ့တာ။ မစိုးရိမ်ရဘူး။ သူတို့ရဲ့ နာမည်၊ အသက်တွေကိုတော့ မသိရဘူး"

စစ်တပ်က လက်နက်ကြီးနဲ့ပစ်လို့ အမျိုးသားတဦး ထိခိုက်

“သူတို့ သွားမယ့်နေရာကိုမရောက်မချင်း လက်နက်ကြီးတွေနဲ့ ထုနေတာ။ သူတို့နားကို ကာကွယ်ရေး တပ်တွေ လာမှာစိုးလို့ ပစ်ဖောက်နေတာ။ ဦးဝင်းကတော့ လက်နက်ကြီးစတွေ တကိုယ်လုံးနီးပါး ထိ သွားတယ်။”

ပြည်မှာ ကြိုးဆွဲချသေဆုံးနေတဲ့ အမျိုးသားအလောင်းထပ်တွေ့

"တောသွားသူကတွေ့လို့ သက်ဆိုင်ရာကို အကြောင်းကြားရာကနေ အလောင်းကိုသွားဖြုတ်ခဲ့ရတယ်။ သေဆုံးသူ ဘယ်သူဘယ်ဝါတော့ မသိရသေးဘူး။"

ပြည်သူပိုင်အိမ်တွေကို ကင်းစခန်းလုပ်ထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရ (ရုပ်/သံ)

"ဝမ်ပေါင်ကုမ္ပဏီဘေး ဝက်မှေးရွာဟောင်းက ပြည်သူပိုင်အိမ်တွေနဲ့ မြေယာတွေကို ခြံစည်းရိုးခတ်ကြတာ။ မိန်းလမ်းကြီးဘေးက အဲ့ဒီကင်းစခန်းနဲ့ဆို ပေ ၁၅၀ ပေ ၂၀၀ အကွာကနေ ကျနော်တို့်သွားပစ်တာ။"

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10